ဘင်္ဂလားဒေ့ရှ်မဟာမင်းကြီးရုံးရှေ့မှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်ဖို့ ကြိုးစားသူ အမျိုးသားတစ်ဦးထောင်ဒဏ် လ(၂၀) ချမှတ်ခံရ

 360

ရောင်နီ (NP News) - ဇန်နဝါရီ ၉

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အမျိုးသားတစ်ဦးဟာ နိုင်ငံကူးလက်မှတ်ပြဿနာကြောင့် မဟာမင်းကြီးရုံးကို သွား ပြီး ဓာတ်ဆီလောင်းကာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ဖို့ ကြိုးစားခဲ့ပါတယ်။
ဒါအပြင် သူဟာ ငှားထားတဲ့ ထရပ်ကားတစ်စီးကိုလည်း ဘင်္ဂလားဒေ့ရှ် မဟာမင်းကြီးရုံး တည်ရှိရာ ကက်ပယ်လ်လမ်းက ဂျတ်ပိုဟ်အဆောက်အဦရဲ့နံရံကိုလည်း ဝင်တိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။ ဒီအတွက် အသက် ၃၂ နှစ်အရွယ် ရှာမင်နာဇ်ရူလ်အစ်လန် အမည်ရှိ အမျိုးသားဟာ ပျက်စီးစေမှု စွဲချက်တစ်ခုနဲ့ မီးရှို့မှု စွဲချက်တစ်ခုအတွက် အပြစ်ရှိကြောင်း ဝန်ခံပြီးနောက် ဇန်နဝါရီ ၈ ရက်မှာ ထောင်ဒဏ်လ ၂၀ ချမှတ်ခံခဲ့ရပါတယ်။ တရားရုံးမှတ်တမ်းတွေအရ ရှာမင်ဟာ ၂၀၂၅ ခုနှစ်၊ မေလ ၂၃ ရက်၊ နံနက် ၉ နာရီ ၂၀ မိနစ်ခန့်က ကုန်တင်ကားကို မဟာမင်းကြီးရုံးဆီ မောင်းနှင်သွားခဲ့ပြီး သူ့ရဲ့တောင်းဆိုချက်တွေကို မဟာမင်းကြီးရုံးက မလိုက်လျောရင် သူ့ကိုယ်သူ မီးရှို့ဖို့ ကြံစည်ထားတယ်လို့ ဆိုပါတယ်။ တရားရုံးစာရွက်စာတမ်းတွေမှာ သူ့ရဲ့တောင်းဆိုချက်တွေက ဘာတွေလဲဆိုတာကိုတော့ မဖော်ပြထားပါဘူး။ ဝန်ထမ်းတစ်ဦးက ရှာမင်ရဲ့နိုင်ငံကူးလက်မှတ်ကို စစ်ဆေးကြည့်တဲ့ အခါ ၂ဝ၃၃ ခုနှစ်မှာ သက်တမ်းကုန်ဆုံးမယ်ဆိုတဲ့အချက်အပြင် ပြဿနာတစ်စုံတစ်ရာ မတွေ့ရှိခဲ့ဘူးလို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းရာမှာလည်း
ရှာမင်က မဟာမင်းကြီး ရုံးဝန်ထမ်းတွေက သူ့ရဲ့ တောင်းဆိုချက်တွေကို မလိုက်လျောတာကြောင့် ကိုယ့်ကိုယ်ကိုယ် မီးရှို့လိုခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ရှာမင်ကို ၂၀၂၅ ခုနှစ် မေလ ၂၄ ရက်က ဖမ်းဆီးခဲ့ပြီး ချုပ်နှောင်ထားတာ ဇန်နဝါရီ ၈ ရက်မှာ ပြစ်ဒဏ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

Zawgyi Version:
ဘဂၤလားေဒ့ရွ္မဟာမင္းႀကီး႐ုံးေရွ႕မွာ ကိုယ့္ကိုယ္ကိုယ္ မီးရႈိ႕သတ္ဖို႔ ႀကိဳးစားသူ အမ်ိဳးသားတစ္ဦးေထာင္ဒဏ္ လ(၂၀) ခ်မွတ္ခံရ
ေရာင္နီ (NP News) - ဇန္နဝါရီ ၉
ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ အမ်ိဳးသားတစ္ဦးဟာ ႏိုင္ငံကူးလက္မွတ္ျပႆနာေၾကာင့္ မဟာမင္းႀကီး႐ုံးကို သြား ၿပီး ဓာတ္ဆီေလာင္းကာ ကိုယ့္ကိုယ္ကိုယ္ မီးရႈိ႕ဖို႔ ႀကိဳးစားခဲ့ပါတယ္။
ဒါအျပင္ သူဟာ ငွားထားတဲ့ ထရပ္ကားတစ္စီးကိုလည္း ဘဂၤလားေဒ့ရွ္ မဟာမင္းႀကီး႐ုံး တည္ရွိရာ ကက္ပယ္လ္လမ္းက ဂ်တ္ပိုဟ္အေဆာက္အဦရဲ႕နံရံကိုလည္း ဝင္တိုက္ခဲ့ေသးတယ္လို႔ ဆိုပါတယ္။ ဒီအတြက္ အသက္ ၃၂ ႏွစ္အ႐ြယ္ ရွာမင္နာဇ္႐ူလ္အစ္လန္ အမည္ရွိ အမ်ိဳးသားဟာ ပ်က္စီးေစမႈ စြဲခ်က္တစ္ခုနဲ႔ မီးရႈိ႕မႈ စြဲခ်က္တစ္ခုအတြက္ အျပစ္ရွိေၾကာင္း ဝန္ခံၿပီးေနာက္ ဇန္နဝါရီ ၈ ရက္မွာ ေထာင္ဒဏ္လ ၂၀ ခ်မွတ္ခံခဲ့ရပါတယ္။ တရား႐ုံးမွတ္တမ္းေတြအရ ရွာမင္ဟာ ၂၀၂၅ ခုႏွစ္၊ ေမလ ၂၃ ရက္၊ နံနက္ ၉ နာရီ ၂၀ မိနစ္ခန႔္က ကုန္တင္ကားကို မဟာမင္းႀကီး႐ုံးဆီ ေမာင္းႏွင္သြားခဲ့ၿပီး သူ႔ရဲ႕ေတာင္းဆိုခ်က္ေတြကို မဟာမင္းႀကီး႐ုံးက မလိုက္ေလ်ာရင္ သူ႔ကိုယ္သူ မီးရႈိ႕ဖို႔ ႀကံစည္ထားတယ္လို႔ ဆိုပါတယ္။ တရား႐ုံးစာ႐ြက္စာတမ္းေတြမွာ သူ႔ရဲ႕ေတာင္းဆိုခ်က္ေတြက ဘာေတြလဲဆိုတာကိုေတာ့ မေဖာ္ျပထားပါဘူး။ ဝန္ထမ္းတစ္ဦးက ရွာမင္ရဲ႕ႏိုင္ငံကူးလက္မွတ္ကို စစ္ေဆးၾကည့္တဲ့ အခါ ၂ဝ၃၃ ခုႏွစ္မွာ သက္တမ္းကုန္ဆုံးမယ္ဆိုတဲ့အခ်က္အျပင္ ျပႆနာတစ္စုံတစ္ရာ မေတြ႕ရွိခဲ့ဘူးလို႔ ဆိုပါတယ္။ ရဲတပ္ဖြဲ႕က စစ္ေဆးေမးျမန္းရာမွာလည္း
ရွာမင္က မဟာမင္းႀကီး ႐ုံးဝန္ထမ္းေတြက သူ႔ရဲ႕ ေတာင္းဆိုခ်က္ေတြကို မလိုက္ေလ်ာတာေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ မီးရႈိ႕လိုျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။
ရွာမင္ကို ၂၀၂၅ ခုႏွစ္ ေမလ ၂၄ ရက္က ဖမ္းဆီးခဲ့ၿပီး ခ်ဳပ္ေႏွာင္ထားတာ ဇန္နဝါရီ ၈ ရက္မွာ ျပစ္ဒဏ္ ခ်မွတ္ခဲ့တာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.