တောင်တန်းနဲ့ပင်လယ်ကြားက ခရီးသွားတို့ စိတ်ဝင်စားတဲ့ ဗန်ကူးဗား

 366

Pika (NP News) - ဇန်နဝါရီ ၉

ဗန်ကူးဗားမြို့သည် ကနေဒါနိုင်ငံတွင်းတွင် လူမျိုးရေးနှင့်ဘာသာစကားအရ ကွဲပြားမှုအရှိဆုံး မြို့ များထဲမှတစ်မြို့ဖြစ်ပြီး ထိပ်ပိုင်းတွင် နှင်းဖုံး နေသောတောင်တန်းများနှင့် အပြာရောင်ပင်လယ်ကြီးတို့ ကဝန်းရံထားခြင်းကြောင့် ခရီးသွားများကြား တွင် ရေပန်းစားသည့်နေရာတစ်ခုလည်းဖြစ်သည်။ ဗန်ကူး ဗားမြို့၏ နောက်ထပ် အကျော်ကြားဆုံး သ မိုင်းဝင်နေရာတစ်ခုမှာ စတန်လေပန်းခြံဖြစ်ပြီး ပန်းခြံ၏ စုစု ပေါင်းဧရိယာအကျယ်အဝန်းမှာ မြေဧက ဟက်တာ(၄၀ဝ)ကျော်ရှိကြောင်းသိရသည်။ ဗန်ကူးဗား မြို့တွင် နေထိုင်သူလူဦးရေမှာ (၆၆၂၂၄၈) ဦးရှိပြီး ဗန်ကူးဗားမြို့ပြဧရိယာတွင် နေထိုင်သူလူဦး ရေမှာ (၂ ဒသမ ၆) သန်းရှိကာ ကနေဒါနိုင်ငံတွင်း တွင် တတိယမြောက်အကြီးဆုံး မြို့ပြဧရိယာတစ်ခုဖြစ်ကြောင်းသိရ သည်။ ထို့ပြင် ဗန်ကူးဗားမြို့သည် ကနေဒါနိုင်ငံတွင်းတွင် လူဦးရေသိပ်သည်းဆ အမြင့်ဆုံးဖြစ်ပြီး တစ် စတုရန်း ကီလိုမီတာလျှင် လူဦး ရေ(၅၇၀ဝ)ကျော်နေထိုင်လျက်ရှိကာ မြောက်အမေရိကတိုက်တွင် နယူး ယောက်စီးတီး၊ ဆန်ဖရန်စစ္စကိုနှင့် မက္ကဆီကိုမြို့တို့ပြီးလျှင် လေးခုမြောက် လူဦးရေသိပ်သည်းဆ အမြင့် ဆုံး မြို့တစ်မြို့ဖြစ်ကြောင်းသိရသည်။ ဗန်ကူးဗားမြို့သည် ကနေဒါနှင့် ကမ္ဘာပေါ်တွင်နေထိုင်ရန် အသင့် တော်ဆုံးမြို့များထဲမှတစ်မြို့အဖြစ် မကြာခဏ အဆင့်သတ်မှတ်ခံခဲ့ရကြောင်းလည်းသိရသည်။ သို့သော် လည်း အိမ်ရာတတ်နိုင်မှုများအရ ဗန်ကူးဗားမြို့သည် ကနေဒါနှင့် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး မြို့များ ထဲမှတစ်မြို့အဖြစ် သတ်မှတ်ခံထားရကြောင်းလည်းသိရသည်။

သမိုင်းကြောင်း

ဗန်ကူးဗားမြို့တွင် ဌာနေတိုင်းရင်းသားများ အခြေချနေထိုင်မှုသည် လွန်ခဲ့သည့်နှစ်ပေါင်း (၁၀ဝဝဝ) ကျော်ကစတင်ခဲ့ခြင်းဖြစ်ပြီး Squa­mish၊ Musqueam နှင့် Tsleil-Waututh (Burrard) လူမျိုး များ ပါဝင်ခဲ့ကြောင်းသိရသည်။ မူလက Gastown ဟုအမည်ပေးထားသော ဗန်ကူးဗားမြို့၏ အစပြုမှု များသည် (၁၈၆၇)ခုနှစ် ဇူလိုင်လ (၁)ရက်တွင်စတင်ခဲ့ပြီး နောက်ပိုင်းတွင် Granville, Burrard Inlet ဟု အမည်ပေးထားသောမြို့တစ်မြို့အဖြစ် တရားဝင်မှတ်ပုံတင်ခဲ့သည်။ (၁၈၈၆)ခုနှစ်တွင် Canadian Pacific Railway နှင့် သဘောတူညီချက်တစ်ခုမှတစ်ဆင့် အဆိုပါမြို့ကို ဗန်ကူးဗားအဖြစ် တရားဝင် အမည်ပြောင်းလဲခဲ့ကြောင်းသိရသည်။ ထို့ပြင် ဗန်ကူးဗားမြို့၏ကြီးမားသော သဘာဝ ဆိပ်ကမ်းသည် အာရှ-ပစိဖိတ်၊ အရှေ့အာရှ၊ ဥရောပနှင့် အရှေ့ကနေဒါတို့အကြား ကုန်သွယ်မှုတွင်အရေးပါသော ချိတ် ဆက်မှုတစ်ခုဖြစ်လာခဲ့ကြောင်းလည်းသိရသည်။ ဗန်ကူးဗားမြို့သည် (၁၉၅၄)ခုနှစ် အားကစားပြိုင်ပွဲ၊ UN Habitat I ၊ Expo 86 ၊ (၁၉၉၇)ခုနှစ် APEC ကနေဒါ၊ (၁၉၈၉)နှင့် (၂၀ဝ၉)ခုနှစ်တို့တွင် ကမ္ဘာ့ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့အားကစားပြိုင်ပွဲများ၊ (၂၀၁၅)ခုနှစ် ဖီဖာ အမျိုးသ မီးကမ္ဘာ့ဖလားပြိုင်ပွဲ၏ပွဲစဉ်များစွာနှင့် (၂၀၁၀)ပြည့်နှစ် ဆောင်းရာသီအိုလံပစ်နှင့် မသန်စွမ်းအိုလံပစ်ပြိုင် ပွဲများအပါအဝင် နိုင်ငံတကာ ညီလာခံ များနှင့် ပွဲများစွာကို လက်ခံကျင်းပခဲ့ကြောင်းလည်းသိရသည်။ (၂၀၁၆)ခုနှစ်အထိ ဗန်ကူးဗားဆိပ်ကမ်း သည် အမေရိကတိုက်တွင် တန်ချိန်အားဖြင့် စတုတ္ထအကြီးဆုံးဆိပ်ကမ်း၊ ကနေဒါတွင် အလုပ်အများဆုံး နှင့် အကြီးဆုံးဆိပ်ကမ်းနှင့် မြောက်အမေရိကတွင် ကွဲပြားမှုအရှိဆုံးဆိပ်ကမ်းတစ်ခုဖြစ်ခဲ့ကြောင်း သိရ သည်။ သစ်တောလုပ်ငန်းသည် ၎င်း၏ အကြီးဆုံးစက်မှုလုပ်ငန်းအဖြစ် ဆက်လက်တည်ရှိနေသော်လည်း ဗန်ကူးဗားသည် သဘာဝတရားဝန်းရံထားသော မြို့ပြဗဟိုချက်အဖြစ် လူသိများမှုနှင့်အတူ ခရီးသွားလုပ် ငန်းမှာ ၎င်း၏ ဒုတိယမြောက်အကြီးဆုံးလုပ်ငန်းတစ်ခု ဖြစ်လာခဲ့ကြောင်းလည်းသိရသည်။

စီးပွားရေး

ပစိဖိတ်ကမ်းရိုးတန်းပေါ်တွင်တည်ရှိပြီး ကနေဒါ၏ တိုက်ကြီးဖြတ်ကျော်အဝေးပြေးလမ်းမကြီး နှင့် ရထားလမ်းများ၏အနောက်ဘက်အဆုံးတွင် တည်ရှိသော ဗန်ကူးဗားမြို့သည် နိုင်ငံ၏ အကြီးဆုံး စက်မှုလုပ်ငန်းအချက်အချာနေရာများထဲမှတစ်ခုလည်းဖြစ်သည်။ ကနေဒါနိုင်ငံတွင်းတွင် အကြီးဆုံးနှင့် ကွဲပြားမှုအရှိဆုံးဆိပ်ကမ်းဖြစ်သော ဗန်ကူးဗား ဆိပ်ကမ်းသည် မတူညီသောကုန်သွယ်ရေးစီးပွားရေး (၁၆၀)ကျော်နှင့်အတူ နှစ်စဉ်ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ(၁၇၂)ဘီလျံကျော်ရှိကြောင်းသိရသည်။ ဆိပ်ကမ်းလုပ်ငန်းများသည် ဂျီဒီပီ အမေရိကန် ဒေါ်လာ(၉ ဒသမ ၇)ဘီလျံနှင့် စီးပွားရေးဆိုင်ရာထွက်ရှိမှု အမေရိကန်ဒေါ်လာ(၂၀ ဒသမ ၃)ဘီလျံကို ရရှိစေကြောင်းလည်းသိရသည်။ ထို့ပြင် ဗန်ကူးဗားမြို့သည် သစ်တောထွက်ကုန်နှင့် သတ္တုတူးဖော်ရေးကုမ္ပဏီများ၏ ရုံးချုပ်များတည်ရှိရာနေရာတစ်ခုလည်း ဖြစ် သည်။ ပြီးခဲ့သည့်နှစ်များအတွင်း ဗန်ကူးဗားမြို့သည် ဆော့ဖ် ဝဲလ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဇီဝနည်းပညာ၊ အာကာသယာဉ်၊ ဗီဒီယိုဂိမ်းဖွံ့ဖြိုးတိုးတက်ရေး၊ အန်နီမေးရှင်း စတူဒီယိုများ၊ ရုပ်မြင်သံကြားထုတ်လုပ် ရေးနှင့် ရုပ်ရှင်လုပ်ငန်းအတွက် အချက်အချာနေရာတစ်ခုဖြစ်လာခဲ့ကြောင်းသိရသည်။ ဗန်ကူးဗားမြို့တွင် နှစ်စဉ် ရုပ်ရှင် (၆၅)ကားခန့်နှင့် ရုပ်မြင်သံကြားဇာတ်လမ်းတွဲ (၅၅) ခုခန့်ကို လက်ခံကျင်းပပြီး မြောက် အမေရိကတွင် တတိယအကြီးဆုံး ရုပ်ရှင်နှင့်ရုပ်မြင်သံကြားထုတ်လုပ်ရေးအချက်အချာဖြစ်ကာ အလုပ် အကိုင်ပေါင်း (၂၀ဝဝဝ)ခန့်ကို ပံ့ပိုးပေးကြောင်းသိရသည်။
ဗန်ကူးဗားမြို့သည် ၎င်း၏ရှုခင်းသာနေရာများကြောင့် အဓိကခရီးသွားနေရာတစ်ခုဖြစ်လာခဲ့ပြီး (၂၀၁၇)ခုနှစ်တွင် ဗန်ကူးဗားသို့ လူပေါင်း (၁၀ ဒသမ ၃)သန်းကျော် လာရောက်လည်ပတ်ခဲ့ကြကြောင်း သိရသည်။ ခရီးသွားလုပ်ငန်းသည် ဗန်ကူး ဗားမြို့စီးပွားရေးသို့ နှစ်စဉ် အမေရိကန်ဒေါ်လာ(၄ ဒသမ ၈) ဘီလျံခန့်ပံ့ပိုးပေးပြီး အလုပ်အကိုင်ပေါင်း (၇၀ဝဝဝ)ကျော်ကိုပံ့ပိုးပေးကြောင်းလည်းသိရသည်။ ဗန်ကူးဗားမြို့၏ပန်းခြံများဖြစ်သော စတန် လေပန်းခြံ၊ ဘုရင်မအဲလိဇဘက်ပန်းခြံ၊ ဗန်ဒူဆန် ရုက္ခဗေဒ ဥယျာဉ်နှင့် မြို့ကိုဝန်းရံထားသောတောင်များ၊ သမုဒ္ဒရာ၊ သစ်တောများနှင့်ပန်းခြံများကို ကြည့်ရှုရန် လူ ပေါင်းများစွာက လာရောက်လည် ပတ်လေ့ရှိကြကြောင်းသိရသည်။ ထို့ပြင် နှစ်စဉ် လူပေါင်းတစ်သန်း ကျော်သည် အပျော်စီးသင်္ဘော ခရီးစဉ်များဖြင့် ဗန်ကူးဗားမြို့ကို ဖြတ်သန်းသွားလာကြပြီး အမေရိကန် နိုင်ငံ အလက်စကာပြည်နယ်သို့ မကြာခဏ ဦးတည်သွားကြလေ့ရှိကြောင်းသိရသည်။

Zawgyi Version:
ေတာင္တန္းနဲ႔ပင္လယ္ၾကားက ခရီးသြားတို႔ စိတ္ဝင္စားတဲ့ ဗန္ကူးဗား
Pika (NP News) - ဇန္နဝါရီ ၉
ဗန္ကူးဗားၿမိဳ႕သည္ ကေနဒါႏိုင္ငံတြင္းတြင္ လူမ်ိဳးေရးႏွင့္ဘာသာစကားအရ ကြဲျပားမႈအရွိဆုံး ၿမိဳ႕ မ်ားထဲမွတစ္ၿမိဳ႕ျဖစ္ၿပီး ထိပ္ပိုင္းတြင္ ႏွင္းဖုံး ေနေသာေတာင္တန္းမ်ားႏွင့္ အျပာေရာင္ပင္လယ္ႀကီးတို႔ ကဝန္းရံထားျခင္းေၾကာင့္ ခရီးသြားမ်ားၾကား တြင္ ေရပန္းစားသည့္ေနရာတစ္ခုလည္းျဖစ္သည္။ ဗန္ကူး ဗားၿမိဳ႕၏ ေနာက္ထပ္ အေက်ာ္ၾကားဆုံး သ မိုင္းဝင္ေနရာတစ္ခုမွာ စတန္ေလပန္းၿခံျဖစ္ၿပီး ပန္းၿခံ၏ စုစု ေပါင္းဧရိယာအက်ယ္အဝန္းမွာ ေျမဧက ဟက္တာ(၄၀ဝ)ေက်ာ္ရွိေၾကာင္းသိရသည္။ ဗန္ကူးဗား ၿမိဳ႕တြင္ ေနထိုင္သူလူဦးေရမွာ (၆၆၂၂၄၈) ဦးရွိၿပီး ဗန္ကူးဗားၿမိဳ႕ျပဧရိယာတြင္ ေနထိုင္သူလူဦး ေရမွာ (၂ ဒသမ ၆) သန္းရွိကာ ကေနဒါႏိုင္ငံတြင္း တြင္ တတိယေျမာက္အႀကီးဆုံး ၿမိဳ႕ျပဧရိယာတစ္ခုျဖစ္ေၾကာင္းသိရ သည္။ ထို႔ျပင္ ဗန္ကူးဗားၿမိဳ႕သည္ ကေနဒါႏိုင္ငံတြင္းတြင္ လူဦးေရသိပ္သည္းဆ အျမင့္ဆုံးျဖစ္ၿပီး တစ္ စတုရန္း ကီလိုမီတာလွ်င္ လူဦး ေရ(၅၇၀ဝ)ေက်ာ္ေနထိုင္လ်က္ရွိကာ ေျမာက္အေမရိကတိုက္တြင္ နယူး ေယာက္စီးတီး၊ ဆန္ဖရန္စစၥကိုႏွင့္ မကၠဆီကိုၿမိဳ႕တို႔ၿပီးလွ်င္ ေလးခုေျမာက္ လူဦးေရသိပ္သည္းဆ အျမင့္ ဆုံး ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ေၾကာင္းသိရသည္။ ဗန္ကူးဗားၿမိဳ႕သည္ ကေနဒါႏွင့္ ကမာၻေပၚတြင္ေနထိုင္ရန္ အသင့္ ေတာ္ဆုံးၿမိဳ႕မ်ားထဲမွတစ္ၿမိဳ႕အျဖစ္ မၾကာခဏ အဆင့္သတ္မွတ္ခံခဲ့ရေၾကာင္းလည္းသိရသည္။ သို႔ေသာ္ လည္း အိမ္ရာတတ္ႏိုင္မႈမ်ားအရ ဗန္ကူးဗားၿမိဳ႕သည္ ကေနဒါႏွင့္ ကမာၻေပၚတြင္ ေဈးအႀကီးဆုံး ၿမိဳ႕မ်ား ထဲမွတစ္ၿမိဳ႕အျဖစ္ သတ္မွတ္ခံထားရေၾကာင္းလည္းသိရသည္။

သမိုင္းေၾကာင္း

ဗန္ကူးဗားၿမိဳ႕တြင္ ဌာေနတိုင္းရင္းသားမ်ား အေျခခ်ေနထိုင္မႈသည္ လြန္ခဲ့သည့္ႏွစ္ေပါင္း (၁၀ဝဝဝ) ေက်ာ္ကစတင္ခဲ့ျခင္းျဖစ္ၿပီး Squa­mish၊ Musqueam ႏွင့္ Tsleil-Waututh (Burrard) လူမ်ိဳး မ်ား ပါဝင္ခဲ့ေၾကာင္းသိရသည္။ မူလက Gastown ဟုအမည္ေပးထားေသာ ဗန္ကူးဗားၿမိဳ႕၏ အစျပဳမႈ မ်ားသည္ (၁၈၆၇)ခုႏွစ္ ဇူလိုင္လ (၁)ရက္တြင္စတင္ခဲ့ၿပီး ေနာက္ပိုင္းတြင္ Granville, Burrard Inlet ဟု အမည္ေပးထားေသာၿမိဳ႕တစ္ၿမိဳ႕အျဖစ္ တရားဝင္မွတ္ပုံတင္ခဲ့သည္။ (၁၈၈၆)ခုႏွစ္တြင္ Canadian Pacific Railway ႏွင့္ သေဘာတူညီခ်က္တစ္ခုမွတစ္ဆင့္ အဆိုပါၿမိဳ႕ကို ဗန္ကူးဗားအျဖစ္ တရားဝင္ အမည္ေျပာင္းလဲခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ ဗန္ကူးဗားၿမိဳ႕၏ႀကီးမားေသာ သဘာဝ ဆိပ္ကမ္းသည္ အာရွ-ပစိဖိတ္၊ အေရွ႕အာရွ၊ ဥေရာပႏွင့္ အေရွ႕ကေနဒါတို႔အၾကား ကုန္သြယ္မႈတြင္အေရးပါေသာ ခ်ိတ္ ဆက္မႈတစ္ခုျဖစ္လာခဲ့ေၾကာင္းလည္းသိရသည္။ ဗန္ကူးဗားၿမိဳ႕သည္ (၁၉၅၄)ခုႏွစ္ အားကစားၿပိဳင္ပြဲ၊ UN Habitat I ၊ Expo 86 ၊ (၁၉၉၇)ခုႏွစ္ APEC ကေနဒါ၊ (၁၉၈၉)ႏွင့္ (၂၀ဝ၉)ခုႏွစ္တို႔တြင္ ကမာၻ႔ရဲတပ္ဖြဲ႕ႏွင့္ မီးသတ္တပ္ဖြဲ႕အားကစားၿပိဳင္ပြဲမ်ား၊ (၂၀၁၅)ခုႏွစ္ ဖီဖာ အမ်ိဳးသ မီးကမာၻ႔ဖလားၿပိဳင္ပြဲ၏ပြဲစဥ္မ်ားစြာႏွင့္ (၂၀၁၀)ျပည့္ႏွစ္ ေဆာင္းရာသီအိုလံပစ္ႏွင့္ မသန္စြမ္းအိုလံပစ္ၿပိဳင္ ပြဲမ်ားအပါအဝင္ ႏိုင္ငံတကာ ညီလာခံ မ်ားႏွင့္ ပြဲမ်ားစြာကို လက္ခံက်င္းပခဲ့ေၾကာင္းလည္းသိရသည္။ (၂၀၁၆)ခုႏွစ္အထိ ဗန္ကူးဗားဆိပ္ကမ္း သည္ အေမရိကတိုက္တြင္ တန္ခ်ိန္အားျဖင့္ စတုတၳအႀကီးဆုံးဆိပ္ကမ္း၊ ကေနဒါတြင္ အလုပ္အမ်ားဆုံး ႏွင့္ အႀကီးဆုံးဆိပ္ကမ္းႏွင့္ ေျမာက္အေမရိကတြင္ ကြဲျပားမႈအရွိဆုံးဆိပ္ကမ္းတစ္ခုျဖစ္ခဲ့ေၾကာင္း သိရ သည္။ သစ္ေတာလုပ္ငန္းသည္ ၎၏ အႀကီးဆုံးစက္မႈလုပ္ငန္းအျဖစ္ ဆက္လက္တည္ရွိေနေသာ္လည္း ဗန္ကူးဗားသည္ သဘာဝတရားဝန္းရံထားေသာ ၿမိဳ႕ျပဗဟိုခ်က္အျဖစ္ လူသိမ်ားမႈႏွင့္အတူ ခရီးသြားလုပ္ ငန္းမွာ ၎၏ ဒုတိယေျမာက္အႀကီးဆုံးလုပ္ငန္းတစ္ခု ျဖစ္လာခဲ့ေၾကာင္းလည္းသိရသည္။

စီးပြားေရး

ပစိဖိတ္ကမ္း႐ိုးတန္းေပၚတြင္တည္ရွိၿပီး ကေနဒါ၏ တိုက္ႀကီးျဖတ္ေက်ာ္အေဝးေျပးလမ္းမႀကီး ႏွင့္ ရထားလမ္းမ်ား၏အေနာက္ဘက္အဆုံးတြင္ တည္ရွိေသာ ဗန္ကူးဗားၿမိဳ႕သည္ ႏိုင္ငံ၏ အႀကီးဆုံး စက္မႈလုပ္ငန္းအခ်က္အခ်ာေနရာမ်ားထဲမွတစ္ခုလည္းျဖစ္သည္။ ကေနဒါႏိုင္ငံတြင္းတြင္ အႀကီးဆုံးႏွင့္ ကြဲျပားမႈအရွိဆုံးဆိပ္ကမ္းျဖစ္ေသာ ဗန္ကူးဗား ဆိပ္ကမ္းသည္ မတူညီေသာကုန္သြယ္ေရးစီးပြားေရး (၁၆၀)ေက်ာ္ႏွင့္အတူ ႏွစ္စဥ္ကုန္သြယ္မႈမွာ အေမရိကန္ေဒၚလာ(၁၇၂)ဘီလ်ံေက်ာ္ရွိေၾကာင္းသိရသည္။ ဆိပ္ကမ္းလုပ္ငန္းမ်ားသည္ ဂ်ီဒီပီ အေမရိကန္ ေဒၚလာ(၉ ဒသမ ၇)ဘီလ်ံႏွင့္ စီးပြားေရးဆိုင္ရာထြက္ရွိမႈ အေမရိကန္ေဒၚလာ(၂၀ ဒသမ ၃)ဘီလ်ံကို ရရွိေစေၾကာင္းလည္းသိရသည္။ ထို႔ျပင္ ဗန္ကူးဗားၿမိဳ႕သည္ သစ္ေတာထြက္ကုန္ႏွင့္ သတၱဳတူးေဖာ္ေရးကုမၸဏီမ်ား၏ ႐ုံးခ်ဳပ္မ်ားတည္ရွိရာေနရာတစ္ခုလည္း ျဖစ္ သည္။ ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္း ဗန္ကူးဗားၿမိဳ႕သည္ ေဆာ့ဖ္ ဝဲလ္ဖြံ႕ၿဖိဳးတိုးတက္ေရး၊ ဇီဝနည္းပညာ၊ အာကာသယာဥ္၊ ဗီဒီယိုဂိမ္းဖြံ႕ၿဖိဳးတိုးတက္ေရး၊ အန္နီေမးရွင္း စတူဒီယိုမ်ား၊ ႐ုပ္ျမင္သံၾကားထုတ္လုပ္ ေရးႏွင့္ ႐ုပ္ရွင္လုပ္ငန္းအတြက္ အခ်က္အခ်ာေနရာတစ္ခုျဖစ္လာခဲ့ေၾကာင္းသိရသည္။ ဗန္ကူးဗားၿမိဳ႕တြင္ ႏွစ္စဥ္ ႐ုပ္ရွင္ (၆၅)ကားခန႔္ႏွင့္ ႐ုပ္ျမင္သံၾကားဇာတ္လမ္းတြဲ (၅၅) ခုခန႔္ကို လက္ခံက်င္းပၿပီး ေျမာက္ အေမရိကတြင္ တတိယအႀကီးဆုံး ႐ုပ္ရွင္ႏွင့္႐ုပ္ျမင္သံၾကားထုတ္လုပ္ေရးအခ်က္အခ်ာျဖစ္ကာ အလုပ္ အကိုင္ေပါင္း (၂၀ဝဝဝ)ခန႔္ကို ပံ့ပိုးေပးေၾကာင္းသိရသည္။
ဗန္ကူးဗားၿမိဳ႕သည္ ၎၏ရႈခင္းသာေနရာမ်ားေၾကာင့္ အဓိကခရီးသြားေနရာတစ္ခုျဖစ္လာခဲ့ၿပီး (၂၀၁၇)ခုႏွစ္တြင္ ဗန္ကူးဗားသို႔ လူေပါင္း (၁၀ ဒသမ ၃)သန္းေက်ာ္ လာေရာက္လည္ပတ္ခဲ့ၾကေၾကာင္း သိရသည္။ ခရီးသြားလုပ္ငန္းသည္ ဗန္ကူး ဗားၿမိဳ႕စီးပြားေရးသို႔ ႏွစ္စဥ္ အေမရိကန္ေဒၚလာ(၄ ဒသမ ၈) ဘီလ်ံခန႔္ပံ့ပိုးေပးၿပီး အလုပ္အကိုင္ေပါင္း (၇၀ဝဝဝ)ေက်ာ္ကိုပံ့ပိုးေပးေၾကာင္းလည္းသိရသည္။ ဗန္ကူးဗားၿမိဳ႕၏ပန္းၿခံမ်ားျဖစ္ေသာ စတန္ ေလပန္းၿခံ၊ ဘုရင္မအဲလိဇဘက္ပန္းၿခံ၊ ဗန္ဒူဆန္ ႐ုကၡေဗဒ ဥယ်ာဥ္ႏွင့္ ၿမိဳ႕ကိုဝန္းရံထားေသာေတာင္မ်ား၊ သမုဒၵရာ၊ သစ္ေတာမ်ားႏွင့္ပန္းၿခံမ်ားကို ၾကည့္ရႈရန္ လူ ေပါင္းမ်ားစြာက လာေရာက္လည္ ပတ္ေလ့ရွိၾကေၾကာင္းသိရသည္။ ထို႔ျပင္ ႏွစ္စဥ္ လူေပါင္းတစ္သန္း ေက်ာ္သည္ အေပ်ာ္စီးသေဘၤာ ခရီးစဥ္မ်ားျဖင့္ ဗန္ကူးဗားၿမိဳ႕ကို ျဖတ္သန္းသြားလာၾကၿပီး အေမရိကန္ ႏိုင္ငံ အလက္စကာျပည္နယ္သို႔ မၾကာခဏ ဦးတည္သြားၾကေလ့ရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.