တောကျွဲအင်းမြို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး ဆေးရုံအုပ်၊ စခန်းမှူးနှင့် အုပ်ချုပ်ရေးမှူးတို့ဖမ်းဆီးခံထားရ

5926

သန့်ဇင်(NP News)-ဇန်နဝါရီ ၉
ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးရှိ တောကျွဲအင်းမြို့ကို KNU၊ PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး ဆေးရုံအုပ်၊ စခန်းမှူးနှင့် အုပ်ချုပ်ရေးမှူးတို့ဖမ်းဆီးသွားကြောင်း သိရှိသူဒေသခံတစ်ဦးက NP News ကိုပြောသည်။
တောကျွဲအင်းမြို့ကို ယနေ့ (ဇန်နဝါရီလ ၉ ရက်) နံနက်အစောပိုင်းက KNU၊ PDF ပူးပေါင်းအဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အခုထက်ထိလမ်းမပွင့်သေးဘူး။ တောကျွဲအင်း ဆေးရုံအုပ်ကြီး၊ စခန်းမှူးနဲ့ အုပ်ချုပ်ရေးမှူး တို့အဖမ်းခံထားရတယ်။ အုပ်ချုပ်ရေးမှူး ကတော့ ဘယ်အုပ်ချုပ်ရေးမှူးလဲ သေချာမသိရသေးဘူး။ အဖမ်းခံရတာတော့ သေချာတယ်။ တောကျွဲအင်းရုံပိုင်ကြီးကတော့ လွတ်သွားတယ်။ ဒေသခံတွေတော့မရှိတော့ဘူး။ အဲဒီဘက်မှာက ဟိုဘက်ဒီဘက်ခွနေတဲ့လူတွေများတယ်။ ကားတွေကတော့ ပိတ်မိနေတုန်းပဲ။အထက်ကဆင်းလာသောရထားတွေ တောင်ငူဘူတာမှာ ရပ်ထားရတယ်။ အဲဒီမှာ အမြန်လမ်း ကင်း(၅)ခု အတိုက်ခံရတယ်။ ရထားလမ်းကလည်း သံလမ်း (၂) နေရာမိုင်းခွဲခံရတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက NP News ကိုပြောသည်။
ထို့ပြင် ရန်ကုန်-မန္တလေးလမ်းဟောင်းလည်း ဖြတ်သန်းမရဖြစ်နေပြီး ပိန်းဇလုပ်မှစတင်ကာ သူဌေးကုန်း၊ ကျောက်တံတား၊ ပဲနွယ်ကုန်းမှ တောကျွဲအင်းအထိ ကုန်ကားများလည်း ပိတ်နေကြောင်း သိရသည်။
လက်ရှိ ဝင်ရောက်တိုက်ခိုက်ခံရသည် တောကျွဲအင်းမြို့ကို ယမန်နေ့ (ဇန်နဝါရီလ ၈ ရက်) ညပိုင်းကပင် KNU၊ PDFပူးပေါင်းအဖွဲ့များက ရုတ်တရက်ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး နာရီပိုင်းအကြာတွင် တောကျွဲအင်းမြို့ ရဲစခန်းအပါဝင် လုံခြုံရေးတပ်ဖွဲ့ဝင်များရှိရာနေရာများအား တိုက်ပွဲဖော်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ေတာကြၽဲအင္းၿမိဳ႕တြင္ တိုက္ပြဲျဖစ္ပြားေနၿပီး ေဆး႐ုံအုပ္၊ စခန္းမႉးႏွင့္ အုပ္ခ်ဳပ္ေရးမႉးတို႔ဖမ္းဆီးခံထားရ
သန႔္ဇင္(NP News)-ဇန္နဝါရီ ၉
ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္-မႏၲေလးလမ္းေဟာင္းေဘးရွိ ေတာကြၽဲအင္းၿမိဳ႕ကို KNU၊ PDF ပူးေပါင္းအဖြဲ႕က ဝင္ေရာက္တိုက္ခိုက္ၿပီး ေဆး႐ုံအုပ္၊ စခန္းမႉးႏွင့္ အုပ္ခ်ဳပ္ေရးမႉးတို႔ဖမ္းဆီးသြားေၾကာင္း သိရွိသူေဒသခံတစ္ဦးက NP News ကိုေျပာသည္။
ေတာကြၽဲအင္းၿမိဳ႕ကို ယေန႔ (ဇန္နဝါရီလ ၉ ရက္) နံနက္အေစာပိုင္းက KNU၊ PDF ပူးေပါင္းအဖြဲ႕က အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္ တိုက္ခိုက္ ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“အခုထက္ထိလမ္းမပြင့္ေသးဘူး။ ေတာကြၽဲအင္း ေဆး႐ုံအုပ္ႀကီး၊ စခန္းမႉးနဲ႔ အုပ္ခ်ဳပ္ေရးမႉး တို႔အဖမ္းခံထားရတယ္။ အုပ္ခ်ဳပ္ေရးမႉး ကေတာ့ ဘယ္အုပ္ခ်ဳပ္ေရးမႉးလဲ ေသခ်ာမသိရေသးဘူး။ အဖမ္းခံရတာေတာ့ ေသခ်ာတယ္။ ေတာကြၽဲအင္း႐ုံပိုင္ႀကီးကေတာ့ လြတ္သြားတယ္။ ေဒသခံေတြေတာ့မရွိေတာ့ဘူး။ အဲဒီဘက္မွာက ဟိုဘက္ဒီဘက္ခြေနတဲ့လူေတြမ်ားတယ္။ ကားေတြကေတာ့ ပိတ္မိေနတုန္းပဲ”ဟု ေဒသခံအမ်ိဳးသားတစ္ဦးက NP News ကိုေျပာသည္။
ထို႔ျပင္ ရန္ကုန္-မႏၲေလးလမ္းေဟာင္းလည္း ျဖတ္သန္းမရျဖစ္ေနၿပီး ပိန္းဇလုပ္မွစတင္ကာ သူေဌးကုန္း၊ ေက်ာက္တံတား၊ ပဲႏြယ္ကုန္းမွ ေတာကြၽဲအင္းအထိ ကုန္ကားမ်ားလည္း ပိတ္ေနေၾကာင္း သိရသည္။
လက္ရွိ ဝင္ေရာက္တိုက္ခိုက္ခံရသည္ ေတာကြၽဲအင္းၿမိဳ႕ကို ယမန္ေန႔ (ဇန္နဝါရီလ ၈ ရက္) ညပိုင္းကပင္ KNU၊ PDFပူးေပါင္းအဖြဲ႕မ်ားက ႐ုတ္တရက္ဝင္ေရာက္လာခဲ့ျခင္းျဖစ္ၿပီး နာရီပိုင္းအၾကာတြင္ ေတာကြၽဲအင္းၿမိဳ႕ ရဲစခန္းအပါဝင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားရွိရာေနရာမ်ားအား တိုက္ပြဲေဖာ္ေဆာင္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။