စားသုံးဆီကို မသမာသောနည်းလမ်းဖြင့် ရောင်းချနေခြင်းများအား စုံစမ်းဖော်ထုတ်မည်

 1333

စိမ့် (NP News) - ဇန်နဝါရီ ၉
စားသုံးဆီကို မသမာသောနည်းလမ်းဖြင့် ရောင်းချနေခြင်းများအား စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက (ဇန်နဝါရီ ၈ရက်)က ကျင်းပခဲ့သည့် စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။
အချို့သောမြို့နယ်များတွင် ကော်မတီမှ သတ်မှတ်သည့်ဈေးနှုန်းထက် မြှင့်တင်ရောင်းချလျက်ရှိခြင်း၊ အချို့မြို့နယ်များတွင် ခွဲတမ်းကို အပြည့်အဝရောင်းချမှုမရှိခြင်းတို့ကို သတ်မှတ်ကာလအတွင်း သက်ဆိုင်ရာဒေသသို့ သတ်မှတ်ဈေးနှုန်း၊ အရည်အသွေး၊ အခြင်အတွယ် မှန်ကန်စွာဖြင့် ရောင်းချစေရေးနှင့် မသမာသော နည်းလမ်းများဖြင့် ဖြန့်ဖြူးရောင်းချမှုများကို စစ်ဆေးဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုကြောင့် ကုမ္ပဏီများအနေဖြင့် တင်သွင်းခွင့်ရရှိသော စားအုန်းဆီများကို ပြည်သူများထံ အပြည့်အဝ ဖြန့်ဖြူးရောင်းချခြင်း၊ မိမိတို့၏ လက်လီလက်ကားကိုယ်စားလှယ်များကို ကြီးကြပ်ထိန်းကျောင်းခြင်းနှင့် တင်သွင်းဖြန့်ဖြူးရာတွင် အခက်အခဲများရှိပါက သက်ဆိုင်ရာဦးစီးဌာနများနှင့် ဆက်သွယ်ဆွေးနွေးနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ကြောင်းသိရသည်။

Zawgyi Version:
စားသုံးဆီကို မသမာေသာနည္းလမ္းျဖင့္ ေရာင္းခ်ေနျခင္းမ်ားအား စုံစမ္းေဖာ္ထုတ္မည္
စိမ့္ (NP News) - ဇန္နဝါရီ ၉
စားသုံးဆီကို မသမာေသာနည္းလမ္းျဖင့္ ေရာင္းခ်ေနျခင္းမ်ားအား စုံစမ္းေဖာ္ထုတ္သြားမည္ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးခ်စ္ေဆြက (ဇန္နဝါရီ ၈ရက္)က က်င္းပခဲ့သည့္ စားသုံးဆီတင္သြင္းသိုေလွာင္ ျဖန႔္ျဖဴးျခင္းလုပ္ငန္းမ်ားႏွင့္စပ္လ်ဥ္းသည့္ ညႇိႏႈိင္းအစည္းအေဝးပြဲတြင္ ေျပာၾကားခဲ့ေၾကာင္း သိရသည္။
အခ်ိဳ႕ေသာၿမိဳ႕နယ္မ်ားတြင္ ေကာ္မတီမွ သတ္မွတ္သည့္ေဈးႏႈန္းထက္ ျမႇင့္တင္ေရာင္းခ်လ်က္ရွိျခင္း၊ အခ်ိဳ႕ၿမိဳ႕နယ္မ်ားတြင္ ခြဲတမ္းကို အျပည့္အဝေရာင္းခ်မႈမရွိျခင္းတို႔ကို သတ္မွတ္ကာလအတြင္း သက္ဆိုင္ရာေဒသသို႔ သတ္မွတ္ေဈးႏႈန္း၊ အရည္အေသြး၊ အျခင္အတြယ္ မွန္ကန္စြာျဖင့္ ေရာင္းခ်ေစေရးႏွင့္ မသမာေသာ နည္းလမ္းမ်ားျဖင့္ ျဖန႔္ျဖဴးေရာင္းခ်မႈမ်ားကို စစ္ေဆးေဖာ္ထုတ္မႈမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။
ထိုေၾကာင့္ ကုမၸဏီမ်ားအေနျဖင့္ တင္သြင္းခြင့္ရရွိေသာ စားအုန္းဆီမ်ားကို ျပည္သူမ်ားထံ အျပည့္အဝ ျဖန႔္ျဖဴးေရာင္းခ်ျခင္း၊ မိမိတို႔၏ လက္လီလက္ကားကိုယ္စားလွယ္မ်ားကို ႀကီးၾကပ္ထိန္းေက်ာင္းျခင္းႏွင့္ တင္သြင္းျဖန႔္ျဖဴးရာတြင္ အခက္အခဲမ်ားရွိပါက သက္ဆိုင္ရာဦးစီးဌာနမ်ားႏွင့္ ဆက္သြယ္ေဆြးေႏြးႏိုင္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.