New Year Meet and Greet Reception အမည်ဖြင့် အိန္ဒိယသံရုံးတွင် တွေ့ဆုံပွဲ ပြုလုပ်

 736

NP News - ဒီဇင်ဘာ ၉
New Year Meet and Greet Reception အမည်ဖြင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး က တွေ့ဆုံပွဲ နှင့် မိတ်ဆုံ ညစာစားပွဲ ကို ယမန့်နေ့ (ဒီဇင်ဘာလ ၈ ရက်) ညပိုင်းက India House တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ပွဲသို့ သတင်းမီဒီယာ ကောင်စီဥက္ကဌ နှင့် ကောင်စီဝင်အချို့၊ လုပ်ငန်းရှင်များ၊ မီဒီယာလောကမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
ယင်းပွဲတွင် မြန်မာနိုင်ငံ နှင့် အိန္ဒိယနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ခြင်း နှင့် ပတ်သက်၍ ဗွီဒီယို ကို ပြသခြင်း၊ ဖျော်ဖြေရေး အစီစဉ်များဖြင့် ဧည့်ခံခြင်း တို့ အပြင် အိန္ဒိယအဖျော်ယမကာများကို မြန်မာစျေးကွက်အတွင်း ပိုမိုသိရှိလာစေရန်အတွက် ရည်ရွယ်သော အစီစဉ်လည်း ပါဝင်ခဲ့သည်။

Zawgyi Version:
New Year Meet and Greet Reception အမည္ျဖင့္ အိႏၵိယသံ႐ုံးတြင္ ေတြ႕ဆုံပြဲ ျပဳလုပ္
NP News - ဒီဇင္ဘာ ၉
New Year Meet and Greet Reception အမည္ျဖင့္ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံ႐ုံး က ေတြ႕ဆုံပြဲ ႏွင့္ မိတ္ဆုံ ညစာစားပြဲ ကို ယမန႔္ေန႔ (ဒီဇင္ဘာလ ၈ ရက္) ညပိုင္းက India House တြင္ ျပဳလုပ္ခဲ့သည္။
အဆိုပါ ပြဲသို႔ သတင္းမီဒီယာ ေကာင္စီဥကၠဌ ႏွင့္ ေကာင္စီဝင္အခ်ိဳ႕၊ လုပ္ငန္းရွင္မ်ား၊ မီဒီယာေလာကမွ တာဝန္ရွိသူမ်ားတက္ေရာက္ခဲ့ၾကသည္။
ယင္းပြဲတြင္ ျမန္မာႏိုင္ငံ ႏွင့္ အိႏၵိယႏိုင္ငံအၾကား ပူးေပါင္းေဆာင္႐ြက္ျခင္း ႏွင့္ ပတ္သက္၍ ဗြီဒီယို ကို ျပသျခင္း၊ ေဖ်ာ္ေျဖေရး အစီစဥ္မ်ားျဖင့္ ဧည့္ခံျခင္း တို႔ အျပင္ အိႏၵိယအေဖ်ာ္ယမကာမ်ားကို ျမန္မာေစ်းကြက္အတြင္း ပိုမိုသိရွိလာေစရန္အတြက္ ရည္႐ြယ္ေသာ အစီစဥ္လည္း ပါဝင္ခဲ့သည္။

Related news

© 2021. All rights reserved.