“ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဇော်သိမ်း ပေးတဲ့ ပေါက်ခေါင်းဒေသအတွက် ကတိများ” ပေါက်ခေါင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဇော်သိမ်း နှင့် မေးမြန်းခြင်း

 454

NP News - ဇန်နဝါရီ ၁ဝ

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ပါဝင်ယှဉ်ပြိုင်မည့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ဒုတိယဥက္ကဌ၊ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးမျိုးဇော်သိမ်း နှင့် NP News က မေးမြန်းခဲ့ရာ ဦးမျိုးဇော်သိမ်း ၏ နိုင်ငံရေး အမြင်၊ သဘောထားများကို စာဖတ်ပရိသတ်များအတွက် ကောက်နှုတ်ဖော်ပြအပ်ပါသည်။

မေး-‌ဦးမျိုးဇော်သိမ်းဟာ ပေါက်ခေါင်းဇာတိသား အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲကိုလည်း ကိုယ့်မွေးရပ်မြေဒေသကနေပဲ ဝင်ပြိုင်တယ်လို့ သိထားရပါတယ်။ အခြားသော ပါတီထိပ်ပိုင်းခေါင်းဆောင်တွေက နေပြည်တော်လိုနေရာတွေကို ရွေးချယ်ခဲ့ပြီး ဦးမျိုးဇော်သိမ်း ကျမှ ဘာကြောင့် ပေါက်ခေါင်းကို ရွေးတာလဲ။
ဖြေ-ပြောရရင်တော့ ကျွန်တော်က ပါတီမှာ ဒုတိယဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေတဲ့အခါကျတော့ ထိပ်ပိုင်းခေါင်းဆောင်လို့ပြောပါတော့။ အဲဒီတော့ နိုင်ငံရေးအသုံးအနှုန်းအရ ဒီလိုသုံးတယ်လို့ ယူဆပါတယ်။ သာမန်အားဖြင့်တော့ ကျွန်တော်လည်း လွတ်တော်ကိုယ်စား လှယ်လောင်း တစ်ယောက်ပဲဖြစ်တယ်လို့ပဲ မိမိကိုယ်မိမိခံယူလိုက်ပါတယ်။ အဲဒီတော့ ကျွန်တော်က အများဆုံးပြောရရင်တော့ ပါတီကိုဦးဆောင်တဲ့လူအများစု က ဌာနချုပ်ရှိတဲ့နေရာမျိုးတို့ နောက်အခြားပေါ့နော်။ သင့်တော်သောနေရာမျိုးကို ရွေးချယ်ကြတယ်လို့ ပြောဆိုကြပါတယ်။ ကိုယ့်ဇာတိမြေကို မရွေးရဘူးလို့ တကယ်တမ်းတော့ သတ်မှတ်ချက်တော့ မရှိဘူးပေါ့နော်။ ကျွန်တော်ကလည်း တကယ်တမ်းတော့ ပေါက်ခေါင်းဆိုတာက ကျွန်တော့် ဇာတိမြေဖြစ်တယ်။ ကျွန်‌တော့်ရဲ့မွေးရပ်ဇာတိမြေဖြစ်တယ်။ ပြောရရင် ကျွန်‌တော့်ရဲ့ ဘဝတစ်သက်တာမှာ ကျွန်တော်ပေါက်ခေါင်းမှာပဲ ကျွန်တော်က မွေးဖွားခဲ့တယ်။ ကြီးပြင်းခဲ့တယ်။ ပေါက်ခေါင်းမှာပဲ ကျွန်တော် ပညာသင်ကြားခဲ့တယ်။ အဲဒီကနေပြီးတော့မှ ကျွန်တော်ဆယ်တန်းအောင်ပြီးသွားလို့ ကျွန်‌တော်တို့ခေတ်က ဆယ်တန်းပေါ့ဗျာ။ ဆယ်တန်းအောင်ပြီးတော့မှ ကျွန်တော်က တပ်မတော်ထဲကိုကျွန်တော်သွားတယ်။ စစ်တက္ကသိုလ်ကို ကျွန်‌တော် သွားလိုက်တဲ့ကာလ။ အဲဒီကာလက စပြီးကျွန်တော် ပေါက်ခေါင်းနဲ့က ကင်းကွာသွားခဲ့တာဆိုတော့ ပြောရရင်တော့ နှစ်ပေါင်း (၄၀)ကျော်လောက်ကင်း ကွာတယ်။ နှစ်ပေါင်း (၄၀) လောက်ထားပါတော့။ အဲဒီလောက်ကင်းကွာ တယ်လို့ ကျွန်တော် ပြောလို့ရပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ပေါက်ခေါင်းမြို့က ပဲခူးတိုင်းရဲ့အနောက်ခြမ်းမှာ (၁၂၈)မြို့နယ်ရှိတယ်။ ပဲခူးတိုင်းအနောက်ခြမ်းရဲ့ တစ်ချိန်တုန်းက လမ်းဆုံးမြို့လို့ ပြောလို့ရတယ်။ ကျွန်‌တော်တို့ ပေါက်ခေါင်းနဲ့ ပဲခူးရိုးမကြီးကို ဖြတ်ပြီးတော့မှ ပြည်-ပေါက်ခေါင်း-တောင်ငူ-အုတ်တွင်းပေါ့နော် မဟာဗျူဟာလမ်းလို့ခေါ်တယ်။ အရင်တုန်းက။ သစ်ထုတ်လုပ်ရေးလမ်းကြီးရှိတယ်။ မဟာဗျူဟာလမ်းကြီးရှိတယ်။ အဲဒီကနေပြီးတော့မှ ကျွန်‌တော်တို့သွားလို့မရဘူးပေါ့။ လုံခြုံရေးအရမဟုတ်ဘူး။ လမ်းကိုမကောင်းလို့ ဟိုးအရင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က တပ်မတော်အစိုးရလက်ထက်မှာလည်း သွားလို့မရခဲ့ဘူး။ ဒါပေမယ့်ဘယ်အချိန်မှာရသွားလည်းဆိုတော့ သမ္မတကြီးဦးသိန်းစိန် လက်ထက်မှာ ကျွန်တော်တို့က ပြည်-ပေါက်ခေါင်း-အုတ်တွင်း-တောင်ငူလမ်းက တကယ့်ကို ချောချောမွေ့မွေ့နဲ့သွားလို့ရပြီးတော့ လမ်းမှာ ကျွန်တော်တို့ ပေါက်ခေါင်းရဲ့ မနီးမဝေးနေရာဒေသမှာ Resort တွေပေါ်လာတဲ့အဆင့်အထိကို ဖြစ်လာတာပေါ့။ ဒါက ဒီဘက်ခေတ်မှာပေါ့။ လက်ရှိအခြေအနေမှာတော့ ပေါက်ခေါင်းကနေပြီးတော့ တောင်ငူ ဘက်ကို ဆက်သွားလို့မရပါဘူး။ သူက လမ်းဆုံးမြို့လို့ပေါလို့ရသလို ပဲခူးရိုးမကိုအခြေမှာတည်ထားတဲ့မြို့တစ်မြို့ ဖြစ်တဲ့အခါကျတော့ ဖွံ့ဖြိုးတိုးတက်မှု အထိုက်အလျှောက်အားဖြင့်တော့ လိုအပ်ချက်ရှိနေတာအမှန်ပါပဲ။ ကျွန်တော်တပ်မတော်ကနေအငြိမ်းစားယူပြီး နိုင်ငံရေးနယ်ပယ်ကို ဝင်ရောက်ပြီးတဲ့အချိန်မှာ ကျွန်တော့်မြို့ ကိုကျွန်တော်ပြန်လာခဲ့တာပေါ့။ ပြန်လာခဲ့တဲ့အခါကျတော့ ကျွန်တော်တို့ပေါက်ခေါင်းရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာ ဘာပဲပြောပြောလိုအပ်ချက်တွေက အများကြီးရှိနေတာတွေ့ပါတယ်။ တွေ့တဲ့အခါကျတော့ ကိုယ့်မြို့ကိုယ့်ရွာမှာ တပ်မတော်သားဘဝမှာတုန်းကကျတော့ ရာထူးအဆင့်ဆင့်အကြီးအငယ်ပေါ့လေ။ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်ပေါ့။ ငယ်ငယ်တုန်းကတော့ ဗိုလ်မှူးလောက်အထိကို ရန်ဖန်ရန်ခါ ခွင့်ပြန်လို့ရတယ်။ သူ့ထက်ရာထူးမြင့်လာတဲ့အခါကျတော့ ခွင့်ဆိုတဲ့အရာက ထည့်သွင်းစဉ်းစားရတဲ့အရာမဟုတ်ဘူးလို့ပေါ့။ တာဝန်က ပိုကြီးမားလာတာပေါ့နော်။ မပြန်ဖြစ်ဘူး။ မြို့နဲ့နည်းနည်း လေး ပြန်ပြီးတော့မှ အလှမ်းဝေးသွားတယ်။ အဆက်အသွယ်တော့မပြတ်ဘူး။ ကျွန်တော့်မိဘဆွေမျိုးတွေက ပေါက်ခေါင်းကလေ။ ပေါက်ခေါင်းက တစ်မြို့လုံးပတ်လိုက်လို့ ဆွေမျိုးမကင်းဘူး။ သွားတွေ့နေကြ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ ဆွေမျိုးတွေ ဒါမျိုးတွေ ချည်းပဲ။ အဲဒီတော့ ကိုယ့်မြို့ကိုယ့်ရွာ အဆက်အသွယ်တော့မပြတ်ဘူး။ ဒါပေမယ့် တပ်မတော်မှာ နိုင်ငံတော်လုံခြုံရေးတာဝန်တွေနဲ့ အခြားပေးအပ်ထားတဲ့တာဝန်တွေထမ်းဆောင်နေတဲ့အခါကျတော့ ဒီရာထူးအကြီးပိုင်းကြမရောက်ဖြစ်တော့ဘူး။ အခုနိုင်ငံရေးနယ်ပယ်ကို ရောက်ပြီဆိုတဲ့အခါကျတော့ ကိုယ့်မြို့ကို ပြန်ရောက်လာတယ်။ ပြန်ရောက်လာတော့ တကယ်လည်းဖွံ့ဖြိုးတိုးတက်မှုနောက်ကြတယ်။ အဲဒီတော့ ပြန်ပြီးတော့မှ မြို့မိမြို့ဖတွေဆိုရင်လည်း ကျွန်တော့်အစ်ကိုအရွယ်တွေပါတယ်။ ကျွန်တော့်နဲ့ ညီအရွယ်တွေထိကို မြို့မိမြို့ဖအထိကိုရောက်နေပြီ။ သူတို့နဲ့တွေ့ခါကျတော့ မျိုးဇော်သိန်းရာ ငါတို့မြို့မှာတော့ ဒီလိုအခြေအနေရှိတယ်ပေါ့ကွာ။ လိုအပ်ချက်လေးတွေပြောကြ။ ဖြစ်ချင်တာလေးတွေပြောဆိုကြ ဆွေးနွေးကြပေါ့။ ဒီအခါမှာကြတော့ လူက အေးအေးဆေးဆေးလာလို့ သွားလို့ အဆင်ပြေသွားပြီ။ နောက်ဆံမငင်ရတဲ့အရာတွေရှိလာတဲ့အခါကျတော့ ဆွေးနွေးတိုင်ပင်ရတာပိုများလာတယ်။ များပြီးတော့ ကျွန်တော်က ကိုယ့်မြို့ကိုယ့်ရွာနဲ့ ပတ်သက်ပြီးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတွေဆွေးနွေးဖြစ်တယ်။ အခုတော့လည်း လိုအပ်ချက်တွေ အကူအညီတောင်းခံတာလေးတွေရှိတာပေါ့ဗျာ။ ဒါနဲ့ ကျွန်တော်ကလည်း နဂိုတည်းကလည်း ပြောရရင်တော့ ပေါက်ခေါင်းဆိုတာက ကျွန်တော့်မိဘတွေ။ ကျွန်တော့်အဖိုးပေါ့။ အဖေရဲ့အဖေ။ ကျွန်တော့်အဖေဆိုတာ မြို့မှာ ဦးစီးဦးဆောင်ခဲ့တဲ့ ခေါင်းဆောင်လို့လည်းပြော လို့ရတယ်။ ဦးဆောင်သူလို့လည်းပြောလို့ရတယ်။ နေခဲ့ကြတယ်။ အခုကျွန်တော်တို့ခေတ်ရောက်လာတယ်။ ပေါက်ခေါင်းမြို့ကို ဆက်ပြီးတော့မှ ဦးဆောင်နိုင်ဖို့ဆိုရင် ကျွန်တော်နိုင်ငံရေးအရလည်း ဘိုးစဉ်ဘောင်ဆက်က နိုင်ငံရေးမျိုးရိုးလို့ပြောလို့ရတယ်။ အကုန်လုံးက နိုင်ငံရေးနယ်ပယ်ထဲမှာ ကျဉ်လည်ခဲ့ကြတယ်။ အဖေ၊ အဖိုး၊ ဦးကြီး၊ ဦးလေး တော်တော်များများပါပဲ။ ဒီနေရာမှာ ကျွန်တော်လည်း ကျွန်တော်အလှည့်ရောက်လာတဲ့အခါကျတော့ နိုင်ငံရေးကို မူလကတည်းကလည်း ကျွန်တော်တို့က နိုင်ငံရေးသွေးပါတာ။ နိုင်ငံရေးလည်းဝါသနာပါတယ်။ ဒီအတွက်ကြောင့် ကျွန်တော်က နိုင်ငံရေးနယ်ပယ်ထဲကို ဝင်လာခဲ့တယ်လို့ ကျွန်တော်တို့က ပြောလို့ရတာပေါ့။ ဒီအခါမှာ ဘာပဲပြောပြောနိုင်ငံရေးနယ်ပယ်ထဲကိုရောက်လာတဲ့အခါမှာ ကျွန်တော်စဉ်းစားတာကတော့ လူဗျ။ လူဆိုတာကတော့ အားလုံးက စဉ်းစားတဲ့အခါမှာ လူတိုင်းလူတိုင်းက ကိုယ့်အတွက်ကိုယ် အရင်စပြီးစဉ်းစားတက်ကြတယ်။ ပြီးရင် ကိုယ့်အတွက်ပြီးလို့ရှိရင်တော့ ကိုယ့်ရပ်၊ ကိုယ့်ရွာ၊ ကိုယ့်ဒေသ၊ ကိုယ့်မိသားစု အဲဒီလိုဆက်ပြီး‌တော့ စဉ်းစားကြတာပေါ့။ ချဲ့တာပေါ့။ သေးသေးလေးကနေ အကြီးကြီးကို ချဲ့ပြီးတော့ စဉ်းစားတက်ကြတာပေါ့။ အဲဒီလိုမျိုးစဉ်းစားတဲ့အခါမှာ ကဲဟုတ်ပြီကွာလို့ ကိုယ့်စိတ် ကူးထဲမှာ ငါလုပ်ဖြစ်လို့ရှိရင် ငါ့မိဘနေအိမ်မှာဝင်ပြီးတော့ ပြိုင်ဖို့စဉ်းစားထားခဲ့တယ်။ ဒါပေမယ့် ဘယ်သူ့ကိုမှထုတ်ဖော်မပြောခဲ့ဘူး။ နောက်ဆုံး ပါတီရဲ့သဘောသဘာဝတွေ။ နောက်ဆုံးနေပြည်တော်မှာ အရွေးခံမယ်ဆိုရင်လည်း ကျွန်တော်နေရာမဟုတ်ဘူးမဟုတ်ဘူး။ ရှိပါတယ်။ အလားတူ ကျွန်တော်ရန်ကုန်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ကာလ ကြာတယ်ဗျ။ ကျွန်တော် ကစထမှူးပေါ့နော်။ တိုင်းမှူး။ တပ်မတော်စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး။ ငယ်စဉ်းကတည်းက ရန်ကုန်မှာ နေခဲ့ထိုင်ခဲ့လုပ်ခဲ့တဲ့အတွက် ရန်ကုန်မှာလည်း ကျွန်တော့်ကို ဖိတ်ခေါ်ပါတယ်။ အလားတူပဲ ပဲခူးတိုင်း၊ ပဲခူးမြို့ဆိုရင်လည်း ကျွန်တော့်ကို ဖိတ်ခေါ်ပါတယ်။ နောက်နေပြည်တော်ကိုလည်း ဖိတ်ခေါ်ပါတယ်။ ပြည်ကလည်းဖိတ်ခေါ်ပါတယ်။ ဧရာဝတီကလည်း ကျွန်တော့်ကို ဖိတ်ခေါ်တယ်။ မြို့မိမြို့ဖတွေတို့ ပါတီတွေက ဖိတ်ခေါ်ပါတယ်။ ဒါပေမယ့် ကျွန်တော်က ပြန်စဉ်းစားတယ်။ ဘာပဲပြောပြောလေ ပေါက်ခေါင်းမြို့ဆိုတာ ကျွန်တော်အောင်မြင် ခဲ့တဲ့မြို့တစ်မြို့ပဲ။ ကျွန်တော့်ဇာတိမြို့တစ်မြို့ပဲ။ ဒီပေါက်ခေါင်းလေး ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေချိန်မှာ ငါ့မြို့လေးကနေစပြီးတော့မှ ငါကိုယ်စားပြရလို့ရှိရင်ဆိုတဲ့ စိတ်ကူးရှိခဲ့တာသည် ကျွန်တော့်ရဲ့ပင်မအခြေခံစိတ်ကြောင့် ကျွန်တော်ဒီကနေဝင်ပြိုင်နေခြင်းဖြစ်တယ်လို့ပဲ ကျွန်တော်အနှစ်ချုပ်ပြောပါမယ်။ ရှေ့ကဟာတွေကတော့ သမိုင်းကြောင်းလေးဖွင့်မှပဲ ဒီအခြေအနေထိရောက်လာမို့လို့ ကျွန်တော်ပြောပြတာပါ။ ဒါကြောင့် ကျွန်တော်ဒီပေါက်ခေါင်းမှာ ဝင်ရောက်အရွေးချယ်ခံရခြင်းဖြစ်ပါတယ်လို့ ကျွန်တော်ဖြေပါမယ်။
မေး-လက်ရှိပေါက်ခေါင်းဒေသက အေးဆေးတည်ငြိမ်လွန်းတဲ့နေရာမဟုတ်ဘဲ ကျီးလန့်စာစား အခြေအနေမျိုးမှာ ရှိနေတယ်။ ကိုယ်စားလှယ်လောင်း တစ်ယောက်အနေနဲ့ရော၊ အငြိမ်းစား ဗိုလ်ချုပ်ကြီးတစ်ယောက်အနေနဲ့ရော၊ ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးအနေနဲ့ရော သိပ်အန္တရာယ်ကြီးလွန်းတဲ့ ရွေးချယ်မှုမျိုး လုပ်ခဲ့တယ်လို့ မထင်ရဘူးလား။ ဆိုလိုတာက တစ်ဖက် အဖျက်အမှောက်အဖွဲ့အစည်းတွေက ဒီလောက်ကြီးကြီးမားမာ ပုဂ္ဂိုလ်ကို Target ထားလာမှာကို ဆိုလိုချင်တာပါ။ ပြီးတော့ ခြိမ်းခြောက်ခံခဲ့ရတာတွေရော ရှိနေလား။
ဖြေ-အဲဒီတော့ ကျွန်တော်တို့လက်ရှိပေါ့ (၂၀၂၁)ကျွန်တော်တို့ ဖြစ်စဉ်ကနေစပြောရရင် ဖေဖော်ဝါရီလ(၁)ရက်နေ့ ကစပြီးတော့မှ လက်ရှိ နိုင်ငံရေးမှာ မဲမသမာမှုတွေကြောင့်လို့ ဖြစ်ပေါ်လာတဲ့ဖြစ်စဉ်ပေါ့နော်။ တပ်မတော်ကလည်း အာဏာထိန်းထားတဲ့ ဖြစ်စဉ်နောက်ပိုင်းမှာ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုတွေ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လိုအပ်ချက်တွေရှိတယ်ဆိုတာ ဘယ်လိုမှမငြင်းသာပါဘူး။ အလားတူ ပါပဲ။ ကျွန်တော်တို့ ပေါက်ခေါင်းနဲ့ပတ်သက်လို့ရှိရင်လည်း ပေါက်မြို့ဒေသမှာလည်း တည်ငြိမ်အေးချမ်းမှုလိုအပ်ချက်မရှိဘူးလားဆိုတော့ ရှိတယ်ဗျ။ နိုင်ငံတစ်ဝန်းလုံးပေါက်ခေါင်းလည်းအပါအဝင်ဖြစ်တယ်ပေါ့။ သို့သော် ကျွန်တော် ပေါက်ခေါင်းကို ကြိမ်ဖန်များစွာ သွားလာ တယ်။ အခုလည်း ကျွန်တော်တို့ သွားလိုက်လာလိုက်ပြန်လိုက်သွာားခဲ့ပါတယ်။ အခုကျွန်တော်တို့ ပေါက်ခေါင်းကို ကျွန်တော်တို့ လှမ်းမေးလိုက်လို့ရှိရင်လည်း ဒီအတိုင်းပါပဲ။ ပြောရရင်တော့ ကျွန်တော်တို့ သမ္မတကြီးဦးသိန်းစိန်ခေတ်တုန်းကလိုပေါ့ဗျာ။ နားပြားအောင် အိပ်ရတဲ့ အချိန်မျိုးမရှိတာတော့ အမှန်ပါပဲ။ ပေါက်ခေါင်းသည်အခြေအနေအလွန်ဆိုးရွားတဲ့အခြေအနေမျိုးရှိတာတော့ မဟုတ်ဘူးဗျ။ ကျွန်တော်ထင်တယ် (၈၀)ရာခိုင်နှုန်း၊ (၈၅) ရာခိုင်နှုန်းလောက် တည်ငြိမ်အေးချမ်းမှုကောင်းတယ်လို့ ကျွန်တော်ယူဆလို့ ရပါတယ်။ နည်းနည်းအစွန်အဖျားကြတဲ့ပေါ့နော်။ ဥပမာ ပဲခူးရိုးမဘက်ခြမ်းကျတဲ့ဟာမျိုးတို့။ ဟိုဘက်ဆိုရင် ပေါင်းတည်၊ သဲကုန်းနဲ့ ဆက်စပ်တဲ့နေရာမျိုးရှိမယ်။ အောင်လံနဲ့ဆက်စပ်တဲ့နေရာမျိုးလောက် ရှိရင်ရှိမယ်။ ဒါမျိုးတွေ အဆက်ဒေသတွေမှာကတော့ တည်ငြိမ်အေးချမ်းမှုလိုအပ်ချက်တွေ ပိုပြီးရှိကောင်းရှိပါလိမ့်မယ်။ ကျန်တဲ့နေရာ (၈၀)၊ (၈၅) ရာခိုင်နှုန်းမှာတော့ အရမ်းကြီးဆိုးရွားတဲ့ အနေအထားမရှိပါဘူး။ ဒါ့ကြောင့်ကျွန်တော်က ဗိုလ်ချုပ်ကြီးတစ်ယောက်အနေနဲ့ကောဆိုတော့ ကျွန်တော်က တပ်မတော်က အငြိမ်းစားယူပြီးသွားပြီဗျ။ ကျွန်တော်ပြောချင်တာလေးကတစ်ချက်ရှိတယ်။ ကျွန်တော်တပ်မတော်ကနေအငြိမ်းစား၊ ကျွန်တော်နိုင်ငံ့ ဝန်ထမ်း၊ တပ်မတော်သားမှမဟုတ်ပါဘူး။ နိုင်ငံဝန်ထမ်းဘဝကနေအငြိမ်းစားယူပြီးသွားပြီ ကျွန်တော်ပြည်သူတစ်ယောက်အနေနဲ့ ရပ်တည်တာဖြစ်တယ်ဗျာ။ ဒီနိုင်ငံရေးမှာရပ်တည်တာ ဗိုလ်ချုပ်ကြီးတစ်ယောက်အနေနဲ့ရပ်တည်တာမဟုတ်တော့ဘူး။ ကျွန်တော့်ရဲ့ ဘဝဖြတ်သန်းမှုမှာ တပ်မတော်ကာလဘဝဖြတ်သန်းမှုက ပြီးသွားဆုံးသွားခဲ့ပြီ။ အခုနိုင်ငံရေးနယ်ပယ်ထဲကိုရောက်တယ်။ ပြည်သူတစ်ယောက်အနေနဲ့ပဲ ကျွန်တော်က ရပ်တည်နေတာဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူထဲက ပြည်သူဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့်မှာတော့ ဒီဟာအပေါ်မှာ ကျွန်တော် စွန့်လွတ်စွန့်စားပြီးလုပ်တယ်လို့ ကျွန်တော်မခံစားရဘူး။ အလားတူပဲ ဒီနယ်မြေဒေသမှာပဲ ခြိမ်းခြောက်တယ်ဆိုတာမျိုးလည်း ကျွန်တော်တို့ မကြားမိပါဘူး။ ဒါကတော့ ကျွန်တော်မြင်နေတဲ့အခြေအနေပါဗျ။ ပေါက်ခေါင်းဒေသက အရမ်းဆိုးရွားတဲ့ တည်ငြိမ်အေးချမ်းမှုရှိနေတယ်လို့တော့မဟုတ်ပါဘူး။ လိုအပ်ချက်ရှိလားရှိတယ်။ (၈၀)၊ (၈၅) ရာခိုင်နှုန်းလောက် အထိကို ကောင်းတဲ့အနေအထားကို တကယ်တွေ့ရပါတယ်လို့ ဒါလေးကျွန်တော်ပြောချင်လို့ပါ။ ဟုတ်ကဲ့။
မေး-ပြောရရင် အသက်နဲ့ ရင်းပြီး သတ္တိရှိရှိ ရွေးကောက်ပွဲ ဝင်တယ်လို့ ပြောရင် ပိုမှန်နေမလား။ ဒီလောက်အထိ အသက်နဲ့ ရင်းရနိုင်တာ သိပါလျှက်နဲ့ ပေါက်ခေါင်းလိုနေရာကို ရွေးချယ်တာက ပေါက်ခေါင်းကို ဘာလုပ်ပေးချင်တာ ရှိလို့လဲ။
ဖြေ-ကျွန်တော်ခုနက ပြောသလို တည်ငြိမ်အေးချမ်းမှုတော့ လိုအပ်ချက်ရှိတယ်။ ၈၀၊ ၈၅ ဆိုတော့ ၂၀ ၊ ၁၅၊ ၂၅ ရာခိုင်နှုန်းလောက်ထိကတော့လည်း လုံခြုံရေးလိုအပ်ချက်ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့သွားလာနေတဲ့အခြေအနေကပေါက်ခေါင်းက တည်ငြိမ်မှုက အဲဒီလောက် မဆိုးဘူးလို့ပြောလို့ရတာပေါ့။ ဆိုတော့ ဒီအခြေအနေမှာ သတ္တိရှိရှိနဲ့ ဝင်ပြိုင်နေတယ်ဆိုတာ ကျွန်တော်က မဟုတ်ပါဘူး။ ဒါသည်ကျွန်တော်တို့ နိုင်ငံရေးအရ ကျွန်တော်တို့ ပေါက်ခေါင်းထက် အင်မတန်ဆိုးဝါးတဲ့နေရာတွေအများကြီးပဲ ဗျာ။ ကျွန်တော်တို့ ပေါက်ခေါင်းမြို့သူ၊ မြို့သားတွေကို ပြောရရင် ကိုယ့်မြို့၊ ကိုယ်ရွာမို့ ပိုပြောတာမဟုတ်ဘူးပေါ့။ ကျွန်တော်တို့ နယ်သူနယ်သားအားလုံးက နိုင်ငံရေးအရည်အချင်းမြင့်တယ်လို့ ကျွန်တော်က ယုံကြည်တယ်။ အဲဒီတော့ ယုံကြည်တာတွေ မတူညီသောညားပေါ့။ ဥပမာဆိုပါစို့ ကျွန်တော်ဆို ဦးမျိုးဇော်သိမ်း။ ကျွန်တော့်ဒေသအခေါ် မျိုးဇော်လို့ ခေါ်ကြတာ ။ မျိုးဇော် ပေါက်ခေါင်းကနေ ဝင်ပြိုင်မယ်ဆိုတဲ့အနေအထားကျတော့ သူတို့ရဲ့ယုံကြည်ရာ တူခြင်းမတူခြင်းထက် သဘောထက် ဒီမြို့ပေါ်မှာ သူဘာလုပ်နိုင်မယ်ဆိုတာ အားလုံးက လူတွေကသွားနေကြတဲ့ အခြေအနေဖြစ်ပါတယ်။ လူတွေအားလုံးက အကောင်းမြင်နေကြတယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒီအပေါ်မှာ မူတည်ပြီးတော့မှ ကျွန်တော်က သတ္တိရှိလို့ လာပြိုင်တာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ ဇာတိကို ကျွန်တော်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ချင်တဲ့စေတနာက ဦးတည်ပြီးလာပြိုင်တာ ပါ။ အခြေအနေအရမ်းဆိုးနေတဲ့ ကြားက အခြေအနေတွေက ထိုက်သင့်တဲ့တည်ငြိမ်မှုအတိုင်းအတာ ရရှိနေတာသိတဲ့အတွက် ကျွန်တော် လာပြိုင်တာပဲဖြစ်တယ်။ ဒီလိုလေးပဲ ကျွန်တော်ဖြေပါမယ်။
မေး - ဦးမျိုးဇော်သိမ်းဆိုတဲ့ ပုဂ္ဂိုလ်ကို ပေါက်ခေါင်းသားတွေက ဘာကိုယုံကြည်ပြီးမဲပေးရမှာလဲ။ ဦးဇော်မျိုးသိမ်းက ဘယ်လိုလူမျိုးမို့လိုလဲ။ ဆိုလိုတာက အခြားသော ကိုယ်စားလှယ်လောင်းတွေလည်း ရှိနေတာပဲ၊ ဦးမျိုးဇော်သိမ်း ကမှ ပေါက်ခေါင်းဒေသခံတွေအတွက် အကျိုးပြုပေးနိုင်တာ ဘာပိုရှိနေလို့လဲ။
ဖြေ-ကျွန်တော်က နိုင်ငံရေးနယ်ပယ်ကိုရောက်ထဲက ကျွန်တော်ရဲ့နိုင်ငံရေး ခံယူချက်ပေါ့။ နိုင်ငံရေးသမားဆိုတာ ရန်သူမမွေးရဘူးတဲ့ ရန်သူကိုတောင်မှ မိမိကိုထောက်ခံအားပေးလာအောင် စည်းရုံးရတဲ့ လုပ်ငန်းစဉ်ပေါ့။ ဒီဟာကို အောင်မြင်အောင်ဆောင်ရွက်မဲ့လုပ်ငန်းဖြစ်တယ်လို့ ကျွန်တော်ခံယူထားတာ။ အဲဒီအတွက်ကြောင့် ခုနကမေးခွန်းမှာပါတဲ့ မေးခွန်းမျိုးကို ကြည့်လိုက်ရင် အခြားနိုင်ငံရေးပါတီ၊ ပါတီကိုယ်စားလှယ်တွေလည်းရှိနေရဲ့သားနဲ့ သူတို့သည်လည်း ကိုယ့်မြို့ ၊ ကိုယ်ရွာ စွမ်းဆောင်နိုင်တဲ့အရည်အချင်းရှိလို့ ဝင်ပြိုင်တယ်လို့ပဲ ကျွန်တော်တို့က သဘောထားတာ ။သူတို့က ကျွန်တော်နဲ့ ရန်ဖက်မဟုတ်ပါဘူး။ ရန်ဖက်လို့လဲ သဘောမထားပါဘူး။ ပြိုင်ဖက်လို့ ပြောတယ်ဆိုရင် တောင်မှ ဒါက လုပ်ဖော်ကိုင်ဖက်လို့ သဘောထားရင်တောင်မှ ကျွန်တော်က ယဉ်ကျေးစွာ ဒီလိုပဲ သဘောထားပါတယ်။ အဲဒီတော့ ပေါက်ခေါင်းနဲ့ပတ်သက်ရင် ကျွန်တော်က ပေးရမဲ့ မက်ဆေ့ က ပေါက်ခေါင်းနဲ့ ဒီကျွန်တော်က ပါတီဦးဆောင်သူတစ်ယောက်အနေနဲ့ ပြောရရင်တော့ ကျွန်တော်ယခင်ထဲကလည်း မက်ဆေ့တွေပေးခဲ့ပါတယ်။ ကျွန်တော်တို့ တကယ်မဲပေးတဲ့အခါမှာ ကျွန်တော်က နဂိုထဲကလည်း ပြည်သူသာ ပထမ၊ ပြည်သူသာ ပဓာန ဆိုတော့ People First။ ဒီဟာကို ယုံကြည်စွာနဲ့ ခံယူထားတဲ့ လူပေါ့။ ကျွန်တော်အခုသွားချင်တာက ပေါက်ခေါင်းက ရွေးချယ်တာသည် ပေါက်ခေါင်းသည်သာ ပဓာန ပေါက်ခေါင်းသည်သာ ပထမ၊ ဒါက ဒီ‌ရွေးကောက်ပွဲ ရွေးကောက်ခံတဲ့အရာအတွက်သာလျှင် အဲဒီက ကျယ်ပြန့်သွားရင်တော့ ပြည်သူသာ ပထမ ၊ ပြည်သူသာ ပဓာန နဲ့ ကျွန်တော်က သွားမှာဖြစ်ပါတယ်။ အဲဒီတော့ ရွေးကောက်ခံတဲ့လူထက်စာရင် အခြားကိုယ်စားလှယ်တွေရှိနေရဲ့သားနဲ့ဆိုတဲ့ အသုံးအနှုန်းထက်စာရင်တော့ ကျွန်တော်က ကျွန်တော့် ဒါလေးကြည့်ပေးမယ်။ ကျွန်တော့်ရဲ့ ဖြန့်ဝေထားတဲ့စာစောင်လေးရှိတယ်။ ဘာရေးထားလဲဆိုရင် ၁၁ ရက်၊ ၁လ၊ ၂၆ နေ့တွင် မဲပေးရွေးချယ်ရမည့် ကိုယ်စားလှယ်လောင်း ကို ဘယ်လိုရွေးမလဲဆိုပြီး ဒါလေး ရေးပေးထားတယ်။ ပြည်သူကို ဒီအတိုင်းပဲ ကျွန်‌တော်ဖြန့်ပါတယ်။ ကျွန်တော်ရဲ့ သဘောထားပဲ။ အဲဒီတော့ ကိုယ်စားလှယ်လောင်း ရဲ့ စွမ်းဆောင်နိုင်တဲ့ အရည်အသွေး ၊ စိတ်ရင်းစေတနာ၊ နောက်ခံသမိုင်းကြောင်း၊ နိုင်ငံအကျိုး၊ ဒေသအကျိုး ၊ သယ်ပိုးဆောင်ရွက်နိုင်ဖို့ အတွေ့အကြုံ နဲ့ အစဉ်အလာကောင်းများကို ကြည့်ပြီးတော့မှ ပေါက်ခေါင်းဒေသအကျိုး၊ အမှန်တကယ်ဖော်ဆောင်နိုင်မည့် ကိုယ်စားလှယ်လောင်းများအား ရွေးချယ်မဲပေးကြပါစို့။ အဲဒီနေရာမှာ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းများ ‌ရွေးချယ်မဲပေးကြပါစို့လို့ ပြောလိုက်ရင် ခုနက မေးတဲ့အဖြေသည် ဘာကြောင့်ဆိုတဲ့ဟာကြီး ဒီထဲမှာအားလုံးက ပါဝင်သွားတယ်။ ပြည်သူတွေကို ပေးတဲ့အခါမှာလည်း ခုနက ကျွန်တော်ကိုမဲပေးပါ။ ကျွန်တော်ဘာမှလုပ်စရာမရှိဘူး။ ကျွန်တော်သွားတာမဟုတ်ပါဘူး။ ကျွန်တော်သွားနေတဲ့ ထရဲက ကျွန်တော်သွားပါတယ်။ ဒါဆိုရင်တော့ လုံလောက်မယ်ထင်ပါတယ်။
မေး-ပြီးခဲ့တဲ့ လွှတ်တော်နှစ်ဆက်မှာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားသူတွေဟာ မဲဆွယ်စဉ်တုန်းက ပြောသွားတာ တစ်မျိုး။ ကိုယ်စားလှယ်ဖြစ်သွားချိန်မှာ ပြန်လှည့်မကြည့်၊ တစ်ခေါက်တောင် ပြန်မလာသူတွေ ရှိခဲ့တယ်။ ဦးမျိုးဇော်သိမ်းကရော ပေါက်ခေါင်းဒေသခံတွေကို အညှာပုံပြင်လိုမျိုး ရိုးမ ပုံပြင်တွေ ပြောမှာလား။
ဖြေ-ပြောရရင်တော့ အခု ဒီကျွန်တော်ကို မေးမြန်းမှုလေးပြီးရင် ကျွန်တော်တို့မြို့လေးကို တစ်ပတ်လောက်ပတ်ပြီးလမ်းလျှောက်ကြည့်လိုက်ပါ။ ဦးမျိုးဇော်သိမ်းနဲ့ပတ်သက်တဲ့ဟာ လေးကိုအရင်ဆုံး မေးကြည့်လိုက်ပါလို့ ကျွန်တော်က ဒါလေးကို အရင်ဆုံး ပြောချင်တယ်။ ကဲဟုတ်ပြီ။ ကျွန်တော်က ပြောချင်တာကတော့ ကျွန်တော်ရွေးကောက်ပွဲမှာ မဲဆွယ်တယ်ပေါ့။ ကျွန်တော်က မဲဆွယ်တယ်လို့ မဟုတ်ပါဘူး။ ကျွန်တော်စည်းရုံးရေးဆင်းတယ်။ ကျွန်တော်မြို့၊ ကျွန်တော်ရွာကို သွားတဲ့အခါကျတော့ ကျွန်တော်နေတဲ့ ရပ်ကွက်၊ လမ်းကနေစပြီးတော့ ကျွန်တော်အကုန်လုံးကို ကျွန်တော်တစ်အိမ်တက်ဆင်းကျွန်တော်တွေ့ဆုံတယ်။ အားလုံးကကြည့်လိုက်တဲ့အခါကျတော့ ကျွန်တော်ဆွေမျိုးတွေ၊ ကျွန်တော်နဲ့အိမ်နီးနားချင်းတွေ၊ ကျွန်တော်သူငယ်ချင်းတွေ၊ ကျွန်တော်မိတ်ဆွေတွေ၊ ဒါကျွန်တော်နဲ့။ ကျွန်တော်အဖေရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ကျွန်တော်အဖေရဲ့ တပည့်တစ်ပန်းတွေ၊ အကုန်လုံးက ကျွန်တော်နဲ့မကင်းရာမကင်းကြောင်းတွေ သို့သော်လည်း သူတို့သည် တစ်ချိန်တုန်းကလည်း သူတို့ ယုံကြည်ချက်၊ ခံယူချက်တစ်မျိုး ဖြစ်ရင်ဖြစ်မယ်။ ဒီနေ့ ဒီအချိန်အခါမှာ။ ကျွန်တော်မျိုးဇော်နဲ့တွေ့ကြတယ်။ ကျွန်တော်နဲ့ တွေ့ကြတယ်ဆိုတဲ့ အနေအထားနဲ့သွားတယ်။ စည်းရုံးရေးပွဲတွေ ကျွန်တော်က သွားတယ်။ ရပ်ကွက်တွေ၊ ကျေးရွာတွေ ၊နယ်တွေဆင်းတယ်။ လုပ်တဲ့အခါမှာ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကျွန်တော်က ကျွန်တော်ကို မဲမေးရင်တော့ ဘာလုပ်ပေးမယ်ဆိုတဲ့ ကတိ။ ကျွန်တော် ပေးခဲ့ပြီးတော့မှ လုပ်တာမျိုးမရှိဘူး။ ဘာလို့လဲ။ ကျွန်တော်က ဘာမှမဟုတ်သေးဘဲနဲ့ ငါကိုမဲပေးရင် ဘာလုပ်ပေးမယ်ဆိုတဲ့ကတိသည် ကျွန်တော်မကြိုက်ဘူး ။ ကျွန်တော်က ပြောလိုက်ရင်ပြည်သူအပေါ်မှာ မှန်မှန်ကန်ကန် နဲ့ပဲ ကျွန်တော်ရပ်တည် ချင်တဲ့လူ နောက်တစ်ခုက ကျွန်တော်ခုနက ရှေ့မှာ ကျွန်တော်ကိုမေးခဲ့တာရှိတာပေါ့။ ဘာဖြစ်လို့ ကျွန်တော်က ဘာလိုချင်လို့ ဘာဖြစ်ချင်လို့ ထင်ကောင်းထင်လိမ့်မယ်။ ကျွန်တော်က ကျွန်တော်တို့အသက်အရွယ်တန်းသည် (၆၀)တန်းလို့ပဲ ဆိုပါစို့ (၆၀)တန်းရောက်တဲ့အခါမှာ ကျွန်တော်က ထမ်းဆောင်ခဲ့တဲ့အတွေ့အကြုံပြီးခဲ့ပြီ။ ဒီအတွေ့အကြုံကြီးကတော့ မကျန်ခဲ့ဘူး။ တပ်မတော်သားဘဝကြီးက ကျွန်တော်ပြီးသွားပြီ။ အဲဒီအတွေ့အကြုံကြီးက ကျွန်တော်နဲ့ အတူပါလာတယ်။ နိုင်ငံရေးနယ်ပယ်ထဲကိုပါလာတယ်။ ဒါကိုကျွန်တော်တို့ က အကျိုးရှိရှိအသုံးချပြီးတော့မှ ဒါကြီးနဲ့ ကျွန်တော်ဆက်သယ်သွားပြီးမှ ဘာမှမလုပ်ဘဲ ဆက်နေရင် ဒီတန်ဖိုးတွေအားလုံးက Valueless ပေါ့ တန်ဖိုးမဲ့သွားမှာပဲ အဲဒီအတွက်ကြောင့် ငါမှာရှိတဲ့ တန်ဖိုးတွေ ငါရဲ့ စွမ်းဆောင်နိုင်မှုတွေအားလုံးကို ငါဘာလုပ်ပေးခဲ့နိုင်မလဲ ဘာလုပ်ပေးနိုင်မလဲ ဆိုတဲ့ ဟာကို ကျွန်တော်ရှေးရှုပြီးသွားတယ်။ ဒါက ဒီမှာမေးလို့ဖြေတာမဟုတ်ပါဘူး။ရောက်တဲ့နေရာတိုင်း လဲ ဖြေတယ်။ ဒီတိုင်းပဲပြောတယ်။ ပြီးရင်လေ ကျွန်တော်ကိုကြိုက်တာ ပြန်မေးပါ။ ကျွန်တော်က ဒီအတိုင်းပဲပြန်ပြီးတော့ ဖြေပြတယ်။ ပြောချင်တာကတော့ ကျွန်တော်တို့က ဘာလုပ်ပေးနိုင်တယ်ဆိုတဲ့ဟာကို ကျွန်တော်ကသွားသင့်တယ်။ ။ ဘာဖြစ်ရမယ်ဆိုတာကို ကျွန်တော်က သွားတာမဟုတ်ဘူး။ ဒါကြောင့် ဒီမှာ ကျွန်တော်က ကျွန်တော်ကို မဲပေးရင် ဘာတွေဖြစ်စေရမယ်ဆိုတာမပြောဘူး။ ဒါပေမဲ့ ကျွန်တော်က ဒီမှာ ရွေးကောက်ပွဲမကြေညာခင် ပြီးခဲ့တဲ့နှစ်ပိုင်းတွေ က ကျွန်တော်ခုနကပြောသလို ကျွန်တော်မြို့ကို လာတယ်။ ပြောကြဆိုကြ မျိုးဇော်ရေ မြို့မှာတော့ ဘာတွေလိုမယ်။ ဘာတွေဖြစ်နေတယ်။ ကျွန်တော်က အာဏာပိုင်တော့မဟုတ်ဘူး သေချာတယ် ။ ကျွန်တော်က နိုင်ငံ‌ရေးပါတီရဲ့ခေါင်းဆောင်တစ်ယောက် ဒါပေမဲ့ ကိုယ့်မြို့ကိုယ်ရွာအတွက်ကြတော့ ကျွန်တော်က ဘာပဲပြောပြော သက်ဆိုင်ရာတာဝန်ရှိသူတွေ ခင်မင်ရင်းနှီးသူရှိတယ်။ မြိုရွာတောင်းဆိုတဲ့ဟာကို ဖြစ်နိုင်ခြေရှိရဲ့ လား။ ကိုယ်လားတာဝန်သူတစ်နေရာမှာ ထမ်းဆောင်ခဲ့တာကို ဖြစ်နိုင်ခြေရှိတယ်။ မြို့မှာကော ဒီဟာတွေလိုအပ်နေတာမှန်ရဲ့လား။ ဒါတွေအားလုံးကို သူရဲ့တောင်းဆိုမှုကို ဆက်ပြီးတော့မှ ကျွန်တော်က မေတ္တာရပ်ခံအကူအညီတောင်းခံတဲ့အခါတွေ လုပ်ပေးတာပေါ့။ ပြောရရင် ကျွန်တော်တို့မြို့မှာ အခု ဒီမီဒီယာကနေပြီးတော့မှာ မြို့ထဲပတ်ပြီးတော့မှ ကျွန်တော်တို့ ဒီမှာမြို့အတွက်ကို ဘာတွေဆောင်ရွက်ပေးနိုင် မလဲ ဆိုတာသိရင် ကျွန်တော်က အပြောမဟုတ်ဘူး။ အလုပ်နဲ့ပဲ သက်သေပြထားတာဖြစ်ပါတယ်။ ဒါတွေလုပ်ပေးလို့ ကျွန်တော်ကို မဲပေးပါလို့ ကျွန်တော်မပြောဘူး။ သူက မဲဆန္ဒရှင်တွေ က မေတ္တာရပ်ခံထားတယ်ထ။ တစ်ချိန်တုန်းက ကျွန်တော်တို့နိုင်ငံမဟုတ်ဟိုး ပါလီမန်ဒီမိုကရေစီ ခေတ်ကလိုမျိုး မဲပေးရင် အသဲကြားက မဲတစ်ပြားဆိုပြီး ပြောပြီးတော့မှ မဲလည်းဆွယ်ခဲ့ကြတယ်။ မဲလည်းပေးခဲ့ကြတယ်။ခေတ်အဆက်ဆက်မှာအသဲကြားကမဲတစ်ပြားတွေ ကျွန်တော်က ပြောတာ နောက်သလိုလို ပြောင်သလိုလိုပြောတာလဲပါတယ်။ အသည်းကြားက မဲတစ်ပြားနဲ့ဆိုပြီး စဉ်းစားခဲ့တဲ့အတွက်ကြောင့် ကျွန်တော်တို့ အသည်းတွေလည်းရခဲ့ရပြီ။ အသည်းတွေလည်း ကွဲခဲ့ရပြီ။ ဒီနေ့ဒီအချိန်အခါမှာကတော့ အသည်းကြားက မဲတစ်ပြားကို ခင်ဗျားတို့ မလုပ်နဲ့ဗျာဆိုပြီး ပြည်သူကို ပြောလို့မရဘူး။ ပြည်သူအားလုံးကလည်း လူပဲ။ ကျွန်တော်တို့ကလည်း လူပဲ။ လူတိုင်းမှာ ခံစားချက်ဆိုတာရှိတယ်။ စွဲလမ်းမှုဆိုတာလည်း ရှိတယ်။ ယုံကြည်မှုဆိုတာလည်းရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သမိုင်းကို သက်သေတည်ပြီးတော့ ဒီကနေ့ဖြစ်နေတဲ့အခြေအနေက အနာဂတ်ကို ပိုကောင်းအောင်ဆိုရင် နှလုံးသားနဲ့ ခံစားပြီးတော့မှ ဦးနှောက်နဲ့ စဉ်းစားစဉ်ဆင်ပြီး ဆုံးဖြတ်ပြီး မဲပေးပေးပါလို့ ကျွန်တော်က ပေါက်ခေါင်းပြည်သူများကို တပြည်လုံးမှာရှိတဲ့ပြည်သူတွေကိုပါ ကျွန်တော်က မေတ္တာရပ်ခံထားတာ။ ဒါလည်း စဉ်းစားကြည့်ရင် ဒီမဲရွေးချယ်ပွဲမှမဟုတ်ပါဘူး။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘယ်electionမှာပဲဖြစ်ဖြစ်သွားရင် ဒီလိုပဲစဉ်းစားဆုံးဖြတ်မှုသွားရင် မှန်ကန်တဲ့ရွေးချယ်မှုတစ်ရပ်ကို ရမယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။
မေး-ဦးမျိုးဇော်သိမ်း ရဲ့ဘ၀ ဖြတ်သန်းမှုမှာ နိုင်ငံတော်အတွက် တပ်မတော်ထိပ်တန်းခေါင်းဆောင်ရာထူးတွေလည်း ထမ်းဆောင်ဖူးတယ်။ အမည်းစက်လည်း စွန်းစွန်းထင်ထင် သိပ်မကြားရဘူး။ နှစ်ပေါင်း(၄၀)နီးပါး တိုင်းပြည်အတွက် ကျရာအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီးပြီ။ အခု နားမယ်ဆိုရင် နားလည်း နားလို့ ရနေပြီ။ ဘာကြောင့် မနားနိုင်သေးတာလဲ။ ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး နေလို့ ရပါလျှက်နဲ့ ဒီနေ့ခေတ်လိုမျိုး ခေတ်ပျက်ကြီးထဲမှာ အဆဲခံအဆိုခံ၊ စော်ကားပုတ်ခတ်ခံရမှုတွေ ရှိနေနိုင်တဲ့ နိုင်ငံရေးလောကထဲကို ဘာကြောင့် ဝင်ပါနေဖြစ်သေးတာလဲ။
ဖြေ-အဲဒီတော့ ကျွန်တော်က နိုင်ငံရေး တပ်မတော်ထဲမှာဆိုရင်တော့ ဘာပဲပြောပြောပေါ့လေ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နဲ့ ကျွန်တော် နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့တဲ့ရာထူးက အဆင့်ကတော့ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးကျတော့ စစ်ရေးချုပ်ပေါ့။ အဲဒီကနေပြီး ကျွန်တော် အငြိမ်းစားယူခဲ့တယ်။ ကျွန်တော် အငြိမ်းစားယူစဉ်ကာလတုန်းက ကျွန်တော်က အသက်(၆၀)ပြည့်ဖို့ တော်တော်လိုသေးတယ်။ အဲဒီအအချိန်မှာ ကျွန်တော်က သက်တမ်းပြည့်ပြီးတော့မှ ကျွန်တော်က နိုင်ငံရေးနယ်ပယ်ထဲကို ကူးတာမဟုတ်ဘူး။ ကျွန်တော်ရဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ ပင်စင်သွားဖို့ သက်တမ်းကာလ အတော်လိုတဲ့အချိန်မှာပဲ ကျွန်တော်က အငြိမ်းစားယူပြီးတော့မှ နိုင်ငံရေးနယ်ပယ်ထဲကို ကျွန်တော်က ဝင်ခဲ့တာ။ အဲဒီတော့ ဒါက တစ်ပိုင်းပေါ့။ အသက်အရွယ်အားဖြင့် ဒီနေ့အချိန်အခါမှာ ကျွန်တော်အသက်အရွယ်အပိုင်းအခြားအရ ကျွန်တော်တို့ (၆၀)နားနီးနီးပေါ့ ကျွန်တော်တို့က ဖြစ်နေပြီ။ အဲဒါဆိုတော့ ကျွန်တော်က ငယ်သလားဆိုတော့ မငယ်တော့ဘူး။ ပြီးတော့ ကျွန်တော်တို့ရဲ့ နိုင်ငံရဲ့ Trend အရရယ် ကျွန်တော်ရဲ့ လက်ရှိအခြေအနေမှာ အတွေ့အကြုံ၊ ကျန်းမာမှုအခြေအနေ၊ စွမ်းဆောင်နိုင်မှုအခြေအနေက မိမိကိုယ်ကိုယ်ယုံကြည်ပေါ့နော် ဒီအနေအထားအရ ဒီအခြေအနေမှာ ရွေးကောက်ပွဲဝင်ပြီးတော့မှ ကိုယ့်ဒေသအကျိုး၊ ကိုယ့်မြို့ ကိုယ့်ရွာအကျိုး၊ ကိုယ့်နိုင်ငံအကျိုးကို ငါလုပ်နိုင်သေးတယ်ဆိုတဲ့ ကျွန်တော်ရဲ့ခိုင်မာတဲ့ယုံကြည်ချက်တစ်ခုနဲ့ ကျွန်တော်သည် ဝင်ရောက်ရွေးခံခြင်းဖြစ်ပါတယ်။ ဒီမှာ ကျွန်တော်က ငါဘာရလိုစိတ်နဲ့ ကျွန်တော်တို့ ငါဘာလုပ်ပေးရတယ်။ ခုနက ကျွန်တော်ပြောခဲ့ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေအတွက်၊ ကျွန်တော်တို့မြို့အတွက်၊ ကျွန်တော်တို့ရွာအတွက် ငါဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာကို ကျွန်တော် ဦးတည်ပြီး ကျွန်တော် စဉ်းစားပြီး ကျွန်တော် သွားပြီးလုပ်နေတာပါ။ ဒါကြောင့် ကျွန်တော် ကတိနဲ့သွားတာမဟုတ်ဘူး။ လိုချင်လို့ ဟိုနင်းဖြစ်တာမဟုတ်ဘူး။ အခုလုပ်နေတာသည် ကျွန်တော်တို့အနေနဲ့ ခုန ကျွန်တော် ပြောခဲ့တဲ့ ခန့်မှန်းလို့ရလာလိမ့်မယ်။ ဒီအတိုင်းအတာနဲ့ဆိုတဲ့အတွက်ကြောင့် ကျွန်တော်အနေနဲ့ ဒီအပေါ်မှာ သီးခြားကြီး ပြောစရာတော့မရှိပါဘူး။
မေး- လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားရင် ဘာတွေလုပ်ပေးနိုင်မလဲ။ ပေါက်ခေါင်းအတွက် ဦးမျိုးဇော်သိမ်း က မရှိမဖြစ်လား။ ဦးမျိုးဇော်သိမ်းက ပေါက်ခေါင်းအတွက်လား၊ ပေါက်ခေါင်းက ဦးမျိုးဇော်သိမ်းအတွက်လား။
ဖြေ-အဲဒီတော့ဗျာ သူ့လိုကိုယ့်လိုမဖြစ်ဖို့ ကျွန်တော်တို့က ကြိုးစားပြီးတော့မှ ကျွန်တော် ဒီမှာ ပါဝင်ယှဉ်ပြိုင်နေပါတယ်။ မကြာမီ ရက်ပိုင်းပေါ့ (၁၁)ရက်နေ့မှာ ဇန်နဝါရီလ (၁၁)ရက်နေ့မှာ ကျွန်တော်တို့ ပေါက်ခေါင်းမြို့နယ်က ဒုတိယပိုင်း ကျွန်တော်တို့ မြို့နယ်(၁၀၀)မှာပါဝင်တဲ့အတွက်ကြောင့် (၁၁)ရက်နေ့မှာ ပြည်သူအားလုံးမဲပေးဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်က လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်ရင် ဘာလုပ်ပေးနိုင်မလဲဆိုတာကြတော့ ကျွန်တော်သည် လက်ရှိအခြေအနေမှာ နိုင်ငံရေးပါတီတစ်ခုရဲ့ ဦးဆောင်သူအဆင့်မှာပါတယ်။ ဒုတိယအလုပ်တာဝန်ထမ်းဆောင်နေတယ်။ ကျွန်တော် ဘာလုပ်ပေးနိုင်လဲဆို ကျွန်တော်လုပ်ပေးနိုင်တာအားလုံး ကျွန်တော်ရဲ့ စွမ်းဆောင်နိုင်မှုတွေ ကျွန်တော် အများကြီးလုပ်ပေးတာပေါ့။ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားပြီဆို မတူညီတဲ့ သဘောသဘာဝတွေပေါ့။ လွတ်တော်အတွင်းမှာ လွှတ်တော်ဆိုတာကတော့ ကျွန်တော်တို့ကတော့ အဓိကကတော့ ဥပဒေပြုရေးကို အဓိကသွားတာပေါ့။ မဏ္ဍိုင်ကတော့ သို့ရာတွင် ကျွန်တော်တို့ အပြန်အလှန်ထိန်းကျောင်းဖို့ပေါ့နော်။ အစိုးရနဲ့ လွှတ်တော်၊ လွှတ်တော်နဲ့ အစိုးရ အပြန်အလှန်ထိန်းကျောင်းဖို့ဆိုတဲ့သဘောသဘာဝတွေကတော့ ရှိတာပေါ့။ ထိန်းကျောင်းဖို့နဲ့ ပွတ်တိုက်မှုနဲ့ မတူဘူး။ ကျွန်တော်တို့က ပွတ်တိုက်မှုကို အဓိက မဟုတ်ပါဘူး။ အပြန်အလှန်ထိန်းကျောင်းမှုဆိုတာနဲ့ သွားမယ်။ အဲဒီကနေပြီးတော့ ကိုယ့်ရပ်၊ ကိုယ့်နယ်၊ ကိုယ့်ဒေသရဲ့ လိုအပ်ချက်တွေကိုလည်း ကျွန်တော်တို့ အပါအဝင်ပေါ့ တစ်နိုင်ငံလုံးမှာရှိနေတဲ့အဓိကဦးစားပေးပေါ့။ ဥပမာအားဖြင့် ကျွန်တော်တို့ ဒီမှာ ကျွန်တော်မြို့မှာဆိုရင် သွားရင်းလာရင်းနဲ့ ကျွန်တော်ကို ဒါလေးတွေ အကူအညီတောင်းကြတယ်။ ကူညီနိုင်တာလေးတွေ ကူညီပြီးတော့ ကျွန်တော်တို့ ကူညီတယ်ဆိုတာက ရော့ အင့် လုပ်တာမဟုတ်ပါဘူးခင်ဗျာ။ ပေါင်းစပ်ညှိနှိုင်းပေးလိုက်တာ။ ပေါင်းစပ်ညှိနှိုင်းပေးလိုက်တဲ့အခါကျတော့ ဒါလေးတွေက သူတို့ဒေသလိုအပ်ချက်‌လေးတွေက တည့်သွားတာပေါ့။ တချို့ဟာမှာဗျာ ကျွန်တော်တို့က ဒေသ နယ်ဒေသတွေမှာ အများစုက နိုင်ငံဝန်ထမ်းတွေရဲ့ သူ့ဌာနနဲ့သူဟာသူရှိတယ်။ သူလည်း သူ့ရဲ့ လုပ်ထုံးလုပ်နည်းလုပ်ဘောင်နဲ့ သူတို့က ဒေသတွေ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နေကြတယ်။ ဒေသကလည်း သူ့လိုချင်တာတွေရှိတယ်။ အဲဒီနှစ်ခုက အံဝင်ခွင်ကျမဖြစ်ဘူးဆိုရင် မရဘူးဗျာ။ အခု ကျွန်တော်ရောက်ပြီးတော့ ရောက်တဲ့အချိန်ပေါင်းတွေများလာတော့ မြို့ရဲ့လိုအပ်ချက်တွေ အခြားဘာတွေလုပ်ပေးနေရလည်းဆိုတာ ကျွန်တော်လေ့လာတယ်။ ဟုတ်ပြီ ဒီရွာကတော့ ရေရှားနေတဲ့နေရာမှာ လမ်းဖောက်ပေးရုံနဲ့ ဘယ်ဟာဦးစားပေးရမလဲ။ ကျွန်တော်တို့ ဒါက ဟုတ်ပြီ သူတို့က တကယ်ရေလိုနေတာ။ အဲဒါဆိုရင်တော့ဗျာ ဒီဘက်ကဌာန သက်ဆိုင်ရာဌာနလူကြီးမင်းများခင်ဗျာ ဒီနေရာမှာ ရေလေးကိုဦးစားပေးလုပ်ပေးနိုင်လို့ဆိုရင် အခက်အခဲရှိပါ့မလားဗျာ။ အဲဒီလိုဆိုရင် သူတို့က ရေလိုရင် ကျွန်တော်တို့က ရေပြောင်းပေးလို့ရ အဲဒါလေးတွေ ဆောင်ရွက်ပေးလိုက်ခြင်းအားဖြင့် ဒေသကလည်း လိုအပ်တာလေးတွေရလာတဲ့အခါကျတော့ ကျေးဇူးတင်တာပေါ့ ကျွန်တော့်ကိုလည်း။ ကျွန်တော်က ကျွန်တော်လည်း ဝမ်းသာရပါတယ်။ ကျွန်တော်တို့က ပေါင်းစပ်ညှိနှိုင်းပေးနိုင်တယ်။ ဒါက လက်ရှိအချိန်ပါ။ လွှတ်တော်ထဲရောက်ပြီဆိုရင်တော့ ဒီထက်ပိုပြီးတော့မှဗျာ တစ်နိုင်ငံရဲ့လိုလားတာလုပ်နိုင်မှာပေါ့။ ဥပမာအားဖြင့် တောင်းဆိုတာတွေကတော့ နယ်တိုင်းသွားရင် တစ်ယောက်တစ်မျိုးမတူကြဘူး။ ဟိုကလမ်းပေးပါအုံး။ ဒီကတံတားလေးလုပ်ပေးပါအုံး။ ဒီကရေမလာလို့ မီးမရလို့ ဒါတွေအများကြီးပဲရှိပါတယ်။ တွေ့ရတယ်။ ကျွန်တော်က အဲဒီမှာ သူတို့ကရှင်းပြတယ်။ ဥပမာအားဖြင့်ပေါ့ဗျာ ကျွန်တော်တို့က လမ်းပဲပြောကြမယ်ဗျာလို့။ ပေါက်ခေါင်း-ပြည်ကားလမ်းနှင့် ပေါက်ခေါင်းနှင့် ဒီဘက်က တောင်လယ်ဆိုတဲ့ဟာနဲ့ ဒါမှမဟုတ်ရင် ဓမ္မသော်ဆိုတဲ့နေရာနဲ့ လမ်းကြောင်း ခရိုင်ချင်းစပ်လမ်း ဒီက ပြည်ထောင်စုလမ်း ဘယ်ဟာဦးစားပေးရမလဲဆို ပြည်ထောင်စုလမ်းကြီး အရင်ဆုံးကောင်းဖို့လုပ်ရမယ်။ ပြည်ထောင်စုလမ်းကကြီးကောင်းပြီးသွားရင် ခရိုင်ချင်းစပ်လမ်းတွေကောင်းအောင်လုပ်ရမယ်။ ခရိုင်ချင်းစပ်လမ်းတွေကောင်းရင် ခရိုင်ရဲ့ဘေးဘယ်ညာမှာရှိတဲ့လမ်းတွေ ရွာချင်းစပ်လမ်းတွေကောင်းအောင်လုပ်ရမယ်။ အဲဒီလိုအဆင့်ဆင့်တော့ကွာတာပေါ့။ ဒါပေမဲ့ နိုင်ငံတော်ကလည်း အဲဒါတွေကိုလိုချင်ရင် တို့အဆင်ဘယ်တော့လောက်ရောက်မလဲဆိုတာကိုထင်မှာပေါ့။ မဟုတ်ပါဘူး။ မျှပြီးဆောင်ရွက်ပေးတယ်။ အဲဒါကို ဘယ်လိုလုပ်ပေးလဲဆိုတဲ့ သဘောသဘာဝတွေ သိဖို့လိုတာပေါ့ဗျာ အဓိကကတော့။ အဲဒီလိုမျိုးကျွန်တော်ပေါင်းစပ်တယ်။ ကိုယ်သာ ဒီလိုမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သွားရင် ဒါတွေပိုပြီးတော့မှ လုပ်ဆောင်နိုင်ဖို့ အရည်အသွးက ပိုမြင့်လာမှာပေါ့။ ဒါကတော့ တစ်ချက်။ နောက်တစ်ချက်ကတော့ ဦးမျိုးဇော်သိမ်းက ပေါက်ခေါင်းအတွက်လား။ ပေါင်ခေါင်းက ဦးမျိုးဇော်သိမ်းအတွက်လားဆိုတော့ တကယ်တမ်းကတော့ဗျာ ပြောစရာမလိုတဲ့ စကားတစ်ခုလို့ ကျွန်တော်က ပြောရလိမ့်မယ်။ ကျွန်တော်က ကျွန်တော်မှာ အခြားအခြားသောနေရာမှာ တကယ်ကိုပဲ အခွင့်အလမ်းတွေရှိတာကို ကိုယ့်ဇာတိမြေပေါ့ ခင်ဗျားတို့ပြောသလိုပေါ့ ပေါက်ခေါင်းက ဘာဖြစ်နေတယ် မဟုတ်ပါဘူး။ အဲဒီလိုတော့မဆိုးပါဘူး။ ကိုယ့်ရပ်ကိုယ်ဇာတိကို ကျွန်တော် ဖွံ့ဖြိုးတိုးတက်မှုကို ဒေသမှာရှိတဲ့ ပြည်သူတွေ ဒေသမှာရှိတဲ့ ပြည်သူတွေအားလုံးနဲ့အတူ ကိုယ့်မြို့ကိုယ့်ရွာကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ချင်တယ်။ ကျွန်တော်ရောက်တဲ့နေရာအားလုံးမှာလည်း ပြည်သူအာလုံးနဲ့စကားပြောတယ်။ ကျွန်တော်တစ်ယောက်တည်းပြောလို့မရဘူး။ ကျွန်တော်နဲ့အတူတူဝိုင်းပြီးလုပ်မဲ့လူတွေလည်းလိုတယ်။ ပြီးရင် ပြည်သူတွေအားလုံးကလည်း ဝိုင်းပြီးပူးပေါင်းဆောင်ရွက်မှ ကျွန်တော်တို့မြို့တိုးတက်မယ်။ တက်ညီလက်ညီ ကျွန်တာ်တို့လုပ်မှရမယ်။ အဲဒီတော့ ကျွန်တော်တို့က ကျွန်တော်အတွက်တော့ ကျွန်တော် ပေါက်ခေါင်းကိုလာတာတော့မဟုတ်ဘူး။ ဒါကတော့ ကျွန်တော် ၁၀၀ရာခိုင်နှုန်း မဟုတ်ဘူး ၂၀၀ရာခိုင်နှုန်း အာမခံလို့ရတယ်။ ပေါက်ခေါင်းအတွက်ကိုပဲ ကျွန်တော်က လာတာဖြစ်တယ်။ ပေါက်ခေါင်းအတွက်ကို ဦးမျိုးဇော်သိမ်းဖြစ်ပါတယ်။ ဦးမျိုးဇော်သိမ်းအတွက်ကို ပေါက်ခေါင်းလာတာမဟုတ်ပါဘူး။ ကျွန်တော်ရဲ့ ဗာတိဗျာ။ လူတိုင်းက ဇာတိမြေကို ချစ်ခင်နှစ်သက်ကြတာပဲ။ ဖွံ့ဖြိုးစေချင် အောင်မြင်စေချင်တာပေါ့။ ဒါကြောင့်မလို့ ကျွန်တော်ရဲ့အဖြေက ကိုယ့်ဇာတိမြေအတွက်ကိုတော့ ကျွန်တော်အကောင်းဆုံးလုပ်ပေးချင်တဲ့အတွက်ကြောင့် ပေါက်ခေါင်းအတွက်ကို ကျွန်တော်ရောက်လာတယ်လို့ ကျွန်တော်က ပြောချင်ပါတယ်ခင်ဗျာ။
မေး- ပေါက်ခေါင်းပြည်သူတွေက ဦးမျိုးဇော်သိမ်းကို မဲပေးရွေးချယ်လိုက်ပြီပဲ ဆိုကြပါစို့။ လွှတ်တော်ထဲ ရောက်သွားရင် လက်ညိုးထောင်ခေါင်းညိမ့် အမတ်မျိုးမဖြစ်ဘူးလို့ အာမခံ နိုင်လား။ ပုတ်သင်ညိုလို အရောင်အမျိုးမျိုး ပြောင်းမယ့် ကိုယ်စားလှယ်မျိုး မဖြစ်ဘူးလို့ ပြောနိုင်လား။
ဖြေ-နှစ်ခုလုံးကို ကျွန်တော်အာမခံလို့ရတယ်။ ကျွန်တော်က ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ဘဝအတွေ့အကြုံအရ ကျွန်တော် အခု ရပ်တည်ခဲ့ရတဲ့နေရာမှာ ကျွန်တော်က ဘာကိုအဓိက ဦးစားပေးလဲဆို ကျွန်တော်က အခြေအနေအမှန်တွေကို သိအောင် ကျွန်တော်က ကြိုးစားတယ်။ ပြောရရင်တော့ ကျွန်တော့်မှာ ကျွန်တော်ဆောင်ထားတဲ့ဟာလေးရှိတာပေါ့။ အမှန်ကိုသိအောင် ကျွန်တော်ကြိုးစားတယ်။ အမှန်သိမှ အသိမှန်မယ်။ အသိမှန်မှ အတွေးမှန်မယ်။ အတွေးမှန်မှ ဆုံးဖြတ်တာမှန်မယ်။ ဆုံးဖြတ်တာမှန်မှ လုပ်တာမှန်မယ်။ လုပ်တာမှန်မှ အောင်မြင်မှုရမယ်ဆိုတဲ့ ကျွန်တော့်ရဲ့ concept လေး ကျွန်တော်မှာရှိတယ်။ ကျွန်တော်ရဲ့ concept ပေါ့နော်။ အဲဒီအတွက်ကြောင့် ကျွန်တော်က ဘာလဲဆိုတော့ အခု ကျွန်တော် အခြေအနေအမှန်တွေအားလုံးကို ကျွန်တော်က သိအောင်ဆောင်ရွက်တယ်။ လက်ညှိုးထောင်ခေါင်းညှိမ့်ဆိုတဲ့စကားကတော့ မသင့်တော်ဘူးလို့ ကျွန်တော်ယူဆပါတယ်။ ပြည်သူအတွက်ကို မှန်မှန်ကန်ကန်နဲ့ ရပ်တည်တဲ့ကိုယ်စားလှယ်လောင်းတစ်ယောက်အနေနဲ့ ကျွန်တော်က ဆောင်ရွက်ပေးမှာပါ။ ပြည်သူဘက်ကရပ်ပြီးတော့မှ နိုင်ငံဘက်ကနေ ကျွန်တော်က နိုင်ငံနဲ့ပြည်သူအတွက်ကို ဆောင်ရွက်ချင်တာဖြစ်ပါတယ်။ ဒါကြောင့်မလို့ နိုင်ငံရဲ့အကျိုးစီးပွား ပြည်သူရဲ့အကျိုးစီးပွားအတွက်ကို ရှေးရှုပြီးတော့မှ မှန်ကန်စွာရပ်တည်ဖို့အတွက်ကို ကျွန်တော်တို့က ကျွန်တော်ယုံကြည်စွာနဲ့ ခံယူထားတယ်။ လွယ်လွယ်နဲ့အရောင်ပြောင်းသွားတဲ့ ပုတ်သင်ညိုဆိုတာ ကျွန်တော်က ထမ်းဆောင်တဲ့ တာဝန်တွေအရ ကျွန်တော်တို့က ဆိုခဲ့ဖူးတဲ့သစ္စာတွေလည်းရှိပါတယ်။ ဒီဟာတွေပေါ်မှုတည်ပြီးရပ်တည်ခဲ့တယ်ဆိုတာသည် သေချာတာတစ်ခုကတော့ ကျွန်တော်သည် မိမိနိုင်ငံတော်ကို ဘယ်တော့မှ သစ္စာဖောက်မဲ့သူ မဟုတ်ဘူးဆိုတာ တစ်ချက်တည်းနဲ့ ကို ခုနကအချက်ကလုံလောက်မယ်လို့ ယူဆပါတယ်ဗျာ ။
မေး - နောက်ဆုံးမေးခွန်းပါဗျ။ ပေါက်ခေါင်းပြည်သူတွေက ဘယ်လိုမျိုးနဲ့ ထိုက်တန်ပါသလဲ ။ ဦးမျိုးဇော်သိမ်းလို လူမျိုးလား။ ဉီးမျိုးဇော်သိမ်းထက် ပို‌တော် ၊ ပိုလုပ်ပေးနိုင်မယ့် လူမျိုးလား ။ ဘယ်လိုထင်ပါသလဲ ။ ပြည်သူလူထုကို ဘယ်လိုသတင်းစကားမျိုးပါးချင်ပါသလဲ။
ဖြေ - မေးခွန်မှာတော့ နည်းနည်းလိုအပ်ချက် ရှိတယ်လို့ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်တို့က ဦးမိုးဇော်သိန်းနဲ့ ထိုက်တန်လား။ ဒီလိုမေးခွန်းပေါ့ ။ ဦးမိုးဇော်သိန်းနဲ့ ထိုက်တန်လားပေါ့။ ခုန ကျွန်တော်ပြတဲ့ ကျွန်တော့် မဲဆန္ဒရှင်တွေကို ဒီဟာလေးနဲ့ ကျွန်ကေပြောပါတယ်။ ကျွန်တော်ခုနပြောသလို နှလုံးသားနဲ့ ခံစားပါ ။ ဥပမာ ဆိုပါစို့ ဗျာ ။ ဒါကျွန်တော်ရဲ့ ပန့်ဖလပ်လေးဆိုပါတော့။ ဒါကျွန်တော့် ကို ခင်မင်ရင်းနှီးကြတဲ့ ချစ်ခင်ကြတဲ့သူတွေတော်တော်များများတွေ့ကြပါတယ်။ အဲဒါကြောင့် လူပုဂ္ဂိုလ် တစ်ဦးက မျိုးဇော်လို့ဆိုလိုက်တာနဲ့ ဟ မျိုးဇော်ဟေ့ဆိုတာမျိုးနဲ့ ရှိကြတာပဲ။ တွေ့ရတာပဲ ။ ဒါပေမယ့် ဒီတစ်ခုတည်း စုထည့်လို့မဖြစ်ဘူး ။ ဒါကနှလုံးသားနဲ့ ခံစားတဲ့ဟာ။ မျိုးဇော်က ခုနဒီမှာရေးထားသလို ဒီအချက်အလက်တွေနဲ့ ကိုက်ညီသလား။ ကြည့်ပေးပါ။ ဦးမျိုးဇော်သိန်းက ဒီအချက်တွေနဲ့ ကိုက်ညီလားကြည့်ပေးပါ။ နှိုင်းယှဉ်ပြီးဆုံးဖြတ်ပါ။ အကယ်၍များပေါ့။ တစ်စုံတစ်ယောက်က ဦးမျိုးဇော်သိမ်း ထက်တော်တယ်။စွမ်းဆောင်တဲ့ အရည်အသွေး တွေမြင့်တယ်။ စိတ်စေတနာလည်းကျွန်တော့်ထက်ပိုကောင်းတယ်။ နောက်ခံသမိုင်းကြောင်းလည်း ကျွန်တော့်ထက်ပိုကောင်းတယ်။ နိုင်ငံဒေသအကျိုးကိုသယ်ပိုးတာ ကျွန်တော့်ထက်ပိုကောင်းတယ်။ အတွေ့အကြုံနဲ့ အစဉ်အလာတွေလည်းကောင်းတယ်။ ကိုယ့်ရဲ့ ပေါက်ခေါင်း ၊ ကိုယ့်မြို့ ၊ ကိုယ့်‌ဒေသ ကို အမှန်တကယ် ဖော်ဆောင်နိုင်တာကျွန်တော့်ထက်အရမ်းကြီးကို သာလွန်ပြီး သူ့ကိုရွေးရင် ကျွန်တော်လက်ခံရမှာပေါ့။ ဒါတွေကို ပြည်သူက ဆုံးဖြတ်ပါလိမ့်မယ်။ ကျွန်တော်နဲ့ အတူပါဝင်ယှဉ်ပြိုင်မယ့်သူ နောက်ထပ် (၇) ဦးရှိပါတယ်။ အားလုံးက ကိုယ်စားလှယ်လောင်းချည်းပါပဲ ။ ကျွန်တော်တို့က ဘာပဲပြောပြောပေါ့ ။ ကျွန်တော်တို့ ပေါက်ခေါင်းမြို့ ရဲ့ မဲ ဆန္ဒရှင်တွေဟာ နိုင်ငံရေး ရေချိန်ပြည့်ပါတယ်လို့ ကျွန်တော်ပြောခဲ့တာရှိပါတယ်။ နိုင်ငံရေးရေချိန်မြင့်တယ်ဗျ ။ ဒါကြောင့်သူတို့ရဲ့ ဆုံးဖြတ်မှုက ဒီနေ့ ဒီချိန်ကာလမှာတော့ အမှန်တကယ်ပဲ နှလုံးသားနဲ့လည်းခံစားမယ် ။ ဦးနှောက် နဲ့ စဉ်းစားဆင်ခြင်ပြီးဆုံးဖြတ်ပြီးတော့မှ မှန်မှန်ကန်ကန်နဲ့ ရွေးခြယ်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဘယ်သူ့ကို ရွေးခြယ်ရမယ်ဆိုတာ ကျွန်တော်ကဆုံးဖြတ်ရမှာမဟုတ်ဘူး။ ကျွန်တော့်ကို ရွေးခြယ်သင့်ခြင်း မရွေးခြယ်သင့်ခြင်း ဆိုတဲ့ အချက်အလက်ကို ပြည်သူက ဆုံးဖြတ်ပေးပါ ။ ကျွန်တော့်ရဲ့ လုပ်ဆောင်ချက်တွေအားလုံးကို ကျွန်တော်မပြောတော့ဘူးလေ။ ကျွန်တော်ပြောစရာလည်းမလိုတော့ဘူးထင်ပါတယ်။ ဒါကြောင့် ပြည်သူက လာမယ့် (၁၁)ရက်နေ့ဆိုရင် ဆုံဖြတ်သွားပါလိမ့်မယ် လို့ ကျွန်တော်ဒါလေးပြေချင်ပါတယ် ဗျာ။
မေး - ဘာများဖြည့်စွက်ပြီးပြောချင်ပါလဲ ခင်ဗျာ ။
ဖြေ -ပြောရရင်တော့ ဒီနှစ် ကျင်းပမယ့် ရွေးကောက်ပွဲကို ပါတီရဲ့ ဉီးဆောင်မှု တစ်ယောက်အနေနဲ့ ကျွန်တော်ပါဝင်ယှဉ်ပြိုင်မှာပေါ့နော်။ ကျွန်တော်လည်းနိုင်ငံရေးကို အင်မတန်မှဝါသနာပါပါတယ်။ စိတ်ဝင်စားပါတယ်။ မိဘမျိုးရိုးကလည်းနိုင်ငံရေးမျိုးရိုး ဖြစ်တဲ့အတွက် ကြောင့် ကျွန်တော်ဝင်ပြိုင်တယ်။ အရှေ့မှာလည်းကျွန်တော်ပြောခဲ့တယ်။ ကျွန်တော်မှာ အခြား အေးအေးချမ်းချမ်းနဲ့ ဖြတ်ကျော်လို့ရမယ့်နယ်မြေတွေကို ကျွန်တော့်ကို ပါတီတွေကလည်းပေးပါတယ်။ ဒေသတွေကလည်းဖိတ်ခေါ်တဲ့ ကြားကနေပြီး ကျွန်တော်ဘာလိုလာသလဲ။ ကျွန်တော့်မြို့ကို ကျွန်တော် အရမ်းဖွံ့ဖြိုးချင်တယ်။ ကျွန်တော့်အဖေဆိုလည်း မြို့မှာဦးဆောင်ပြီး တော့ဆောင်ရွက်ခဲ့တယ်။ အဖေ့တုန်းကမဖြစ်ခဲ့တဲ့ဟာ အခုကျွန်တော်တတ်နိုင်သမျှ ကြိုးစားပြီး ကျွန်တော်ကူညီဆောင်ရွက်ပြီးတော့မှ ဝိုင်းလုပ်ပေးတာတွေရှိတယ်။ ဖြစ်လည်းဖြစ်လာတယ် ။ ဝမ်းသာစရာတွေလည်းအများကြီးပါပဲ ။ အလားတူ ပဲ ဒီကနေရှေ့ဆက်ပြီးမှ ပိုပြီးတော့မှ တာဝန်တွေ ပေးလာတာရှိတယ်ဆိုရင် ကိုယ့်မြို့ ၊ ကိုယ့်ရွာတွေကို ဦးလှည့်ပြီးတော့မှ ကိုယ့်မြို့ကိုယ့်ရွာကို ဦးလည်မသုန် ကျွန်တော်က စွမ်းဆောင်သွားပါမယ်။ အဲဒါကြောင့် ကျွန်တော်က ဝင်ပြိုင်မယ့် ပါတီက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဝင်ပြိုင်မှာ ကျွန်တော်ကပြောတယ်။ ဒီနိုင်ငံရေးဆိုတာ တစ်ဦးတစ်ယောက်ထဲနဲ့ လုပ်လို့မရဘူး။ တစ်ဦးတစ်ယောက်ထဲနဲ့လုပ်တဲ့ဟာ နိုင်ငံရေးကဘယ်လိုမှ အောင်မြင်မှုမရှိပါဘူး။ ပြောတော့ပြောစရာရှိတယ်။ ခြွင်းချက်အနေနဲ့ ။ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်လို့တော့ ရတာပေါ့။ လွတ်တော်ထဲကိုရောက်သွားပြီ ။ ကျွန်တော်တို့ရဲ့ ကိုယ့်ရပ်၊ ကိုယ့်ဒေသ ၊ ကိုယ့်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို ကျွန်တော်တို့က အဆိုတွေပြုမယ်။ ဆန္ဒတွေပြုကြတဲ့အခါကြရင် ကိုယ့်ကို ဒီဟာကို ထောက်ခံမယ့်သူတွေ လိုလာတဲ့အခါကျတော့ တစ်ယောက်ဆိုရင် အဆင်မပြေတဲ့အခါကျတော့ အစုအဖွဲ့ နဲ့ လုပ်မှသာလျှင်ဖြစ်မယ်ဆိုတဲ့အတွက်ကြောင့် နိုင်ငံရေးမှာ ပါတီဆိုတာပေါ်လာတာ ။ နိုင်ငံရေး သမားတစ်ယောက်ဟာ ကျောထောက်နောက်ခံ နိုင်ငံရေးပါတီမရှိလို့တော့မဖြစ်ဘူး။ အခြေအနေ အချိန်အခါရယ် ပါတီတွေရဲ့ ရပ်တည် ချက်၊ ခံယူချက် ၊ ယုံကြည်ချက် တွေပေါ်မူတည်ပြီးတော့ ကျွန်တော်ဒီပါတီကနေ ဝင်ရောက်ပြီးအရွေးခံတယ်။ ဒီပါတီရဲ့သမိုင်းကြောင်းကို ကျွန်တော်သိလည်းသိတယ်။ ကြည့်လည်းကြည့်တယ်။ အခု ပေါက်ခေါင်းကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်တယ်ဆိုရင် မျိုးဇော်တစ်ယောက်ထဲနဲ့လုပ်လို့မရဘူး။ မျိုးဇော်နဲ့အတူဝင်ပြိုင်မယ့် အမျိုးသားလွတ်တော်ရှိမယ်၊ တိုင်းဒေသကြီးလွတ်တော်ရှိမယ်။ ဒီလူတွေပါမှာ ကျွန်တော်တို့ပေါက်ခေါင်းမြို့အတွက်ကို ကျွန်တော်တို့ ဝိုင်းပြီးတော့မှ တွန်းတင်လို့ရမယ်။ အလားတူပေါ့ ကျွန်တော့်တို့ သုံးယောက်နဲ့ရောရမှာလား ။ မရဘူး။ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီကြီးကို မဲပေးကြဆိုရင် ။ ပြည်ခိုင်ဖြိုးပါတီကနေပြီးတော့ ဒေသဖွံ့ဖြိုးရေးအကျိုးကို ဆောက်ရွက်နိုင်မှာ ဖြစ်တယ်။ အင်နဲ့အားနဲ့ ဆောင်ရွက်ပေးနိုင်မှာ။ ဒီလိုမျိုးပေါ့ ။ အဲဒါကြောင့် ကျွန်တော်ပြောခဲ့တဲ့စကားလေးရှိတာပေါ့ ။ နိုင်ငံရေးသမားဆိုတာက ကျွန်တော်က ဟုတ်လား။ ပရဟိတစိတ်ရှိမှ နိုင်ငံရေးသမားသည် နိုင်ငံရေးလုပ်ငန်းစဉ်ကို အောင်အောင်မြင်မြင် ထမ်းဆောင်နိုင်မယ်။ အောင်မြင်တဲ့ နိုင်ငံရေးသမားကောင်းဖြစ်မယ်လို့ ကျွန်တော်ကိုယ် ကျွန်တော်ခံယူတာ ။ Even ပေါ့ ။ ဒီပါတီလည်းတစ်ချိန်က အသေးဘဝကနေပြီးတော့ နိုင်ငံရေးပါတီအဖြစ်ကို ကူးပြောင်းလာတာ။ (၁၉၉၃) တို့မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်း ။ လူမှုရေးပရဟိတအသင်း ။ ပရဟိတလုပ်ငန်းတွေဆောင်ရွက်တဲ့ အသင်းကနေပြီးတော့မှ (၂၀၁၀) မှာ နိုင်ငံရေး ပါတီအသွင်ပြောင်းပြီးတော့ ပါတီအဖြစ်ရပ်တည်လာခဲ့တာ အခုဆိုရင် ကျွန်တော်တို့ (၁၅) နှစ် ။ ပါတီအသွင်ကိုသူတို့ကရောက်သွားတာ ။ နဂိုသန္ဓေစိတ်ကိုက ပရဟိတကို ထားထားတဲ့ အသင်း။ အလားတူပဲ ကျွန်တော်တို့ငယ်စဉ်ဘဝ မှာ ဖြတ်ကျော်ခဲ့တာပရဟိတလုပ်ငန်းတွေနဲ့ ကျောင်းသားဘဝကနေစပြီးတော့မှလုပ်ခဲ့ကြတာ ။ဒါ့အပြင်ကျွန်တော်ကပြောပြပါတယ်။ ကျွန်တော်မဲဆန္ဒရှင်ပြည်သူတွေကို တွေ့တဲ့အခါမှာ ကျွန်တော်အစွန်းတရားနဲ့ ကောင်းတယ်လို့ မဆိုလိုဘူး။ ဥပမာဗျာ လို့ ကျွန်တော်တပ်မတော်သားဘဝကနေလာပါတယ်။ လာတဲ့ အခါကျတော့ တပ်မတော်သားတစ်ယောက်က တပ်မတော်အတွင်းမှာ နှစ်ပေါင်းကြာရှည်အောင်ထမ်းဆောင်ခဲ့တာ စစ်သားဆိုတာ စစ်တော့တိုက်ရတာပေါ့။ စစ်တိုက်တယ်ဆိုတာ ပန်းကလေးနဲ့ ပေါက်တာတော့ မဟုတ်ဘူး။ လူကိုသေစေနိုင်တဲ့ ကျည်ဆံတွေနဲ့ တဒိုင်းဒိုင်းပစ်ကြတယ်။ ဗုံးဆံတွေ အမြောက်ဆံတွေနဲ့ဖြစ်ကြတယ်။ သေရင်သေမယ်။ ကျိုးရင်ကျိုးမယ်။ ပြတ်ချင်ပြတ်မယ်။ ဒါပေမယ့် တယ်မတော်ထဲမှာ “ရှေ့ကြည့်သတိ သက်သာအေးစေ”ဆိုတဲ့ အခြေခံ စစ်ရေးပြလက်နက်ငယ် (၆)လ ပြီးသွားပြီဆိုတဲ့အချိန်ကစလို့ ရှိရင် သူတို့ရဲ့စိတ်က နိုင်ငံကိုကာကွယ်စောင့်ရှောက် ဖို့ဆိုတဲ့စိတ်ဖြစ်သွားတယ်။ နိုင်ငံတော်ကောင်စီက ကျည်ဆန်တွေကြားထဲမှာဆိုရင် သေရင်သေမယ်၊ ပြတ်ရင်ပြတ်မယ် ၊ ကျိုးရင်ကျိုးမယ် ၊ ပဲ့ရင်ပဲ့မယ်ဆိုတာကို မသိပဲနဲ့များ နှစ်ပေါင်း(၄၀)လောက်လုပ်နေကြမှာလား။ မဟုတ်ဘူးနော်။ ဒါကြောင့် ဒီလူတွေမှာ သူတို့ရဲ့မမြင်ရတဲ့ အတွင်းစိတ်ထဲမှာ ပရဟိတစိတ်ကရှိပြီးသားပါလို့။ ဒါလေးကိုကျွန်တော်ပြောပြတာ။ အလားတူပါပဲ ငယ်စဉ်ကျွန်တော်ကျောင်းသားဘဝမှာလည်း ပရဟိတလုပ်ငန်းတွေကို အဲဒီခေတ်ကာလ အခြေအနေအရ ပရဟိတသည်အင်မတန်မှ အများကိုရှေးရူတဲ့ လုပ်ငန်းဆိုတဲ့ ဟာနဲ့ကျွန်တော်တို့ကို လမ်းကြောင်းပေးလိုဒီဟာကိုရခဲ့တယ်။ တပ်မတော်ရောက်သွားတော့ တပ်မတော်သားဘဝကိုပြန်ပြီးစဉ်းစားကြည့်တဲ့အခါကျတော့ ငါတို့တွေဟာလည်း ပရဟိတ စိတ်ရှိလို့တပ်မတော်မှာ နှစ်ပေါင်းရှည်ကြာတာဝန်ထမ်းဆောင်နိုင်ခဲ့ပါလား။ ကျွန်တော်ပရဟိတကိုရှေ့ထားတဲ့စိတ် ကျွန်တော့်မှာ ရှိ ပြီးသား ပါလို့ပြောပြတယ်။ ကျွန်တော်ပရဟိတကိုရှေ့ထားတဲ့စိတ် ကျွန်တော့်မှာ ရှိတယ်။ ဒါပေမယ့် ဒါကကျွန်တော်ပြောပြတာပါ။ ဆုံးဖြတ်ရမှာကကျွန်တော့် မိဘပြည်သူများပါလို့ ကျွန်တော်ပြောပြတာ။ ကျွန်တောာ် ဖြည့်စွက်ပြောချင်တာက နိုင်ငံရေးမှာဒီလိုစိတ်နဲ့ ကျွန်တော်သွားတယ်။ ပြည်သူကို ရှေးရှုတယ်။ အများကို ရှေးရှုတယ်ဆိုတာ ပရကိုသွားတာ ။ နိုင်ငံကိုသွားတဲ့ အခါ နိုင်ငံရဲ့ ဉီးဆောင်တဲ့ အဖွဲ့ရဲ့ ဖွံ့ဖြိုးရေးစီးပွား အနည်းဆုံးဖြစ်ရမယ်။ အများပြည်သူကိုရှေးရှုရမယ်ဆိုတဲ့စိတ်နဲ့ ပြည်သူတွေနဲ့လက်တွဲပြီးအတူသွားရမယ်။ ကျွန်တော်ပြောချင်တာတွေတော့ အများကြီးပဲ ။ ဒီမှာ ကျွန်တော်တို့ပါတီရဲ့ ရွေးကောက်ပွဲကြေညာစာတမ်း။ နယ်ပယ်တွေအများကြီးပါပဲ။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ၊ တောင်သူလယ်သမား အလုပ်သမား အကုန်ဘက်စုံပါပဲ။ ပြည်သူလူထုနဲ့ပက်သက်တာ အကုန်လုံးရှိပါ တယ်။ ဒီအကြောင်းအရာကို ပြောမယ်ဆိုရင်တော့ကျွန်တော်ထင်တယ် (၂)ရက်လောက်တော့အနည်းဆုံးပြောစရာဖြစ်ပါတယ်။ အခုက မေးတဲ့ အချိန်ပေါ်မူတည်ပြီးတော့ ကျွန်တော်တို့ ကဖြေတာဖြစ်ပါတယ်။ ကျွန်တော်တို့ ပြောချင်တာတွေလည်းအများကြီးရှိပါတယ်။ ဒီအခြေအနေကြောင့် ကျွန်တော်တို့က ကိုယ်လုပ်စွမ်းနိုင်သမျှဟာကို လုပ်ပေးချင်တဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်ပေါက်ခေါင်း ကိုပြန်လာခဲ့တာ။ ဦးမျိုးဇော်သိန်းသည် ပေါက်ခေါင်းအတွက် ၊ ဦးမျိုးဇော်သိန်းသည် ပြည်သူအတွက် ဦးမျိုးဇော်သိန်းသည် နိုင်ငံအတွက်ပဲဖြစ်ပါတယ်လို့ ကျွန်တော် ရဲရဲဝင့်ဝင့် ကျွန်တော်အာမခံပါတယ်လို့ပြောကြားရင်းနဲ့ ရပ်ပါမယ်။ ကျေးဇူးတင်ပါတယ်။

Zawgyi Version:
“ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးမ်ိဳးေဇာ္သိမ္း ေပးတဲ့ ေပါက္ေခါင္းေဒသအတြက္ ကတိမ်ား” ေပါက္ေခါင္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးမ်ိဳးေဇာ္သိမ္း ႏွင့္ ေမးျမန္းျခင္း
ပဲခူးတိုင္းေဒသႀကီး၊ ေပါက္ေခါင္းၿမိဳ႕နယ္ မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း အျဖစ္ ပါဝင္ယွဥ္ၿပိဳင္မည့္ ျပည္ေထာင္စု ႀကံ့ခိုင္ေရး ႏွင့္ ဖြံ႕ၿဖိဳးေရးပါတီမွ ဒုတိယဥကၠဌ၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး (ၿငိမ္း) ဦးမ်ိဳးေဇာ္သိမ္း ႏွင့္ NP News က ေမးျမန္းခဲ့ရာ ဦးမ်ိဳးေဇာ္သိမ္း ၏ ႏိုင္ငံေရး အျမင္၊ သေဘာထားမ်ားကို စာဖတ္ပရိသတ္မ်ားအတြက္ ေကာက္ႏႈတ္ေဖာ္ျပအပ္ပါသည္။
NP News - ဇန္နဝါရီ ၁ဝ

ေမး-‌ဦးမ်ိဳးေဇာ္သိမ္းဟာ ေပါက္ေခါင္းဇာတိသား အၿငိမ္းစား ဒုတိယဗိုလ္ခ်ဳပ္ႀကီးတစ္ဦး ျဖစ္တယ္လို႔ သိရပါတယ္။ ေ႐ြးေကာက္ပြဲကိုလည္း ကိုယ့္ေမြးရပ္ေျမေဒသကေနပဲ ဝင္ၿပိဳင္တယ္လို႔ သိထားရပါတယ္။ အျခားေသာ ပါတီထိပ္ပိုင္းေခါင္းေဆာင္ေတြက ေနျပည္ေတာ္လိုေနရာေတြကို ေ႐ြးခ်ယ္ခဲ့ၿပီး ဦးမ်ိဳးေဇာ္သိမ္း က်မွ ဘာေၾကာင့္ ေပါက္ေခါင္းကို ေ႐ြးတာလဲ။
ေျဖ-ေျပာရရင္ေတာ့ ကြၽန္ေတာ္က ပါတီမွာ ဒုတိယဥကၠ႒တာဝန္ထမ္းေဆာင္ေနတဲ့အခါက်ေတာ့ ထိပ္ပိုင္းေခါင္းေဆာင္လို႔ေျပာပါေတာ့။ အဲဒီေတာ့ ႏိုင္ငံေရးအသုံးအႏႈန္းအရ ဒီလိုသုံးတယ္လို႔ ယူဆပါတယ္။ သာမန္အားျဖင့္ေတာ့ ကြၽန္ေတာ္လည္း လြတ္ေတာ္ကိုယ္စား လွယ္ေလာင္း တစ္ေယာက္ပဲျဖစ္တယ္လို႔ပဲ မိမိကိုယ္မိမိခံယူလိုက္ပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ္က အမ်ားဆုံးေျပာရရင္ေတာ့ ပါတီကိုဦးေဆာင္တဲ့လူအမ်ားစု က ဌာနခ်ဳပ္ရွိတဲ့ေနရာမ်ိဳးတို႔ ေနာက္အျခားေပါ့ေနာ္။ သင့္ေတာ္ေသာေနရာမ်ိဳးကို ေ႐ြးခ်ယ္ၾကတယ္လို႔ ေျပာဆိုၾကပါတယ္။ ကိုယ့္ဇာတိေျမကို မေ႐ြးရဘူးလို႔ တကယ္တမ္းေတာ့ သတ္မွတ္ခ်က္ေတာ့ မရွိဘူးေပါ့ေနာ္။ ကြၽန္ေတာ္ကလည္း တကယ္တမ္းေတာ့ ေပါက္ေခါင္းဆိုတာက ကြၽန္ေတာ့္ ဇာတိေျမျဖစ္တယ္။ ကြၽန္‌ေတာ့္ရဲ႕ေမြးရပ္ဇာတိေျမျဖစ္တယ္။ ေျပာရရင္ ကြၽန္‌ေတာ့္ရဲ႕ ဘဝတစ္သက္တာမွာ ကြၽန္ေတာ္ေပါက္ေခါင္းမွာပဲ ကြၽန္ေတာ္က ေမြးဖြားခဲ့တယ္။ ႀကီးျပင္းခဲ့တယ္။ ေပါက္ေခါင္းမွာပဲ ကြၽန္ေတာ္ ပညာသင္ၾကားခဲ့တယ္။ အဲဒီကေနၿပီးေတာ့မွ ကြၽန္ေတာ္ဆယ္တန္းေအာင္ၿပီးသြားလို႔ ကြၽန္‌ေတာ္တို႔ေခတ္က ဆယ္တန္းေပါ့ဗ်ာ။ ဆယ္တန္းေအာင္ၿပီးေတာ့မွ ကြၽန္ေတာ္က တပ္မေတာ္ထဲကိုကြၽန္ေတာ္သြားတယ္။ စစ္တကၠသိုလ္ကို ကြၽန္‌ေတာ္ သြားလိုက္တဲ့ကာလ။ အဲဒီကာလက စၿပီးကြၽန္ေတာ္ ေပါက္ေခါင္းနဲ႔က ကင္းကြာသြားခဲ့တာဆိုေတာ့ ေျပာရရင္ေတာ့ ႏွစ္ေပါင္း (၄၀)ေက်ာ္ေလာက္ကင္း ကြာတယ္။ ႏွစ္ေပါင္း (၄၀) ေလာက္ထားပါေတာ့။ အဲဒီေလာက္ကင္းကြာ တယ္လို႔ ကြၽန္ေတာ္ ေျပာလို႔ရပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ေပါက္ေခါင္းၿမိဳ႕က ပဲခူးတိုင္းရဲ႕အေနာက္ျခမ္းမွာ (၁၂၈)ၿမိဳ႕နယ္ရွိတယ္။ ပဲခူးတိုင္းအေနာက္ျခမ္းရဲ႕ တစ္ခ်ိန္တုန္းက လမ္းဆုံးၿမိဳ႕လို႔ ေျပာလို႔ရတယ္။ ကြၽန္‌ေတာ္တို႔ ေပါက္ေခါင္းနဲ႔ ပဲခူး႐ိုးမႀကီးကို ျဖတ္ၿပီးေတာ့မွ ျပည္-ေပါက္ေခါင္း-ေတာင္ငူ-အုတ္တြင္းေပါ့ေနာ္ မဟာဗ်ဴဟာလမ္းလို႔ေခၚတယ္။ အရင္တုန္းက။ သစ္ထုတ္လုပ္ေရးလမ္းႀကီးရွိတယ္။ မဟာဗ်ဴဟာလမ္းႀကီးရွိတယ္။ အဲဒီကေနၿပီးေတာ့မွ ကြၽန္‌ေတာ္တို႔သြားလို႔မရဘူးေပါ့။ လုံၿခဳံေရးအရမဟုတ္ဘူး။ လမ္းကိုမေကာင္းလို႔ ဟိုးအရင္ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီေခတ္က တပ္မေတာ္အစိုးရလက္ထက္မွာလည္း သြားလို႔မရခဲ့ဘူး။ ဒါေပမယ့္ဘယ္အခ်ိန္မွာရသြားလည္းဆိုေတာ့ သမၼတႀကီးဦးသိန္းစိန္ လက္ထက္မွာ ကြၽန္ေတာ္တို႔က ျပည္-ေပါက္ေခါင္း-အုတ္တြင္း-ေတာင္ငူလမ္းက တကယ့္ကို ေခ်ာေခ်ာေမြ႕ေမြ႕နဲ႔သြားလို႔ရၿပီးေတာ့ လမ္းမွာ ကြၽန္ေတာ္တို႔ ေပါက္ေခါင္းရဲ႕ မနီးမေဝးေနရာေဒသမွာ Resort ေတြေပၚလာတဲ့အဆင့္အထိကို ျဖစ္လာတာေပါ့။ ဒါက ဒီဘက္ေခတ္မွာေပါ့။ လက္ရွိအေျခအေနမွာေတာ့ ေပါက္ေခါင္းကေနၿပီးေတာ့ ေတာင္ငူ ဘက္ကို ဆက္သြားလို႔မရပါဘူး။ သူက လမ္းဆုံးၿမိဳ႕လို႔ေပါလို႔ရသလို ပဲခူး႐ိုးမကိုအေျခမွာတည္ထားတဲ့ၿမိဳ႕တစ္ၿမိဳ႕ ျဖစ္တဲ့အခါက်ေတာ့ ဖြံ႕ၿဖိဳးတိုးတက္မႈ အထိုက္အေလွ်ာက္အားျဖင့္ေတာ့ လိုအပ္ခ်က္ရွိေနတာအမွန္ပါပဲ။ ကြၽန္ေတာ္တပ္မေတာ္ကေနအၿငိမ္းစားယူၿပီး ႏိုင္ငံေရးနယ္ပယ္ကို ဝင္ေရာက္ၿပီးတဲ့အခ်ိန္မွာ ကြၽန္ေတာ့္ၿမိဳ႕ ကိုကြၽန္ေတာ္ျပန္လာခဲ့တာေပါ့။ ျပန္လာခဲ့တဲ့အခါက်ေတာ့ ကြၽန္ေတာ္တို႔ေပါက္ေခါင္းရဲ႕ဖြံ႕ၿဖိဳးတိုးတက္မႈဟာ ဘာပဲေျပာေျပာလိုအပ္ခ်က္ေတြက အမ်ားႀကီးရွိေနတာေတြ႕ပါတယ္။ ေတြ႕တဲ့အခါက်ေတာ့ ကိုယ့္ၿမိဳ႕ကိုယ့္႐ြာမွာ တပ္မေတာ္သားဘဝမွာတုန္းကက်ေတာ့ ရာထူးအဆင့္ဆင့္အႀကီးအငယ္ေပါ့ေလ။ ဗိုလ္ႀကီး၊ ဗိုလ္မႉး၊ ဗိုလ္မႉးႀကီး၊ ဗိုလ္မႉးခ်ဳပ္ေပါ့။ ငယ္ငယ္တုန္းကေတာ့ ဗိုလ္မႉးေလာက္အထိကို ရန္ဖန္ရန္ခါ ခြင့္ျပန္လို႔ရတယ္။ သူ႔ထက္ရာထူးျမင့္လာတဲ့အခါက်ေတာ့ ခြင့္ဆိုတဲ့အရာက ထည့္သြင္းစဥ္းစားရတဲ့အရာမဟုတ္ဘူးလို႔ေပါ့။ တာဝန္က ပိုႀကီးမားလာတာေပါ့ေနာ္။ မျပန္ျဖစ္ဘူး။ ၿမိဳ႕နဲ႔နည္းနည္း ေလး ျပန္ၿပီးေတာ့မွ အလွမ္းေဝးသြားတယ္။ အဆက္အသြယ္ေတာ့မျပတ္ဘူး။ ကြၽန္ေတာ့္မိဘေဆြမ်ိဳးေတြက ေပါက္ေခါင္းကေလ။ ေပါက္ေခါင္းက တစ္ၿမိဳ႕လုံးပတ္လိုက္လို႔ ေဆြမ်ိဳးမကင္းဘူး။ သြားေတြ႕ေနၾက သူငယ္ခ်င္းေတြ၊ မိတ္ေဆြေတြ၊ ေဆြမ်ိဳးေတြ ဒါမ်ိဳးေတြ ခ်ည္းပဲ။ အဲဒီေတာ့ ကိုယ့္ၿမိဳ႕ကိုယ့္႐ြာ အဆက္အသြယ္ေတာ့မျပတ္ဘူး။ ဒါေပမယ့္ တပ္မေတာ္မွာ ႏိုင္ငံေတာ္လုံၿခဳံေရးတာဝန္ေတြနဲ႔ အျခားေပးအပ္ထားတဲ့တာဝန္ေတြထမ္းေဆာင္ေနတဲ့အခါက်ေတာ့ ဒီရာထူးအႀကီးပိုင္းၾကမေရာက္ျဖစ္ေတာ့ဘူး။ အခုႏိုင္ငံေရးနယ္ပယ္ကို ေရာက္ၿပီဆိုတဲ့အခါက်ေတာ့ ကိုယ့္ၿမိဳ႕ကို ျပန္ေရာက္လာတယ္။ ျပန္ေရာက္လာေတာ့ တကယ္လည္းဖြံ႕ၿဖိဳးတိုးတက္မႈေနာက္ၾကတယ္။ အဲဒီေတာ့ ျပန္ၿပီးေတာ့မွ ၿမိဳ႕မိၿမိဳ႕ဖေတြဆိုရင္လည္း ကြၽန္ေတာ့္အစ္ကိုအ႐ြယ္ေတြပါတယ္။ ကြၽန္ေတာ့္နဲ႔ ညီအ႐ြယ္ေတြထိကို ၿမိဳ႕မိၿမိဳ႕ဖအထိကိုေရာက္ေနၿပီ။ သူတို႔နဲ႔ေတြ႕ခါက်ေတာ့ မ်ိဳးေဇာ္သိန္းရာ ငါတို႔ၿမိဳ႕မွာေတာ့ ဒီလိုအေျခအေနရွိတယ္ေပါ့ကြာ။ လိုအပ္ခ်က္ေလးေတြေျပာၾက။ ျဖစ္ခ်င္တာေလးေတြေျပာဆိုၾက ေဆြးေႏြးၾကေပါ့။ ဒီအခါမွာၾကေတာ့ လူက ေအးေအးေဆးေဆးလာလို႔ သြားလို႔ အဆင္ေျပသြားၿပီ။ ေနာက္ဆံမငင္ရတဲ့အရာေတြရွိလာတဲ့အခါက်ေတာ့ ေဆြးေႏြးတိုင္ပင္ရတာပိုမ်ားလာတယ္။ မ်ားၿပီးေတာ့ ကြၽန္ေတာ္က ကိုယ့္ၿမိဳ႕ကိုယ့္႐ြာနဲ႔ ပတ္သက္ၿပီးဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာေတြေဆြးေႏြးျဖစ္တယ္။ အခုေတာ့လည္း လိုအပ္ခ်က္ေတြ အကူအညီေတာင္းခံတာေလးေတြရွိတာေပါ့ဗ်ာ။ ဒါနဲ႔ ကြၽန္ေတာ္ကလည္း နဂိုတည္းကလည္း ေျပာရရင္ေတာ့ ေပါက္ေခါင္းဆိုတာက ကြၽန္ေတာ့္မိဘေတြ။ ကြၽန္ေတာ့္အဖိုးေပါ့။ အေဖရဲ႕အေဖ။ ကြၽန္ေတာ့္အေဖဆိုတာ ၿမိဳ႕မွာ ဦးစီးဦးေဆာင္ခဲ့တဲ့ ေခါင္းေဆာင္လို႔လည္းေျပာ လို႔ရတယ္။ ဦးေဆာင္သူလို႔လည္းေျပာလို႔ရတယ္။ ေနခဲ့ၾကတယ္။ အခုကြၽန္ေတာ္တို႔ေခတ္ေရာက္လာတယ္။ ေပါက္ေခါင္းၿမိဳ႕ကို ဆက္ၿပီးေတာ့မွ ဦးေဆာင္ႏိုင္ဖို႔ဆိုရင္ ကြၽန္ေတာ္ႏိုင္ငံေရးအရလည္း ဘိုးစဥ္ေဘာင္ဆက္က ႏိုင္ငံေရးမ်ိဳး႐ိုးလို႔ေျပာလို႔ရတယ္။ အကုန္လုံးက ႏိုင္ငံေရးနယ္ပယ္ထဲမွာ က်ဥ္လည္ခဲ့ၾကတယ္။ အေဖ၊ အဖိုး၊ ဦးႀကီး၊ ဦးေလး ေတာ္ေတာ္မ်ားမ်ားပါပဲ။ ဒီေနရာမွာ ကြၽန္ေတာ္လည္း ကြၽန္ေတာ္အလွည့္ေရာက္လာတဲ့အခါက်ေတာ့ ႏိုင္ငံေရးကို မူလကတည္းကလည္း ကြၽန္ေတာ္တို႔က ႏိုင္ငံေရးေသြးပါတာ။ ႏိုင္ငံေရးလည္းဝါသနာပါတယ္။ ဒီအတြက္ေၾကာင့္ ကြၽန္ေတာ္က ႏိုင္ငံေရးနယ္ပယ္ထဲကို ဝင္လာခဲ့တယ္လို႔ ကြၽန္ေတာ္တို႔က ေျပာလို႔ရတာေပါ့။ ဒီအခါမွာ ဘာပဲေျပာေျပာႏိုင္ငံေရးနယ္ပယ္ထဲကိုေရာက္လာတဲ့အခါမွာ ကြၽန္ေတာ္စဥ္းစားတာကေတာ့ လူဗ်။ လူဆိုတာကေတာ့ အားလုံးက စဥ္းစားတဲ့အခါမွာ လူတိုင္းလူတိုင္းက ကိုယ့္အတြက္ကိုယ္ အရင္စၿပီးစဥ္းစားတက္ၾကတယ္။ ၿပီးရင္ ကိုယ့္အတြက္ၿပီးလို႔ရွိရင္ေတာ့ ကိုယ့္ရပ္၊ ကိုယ့္႐ြာ၊ ကိုယ့္ေဒသ၊ ကိုယ့္မိသားစု အဲဒီလိုဆက္ၿပီး‌ေတာ့ စဥ္းစားၾကတာေပါ့။ ခ်ဲ႕တာေပါ့။ ေသးေသးေလးကေန အႀကီးႀကီးကို ခ်ဲ႕ၿပီးေတာ့ စဥ္းစားတက္ၾကတာေပါ့။ အဲဒီလိုမ်ိဳးစဥ္းစားတဲ့အခါမွာ ကဲဟုတ္ၿပီကြာလို႔ ကိုယ့္စိတ္ ကူးထဲမွာ ငါလုပ္ျဖစ္လို႔ရွိရင္ ငါ့မိဘေနအိမ္မွာဝင္ၿပီးေတာ့ ၿပိဳင္ဖို႔စဥ္းစားထားခဲ့တယ္။ ဒါေပမယ့္ ဘယ္သူ႔ကိုမွထုတ္ေဖာ္မေျပာခဲ့ဘူး။ ေနာက္ဆုံး ပါတီရဲ႕သေဘာသဘာဝေတြ။ ေနာက္ဆုံးေနျပည္ေတာ္မွာ အေ႐ြးခံမယ္ဆိုရင္လည္း ကြၽန္ေတာ္ေနရာမဟုတ္ဘူးမဟုတ္ဘူး။ ရွိပါတယ္။ အလားတူ ကြၽန္ေတာ္ရန္ကုန္မွာ တာဝန္ထမ္းေဆာင္ခဲ့တဲ့ကာလ ၾကာတယ္ဗ်။ ကြၽန္ေတာ္ ကစထမႉးေပါ့ေနာ္။ တိုင္းမႉး။ တပ္မေတာ္စစ္တကၠသိုလ္ေက်ာင္းအုပ္ႀကီး။ ငယ္စဥ္းကတည္းက ရန္ကုန္မွာ ေနခဲ့ထိုင္ခဲ့လုပ္ခဲ့တဲ့အတြက္ ရန္ကုန္မွာလည္း ကြၽန္ေတာ့္ကို ဖိတ္ေခၚပါတယ္။ အလားတူပဲ ပဲခူးတိုင္း၊ ပဲခူးၿမိဳ႕ဆိုရင္လည္း ကြၽန္ေတာ့္ကို ဖိတ္ေခၚပါတယ္။ ေနာက္ေနျပည္ေတာ္ကိုလည္း ဖိတ္ေခၚပါတယ္။ ျပည္ကလည္းဖိတ္ေခၚပါတယ္။ ဧရာဝတီကလည္း ကြၽန္ေတာ့္ကို ဖိတ္ေခၚတယ္။ ၿမိဳ႕မိၿမိဳ႕ဖေတြတို႔ ပါတီေတြက ဖိတ္ေခၚပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္က ျပန္စဥ္းစားတယ္။ ဘာပဲေျပာေျပာေလ ေပါက္ေခါင္းၿမိဳ႕ဆိုတာ ကြၽန္ေတာ္ေအာင္ျမင္ ခဲ့တဲ့ၿမိဳ႕တစ္ၿမိဳ႕ပဲ။ ကြၽန္ေတာ့္ဇာတိၿမိဳ႕တစ္ၿမိဳ႕ပဲ။ ဒီေပါက္ေခါင္းေလး ဖြံ႕ၿဖိဳးတိုးတက္မႈေနာက္က်ေနခ်ိန္မွာ ငါ့ၿမိဳ႕ေလးကေနစၿပီးေတာ့မွ ငါကိုယ္စားျပရလို႔ရွိရင္ဆိုတဲ့ စိတ္ကူးရွိခဲ့တာသည္ ကြၽန္ေတာ့္ရဲ႕ပင္မအေျခခံစိတ္ေၾကာင့္ ကြၽန္ေတာ္ဒီကေနဝင္ၿပိဳင္ေနျခင္းျဖစ္တယ္လို႔ပဲ ကြၽန္ေတာ္အႏွစ္ခ်ဳပ္ေျပာပါမယ္။ ေရွ႕ကဟာေတြကေတာ့ သမိုင္းေၾကာင္းေလးဖြင့္မွပဲ ဒီအေျခအေနထိေရာက္လာမို႔လို႔ ကြၽန္ေတာ္ေျပာျပတာပါ။ ဒါေၾကာင့္ ကြၽန္ေတာ္ဒီေပါက္ေခါင္းမွာ ဝင္ေရာက္အေ႐ြးခ်ယ္ခံရျခင္းျဖစ္ပါတယ္လို႔ ကြၽန္ေတာ္ေျဖပါမယ္။
ေမး-လက္ရွိေပါက္ေခါင္းေဒသက ေအးေဆးတည္ၿငိမ္လြန္းတဲ့ေနရာမဟုတ္ဘဲ က်ီးလန႔္စာစား အေျခအေနမ်ိဳးမွာ ရွိေနတယ္။ ကိုယ္စားလွယ္ေလာင္း တစ္ေယာက္အေနနဲ႔ေရာ၊ အၿငိမ္းစား ဗိုလ္ခ်ဳပ္ႀကီးတစ္ေယာက္အေနနဲ႔ေရာ၊ ပါတီထိပ္ပိုင္းေခါင္းေဆာင္တစ္ဦးအေနနဲ႔ေရာ သိပ္အႏၲရာယ္ႀကီးလြန္းတဲ့ ေ႐ြးခ်ယ္မႈမ်ိဳး လုပ္ခဲ့တယ္လို႔ မထင္ရဘူးလား။ ဆိုလိုတာက တစ္ဖက္ အဖ်က္အေမွာက္အဖြဲ႕အစည္းေတြက ဒီေလာက္ႀကီးႀကီးမားမာ ပုဂၢိဳလ္ကို Target ထားလာမွာကို ဆိုလိုခ်င္တာပါ။ ၿပီးေတာ့ ၿခိမ္းေျခာက္ခံခဲ့ရတာေတြေရာ ရွိေနလား။
ေျဖ-အဲဒီေတာ့ ကြၽန္ေတာ္တို႔လက္ရွိေပါ့ (၂၀၂၁)ကြၽန္ေတာ္တို႔ ျဖစ္စဥ္ကေနစေျပာရရင္ ေဖေဖာ္ဝါရီလ(၁)ရက္ေန႔ ကစၿပီးေတာ့မွ လက္ရွိ ႏိုင္ငံေရးမွာ မဲမသမာမႈေတြေၾကာင့္လို႔ ျဖစ္ေပၚလာတဲ့ျဖစ္စဥ္ေပါ့ေနာ္။ တပ္မေတာ္ကလည္း အာဏာထိန္းထားတဲ့ ျဖစ္စဥ္ေနာက္ပိုင္းမွာ ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းမႈေတြ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔လိုအပ္ခ်က္ေတြရွိတယ္ဆိုတာ ဘယ္လိုမွမျငင္းသာပါဘူး။ အလားတူ ပါပဲ။ ကြၽန္ေတာ္တို႔ ေပါက္ေခါင္းနဲ႔ပတ္သက္လို႔ရွိရင္လည္း ေပါက္ၿမိဳ႕ေဒသမွာလည္း တည္ၿငိမ္ေအးခ်မ္းမႈလိုအပ္ခ်က္မရွိဘူးလားဆိုေတာ့ ရွိတယ္ဗ်။ ႏိုင္ငံတစ္ဝန္းလုံးေပါက္ေခါင္းလည္းအပါအဝင္ျဖစ္တယ္ေပါ့။ သို႔ေသာ္ ကြၽန္ေတာ္ ေပါက္ေခါင္းကို ႀကိမ္ဖန္မ်ားစြာ သြားလာ တယ္။ အခုလည္း ကြၽန္ေတာ္တို႔ သြားလိုက္လာလိုက္ျပန္လိုက္သြာားခဲ့ပါတယ္။ အခုကြၽန္ေတာ္တို႔ ေပါက္ေခါင္းကို ကြၽန္ေတာ္တို႔ လွမ္းေမးလိုက္လို႔ရွိရင္လည္း ဒီအတိုင္းပါပဲ။ ေျပာရရင္ေတာ့ ကြၽန္ေတာ္တို႔ သမၼတႀကီးဦးသိန္းစိန္ေခတ္တုန္းကလိုေပါ့ဗ်ာ။ နားျပားေအာင္ အိပ္ရတဲ့ အခ်ိန္မ်ိဳးမရွိတာေတာ့ အမွန္ပါပဲ။ ေပါက္ေခါင္းသည္အေျခအေနအလြန္ဆိုး႐ြားတဲ့အေျခအေနမ်ိဳးရွိတာေတာ့ မဟုတ္ဘူးဗ်။ ကြၽန္ေတာ္ထင္တယ္ (၈၀)ရာခိုင္ႏႈန္း၊ (၈၅) ရာခိုင္ႏႈန္းေလာက္ တည္ၿငိမ္ေအးခ်မ္းမႈေကာင္းတယ္လို႔ ကြၽန္ေတာ္ယူဆလို႔ ရပါတယ္။ နည္းနည္းအစြန္အဖ်ားၾကတဲ့ေပါ့ေနာ္။ ဥပမာ ပဲခူး႐ိုးမဘက္ျခမ္းက်တဲ့ဟာမ်ိဳးတို႔။ ဟိုဘက္ဆိုရင္ ေပါင္းတည္၊ သဲကုန္းနဲ႔ ဆက္စပ္တဲ့ေနရာမ်ိဳးရွိမယ္။ ေအာင္လံနဲ႔ဆက္စပ္တဲ့ေနရာမ်ိဳးေလာက္ ရွိရင္ရွိမယ္။ ဒါမ်ိဳးေတြ အဆက္ေဒသေတြမွာကေတာ့ တည္ၿငိမ္ေအးခ်မ္းမႈလိုအပ္ခ်က္ေတြ ပိုၿပီးရွိေကာင္းရွိပါလိမ့္မယ္။ က်န္တဲ့ေနရာ (၈၀)၊ (၈၅) ရာခိုင္ႏႈန္းမွာေတာ့ အရမ္းႀကီးဆိုး႐ြားတဲ့ အေနအထားမရွိပါဘူး။ ဒါ့ေၾကာင့္ကြၽန္ေတာ္က ဗိုလ္ခ်ဳပ္ႀကီးတစ္ေယာက္အေနနဲ႔ေကာဆိုေတာ့ ကြၽန္ေတာ္က တပ္မေတာ္က အၿငိမ္းစားယူၿပီးသြားၿပီဗ်။ ကြၽန္ေတာ္ေျပာခ်င္တာေလးကတစ္ခ်က္ရွိတယ္။ ကြၽန္ေတာ္တပ္မေတာ္ကေနအၿငိမ္းစား၊ ကြၽန္ေတာ္ႏိုင္ငံ့ ဝန္ထမ္း၊ တပ္မေတာ္သားမွမဟုတ္ပါဘူး။ ႏိုင္ငံဝန္ထမ္းဘဝကေနအၿငိမ္းစားယူၿပီးသြားၿပီ ကြၽန္ေတာ္ျပည္သူတစ္ေယာက္အေနနဲ႔ ရပ္တည္တာျဖစ္တယ္ဗ်ာ။ ဒီႏိုင္ငံေရးမွာရပ္တည္တာ ဗိုလ္ခ်ဳပ္ႀကီးတစ္ေယာက္အေနနဲ႔ရပ္တည္တာမဟုတ္ေတာ့ဘူး။ ကြၽန္ေတာ့္ရဲ႕ ဘဝျဖတ္သန္းမႈမွာ တပ္မေတာ္ကာလဘဝျဖတ္သန္းမႈက ၿပီးသြားဆုံးသြားခဲ့ၿပီ။ အခုႏိုင္ငံေရးနယ္ပယ္ထဲကိုေရာက္တယ္။ ျပည္သူတစ္ေယာက္အေနနဲ႔ပဲ ကြၽန္ေတာ္က ရပ္တည္ေနတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ျပည္သူထဲက ျပည္သူျဖစ္တဲ့အတြက္ေၾကာင့္ ကြၽန္ေတာ့္မွာေတာ့ ဒီဟာအေပၚမွာ ကြၽန္ေတာ္ စြန႔္လြတ္စြန႔္စားၿပီးလုပ္တယ္လို႔ ကြၽန္ေတာ္မခံစားရဘူး။ အလားတူပဲ ဒီနယ္ေျမေဒသမွာပဲ ၿခိမ္းေျခာက္တယ္ဆိုတာမ်ိဳးလည္း ကြၽန္ေတာ္တို႔ မၾကားမိပါဘူး။ ဒါကေတာ့ ကြၽန္ေတာ္ျမင္ေနတဲ့အေျခအေနပါဗ်။ ေပါက္ေခါင္းေဒသက အရမ္းဆိုး႐ြားတဲ့ တည္ၿငိမ္ေအးခ်မ္းမႈရွိေနတယ္လို႔ေတာ့မဟုတ္ပါဘူး။ လိုအပ္ခ်က္ရွိလားရွိတယ္။ (၈၀)၊ (၈၅) ရာခိုင္ႏႈန္းေလာက္ အထိကို ေကာင္းတဲ့အေနအထားကို တကယ္ေတြ႕ရပါတယ္လို႔ ဒါေလးကြၽန္ေတာ္ေျပာခ်င္လို႔ပါ။ ဟုတ္ကဲ့။
ေမး-ေျပာရရင္ အသက္နဲ႔ ရင္းၿပီး သတၱိရွိရွိ ေ႐ြးေကာက္ပြဲ ဝင္တယ္လို႔ ေျပာရင္ ပိုမွန္ေနမလား။ ဒီေလာက္အထိ အသက္နဲ႔ ရင္းရႏိုင္တာ သိပါလွ်က္နဲ႔ ေပါက္ေခါင္းလိုေနရာကို ေ႐ြးခ်ယ္တာက ေပါက္ေခါင္းကို ဘာလုပ္ေပးခ်င္တာ ရွိလို႔လဲ။
ေျဖ-ကြၽန္ေတာ္ခုနက ေျပာသလို တည္ၿငိမ္ေအးခ်မ္းမႈေတာ့ လိုအပ္ခ်က္ရွိတယ္။ ၈၀၊ ၈၅ ဆိုေတာ့ ၂၀ ၊ ၁၅၊ ၂၅ ရာခိုင္ႏႈန္းေလာက္ထိကေတာ့လည္း လုံၿခဳံေရးလိုအပ္ခ်က္ရွိေကာင္းရွိပါလိမ့္မယ္။ ဒါေပမဲ့သြားလာေနတဲ့အေျခအေနကေပါက္ေခါင္းက တည္ၿငိမ္မႈက အဲဒီေလာက္ မဆိုးဘူးလို႔ေျပာလို႔ရတာေပါ့။ ဆိုေတာ့ ဒီအေျခအေနမွာ သတၱိရွိရွိနဲ႔ ဝင္ၿပိဳင္ေနတယ္ဆိုတာ ကြၽန္ေတာ္က မဟုတ္ပါဘူး။ ဒါသည္ကြၽန္ေတာ္တို႔ ႏိုင္ငံေရးအရ ကြၽန္ေတာ္တို႔ ေပါက္ေခါင္းထက္ အင္မတန္ဆိုးဝါးတဲ့ေနရာေတြအမ်ားႀကီးပဲ ဗ်ာ။ ကြၽန္ေတာ္တို႔ ေပါက္ေခါင္းၿမိဳ႕သူ၊ ၿမိဳ႕သားေတြကို ေျပာရရင္ ကိုယ့္ၿမိဳ႕၊ ကိုယ္႐ြာမို႔ ပိုေျပာတာမဟုတ္ဘူးေပါ့။ ကြၽန္ေတာ္တို႔ နယ္သူနယ္သားအားလုံးက ႏိုင္ငံေရးအရည္အခ်င္းျမင့္တယ္လို႔ ကြၽန္ေတာ္က ယုံၾကည္တယ္။ အဲဒီေတာ့ ယုံၾကည္တာေတြ မတူညီေသာညားေပါ့။ ဥပမာဆိုပါစို႔ ကြၽန္ေတာ္ဆို ဦးမ်ိဳးေဇာ္သိမ္း။ ကြၽန္ေတာ့္ေဒသအေခၚ မ်ိဳးေဇာ္လို႔ ေခၚၾကတာ ။ မ်ိဳးေဇာ္ ေပါက္ေခါင္းကေန ဝင္ၿပိဳင္မယ္ဆိုတဲ့အေနအထားက်ေတာ့ သူတို႔ရဲ႕ယုံၾကည္ရာ တူျခင္းမတူျခင္းထက္ သေဘာထက္ ဒီၿမိဳ႕ေပၚမွာ သူဘာလုပ္ႏိုင္မယ္ဆိုတာ အားလုံးက လူေတြကသြားေနၾကတဲ့ အေျခအေနျဖစ္ပါတယ္။ လူေတြအားလုံးက အေကာင္းျမင္ေနၾကတယ္လို႔ ကြၽန္ေတာ္ ယူဆပါတယ္။ ဒီအေပၚမွာ မူတည္ၿပီးေတာ့မွ ကြၽန္ေတာ္က သတၱိရွိလို႔ လာၿပိဳင္တာမဟုတ္ပါဘူး။ ကိုယ့္ရဲ႕ ဇာတိကို ကြၽန္ေတာ္ဖြံ႕ၿဖိဳးတိုးတက္ေအာင္လုပ္ခ်င္တဲ့ေစတနာက ဦးတည္ၿပီးလာၿပိဳင္တာ ပါ။ အေျခအေနအရမ္းဆိုးေနတဲ့ ၾကားက အေျခအေနေတြက ထိုက္သင့္တဲ့တည္ၿငိမ္မႈအတိုင္းအတာ ရရွိေနတာသိတဲ့အတြက္ ကြၽန္ေတာ္ လာၿပိဳင္တာပဲျဖစ္တယ္။ ဒီလိုေလးပဲ ကြၽန္ေတာ္ေျဖပါမယ္။
ေမး - ဦးမ်ိဳးေဇာ္သိမ္းဆိုတဲ့ ပုဂၢိဳလ္ကို ေပါက္ေခါင္းသားေတြက ဘာကိုယုံၾကည္ၿပီးမဲေပးရမွာလဲ။ ဦးေဇာ္မ်ိဳးသိမ္းက ဘယ္လိုလူမ်ိဳးမို႔လိုလဲ။ ဆိုလိုတာက အျခားေသာ ကိုယ္စားလွယ္ေလာင္းေတြလည္း ရွိေနတာပဲ၊ ဦးမ်ိဳးေဇာ္သိမ္း ကမွ ေပါက္ေခါင္းေဒသခံေတြအတြက္ အက်ိဳးျပဳေပးႏိုင္တာ ဘာပိုရွိေနလို႔လဲ။
ေျဖ-ကြၽန္ေတာ္က ႏိုင္ငံေရးနယ္ပယ္ကိုေရာက္ထဲက ကြၽန္ေတာ္ရဲ႕ႏိုင္ငံေရး ခံယူခ်က္ေပါ့။ ႏိုင္ငံေရးသမားဆိုတာ ရန္သူမေမြးရဘူးတဲ့ ရန္သူကိုေတာင္မွ မိမိကိုေထာက္ခံအားေပးလာေအာင္ စည္း႐ုံးရတဲ့ လုပ္ငန္းစဥ္ေပါ့။ ဒီဟာကို ေအာင္ျမင္ေအာင္ေဆာင္႐ြက္မဲ့လုပ္ငန္းျဖစ္တယ္လို႔ ကြၽန္ေတာ္ခံယူထားတာ။ အဲဒီအတြက္ေၾကာင့္ ခုနကေမးခြန္းမွာပါတဲ့ ေမးခြန္းမ်ိဳးကို ၾကည့္လိုက္ရင္ အျခားႏိုင္ငံေရးပါတီ၊ ပါတီကိုယ္စားလွယ္ေတြလည္းရွိေနရဲ႕သားနဲ႔ သူတို႔သည္လည္း ကိုယ့္ၿမိဳ႕ ၊ ကိုယ္႐ြာ စြမ္းေဆာင္ႏိုင္တဲ့အရည္အခ်င္းရွိလို႔ ဝင္ၿပိဳင္တယ္လို႔ပဲ ကြၽန္ေတာ္တို႔က သေဘာထားတာ ။သူတို႔က ကြၽန္ေတာ္နဲ႔ ရန္ဖက္မဟုတ္ပါဘူး။ ရန္ဖက္လို႔လဲ သေဘာမထားပါဘူး။ ၿပိဳင္ဖက္လို႔ ေျပာတယ္ဆိုရင္ ေတာင္မွ ဒါက လုပ္ေဖာ္ကိုင္ဖက္လို႔ သေဘာထားရင္ေတာင္မွ ကြၽန္ေတာ္က ယဥ္ေက်းစြာ ဒီလိုပဲ သေဘာထားပါတယ္။ အဲဒီေတာ့ ေပါက္ေခါင္းနဲ႔ပတ္သက္ရင္ ကြၽန္ေတာ္က ေပးရမဲ့ မက္ေဆ့ က ေပါက္ေခါင္းနဲ႔ ဒီကြၽန္ေတာ္က ပါတီဦးေဆာင္သူတစ္ေယာက္အေနနဲ႔ ေျပာရရင္ေတာ့ ကြၽန္ေတာ္ယခင္ထဲကလည္း မက္ေဆ့ေတြေပးခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ တကယ္မဲေပးတဲ့အခါမွာ ကြၽန္ေတာ္က နဂိုထဲကလည္း ျပည္သူသာ ပထမ၊ ျပည္သူသာ ပဓာန ဆိုေတာ့ People First။ ဒီဟာကို ယုံၾကည္စြာနဲ႔ ခံယူထားတဲ့ လူေပါ့။ ကြၽန္ေတာ္အခုသြားခ်င္တာက ေပါက္ေခါင္းက ေ႐ြးခ်ယ္တာသည္ ေပါက္ေခါင္းသည္သာ ပဓာန ေပါက္ေခါင္းသည္သာ ပထမ၊ ဒါက ဒီ‌ေ႐ြးေကာက္ပြဲ ေ႐ြးေကာက္ခံတဲ့အရာအတြက္သာလွ်င္ အဲဒီက က်ယ္ျပန႔္သြားရင္ေတာ့ ျပည္သူသာ ပထမ ၊ ျပည္သူသာ ပဓာန နဲ႔ ကြၽန္ေတာ္က သြားမွာျဖစ္ပါတယ္။ အဲဒီေတာ့ ေ႐ြးေကာက္ခံတဲ့လူထက္စာရင္ အျခားကိုယ္စားလွယ္ေတြရွိေနရဲ႕သားနဲ႔ဆိုတဲ့ အသုံးအႏႈန္းထက္စာရင္ေတာ့ ကြၽန္ေတာ္က ကြၽန္ေတာ့္ ဒါေလးၾကည့္ေပးမယ္။ ကြၽန္ေတာ့္ရဲ႕ ျဖန႔္ေဝထားတဲ့စာေစာင္ေလးရွိတယ္။ ဘာေရးထားလဲဆိုရင္ ၁၁ ရက္၊ ၁လ၊ ၂၆ ေန႔တြင္ မဲေပးေ႐ြးခ်ယ္ရမည့္ ကိုယ္စားလွယ္ေလာင္း ကို ဘယ္လိုေ႐ြးမလဲဆိုၿပီး ဒါေလး ေရးေပးထားတယ္။ ျပည္သူကို ဒီအတိုင္းပဲ ကြၽန္‌ေတာ္ျဖန႔္ပါတယ္။ ကြၽန္ေတာ္ရဲ႕ သေဘာထားပဲ။ အဲဒီေတာ့ ကိုယ္စားလွယ္ေလာင္း ရဲ႕ စြမ္းေဆာင္ႏိုင္တဲ့ အရည္အေသြး ၊ စိတ္ရင္းေစတနာ၊ ေနာက္ခံသမိုင္းေၾကာင္း၊ ႏိုင္ငံအက်ိဳး၊ ေဒသအက်ိဳး ၊ သယ္ပိုးေဆာင္႐ြက္ႏိုင္ဖို႔ အေတြ႕အႀကဳံ နဲ႔ အစဥ္အလာေကာင္းမ်ားကို ၾကည့္ၿပီးေတာ့မွ ေပါက္ေခါင္းေဒသအက်ိဳး၊ အမွန္တကယ္ေဖာ္ေဆာင္ႏိုင္မည့္ ကိုယ္စားလွယ္ေလာင္းမ်ားအား ေ႐ြးခ်ယ္မဲေပးၾကပါစို႔။ အဲဒီေနရာမွာ ကြၽန္ေတာ္တို႔ ျပည္ခိုင္ၿဖိဳးကိုယ္စားလွယ္ေလာင္းမ်ား ‌ေ႐ြးခ်ယ္မဲေပးၾကပါစို႔လို႔ ေျပာလိုက္ရင္ ခုနက ေမးတဲ့အေျဖသည္ ဘာေၾကာင့္ဆိုတဲ့ဟာႀကီး ဒီထဲမွာအားလုံးက ပါဝင္သြားတယ္။ ျပည္သူေတြကို ေပးတဲ့အခါမွာလည္း ခုနက ကြၽန္ေတာ္ကိုမဲေပးပါ။ ကြၽန္ေတာ္ဘာမွလုပ္စရာမရွိဘူး။ ကြၽန္ေတာ္သြားတာမဟုတ္ပါဘူး။ ကြၽန္ေတာ္သြားေနတဲ့ ထရဲက ကြၽန္ေတာ္သြားပါတယ္။ ဒါဆိုရင္ေတာ့ လုံေလာက္မယ္ထင္ပါတယ္။
ေမး-ၿပီးခဲ့တဲ့ လႊတ္ေတာ္ႏွစ္ဆက္မွာ လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္သြားသူေတြဟာ မဲဆြယ္စဥ္တုန္းက ေျပာသြားတာ တစ္မ်ိဳး။ ကိုယ္စားလွယ္ျဖစ္သြားခ်ိန္မွာ ျပန္လွည့္မၾကည့္၊ တစ္ေခါက္ေတာင္ ျပန္မလာသူေတြ ရွိခဲ့တယ္။ ဦးမ်ိဳးေဇာ္သိမ္းကေရာ ေပါက္ေခါင္းေဒသခံေတြကို အညႇာပုံျပင္လိုမ်ိဳး ႐ိုးမ ပုံျပင္ေတြ ေျပာမွာလား။
ေျဖ-ေျပာရရင္ေတာ့ အခု ဒီကြၽန္ေတာ္ကို ေမးျမန္းမႈေလးၿပီးရင္ ကြၽန္ေတာ္တို႔ၿမိဳ႕ေလးကို တစ္ပတ္ေလာက္ပတ္ၿပီးလမ္းေလွ်ာက္ၾကည့္လိုက္ပါ။ ဦးမ်ိဳးေဇာ္သိမ္းနဲ႔ပတ္သက္တဲ့ဟာ ေလးကိုအရင္ဆုံး ေမးၾကည့္လိုက္ပါလို႔ ကြၽန္ေတာ္က ဒါေလးကို အရင္ဆုံး ေျပာခ်င္တယ္။ ကဲဟုတ္ၿပီ။ ကြၽန္ေတာ္က ေျပာခ်င္တာကေတာ့ ကြၽန္ေတာ္ေ႐ြးေကာက္ပြဲမွာ မဲဆြယ္တယ္ေပါ့။ ကြၽန္ေတာ္က မဲဆြယ္တယ္လို႔ မဟုတ္ပါဘူး။ ကြၽန္ေတာ္စည္း႐ုံးေရးဆင္းတယ္။ ကြၽန္ေတာ္ၿမိဳ႕၊ ကြၽန္ေတာ္႐ြာကို သြားတဲ့အခါက်ေတာ့ ကြၽန္ေတာ္ေနတဲ့ ရပ္ကြက္၊ လမ္းကေနစၿပီးေတာ့ ကြၽန္ေတာ္အကုန္လုံးကို ကြၽန္ေတာ္တစ္အိမ္တက္ဆင္းကြၽန္ေတာ္ေတြ႕ဆုံတယ္။ အားလုံးကၾကည့္လိုက္တဲ့အခါက်ေတာ့ ကြၽန္ေတာ္ေဆြမ်ိဳးေတြ၊ ကြၽန္ေတာ္နဲ႔အိမ္နီးနားခ်င္းေတြ၊ ကြၽန္ေတာ္သူငယ္ခ်င္းေတြ၊ ကြၽန္ေတာ္မိတ္ေဆြေတြ၊ ဒါကြၽန္ေတာ္နဲ႔။ ကြၽန္ေတာ္အေဖရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြ၊ ကြၽန္ေတာ္အေဖရဲ႕ တပည့္တစ္ပန္းေတြ၊ အကုန္လုံးက ကြၽန္ေတာ္နဲ႔မကင္းရာမကင္းေၾကာင္းေတြ သို႔ေသာ္လည္း သူတို႔သည္ တစ္ခ်ိန္တုန္းကလည္း သူတို႔ ယုံၾကည္ခ်က္၊ ခံယူခ်က္တစ္မ်ိဳး ျဖစ္ရင္ျဖစ္မယ္။ ဒီေန႔ ဒီအခ်ိန္အခါမွာ။ ကြၽန္ေတာ္မ်ိဳးေဇာ္နဲ႔ေတြ႕ၾကတယ္။ ကြၽန္ေတာ္နဲ႔ ေတြ႕ၾကတယ္ဆိုတဲ့ အေနအထားနဲ႔သြားတယ္။ စည္း႐ုံးေရးပြဲေတြ ကြၽန္ေတာ္က သြားတယ္။ ရပ္ကြက္ေတြ၊ ေက်း႐ြာေတြ ၊နယ္ေတြဆင္းတယ္။ လုပ္တဲ့အခါမွာ ပြင့္ပြင့္လင္းလင္းေျပာရရင္ေတာ့ ကြၽန္ေတာ္က ကြၽန္ေတာ္ကို မဲေမးရင္ေတာ့ ဘာလုပ္ေပးမယ္ဆိုတဲ့ ကတိ။ ကြၽန္ေတာ္ ေပးခဲ့ၿပီးေတာ့မွ လုပ္တာမ်ိဳးမရွိဘူး။ ဘာလို႔လဲ။ ကြၽန္ေတာ္က ဘာမွမဟုတ္ေသးဘဲနဲ႔ ငါကိုမဲေပးရင္ ဘာလုပ္ေပးမယ္ဆိုတဲ့ကတိသည္ ကြၽန္ေတာ္မႀကိဳက္ဘူး ။ ကြၽန္ေတာ္က ေျပာလိုက္ရင္ျပည္သူအေပၚမွာ မွန္မွန္ကန္ကန္ နဲ႔ပဲ ကြၽန္ေတာ္ရပ္တည္ ခ်င္တဲ့လူ ေနာက္တစ္ခုက ကြၽန္ေတာ္ခုနက ေရွ႕မွာ ကြၽန္ေတာ္ကိုေမးခဲ့တာရွိတာေပါ့။ ဘာျဖစ္လို႔ ကြၽန္ေတာ္က ဘာလိုခ်င္လို႔ ဘာျဖစ္ခ်င္လို႔ ထင္ေကာင္းထင္လိမ့္မယ္။ ကြၽန္ေတာ္က ကြၽန္ေတာ္တို႔အသက္အ႐ြယ္တန္းသည္ (၆၀)တန္းလို႔ပဲ ဆိုပါစို႔ (၆၀)တန္းေရာက္တဲ့အခါမွာ ကြၽန္ေတာ္က ထမ္းေဆာင္ခဲ့တဲ့အေတြ႕အႀကဳံၿပီးခဲ့ၿပီ။ ဒီအေတြ႕အႀကဳံႀကီးကေတာ့ မက်န္ခဲ့ဘူး။ တပ္မေတာ္သားဘဝႀကီးက ကြၽန္ေတာ္ၿပီးသြားၿပီ။ အဲဒီအေတြ႕အႀကဳံႀကီးက ကြၽန္ေတာ္နဲ႔ အတူပါလာတယ္။ ႏိုင္ငံေရးနယ္ပယ္ထဲကိုပါလာတယ္။ ဒါကိုကြၽန္ေတာ္တို႔ က အက်ိဳးရွိရွိအသုံးခ်ၿပီးေတာ့မွ ဒါႀကီးနဲ႔ ကြၽန္ေတာ္ဆက္သယ္သြားၿပီးမွ ဘာမွမလုပ္ဘဲ ဆက္ေနရင္ ဒီတန္ဖိုးေတြအားလုံးက Valueless ေပါ့ တန္ဖိုးမဲ့သြားမွာပဲ အဲဒီအတြက္ေၾကာင့္ ငါမွာရွိတဲ့ တန္ဖိုးေတြ ငါရဲ႕ စြမ္းေဆာင္ႏိုင္မႈေတြအားလုံးကို ငါဘာလုပ္ေပးခဲ့ႏိုင္မလဲ ဘာလုပ္ေပးႏိုင္မလဲ ဆိုတဲ့ ဟာကို ကြၽန္ေတာ္ေရွးရႈၿပီးသြားတယ္။ ဒါက ဒီမွာေမးလို႔ေျဖတာမဟုတ္ပါဘူး။ေရာက္တဲ့ေနရာတိုင္း လဲ ေျဖတယ္။ ဒီတိုင္းပဲေျပာတယ္။ ၿပီးရင္ေလ ကြၽန္ေတာ္ကိုႀကိဳက္တာ ျပန္ေမးပါ။ ကြၽန္ေတာ္က ဒီအတိုင္းပဲျပန္ၿပီးေတာ့ ေျဖျပတယ္။ ေျပာခ်င္တာကေတာ့ ကြၽန္ေတာ္တို႔က ဘာလုပ္ေပးႏိုင္တယ္ဆိုတဲ့ဟာကို ကြၽန္ေတာ္ကသြားသင့္တယ္။ ။ ဘာျဖစ္ရမယ္ဆိုတာကို ကြၽန္ေတာ္က သြားတာမဟုတ္ဘူး။ ဒါေၾကာင့္ ဒီမွာ ကြၽန္ေတာ္က ကြၽန္ေတာ္ကို မဲေပးရင္ ဘာေတြျဖစ္ေစရမယ္ဆိုတာမေျပာဘူး။ ဒါေပမဲ့ ကြၽန္ေတာ္က ဒီမွာ ေ႐ြးေကာက္ပြဲမေၾကညာခင္ ၿပီးခဲ့တဲ့ႏွစ္ပိုင္းေတြ က ကြၽန္ေတာ္ခုနကေျပာသလို ကြၽန္ေတာ္ၿမိဳ႕ကို လာတယ္။ ေျပာၾကဆိုၾက မ်ိဳးေဇာ္ေရ ၿမိဳ႕မွာေတာ့ ဘာေတြလိုမယ္။ ဘာေတြျဖစ္ေနတယ္။ ကြၽန္ေတာ္က အာဏာပိုင္ေတာ့မဟုတ္ဘူး ေသခ်ာတယ္ ။ ကြၽန္ေတာ္က ႏိုင္ငံ‌ေရးပါတီရဲ႕ေခါင္းေဆာင္တစ္ေယာက္ ဒါေပမဲ့ ကိုယ့္ၿမိဳ႕ကိုယ္႐ြာအတြက္ၾကေတာ့ ကြၽန္ေတာ္က ဘာပဲေျပာေျပာ သက္ဆိုင္ရာတာဝန္ရွိသူေတြ ခင္မင္ရင္းႏွီးသူရွိတယ္။ ၿမိဳ႐ြာေတာင္းဆိုတဲ့ဟာကို ျဖစ္ႏိုင္ေျခရွိရဲ႕ လား။ ကိုယ္လားတာဝန္သူတစ္ေနရာမွာ ထမ္းေဆာင္ခဲ့တာကို ျဖစ္ႏိုင္ေျခရွိတယ္။ ၿမိဳ႕မွာေကာ ဒီဟာေတြလိုအပ္ေနတာမွန္ရဲ႕လား။ ဒါေတြအားလုံးကို သူရဲ႕ေတာင္းဆိုမႈကို ဆက္ၿပီးေတာ့မွ ကြၽန္ေတာ္က ေမတၱာရပ္ခံအကူအညီေတာင္းခံတဲ့အခါေတြ လုပ္ေပးတာေပါ့။ ေျပာရရင္ ကြၽန္ေတာ္တို႔ၿမိဳ႕မွာ အခု ဒီမီဒီယာကေနၿပီးေတာ့မွာ ၿမိဳ႕ထဲပတ္ၿပီးေတာ့မွ ကြၽန္ေတာ္တို႔ ဒီမွာၿမိဳ႕အတြက္ကို ဘာေတြေဆာင္႐ြက္ေပးႏိုင္ မလဲ ဆိုတာသိရင္ ကြၽန္ေတာ္က အေျပာမဟုတ္ဘူး။ အလုပ္နဲ႔ပဲ သက္ေသျပထားတာျဖစ္ပါတယ္။ ဒါေတြလုပ္ေပးလို႔ ကြၽန္ေတာ္ကို မဲေပးပါလို႔ ကြၽန္ေတာ္မေျပာဘူး။ သူက မဲဆႏၵရွင္ေတြ က ေမတၱာရပ္ခံထားတယ္ထ။ တစ္ခ်ိန္တုန္းက ကြၽန္ေတာ္တို႔ႏိုင္ငံမဟုတ္ဟိုး ပါလီမန္ဒီမိုကေရစီ ေခတ္ကလိုမ်ိဳး မဲေပးရင္ အသဲၾကားက မဲတစ္ျပားဆိုၿပီး ေျပာၿပီးေတာ့မွ မဲလည္းဆြယ္ခဲ့ၾကတယ္။ မဲလည္းေပးခဲ့ၾကတယ္။ေခတ္အဆက္ဆက္မွာအသဲၾကားကမဲတစ္ျပားေတြ ကြၽန္ေတာ္က ေျပာတာ ေနာက္သလိုလို ေျပာင္သလိုလိုေျပာတာလဲပါတယ္။ အသည္းၾကားက မဲတစ္ျပားနဲ႔ဆိုၿပီး စဥ္းစားခဲ့တဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္တို႔ အသည္းေတြလည္းရခဲ့ရၿပီ။ အသည္းေတြလည္း ကြဲခဲ့ရၿပီ။ ဒီေန႔ဒီအခ်ိန္အခါမွာကေတာ့ အသည္းၾကားက မဲတစ္ျပားကို ခင္ဗ်ားတို႔ မလုပ္နဲ႔ဗ်ာဆိုၿပီး ျပည္သူကို ေျပာလို႔မရဘူး။ ျပည္သူအားလုံးကလည္း လူပဲ။ ကြၽန္ေတာ္တို႔ကလည္း လူပဲ။ လူတိုင္းမွာ ခံစားခ်က္ဆိုတာရွိတယ္။ စြဲလမ္းမႈဆိုတာလည္း ရွိတယ္။ ယုံၾကည္မႈဆိုတာလည္းရွိတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ သမိုင္းကို သက္ေသတည္ၿပီးေတာ့ ဒီကေန႔ျဖစ္ေနတဲ့အေျခအေနက အနာဂတ္ကို ပိုေကာင္းေအာင္ဆိုရင္ ႏွလုံးသားနဲ႔ ခံစားၿပီးေတာ့မွ ဦးေႏွာက္နဲ႔ စဥ္းစားစဥ္ဆင္ၿပီး ဆုံးျဖတ္ၿပီး မဲေပးေပးပါလို႔ ကြၽန္ေတာ္က ေပါက္ေခါင္းျပည္သူမ်ားကို တျပည္လုံးမွာရွိတဲ့ျပည္သူေတြကိုပါ ကြၽန္ေတာ္က ေမတၱာရပ္ခံထားတာ။ ဒါလည္း စဥ္းစားၾကည့္ရင္ ဒီမဲေ႐ြးခ်ယ္ပြဲမွမဟုတ္ပါဘူး။ ဘယ္ေနရာမွာပဲျဖစ္ျဖစ္ ဘယ္electionမွာပဲျဖစ္ျဖစ္သြားရင္ ဒီလိုပဲစဥ္းစားဆုံးျဖတ္မႈသြားရင္ မွန္ကန္တဲ့ေ႐ြးခ်ယ္မႈတစ္ရပ္ကို ရမယ္လို႔ ကြၽန္ေတာ္ကေတာ့ ယုံၾကည္ပါတယ္။
ေမး-ဦးမ်ိဳးေဇာ္သိမ္း ရဲ႕ဘ၀ ျဖတ္သန္းမႈမွာ ႏိုင္ငံေတာ္အတြက္ တပ္မေတာ္ထိပ္တန္းေခါင္းေဆာင္ရာထူးေတြလည္း ထမ္းေဆာင္ဖူးတယ္။ အမည္းစက္လည္း စြန္းစြန္းထင္ထင္ သိပ္မၾကားရဘူး။ ႏွစ္ေပါင္း(၄၀)နီးပါး တိုင္းျပည္အတြက္ က်ရာအခန္းက႑ကေန ပါဝင္ခဲ့ၿပီးၿပီ။ အခု နားမယ္ဆိုရင္ နားလည္း နားလို႔ ရေနၿပီ။ ဘာေၾကာင့္ မနားႏိုင္ေသးတာလဲ။ ကိုယ့္ဘာသာကိုယ္ ေအးေအးေဆးေဆး ေနလို႔ ရပါလွ်က္နဲ႔ ဒီေန႔ေခတ္လိုမ်ိဳး ေခတ္ပ်က္ႀကီးထဲမွာ အဆဲခံအဆိုခံ၊ ေစာ္ကားပုတ္ခတ္ခံရမႈေတြ ရွိေနႏိုင္တဲ့ ႏိုင္ငံေရးေလာကထဲကို ဘာေၾကာင့္ ဝင္ပါေနျဖစ္ေသးတာလဲ။
ေျဖ-အဲဒီေတာ့ ကြၽန္ေတာ္က ႏိုင္ငံေရး တပ္မေတာ္ထဲမွာဆိုရင္ေတာ့ ဘာပဲေျပာေျပာေပါ့ေလ ဒုတိယဗိုလ္ခ်ဳပ္ႀကီးအဆင့္နဲ႔ ကြၽန္ေတာ္ ေနာက္ဆုံးတာဝန္ထမ္းေဆာင္ခဲ့တဲ့ရာထူးက အဆင့္ကေတာ့ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာထူးက်ေတာ့ စစ္ေရးခ်ဳပ္ေပါ့။ အဲဒီကေနၿပီး ကြၽန္ေတာ္ အၿငိမ္းစားယူခဲ့တယ္။ ကြၽန္ေတာ္ အၿငိမ္းစားယူစဥ္ကာလတုန္းက ကြၽန္ေတာ္က အသက္(၆၀)ျပည့္ဖို႔ ေတာ္ေတာ္လိုေသးတယ္။ အဲဒီအအခ်ိန္မွာ ကြၽန္ေတာ္က သက္တမ္းျပည့္ၿပီးေတာ့မွ ကြၽန္ေတာ္က ႏိုင္ငံေရးနယ္ပယ္ထဲကို ကူးတာမဟုတ္ဘူး။ ကြၽန္ေတာ္ရဲ႕ ဝန္ထမ္းတစ္ေယာက္ရဲ႕ ပင္စင္သြားဖို႔ သက္တမ္းကာလ အေတာ္လိုတဲ့အခ်ိန္မွာပဲ ကြၽန္ေတာ္က အၿငိမ္းစားယူၿပီးေတာ့မွ ႏိုင္ငံေရးနယ္ပယ္ထဲကို ကြၽန္ေတာ္က ဝင္ခဲ့တာ။ အဲဒီေတာ့ ဒါက တစ္ပိုင္းေပါ့။ အသက္အ႐ြယ္အားျဖင့္ ဒီေန႔အခ်ိန္အခါမွာ ကြၽန္ေတာ္အသက္အ႐ြယ္အပိုင္းအျခားအရ ကြၽန္ေတာ္တို႔ (၆၀)နားနီးနီးေပါ့ ကြၽန္ေတာ္တို႔က ျဖစ္ေနၿပီ။ အဲဒါဆိုေတာ့ ကြၽန္ေတာ္က ငယ္သလားဆိုေတာ့ မငယ္ေတာ့ဘူး။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ရဲ႕ ႏိုင္ငံရဲ႕ Trend အရရယ္ ကြၽန္ေတာ္ရဲ႕ လက္ရွိအေျခအေနမွာ အေတြ႕အႀကဳံ၊ က်န္းမာမႈအေျခအေန၊ စြမ္းေဆာင္ႏိုင္မႈအေျခအေနက မိမိကိုယ္ကိုယ္ယုံၾကည္ေပါ့ေနာ္ ဒီအေနအထားအရ ဒီအေျခအေနမွာ ေ႐ြးေကာက္ပြဲဝင္ၿပီးေတာ့မွ ကိုယ့္ေဒသအက်ိဳး၊ ကိုယ့္ၿမိဳ႕ ကိုယ့္႐ြာအက်ိဳး၊ ကိုယ့္ႏိုင္ငံအက်ိဳးကို ငါလုပ္ႏိုင္ေသးတယ္ဆိုတဲ့ ကြၽန္ေတာ္ရဲ႕ခိုင္မာတဲ့ယုံၾကည္ခ်က္တစ္ခုနဲ႔ ကြၽန္ေတာ္သည္ ဝင္ေရာက္ေ႐ြးခံျခင္းျဖစ္ပါတယ္။ ဒီမွာ ကြၽန္ေတာ္က ငါဘာရလိုစိတ္နဲ႔ ကြၽန္ေတာ္တို႔ ငါဘာလုပ္ေပးရတယ္။ ခုနက ကြၽန္ေတာ္ေျပာခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ျပည္သူေတြအတြက္၊ ကြၽန္ေတာ္တို႔ၿမိဳ႕အတြက္၊ ကြၽန္ေတာ္တို႔႐ြာအတြက္ ငါဘယ္လိုလုပ္ေပးႏိုင္မလဲဆိုတာကို ကြၽန္ေတာ္ ဦးတည္ၿပီး ကြၽန္ေတာ္ စဥ္းစားၿပီး ကြၽန္ေတာ္ သြားၿပီးလုပ္ေနတာပါ။ ဒါေၾကာင့္ ကြၽန္ေတာ္ ကတိနဲ႔သြားတာမဟုတ္ဘူး။ လိုခ်င္လို႔ ဟိုနင္းျဖစ္တာမဟုတ္ဘူး။ အခုလုပ္ေနတာသည္ ကြၽန္ေတာ္တို႔အေနနဲ႔ ခုန ကြၽန္ေတာ္ ေျပာခဲ့တဲ့ ခန႔္မွန္းလို႔ရလာလိမ့္မယ္။ ဒီအတိုင္းအတာနဲ႔ဆိုတဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္အေနနဲ႔ ဒီအေပၚမွာ သီးျခားႀကီး ေျပာစရာေတာ့မရွိပါဘူး။
ေမး- လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္သြားရင္ ဘာေတြလုပ္ေပးႏိုင္မလဲ။ ေပါက္ေခါင္းအတြက္ ဦးမ်ိဳးေဇာ္သိမ္း က မရွိမျဖစ္လား။ ဦးမ်ိဳးေဇာ္သိမ္းက ေပါက္ေခါင္းအတြက္လား၊ ေပါက္ေခါင္းက ဦးမ်ိဳးေဇာ္သိမ္းအတြက္လား။
ေျဖ-အဲဒီေတာ့ဗ်ာ သူ႔လိုကိုယ့္လိုမျဖစ္ဖို႔ ကြၽန္ေတာ္တို႔က ႀကိဳးစားၿပီးေတာ့မွ ကြၽန္ေတာ္ ဒီမွာ ပါဝင္ယွဥ္ၿပိဳင္ေနပါတယ္။ မၾကာမီ ရက္ပိုင္းေပါ့ (၁၁)ရက္ေန႔မွာ ဇန္နဝါရီလ (၁၁)ရက္ေန႔မွာ ကြၽန္ေတာ္တို႔ ေပါက္ေခါင္းၿမိဳ႕နယ္က ဒုတိယပိုင္း ကြၽန္ေတာ္တို႔ ၿမိဳ႕နယ္(၁၀၀)မွာပါဝင္တဲ့အတြက္ေၾကာင့္ (၁၁)ရက္ေန႔မွာ ျပည္သူအားလုံးမဲေပးဆုံးျဖတ္ၾကမွာ ျဖစ္ပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ္က လႊတ္ေတာ္ကိုယ္စားလွယ္တစ္ေယာက္ျဖစ္ရင္ ဘာလုပ္ေပးႏိုင္မလဲဆိုတာၾကေတာ့ ကြၽန္ေတာ္သည္ လက္ရွိအေျခအေနမွာ ႏိုင္ငံေရးပါတီတစ္ခုရဲ႕ ဦးေဆာင္သူအဆင့္မွာပါတယ္။ ဒုတိယအလုပ္တာဝန္ထမ္းေဆာင္ေနတယ္။ ကြၽန္ေတာ္ ဘာလုပ္ေပးႏိုင္လဲဆို ကြၽန္ေတာ္လုပ္ေပးႏိုင္တာအားလုံး ကြၽန္ေတာ္ရဲ႕ စြမ္းေဆာင္ႏိုင္မႈေတြ ကြၽန္ေတာ္ အမ်ားႀကီးလုပ္ေပးတာေပါ့။ လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္သြားၿပီဆို မတူညီတဲ့ သေဘာသဘာဝေတြေပါ့။ လြတ္ေတာ္အတြင္းမွာ လႊတ္ေတာ္ဆိုတာကေတာ့ ကြၽန္ေတာ္တို႔ကေတာ့ အဓိကကေတာ့ ဥပေဒျပဳေရးကို အဓိကသြားတာေပါ့။ မ႑ိဳင္ကေတာ့ သို႔ရာတြင္ ကြၽန္ေတာ္တို႔ အျပန္အလွန္ထိန္းေက်ာင္းဖို႔ေပါ့ေနာ္။ အစိုးရနဲ႔ လႊတ္ေတာ္၊ လႊတ္ေတာ္နဲ႔ အစိုးရ အျပန္အလွန္ထိန္းေက်ာင္းဖို႔ဆိုတဲ့သေဘာသဘာဝေတြကေတာ့ ရွိတာေပါ့။ ထိန္းေက်ာင္းဖို႔နဲ႔ ပြတ္တိုက္မႈနဲ႔ မတူဘူး။ ကြၽန္ေတာ္တို႔က ပြတ္တိုက္မႈကို အဓိက မဟုတ္ပါဘူး။ အျပန္အလွန္ထိန္းေက်ာင္းမႈဆိုတာနဲ႔ သြားမယ္။ အဲဒီကေနၿပီးေတာ့ ကိုယ့္ရပ္၊ ကိုယ့္နယ္၊ ကိုယ့္ေဒသရဲ႕ လိုအပ္ခ်က္ေတြကိုလည္း ကြၽန္ေတာ္တို႔ အပါအဝင္ေပါ့ တစ္ႏိုင္ငံလုံးမွာရွိေနတဲ့အဓိကဦးစားေပးေပါ့။ ဥပမာအားျဖင့္ ကြၽန္ေတာ္တို႔ ဒီမွာ ကြၽန္ေတာ္ၿမိဳ႕မွာဆိုရင္ သြားရင္းလာရင္းနဲ႔ ကြၽန္ေတာ္ကို ဒါေလးေတြ အကူအညီေတာင္းၾကတယ္။ ကူညီႏိုင္တာေလးေတြ ကူညီၿပီးေတာ့ ကြၽန္ေတာ္တို႔ ကူညီတယ္ဆိုတာက ေရာ့ အင့္ လုပ္တာမဟုတ္ပါဘူးခင္ဗ်ာ။ ေပါင္းစပ္ညႇိႏႈိင္းေပးလိုက္တာ။ ေပါင္းစပ္ညႇိႏႈိင္းေပးလိုက္တဲ့အခါက်ေတာ့ ဒါေလးေတြက သူတို႔ေဒသလိုအပ္ခ်က္‌ေလးေတြက တည့္သြားတာေပါ့။ တခ်ိဳ႕ဟာမွာဗ်ာ ကြၽန္ေတာ္တို႔က ေဒသ နယ္ေဒသေတြမွာ အမ်ားစုက ႏိုင္ငံဝန္ထမ္းေတြရဲ႕ သူ႔ဌာနနဲ႔သူဟာသူရွိတယ္။ သူလည္း သူ႔ရဲ႕ လုပ္ထုံးလုပ္နည္းလုပ္ေဘာင္နဲ႔ သူတို႔က ေဒသေတြ ဖြံ႕ၿဖိဳးတိုးတက္ေအာင္ေဆာင္႐ြက္ေနၾကတယ္။ ေဒသကလည္း သူ႔လိုခ်င္တာေတြရွိတယ္။ အဲဒီႏွစ္ခုက အံဝင္ခြင္က်မျဖစ္ဘူးဆိုရင္ မရဘူးဗ်ာ။ အခု ကြၽန္ေတာ္ေရာက္ၿပီးေတာ့ ေရာက္တဲ့အခ်ိန္ေပါင္းေတြမ်ားလာေတာ့ ၿမိဳ႕ရဲ႕လိုအပ္ခ်က္ေတြ အျခားဘာေတြလုပ္ေပးေနရလည္းဆိုတာ ကြၽန္ေတာ္ေလ့လာတယ္။ ဟုတ္ၿပီ ဒီ႐ြာကေတာ့ ေရရွားေနတဲ့ေနရာမွာ လမ္းေဖာက္ေပး႐ုံနဲ႔ ဘယ္ဟာဦးစားေပးရမလဲ။ ကြၽန္ေတာ္တို႔ ဒါက ဟုတ္ၿပီ သူတို႔က တကယ္ေရလိုေနတာ။ အဲဒါဆိုရင္ေတာ့ဗ်ာ ဒီဘက္ကဌာန သက္ဆိုင္ရာဌာနလူႀကီးမင္းမ်ားခင္ဗ်ာ ဒီေနရာမွာ ေရေလးကိုဦးစားေပးလုပ္ေပးႏိုင္လို႔ဆိုရင္ အခက္အခဲရွိပါ့မလားဗ်ာ။ အဲဒီလိုဆိုရင္ သူတို႔က ေရလိုရင္ ကြၽန္ေတာ္တို႔က ေရေျပာင္းေပးလို႔ရ အဲဒါေလးေတြ ေဆာင္႐ြက္ေပးလိုက္ျခင္းအားျဖင့္ ေဒသကလည္း လိုအပ္တာေလးေတြရလာတဲ့အခါက်ေတာ့ ေက်းဇူးတင္တာေပါ့ ကြၽန္ေတာ့္ကိုလည္း။ ကြၽန္ေတာ္က ကြၽန္ေတာ္လည္း ဝမ္းသာရပါတယ္။ ကြၽန္ေတာ္တို႔က ေပါင္းစပ္ညႇိႏႈိင္းေပးႏိုင္တယ္။ ဒါက လက္ရွိအခ်ိန္ပါ။ လႊတ္ေတာ္ထဲေရာက္ၿပီဆိုရင္ေတာ့ ဒီထက္ပိုၿပီးေတာ့မွဗ်ာ တစ္ႏိုင္ငံရဲ႕လိုလားတာလုပ္ႏိုင္မွာေပါ့။ ဥပမာအားျဖင့္ ေတာင္းဆိုတာေတြကေတာ့ နယ္တိုင္းသြားရင္ တစ္ေယာက္တစ္မ်ိဳးမတူၾကဘူး။ ဟိုကလမ္းေပးပါအုံး။ ဒီကတံတားေလးလုပ္ေပးပါအုံး။ ဒီကေရမလာလို႔ မီးမရလို႔ ဒါေတြအမ်ားႀကီးပဲရွိပါတယ္။ ေတြ႕ရတယ္။ ကြၽန္ေတာ္က အဲဒီမွာ သူတို႔ကရွင္းျပတယ္။ ဥပမာအားျဖင့္ေပါ့ဗ်ာ ကြၽန္ေတာ္တို႔က လမ္းပဲေျပာၾကမယ္ဗ်ာလို႔။ ေပါက္ေခါင္း-ျပည္ကားလမ္းႏွင့္ ေပါက္ေခါင္းႏွင့္ ဒီဘက္က ေတာင္လယ္ဆိုတဲ့ဟာနဲ႔ ဒါမွမဟုတ္ရင္ ဓမၼေသာ္ဆိုတဲ့ေနရာနဲ႔ လမ္းေၾကာင္း ခ႐ိုင္ခ်င္းစပ္လမ္း ဒီက ျပည္ေထာင္စုလမ္း ဘယ္ဟာဦးစားေပးရမလဲဆို ျပည္ေထာင္စုလမ္းႀကီး အရင္ဆုံးေကာင္းဖို႔လုပ္ရမယ္။ ျပည္ေထာင္စုလမ္းကႀကီးေကာင္းၿပီးသြားရင္ ခ႐ိုင္ခ်င္းစပ္လမ္းေတြေကာင္းေအာင္လုပ္ရမယ္။ ခ႐ိုင္ခ်င္းစပ္လမ္းေတြေကာင္းရင္ ခ႐ိုင္ရဲ႕ေဘးဘယ္ညာမွာရွိတဲ့လမ္းေတြ ႐ြာခ်င္းစပ္လမ္းေတြေကာင္းေအာင္လုပ္ရမယ္။ အဲဒီလိုအဆင့္ဆင့္ေတာ့ကြာတာေပါ့။ ဒါေပမဲ့ ႏိုင္ငံေတာ္ကလည္း အဲဒါေတြကိုလိုခ်င္ရင္ တို႔အဆင္ဘယ္ေတာ့ေလာက္ေရာက္မလဲဆိုတာကိုထင္မွာေပါ့။ မဟုတ္ပါဘူး။ မွ်ၿပီးေဆာင္႐ြက္ေပးတယ္။ အဲဒါကို ဘယ္လိုလုပ္ေပးလဲဆိုတဲ့ သေဘာသဘာဝေတြ သိဖို႔လိုတာေပါ့ဗ်ာ အဓိကကေတာ့။ အဲဒီလိုမ်ိဳးကြၽန္ေတာ္ေပါင္းစပ္တယ္။ ကိုယ္သာ ဒီလိုမ်ိဳး လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းျဖစ္သြားရင္ ဒါေတြပိုၿပီးေတာ့မွ လုပ္ေဆာင္ႏိုင္ဖို႔ အရည္အသြးက ပိုျမင့္လာမွာေပါ့။ ဒါကေတာ့ တစ္ခ်က္။ ေနာက္တစ္ခ်က္ကေတာ့ ဦးမ်ိဳးေဇာ္သိမ္းက ေပါက္ေခါင္းအတြက္လား။ ေပါင္ေခါင္းက ဦးမ်ိဳးေဇာ္သိမ္းအတြက္လားဆိုေတာ့ တကယ္တမ္းကေတာ့ဗ်ာ ေျပာစရာမလိုတဲ့ စကားတစ္ခုလို႔ ကြၽန္ေတာ္က ေျပာရလိမ့္မယ္။ ကြၽန္ေတာ္က ကြၽန္ေတာ္မွာ အျခားအျခားေသာေနရာမွာ တကယ္ကိုပဲ အခြင့္အလမ္းေတြရွိတာကို ကိုယ့္ဇာတိေျမေပါ့ ခင္ဗ်ားတို႔ေျပာသလိုေပါ့ ေပါက္ေခါင္းက ဘာျဖစ္ေနတယ္ မဟုတ္ပါဘူး။ အဲဒီလိုေတာ့မဆိုးပါဘူး။ ကိုယ့္ရပ္ကိုယ္ဇာတိကို ကြၽန္ေတာ္ ဖြံ႕ၿဖိဳးတိုးတက္မႈကို ေဒသမွာရွိတဲ့ ျပည္သူေတြ ေဒသမွာရွိတဲ့ ျပည္သူေတြအားလုံးနဲ႔အတူ ကိုယ့္ၿမိဳ႕ကိုယ့္႐ြာကို ဖြံ႕ၿဖိဳးတိုးတက္ေအာင္လုပ္ခ်င္တယ္။ ကြၽန္ေတာ္ေရာက္တဲ့ေနရာအားလုံးမွာလည္း ျပည္သူအာလုံးနဲ႔စကားေျပာတယ္။ ကြၽန္ေတာ္တစ္ေယာက္တည္းေျပာလို႔မရဘူး။ ကြၽန္ေတာ္နဲ႔အတူတူဝိုင္းၿပီးလုပ္မဲ့လူေတြလည္းလိုတယ္။ ၿပီးရင္ ျပည္သူေတြအားလုံးကလည္း ဝိုင္းၿပီးပူးေပါင္းေဆာင္႐ြက္မွ ကြၽန္ေတာ္တို႔ၿမိဳ႕တိုးတက္မယ္။ တက္ညီလက္ညီ ကြၽန္တာ္တို႔လုပ္မွရမယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔က ကြၽန္ေတာ္အတြက္ေတာ့ ကြၽန္ေတာ္ ေပါက္ေခါင္းကိုလာတာေတာ့မဟုတ္ဘူး။ ဒါကေတာ့ ကြၽန္ေတာ္ ၁၀၀ရာခိုင္ႏႈန္း မဟုတ္ဘူး ၂၀၀ရာခိုင္ႏႈန္း အာမခံလို႔ရတယ္။ ေပါက္ေခါင္းအတြက္ကိုပဲ ကြၽန္ေတာ္က လာတာျဖစ္တယ္။ ေပါက္ေခါင္းအတြက္ကို ဦးမ်ိဳးေဇာ္သိမ္းျဖစ္ပါတယ္။ ဦးမ်ိဳးေဇာ္သိမ္းအတြက္ကို ေပါက္ေခါင္းလာတာမဟုတ္ပါဘူး။ ကြၽန္ေတာ္ရဲ႕ ဗာတိဗ်ာ။ လူတိုင္းက ဇာတိေျမကို ခ်စ္ခင္ႏွစ္သက္ၾကတာပဲ။ ဖြံ႕ၿဖိဳးေစခ်င္ ေအာင္ျမင္ေစခ်င္တာေပါ့။ ဒါေၾကာင့္မလို႔ ကြၽန္ေတာ္ရဲ႕အေျဖက ကိုယ့္ဇာတိေျမအတြက္ကိုေတာ့ ကြၽန္ေတာ္အေကာင္းဆုံးလုပ္ေပးခ်င္တဲ့အတြက္ေၾကာင့္ ေပါက္ေခါင္းအတြက္ကို ကြၽန္ေတာ္ေရာက္လာတယ္လို႔ ကြၽန္ေတာ္က ေျပာခ်င္ပါတယ္ခင္ဗ်ာ။
ေမး- ေပါက္ေခါင္းျပည္သူေတြက ဦးမ်ိဳးေဇာ္သိမ္းကို မဲေပးေ႐ြးခ်ယ္လိုက္ၿပီပဲ ဆိုၾကပါစို႔။ လႊတ္ေတာ္ထဲ ေရာက္သြားရင္ လက္ညိဳးေထာင္ေခါင္းညိမ့္ အမတ္မ်ိဳးမျဖစ္ဘူးလို႔ အာမခံ ႏိုင္လား။ ပုတ္သင္ညိဳလို အေရာင္အမ်ိဳးမ်ိဳး ေျပာင္းမယ့္ ကိုယ္စားလွယ္မ်ိဳး မျဖစ္ဘူးလို႔ ေျပာႏိုင္လား။
ေျဖ-ႏွစ္ခုလုံးကို ကြၽန္ေတာ္အာမခံလို႔ရတယ္။ ကြၽန္ေတာ္က ကြၽန္ေတာ္ျဖတ္သန္းခဲ့ရတဲ့ဘဝအေတြ႕အႀကဳံအရ ကြၽန္ေတာ္ အခု ရပ္တည္ခဲ့ရတဲ့ေနရာမွာ ကြၽန္ေတာ္က ဘာကိုအဓိက ဦးစားေပးလဲဆို ကြၽန္ေတာ္က အေျခအေနအမွန္ေတြကို သိေအာင္ ကြၽန္ေတာ္က ႀကိဳးစားတယ္။ ေျပာရရင္ေတာ့ ကြၽန္ေတာ့္မွာ ကြၽန္ေတာ္ေဆာင္ထားတဲ့ဟာေလးရွိတာေပါ့။ အမွန္ကိုသိေအာင္ ကြၽန္ေတာ္ႀကိဳးစားတယ္။ အမွန္သိမွ အသိမွန္မယ္။ အသိမွန္မွ အေတြးမွန္မယ္။ အေတြးမွန္မွ ဆုံးျဖတ္တာမွန္မယ္။ ဆုံးျဖတ္တာမွန္မွ လုပ္တာမွန္မယ္။ လုပ္တာမွန္မွ ေအာင္ျမင္မႈရမယ္ဆိုတဲ့ ကြၽန္ေတာ့္ရဲ႕ concept ေလး ကြၽန္ေတာ္မွာရွိတယ္။ ကြၽန္ေတာ္ရဲ႕ concept ေပါ့ေနာ္။ အဲဒီအတြက္ေၾကာင့္ ကြၽန္ေတာ္က ဘာလဲဆိုေတာ့ အခု ကြၽန္ေတာ္ အေျခအေနအမွန္ေတြအားလုံးကို ကြၽန္ေတာ္က သိေအာင္ေဆာင္႐ြက္တယ္။ လက္ညႇိဳးေထာင္ေခါင္းညႇိမ့္ဆိုတဲ့စကားကေတာ့ မသင့္ေတာ္ဘူးလို႔ ကြၽန္ေတာ္ယူဆပါတယ္။ ျပည္သူအတြက္ကို မွန္မွန္ကန္ကန္နဲ႔ ရပ္တည္တဲ့ကိုယ္စားလွယ္ေလာင္းတစ္ေယာက္အေနနဲ႔ ကြၽန္ေတာ္က ေဆာင္႐ြက္ေပးမွာပါ။ ျပည္သူဘက္ကရပ္ၿပီးေတာ့မွ ႏိုင္ငံဘက္ကေန ကြၽန္ေတာ္က ႏိုင္ငံနဲ႔ျပည္သူအတြက္ကို ေဆာင္႐ြက္ခ်င္တာျဖစ္ပါတယ္။ ဒါေၾကာင့္မလို႔ ႏိုင္ငံရဲ႕အက်ိဳးစီးပြား ျပည္သူရဲ႕အက်ိဳးစီးပြားအတြက္ကို ေရွးရႈၿပီးေတာ့မွ မွန္ကန္စြာရပ္တည္ဖို႔အတြက္ကို ကြၽန္ေတာ္တို႔က ကြၽန္ေတာ္ယုံၾကည္စြာနဲ႔ ခံယူထားတယ္။ လြယ္လြယ္နဲ႔အေရာင္ေျပာင္းသြားတဲ့ ပုတ္သင္ညိဳဆိုတာ ကြၽန္ေတာ္က ထမ္းေဆာင္တဲ့ တာဝန္ေတြအရ ကြၽန္ေတာ္တို႔က ဆိုခဲ့ဖူးတဲ့သစၥာေတြလည္းရွိပါတယ္။ ဒီဟာေတြေပၚမႈတည္ၿပီးရပ္တည္ခဲ့တယ္ဆိုတာသည္ ေသခ်ာတာတစ္ခုကေတာ့ ကြၽန္ေတာ္သည္ မိမိႏိုင္ငံေတာ္ကို ဘယ္ေတာ့မွ သစၥာေဖာက္မဲ့သူ မဟုတ္ဘူးဆိုတာ တစ္ခ်က္တည္းနဲ႔ ကို ခုနကအခ်က္ကလုံေလာက္မယ္လို႔ ယူဆပါတယ္ဗ်ာ ။
ေမး - ေနာက္ဆုံးေမးခြန္းပါဗ်။ ေပါက္ေခါင္းျပည္သူေတြက ဘယ္လိုမ်ိဳးနဲ႔ ထိုက္တန္ပါသလဲ ။ ဦးမ်ိဳးေဇာ္သိမ္းလို လူမ်ိဳးလား။ ဉီးမ်ိဳးေဇာ္သိမ္းထက္ ပို‌ေတာ္ ၊ ပိုလုပ္ေပးႏိုင္မယ့္ လူမ်ိဳးလား ။ ဘယ္လိုထင္ပါသလဲ ။ ျပည္သူလူထုကို ဘယ္လိုသတင္းစကားမ်ိဳးပါးခ်င္ပါသလဲ။
ေျဖ - ေမးခြန္မွာေတာ့ နည္းနည္းလိုအပ္ခ်က္ ရွိတယ္လို႔ကြၽန္ေတာ္ေျပာခ်င္ပါတယ္။ ကြၽန္ေတာ္တို႔က ဦးမိုးေဇာ္သိန္းနဲ႔ ထိုက္တန္လား။ ဒီလိုေမးခြန္းေပါ့ ။ ဦးမိုးေဇာ္သိန္းနဲ႔ ထိုက္တန္လားေပါ့။ ခုန ကြၽန္ေတာ္ျပတဲ့ ကြၽန္ေတာ့္ မဲဆႏၵရွင္ေတြကို ဒီဟာေလးနဲ႔ ကြၽန္ေကေျပာပါတယ္။ ကြၽန္ေတာ္ခုနေျပာသလို ႏွလုံးသားနဲ႔ ခံစားပါ ။ ဥပမာ ဆိုပါစို႔ ဗ်ာ ။ ဒါကြၽန္ေတာ္ရဲ႕ ပန႔္ဖလပ္ေလးဆိုပါေတာ့။ ဒါကြၽန္ေတာ့္ ကို ခင္မင္ရင္းႏွီးၾကတဲ့ ခ်စ္ခင္ၾကတဲ့သူေတြေတာ္ေတာ္မ်ားမ်ားေတြ႕ၾကပါတယ္။ အဲဒါေၾကာင့္ လူပုဂၢိဳလ္ တစ္ဦးက မ်ိဳးေဇာ္လို႔ဆိုလိုက္တာနဲ႔ ဟ မ်ိဳးေဇာ္ေဟ့ဆိုတာမ်ိဳးနဲ႔ ရွိၾကတာပဲ။ ေတြ႕ရတာပဲ ။ ဒါေပမယ့္ ဒီတစ္ခုတည္း စုထည့္လို႔မျဖစ္ဘူး ။ ဒါကႏွလုံးသားနဲ႔ ခံစားတဲ့ဟာ။ မ်ိဳးေဇာ္က ခုနဒီမွာေရးထားသလို ဒီအခ်က္အလက္ေတြနဲ႔ ကိုက္ညီသလား။ ၾကည့္ေပးပါ။ ဦးမ်ိဳးေဇာ္သိန္းက ဒီအခ်က္ေတြနဲ႔ ကိုက္ညီလားၾကည့္ေပးပါ။ ႏႈိင္းယွဥ္ၿပီးဆုံးျဖတ္ပါ။ အကယ္၍မ်ားေပါ့။ တစ္စုံတစ္ေယာက္က ဦးမ်ိဳးေဇာ္သိမ္း ထက္ေတာ္တယ္။စြမ္းေဆာင္တဲ့ အရည္အေသြး ေတြျမင့္တယ္။ စိတ္ေစတနာလည္းကြၽန္ေတာ့္ထက္ပိုေကာင္းတယ္။ ေနာက္ခံသမိုင္းေၾကာင္းလည္း ကြၽန္ေတာ့္ထက္ပိုေကာင္းတယ္။ ႏိုင္ငံေဒသအက်ိဳးကိုသယ္ပိုးတာ ကြၽန္ေတာ့္ထက္ပိုေကာင္းတယ္။ အေတြ႕အႀကဳံနဲ႔ အစဥ္အလာေတြလည္းေကာင္းတယ္။ ကိုယ့္ရဲ႕ ေပါက္ေခါင္း ၊ ကိုယ့္ၿမိဳ႕ ၊ ကိုယ့္‌ေဒသ ကို အမွန္တကယ္ ေဖာ္ေဆာင္ႏိုင္တာကြၽန္ေတာ့္ထက္အရမ္းႀကီးကို သာလြန္ၿပီး သူ႔ကိုေ႐ြးရင္ ကြၽန္ေတာ္လက္ခံရမွာေပါ့။ ဒါေတြကို ျပည္သူက ဆုံးျဖတ္ပါလိမ့္မယ္။ ကြၽန္ေတာ္နဲ႔ အတူပါဝင္ယွဥ္ၿပိဳင္မယ့္သူ ေနာက္ထပ္ (၇) ဦးရွိပါတယ္။ အားလုံးက ကိုယ္စားလွယ္ေလာင္းခ်ည္းပါပဲ ။ ကြၽန္ေတာ္တို႔က ဘာပဲေျပာေျပာေပါ့ ။ ကြၽန္ေတာ္တို႔ ေပါက္ေခါင္းၿမိဳ႕ ရဲ႕ မဲ ဆႏၵရွင္ေတြဟာ ႏိုင္ငံေရး ေရခ်ိန္ျပည့္ပါတယ္လို႔ ကြၽန္ေတာ္ေျပာခဲ့တာရွိပါတယ္။ ႏိုင္ငံေရးေရခ်ိန္ျမင့္တယ္ဗ် ။ ဒါေၾကာင့္သူတို႔ရဲ႕ ဆုံးျဖတ္မႈက ဒီေန႔ ဒီခ်ိန္ကာလမွာေတာ့ အမွန္တကယ္ပဲ ႏွလုံးသားနဲ႔လည္းခံစားမယ္ ။ ဦးေႏွာက္ နဲ႔ စဥ္းစားဆင္ျခင္ၿပီးဆုံးျဖတ္ၿပီးေတာ့မွ မွန္မွန္ကန္ကန္နဲ႔ ေ႐ြးျခယ္ႏိုင္လိမ့္မယ္လို႔ ကြၽန္ေတာ္ ယုံၾကည္ပါတယ္။ ဘယ္သူ႔ကို ေ႐ြးျခယ္ရမယ္ဆိုတာ ကြၽန္ေတာ္ကဆုံးျဖတ္ရမွာမဟုတ္ဘူး။ ကြၽန္ေတာ့္ကို ေ႐ြးျခယ္သင့္ျခင္း မေ႐ြးျခယ္သင့္ျခင္း ဆိုတဲ့ အခ်က္အလက္ကို ျပည္သူက ဆုံးျဖတ္ေပးပါ ။ ကြၽန္ေတာ့္ရဲ႕ လုပ္ေဆာင္ခ်က္ေတြအားလုံးကို ကြၽန္ေတာ္မေျပာေတာ့ဘူးေလ။ ကြၽန္ေတာ္ေျပာစရာလည္းမလိုေတာ့ဘူးထင္ပါတယ္။ ဒါေၾကာင့္ ျပည္သူက လာမယ့္ (၁၁)ရက္ေန႔ဆိုရင္ ဆုံျဖတ္သြားပါလိမ့္မယ္ လို႔ ကြၽန္ေတာ္ဒါေလးေျပခ်င္ပါတယ္ ဗ်ာ။
ေမး - ဘာမ်ားျဖည့္စြက္ၿပီးေျပာခ်င္ပါလဲ ခင္ဗ်ာ ။
ေျဖ -ေျပာရရင္ေတာ့ ဒီႏွစ္ က်င္းပမယ့္ ေ႐ြးေကာက္ပြဲကို ပါတီရဲ႕ ဉီးေဆာင္မႈ တစ္ေယာက္အေနနဲ႔ ကြၽန္ေတာ္ပါဝင္ယွဥ္ၿပိဳင္မွာေပါ့ေနာ္။ ကြၽန္ေတာ္လည္းႏိုင္ငံေရးကို အင္မတန္မွဝါသနာပါပါတယ္။ စိတ္ဝင္စားပါတယ္။ မိဘမ်ိဳး႐ိုးကလည္းႏိုင္ငံေရးမ်ိဳး႐ိုး ျဖစ္တဲ့အတြက္ ေၾကာင့္ ကြၽန္ေတာ္ဝင္ၿပိဳင္တယ္။ အေရွ႕မွာလည္းကြၽန္ေတာ္ေျပာခဲ့တယ္။ ကြၽန္ေတာ္မွာ အျခား ေအးေအးခ်မ္းခ်မ္းနဲ႔ ျဖတ္ေက်ာ္လို႔ရမယ့္နယ္ေျမေတြကို ကြၽန္ေတာ့္ကို ပါတီေတြကလည္းေပးပါတယ္။ ေဒသေတြကလည္းဖိတ္ေခၚတဲ့ ၾကားကေနၿပီး ကြၽန္ေတာ္ဘာလိုလာသလဲ။ ကြၽန္ေတာ့္ၿမိဳ႕ကို ကြၽန္ေတာ္ အရမ္းဖြံ႕ၿဖိဳးခ်င္တယ္။ ကြၽန္ေတာ့္အေဖဆိုလည္း ၿမိဳ႕မွာဦးေဆာင္ၿပီး ေတာ့ေဆာင္႐ြက္ခဲ့တယ္။ အေဖ့တုန္းကမျဖစ္ခဲ့တဲ့ဟာ အခုကြၽန္ေတာ္တတ္ႏိုင္သမွ် ႀကိဳးစားၿပီး ကြၽန္ေတာ္ကူညီေဆာင္႐ြက္ၿပီးေတာ့မွ ဝိုင္းလုပ္ေပးတာေတြရွိတယ္။ ျဖစ္လည္းျဖစ္လာတယ္ ။ ဝမ္းသာစရာေတြလည္းအမ်ားႀကီးပါပဲ ။ အလားတူ ပဲ ဒီကေနေရွ႕ဆက္ၿပီးမွ ပိုၿပီးေတာ့မွ တာဝန္ေတြ ေပးလာတာရွိတယ္ဆိုရင္ ကိုယ့္ၿမိဳ႕ ၊ ကိုယ့္႐ြာေတြကို ဦးလွည့္ၿပီးေတာ့မွ ကိုယ့္ၿမိဳ႕ကိုယ့္႐ြာကို ဦးလည္မသုန္ ကြၽန္ေတာ္က စြမ္းေဆာင္သြားပါမယ္။ အဲဒါေၾကာင့္ ကြၽန္ေတာ္က ဝင္ၿပိဳင္မယ့္ ပါတီက ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီက ဝင္ၿပိဳင္မွာ ကြၽန္ေတာ္ကေျပာတယ္။ ဒီႏိုင္ငံေရးဆိုတာ တစ္ဦးတစ္ေယာက္ထဲနဲ႔ လုပ္လို႔မရဘူး။ တစ္ဦးတစ္ေယာက္ထဲနဲ႔လုပ္တဲ့ဟာ ႏိုင္ငံေရးကဘယ္လိုမွ ေအာင္ျမင္မႈမရွိပါဘူး။ ေျပာေတာ့ေျပာစရာရွိတယ္။ ႁခြင္းခ်က္အေနနဲ႔ ။ တစ္သီးပုဂၢလအေနနဲ႔ ဝင္ၿပိဳင္လို႔ေတာ့ ရတာေပါ့။ လြတ္ေတာ္ထဲကိုေရာက္သြားၿပီ ။ ကြၽန္ေတာ္တို႔ရဲ႕ ကိုယ့္ရပ္၊ ကိုယ့္ေဒသ ၊ ကိုယ့္ႏိုင္ငံ ဖြံ႕ၿဖိဳးတိုးတက္မႈကို ကြၽန္ေတာ္တို႔က အဆိုေတြျပဳမယ္။ ဆႏၵေတြျပဳၾကတဲ့အခါၾကရင္ ကိုယ့္ကို ဒီဟာကို ေထာက္ခံမယ့္သူေတြ လိုလာတဲ့အခါက်ေတာ့ တစ္ေယာက္ဆိုရင္ အဆင္မေျပတဲ့အခါက်ေတာ့ အစုအဖြဲ႕ နဲ႔ လုပ္မွသာလွ်င္ျဖစ္မယ္ဆိုတဲ့အတြက္ေၾကာင့္ ႏိုင္ငံေရးမွာ ပါတီဆိုတာေပၚလာတာ ။ ႏိုင္ငံေရး သမားတစ္ေယာက္ဟာ ေက်ာေထာက္ေနာက္ခံ ႏိုင္ငံေရးပါတီမရွိလို႔ေတာ့မျဖစ္ဘူး။ အေျခအေန အခ်ိန္အခါရယ္ ပါတီေတြရဲ႕ ရပ္တည္ ခ်က္၊ ခံယူခ်က္ ၊ ယုံၾကည္ခ်က္ ေတြေပၚမူတည္ၿပီးေတာ့ ကြၽန္ေတာ္ဒီပါတီကေန ဝင္ေရာက္ၿပီးအေ႐ြးခံတယ္။ ဒီပါတီရဲ႕သမိုင္းေၾကာင္းကို ကြၽန္ေတာ္သိလည္းသိတယ္။ ၾကည့္လည္းၾကည့္တယ္။ အခု ေပါက္ေခါင္းကို ဖြံ႕ၿဖိဳးတိုးတက္ေအာင္လုပ္တယ္ဆိုရင္ မ်ိဳးေဇာ္တစ္ေယာက္ထဲနဲ႔လုပ္လို႔မရဘူး။ မ်ိဳးေဇာ္နဲ႔အတူဝင္ၿပိဳင္မယ့္ အမ်ိဳးသားလြတ္ေတာ္ရွိမယ္၊ တိုင္းေဒသႀကီးလြတ္ေတာ္ရွိမယ္။ ဒီလူေတြပါမွာ ကြၽန္ေတာ္တို႔ေပါက္ေခါင္းၿမိဳ႕အတြက္ကို ကြၽန္ေတာ္တို႔ ဝိုင္းၿပီးေတာ့မွ တြန္းတင္လို႔ရမယ္။ အလားတူေပါ့ ကြၽန္ေတာ့္တို႔ သုံးေယာက္နဲ႔ေရာရမွာလား ။ မရဘူး။ ကြၽန္ေတာ္တို႔ ျပည္ခိုင္ၿဖိဳးပါတီႀကီးကို မဲေပးၾကဆိုရင္ ။ ျပည္ခိုင္ၿဖိဳးပါတီကေနၿပီးေတာ့ ေဒသဖြံ႕ၿဖိဳးေရးအက်ိဳးကို ေဆာက္႐ြက္ႏိုင္မွာ ျဖစ္တယ္။ အင္နဲ႔အားနဲ႔ ေဆာင္႐ြက္ေပးႏိုင္မွာ။ ဒီလိုမ်ိဳးေပါ့ ။ အဲဒါေၾကာင့္ ကြၽန္ေတာ္ေျပာခဲ့တဲ့စကားေလးရွိတာေပါ့ ။ ႏိုင္ငံေရးသမားဆိုတာက ကြၽန္ေတာ္က ဟုတ္လား။ ပရဟိတစိတ္ရွိမွ ႏိုင္ငံေရးသမားသည္ ႏိုင္ငံေရးလုပ္ငန္းစဥ္ကို ေအာင္ေအာင္ျမင္ျမင္ ထမ္းေဆာင္ႏိုင္မယ္။ ေအာင္ျမင္တဲ့ ႏိုင္ငံေရးသမားေကာင္းျဖစ္မယ္လို႔ ကြၽန္ေတာ္ကိုယ္ ကြၽန္ေတာ္ခံယူတာ ။ Even ေပါ့ ။ ဒီပါတီလည္းတစ္ခ်ိန္က အေသးဘဝကေနၿပီးေတာ့ ႏိုင္ငံေရးပါတီအျဖစ္ကို ကူးေျပာင္းလာတာ။ (၁၉၉၃) တို႔မွာ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ဖြံ႕ၿဖိဳးေရးအသင္း ။ လူမႈေရးပရဟိတအသင္း ။ ပရဟိတလုပ္ငန္းေတြေဆာင္႐ြက္တဲ့ အသင္းကေနၿပီးေတာ့မွ (၂၀၁၀) မွာ ႏိုင္ငံေရး ပါတီအသြင္ေျပာင္းၿပီးေတာ့ ပါတီအျဖစ္ရပ္တည္လာခဲ့တာ အခုဆိုရင္ ကြၽန္ေတာ္တို႔ (၁၅) ႏွစ္ ။ ပါတီအသြင္ကိုသူတို႔ကေရာက္သြားတာ ။ နဂိုသေႏၶစိတ္ကိုက ပရဟိတကို ထားထားတဲ့ အသင္း။ အလားတူပဲ ကြၽန္ေတာ္တို႔ငယ္စဥ္ဘဝ မွာ ျဖတ္ေက်ာ္ခဲ့တာပရဟိတလုပ္ငန္းေတြနဲ႔ ေက်ာင္းသားဘဝကေနစၿပီးေတာ့မွလုပ္ခဲ့ၾကတာ ။ဒါ့အျပင္ကြၽန္ေတာ္ကေျပာျပပါတယ္။ ကြၽန္ေတာ္မဲဆႏၵရွင္ျပည္သူေတြကို ေတြ႕တဲ့အခါမွာ ကြၽန္ေတာ္အစြန္းတရားနဲ႔ ေကာင္းတယ္လို႔ မဆိုလိုဘူး။ ဥပမာဗ်ာ လို႔ ကြၽန္ေတာ္တပ္မေတာ္သားဘဝကေနလာပါတယ္။ လာတဲ့ အခါက်ေတာ့ တပ္မေတာ္သားတစ္ေယာက္က တပ္မေတာ္အတြင္းမွာ ႏွစ္ေပါင္းၾကာရွည္ေအာင္ထမ္းေဆာင္ခဲ့တာ စစ္သားဆိုတာ စစ္ေတာ့တိုက္ရတာေပါ့။ စစ္တိုက္တယ္ဆိုတာ ပန္းကေလးနဲ႔ ေပါက္တာေတာ့ မဟုတ္ဘူး။ လူကိုေသေစႏိုင္တဲ့ က်ည္ဆံေတြနဲ႔ တဒိုင္းဒိုင္းပစ္ၾကတယ္။ ဗုံးဆံေတြ အေျမာက္ဆံေတြနဲ႔ျဖစ္ၾကတယ္။ ေသရင္ေသမယ္။ က်ိဳးရင္က်ိဳးမယ္။ ျပတ္ခ်င္ျပတ္မယ္။ ဒါေပမယ့္ တယ္မေတာ္ထဲမွာ “ေရွ႕ၾကည့္သတိ သက္သာေအးေစ”ဆိုတဲ့ အေျခခံ စစ္ေရးျပလက္နက္ငယ္ (၆)လ ၿပီးသြားၿပီဆိုတဲ့အခ်ိန္ကစလို႔ ရွိရင္ သူတို႔ရဲ႕စိတ္က ႏိုင္ငံကိုကာကြယ္ေစာင့္ေရွာက္ ဖို႔ဆိုတဲ့စိတ္ျဖစ္သြားတယ္။ ႏိုင္ငံေတာ္ေကာင္စီက က်ည္ဆန္ေတြၾကားထဲမွာဆိုရင္ ေသရင္ေသမယ္၊ ျပတ္ရင္ျပတ္မယ္ ၊ က်ိဳးရင္က်ိဳးမယ္ ၊ ပဲ့ရင္ပဲ့မယ္ဆိုတာကို မသိပဲနဲ႔မ်ား ႏွစ္ေပါင္း(၄၀)ေလာက္လုပ္ေနၾကမွာလား။ မဟုတ္ဘူးေနာ္။ ဒါေၾကာင့္ ဒီလူေတြမွာ သူတို႔ရဲ႕မျမင္ရတဲ့ အတြင္းစိတ္ထဲမွာ ပရဟိတစိတ္ကရွိၿပီးသားပါလို႔။ ဒါေလးကိုကြၽန္ေတာ္ေျပာျပတာ။ အလားတူပါပဲ ငယ္စဥ္ကြၽန္ေတာ္ေက်ာင္းသားဘဝမွာလည္း ပရဟိတလုပ္ငန္းေတြကို အဲဒီေခတ္ကာလ အေျခအေနအရ ပရဟိတသည္အင္မတန္မွ အမ်ားကိုေရွး႐ူတဲ့ လုပ္ငန္းဆိုတဲ့ ဟာနဲ႔ကြၽန္ေတာ္တို႔ကို လမ္းေၾကာင္းေပးလိုဒီဟာကိုရခဲ့တယ္။ တပ္မေတာ္ေရာက္သြားေတာ့ တပ္မေတာ္သားဘဝကိုျပန္ၿပီးစဥ္းစားၾကည့္တဲ့အခါက်ေတာ့ ငါတို႔ေတြဟာလည္း ပရဟိတ စိတ္ရွိလို႔တပ္မေတာ္မွာ ႏွစ္ေပါင္းရွည္ၾကာတာဝန္ထမ္းေဆာင္ႏိုင္ခဲ့ပါလား။ ကြၽန္ေတာ္ပရဟိတကိုေရွ႕ထားတဲ့စိတ္ ကြၽန္ေတာ့္မွာ ရွိ ၿပီးသား ပါလို႔ေျပာျပတယ္။ ကြၽန္ေတာ္ပရဟိတကိုေရွ႕ထားတဲ့စိတ္ ကြၽန္ေတာ့္မွာ ရွိတယ္။ ဒါေပမယ့္ ဒါကကြၽန္ေတာ္ေျပာျပတာပါ။ ဆုံးျဖတ္ရမွာကကြၽန္ေတာ့္ မိဘျပည္သူမ်ားပါလို႔ ကြၽန္ေတာ္ေျပာျပတာ။ ကြၽန္ေတာာ္ ျဖည့္စြက္ေျပာခ်င္တာက ႏိုင္ငံေရးမွာဒီလိုစိတ္နဲ႔ ကြၽန္ေတာ္သြားတယ္။ ျပည္သူကို ေရွးရႈတယ္။ အမ်ားကို ေရွးရႈတယ္ဆိုတာ ပရကိုသြားတာ ။ ႏိုင္ငံကိုသြားတဲ့ အခါ ႏိုင္ငံရဲ႕ ဉီးေဆာင္တဲ့ အဖြဲ႕ရဲ႕ ဖြံ႕ၿဖိဳးေရးစီးပြား အနည္းဆုံးျဖစ္ရမယ္။ အမ်ားျပည္သူကိုေရွးရႈရမယ္ဆိုတဲ့စိတ္နဲ႔ ျပည္သူေတြနဲ႔လက္တြဲၿပီးအတူသြားရမယ္။ ကြၽန္ေတာ္ေျပာခ်င္တာေတြေတာ့ အမ်ားႀကီးပဲ ။ ဒီမွာ ကြၽန္ေတာ္တို႔ပါတီရဲ႕ ေ႐ြးေကာက္ပြဲေၾကညာစာတမ္း။ နယ္ပယ္ေတြအမ်ားႀကီးပါပဲ။ ပညာေရး၊ က်န္းမာေရး၊ လူမႈေရး ၊ ေတာင္သူလယ္သမား အလုပ္သမား အကုန္ဘက္စုံပါပဲ။ ျပည္သူလူထုနဲ႔ပက္သက္တာ အကုန္လုံးရွိပါ တယ္။ ဒီအေၾကာင္းအရာကို ေျပာမယ္ဆိုရင္ေတာ့ကြၽန္ေတာ္ထင္တယ္ (၂)ရက္ေလာက္ေတာ့အနည္းဆုံးေျပာစရာျဖစ္ပါတယ္။ အခုက ေမးတဲ့ အခ်ိန္ေပၚမူတည္ၿပီးေတာ့ ကြၽန္ေတာ္တို႔ ကေျဖတာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ ေျပာခ်င္တာေတြလည္းအမ်ားႀကီးရွိပါတယ္။ ဒီအေျခအေနေၾကာင့္ ကြၽန္ေတာ္တို႔က ကိုယ္လုပ္စြမ္းႏိုင္သမွ်ဟာကို လုပ္ေပးခ်င္တဲ့ အတြက္ေၾကာင့္မို႔လို႔ ကြၽန္ေတာ္ေပါက္ေခါင္း ကိုျပန္လာခဲ့တာ။ ဦးမ်ိဳးေဇာ္သိန္းသည္ ေပါက္ေခါင္းအတြက္ ၊ ဦးမ်ိဳးေဇာ္သိန္းသည္ ျပည္သူအတြက္ ဦးမ်ိဳးေဇာ္သိန္းသည္ ႏိုင္ငံအတြက္ပဲျဖစ္ပါတယ္လို႔ ကြၽန္ေတာ္ ရဲရဲဝင့္ဝင့္ ကြၽန္ေတာ္အာမခံပါတယ္လို႔ေျပာၾကားရင္းနဲ႔ ရပ္ပါမယ္။ ေက်းဇူးတင္ပါတယ္။

Related news

© 2021. All rights reserved.