အမေရိကန်အစိုးရ၏ စစ်ရေးနည်းလမ်းဖြင့် အရေးယူမည့်အစီအစဉ်ကို ခြိမ်းခြောက်ခံခဲ့ရဟု ကိုလံဘီယာသမ္မတ ပြော

337

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁ဝ
ကိုလံဘီယာနိုင်ငံ၏ အမေရိကန်အစိုးရ၏ စစ်ရေးနည်းလမ်းဖြင့် အရေးယူမည့်အစီအစဉ်ကို အမှန်တကယ် ခြိမ်းခြောက်ခံခဲ့ရကြာင်း၊ ကိုလံဘီယာသမ္မတက ထုတ်ဖော်ပြောဆိုလိုက်သည်။ ကိုလံဘီယာသမ္မတ ဂက်စတာဗို ပီထရိုက အမေရိကန်နိုင်ငံသည် အခြားနိုင်ငံများအပေါ် အမေရိကန်အင်ပါယာ၏ အစိတ်ပိုင်းအဖြစ် ပြုမှုဆက်ဆံနေ ကြောင်း ပြောသည်။
အမေရိကန်နိုင်ငံသည် ကမ္ဘာကြီးကို လွှမ်းမိုးမှုမှ အန္တရာယ်ရှိသည့်အခြေအနေဘက်ကို အသွင်ကူးပြောင်းလာနေပြီး ကမ္ဘာကြီးမှ ဝိုင်းဝန်းဖယ်ကျဉ်ခြင်းခံရဖွယ်ရှိနေကြောင်းကိုလံဘီယာသမ္မက ပြောသည်။ အမေရိကန်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးနှင့်အကောက်ခွန်ဌာနမှ အေးဂျင့်များသည် နာဇီပုံစံမျိုး လုပ်ဆောင်နေကြောင်း ကိုလံဘီယာ သမ္မတက ထပ်မံဝေဖန်ခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် သမ္မတအဖြစ်တာဝန်ယူပြီးနောက် နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေ သူများကို ဖြိုခွင်းရန် နှင့် ရာဇဝတ်မှုကျူးလွန်သူများကို နှိမ်နှင်းနိုင်ရန်လူဝင်မှုကြီးကြပ်ရေးနှင့်အကောက်ခွန်ဌာနကို တိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ အမေရိကန်သမ္မတသည် ဗင်နီဇွဲလားသမ္မတကို ပြီးခဲ့သောရက်ပိုင်းတွင် ဖမ်းဆီးခဲ့ပြီးနောက် ကိုလံဘီယာနိုင်ငံကို ပစ်မှတ်ထားပြီး စစ်ဆင်ရေးများလုပ်ဆောင်ဖွယ်ရှိနေကြောင်း ထပ်မံ သတိပေးခဲ့သည်။ သို့သော်လည်း အမေရိကန်သမ္မတနှင့် ကိုလံဘီယာသမ္မတတို့သည် ဇန်နဝါရီ ၇ ရက်တွင် အပြန်အလှန် ဖုန်းပြောဆိုခြင်းများရှိခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတ နှင့် ကိုလံဘီယာသမ္မတကြား ဖုန်းဆက်ဆွေးနွေးမှုသည် နှစ်နိုင်ငံကြားဖြစ်ပွားသည့် တင်းမာမှုများကို ဖြေလျော့နိုင်ရန် ဆွေးနွေးမှုဖြစ်လာဖွယ်ရှိနေကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုသည် ကိုလံဘီယာနိုင်ငံခြားရေးဝန်ကြီးနှင့်အိမ်ဖြူတော်တွင် ထပ်မံတွေ့ဆုံ ဆွေးနွေးဖွယ်ရှိနေကြောင်း သိရသည်။
ကိုလံဘီယာသမ္မတသည် ဗင်နီဇွဲလားအရေးနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံအပေါ် ဝေဖန်မှုများလုပ်ဆောင်ခဲ့ပြီး နောက် နှစ်နိုင်ငံကြားတင်းမာမှုများ ပိုမိုဖြစ်လာခဲ့ရာ လက်ရှိအချိန်တွင် နှစ်နိုင်ငံကြားတင်းမာမှုကို ပြန်လည် ဖြေလျော့ရန် ကြိုးပမ်းနေကြောင်းသိရသည်။

Zawgyi Version:
အေမရိကန္အစိုးရ၏ စစ္ေရးနည္းလမ္းျဖင့္ အေရးယူမည့္အစီအစဥ္ကို ၿခိမ္းေျခာက္ခံခဲ့ရဟု ကိုလံဘီယာသမၼတ ေျပာ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁ဝ
ကိုလံဘီယာႏိုင္ငံ၏ အေမရိကန္အစိုးရ၏ စစ္ေရးနည္းလမ္းျဖင့္ အေရးယူမည့္အစီအစဥ္ကို အမွန္တကယ္ ၿခိမ္းေျခာက္ခံခဲ့ရၾကာင္း၊ ကိုလံဘီယာသမၼတက ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ ကိုလံဘီယာသမၼတ ဂက္စတာဗို ပီထ႐ိုက အေမရိကန္ႏိုင္ငံသည္ အျခားႏိုင္ငံမ်ားအေပၚ အေမရိကန္အင္ပါယာ၏ အစိတ္ပိုင္းအျဖစ္ ျပဳမႈဆက္ဆံေန ေၾကာင္း ေျပာသည္။
အေမရိကန္ႏိုင္ငံသည္ ကမာၻႀကီးကို လႊမ္းမိုးမႈမွ အႏၲရာယ္ရွိသည့္အေျခအေနဘက္ကို အသြင္ကူးေျပာင္းလာေနၿပီး ကမာၻႀကီးမွ ဝိုင္းဝန္းဖယ္က်ဥ္ျခင္းခံရဖြယ္ရွိေနေၾကာင္းကိုလံဘီယာသမၼက ေျပာသည္။ အေမရိကန္အစိုးရ၏ လူဝင္မႈႀကီးၾကပ္ေရးႏွင့္အေကာက္ခြန္ဌာနမွ ေအးဂ်င့္မ်ားသည္ နာဇီပုံစံမ်ိဳး လုပ္ေဆာင္ေနေၾကာင္း ကိုလံဘီယာ သမၼတက ထပ္မံေဝဖန္ခဲ့သည္။
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ သမၼတအျဖစ္တာဝန္ယူၿပီးေနာက္ ႏိုင္ငံအတြင္း တရားမဝင္ ဝင္ေရာက္ေန သူမ်ားကို ၿဖိဳခြင္းရန္ ႏွင့္ ရာဇဝတ္မႈက်ဴးလြန္သူမ်ားကို ႏွိမ္ႏွင္းႏိုင္ရန္လူဝင္မႈႀကီးၾကပ္ေရးႏွင့္အေကာက္ခြန္ဌာနကို တိုးခ်ဲ႕ဖြဲ႕စည္းခဲ့ေၾကာင္း သိရသည္။ အေမရိကန္သမၼတသည္ ဗင္နီဇြဲလားသမၼတကို ၿပီးခဲ့ေသာရက္ပိုင္းတြင္ ဖမ္းဆီးခဲ့ၿပီးေနာက္ ကိုလံဘီယာႏိုင္ငံကို ပစ္မွတ္ထားၿပီး စစ္ဆင္ေရးမ်ားလုပ္ေဆာင္ဖြယ္ရွိေနေၾကာင္း ထပ္မံ သတိေပးခဲ့သည္။ သို႔ေသာ္လည္း အေမရိကန္သမၼတႏွင့္ ကိုလံဘီယာသမၼတတို႔သည္ ဇန္နဝါရီ ၇ ရက္တြင္ အျပန္အလွန္ ဖုန္းေျပာဆိုျခင္းမ်ားရွိခဲ့ေၾကာင္း သိရသည္။
အေမရိကန္သမၼတ ႏွင့္ ကိုလံဘီယာသမၼတၾကား ဖုန္းဆက္ေဆြးေႏြးမႈသည္ ႏွစ္ႏိုင္ငံၾကားျဖစ္ပြားသည့္ တင္းမာမႈမ်ားကို ေျဖေလ်ာ့ႏိုင္ရန္ ေဆြးေႏြးမႈျဖစ္လာဖြယ္ရွိေနေၾကာင္း သတင္းမ်ားလည္း ထြက္ေပၚေနသည္။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးမာကို႐ူဘီယိုသည္ ကိုလံဘီယာႏိုင္ငံျခားေရးဝန္ႀကီးႏွင့္အိမ္ျဖဴေတာ္တြင္ ထပ္မံေတြ႕ဆုံ ေဆြးေႏြးဖြယ္ရွိေနေၾကာင္း သိရသည္။
ကိုလံဘီယာသမၼတသည္ ဗင္နီဇြဲလားအေရးႏွင့္ပတ္သက္ၿပီး အေမရိကန္ႏိုင္ငံအေပၚ ေဝဖန္မႈမ်ားလုပ္ေဆာင္ခဲ့ၿပီး ေနာက္ ႏွစ္ႏိုင္ငံၾကားတင္းမာမႈမ်ား ပိုမိုျဖစ္လာခဲ့ရာ လက္ရွိအခ်ိန္တြင္ ႏွစ္ႏိုင္ငံၾကားတင္းမာမႈကို ျပန္လည္ ေျဖေလ်ာ့ရန္ ႀကိဳးပမ္းေနေၾကာင္းသိရသည္။