ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းမှာ အမှိုက်ပုံကြီးတစ်ခုပြိုကျခဲ့ပြီး အနည်းဆုံး(၁)ဦးသေဆုံးကာ အခြားလူ(၃၈)ဦးပျောက်ဆုံးနေ

657

Pika (NP News) - ဇန်နဝါရီ ၁ဝ
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ အမှိုက်ပုံကြီးတစ်ခုပြိုကျမှုကြောင့် အနည်းဆုံးလူ(၁)ဦးသေဆုံးပြီး အခြားလူ(၃၈)ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဟာ အမှိုက်တွေအောက်မှာ ပိတ်မိနေတဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ဆက်လက်ရှာဖွေနေတယ်လို့လည်း သိရပါတယ်။
လူဦးရေတစ်သန်းခန့်ရှိတဲ့ စီဘူးမြို့က ဒေသတွင်းအစိုးရက စီမံခန့်ခွဲတဲ့ စက်ရုံတစ်ခုဖြစ်တဲ့ Binaliw Landfill မှာ အမှိုက်ပုံကြီးတစ်ခုပြိုကျခဲ့တာဖြစ်ပြီး သန့်ရှင်းရေးလုပ်သားပေါင်းများစွာ အမှိုက်တွေအောက်မှာ ပိမိသွားခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
အမှိုက်ပုံပြိုကျမှုဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံးဝန်ထမ်း(၁၂)ဦးကို အမှိုက်ပုံထဲကနေ ဆွဲထုတ်ပြီး ဆေးရုံတင်ထားရတယ်လို့ မြို့တော်ဝန်နက်စတာက ပြောကြားခဲ့ပါတယ်။
နက်စတာက "ရှာဖွေကယ်ဆယ်ရေးသမားတွေဟာ ကျန်ရှိနေတဲ့ ပျောက်ဆုံးနေသူတွေကို ရှာဖွေကယ်ဆယ်ဖို့အတွက် အပြင်းအထန် ကြိုးပမ်းနေကြပါတယ်။ အမှိုက်ပုံဘာကြောင့်ပြိုရသလဲဆိုတဲ့ အကြောင်းအရင်းတွေကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။
ပြီးတော့ မိုးလည်း လုံးဝရွာမထားခဲ့တဲ့အတွက် အမှိုက်ပုံဘာကြောင့်ပြိုလဲဆိုတာကို သေချာတပ်အပ်ပြောလို့မရသေးပါဘူး” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ဖိလစ္ပိုင္ႏိုင္ငံအလယ္ပိုင္းမွာ အမႈိက္ပုံႀကီးတစ္ခုၿပိဳက်ခဲ့ၿပီး အနည္းဆုံး(၁)ဦးေသဆုံးကာ အျခားလူ(၃၈)ဦးေပ်ာက္ဆုံးေန
Pika (NP News) - ဇန္နဝါရီ ၁ဝ
ဖိလစ္ပိုင္ႏိုင္ငံ အလယ္ပိုင္းမွာ အမႈိက္ပုံႀကီးတစ္ခုၿပိဳက်မႈေၾကာင့္ အနည္းဆုံးလူ(၁)ဦးေသဆုံးၿပီး အျခားလူ(၃၈)ဦး ေပ်ာက္ဆုံးေနဆဲျဖစ္တယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။
လက္ရွိအခ်ိန္မွာ ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ေတြဟာ အမႈိက္ေတြေအာက္မွာ ပိတ္မိေနတဲ့ အသက္ရွင္က်န္ရစ္သူေတြကို ဆက္လက္ရွာေဖြေနတယ္လို႔လည္း သိရပါတယ္။
လူဦးေရတစ္သန္းခန႔္ရွိတဲ့ စီဘူးၿမိဳ႕က ေဒသတြင္းအစိုးရက စီမံခန႔္ခြဲတဲ့ စက္႐ုံတစ္ခုျဖစ္တဲ့ Binaliw Landfill မွာ အမႈိက္ပုံႀကီးတစ္ခုၿပိဳက်ခဲ့တာျဖစ္ၿပီး သန႔္ရွင္းေရးလုပ္သားေပါင္းမ်ားစြာ အမႈိက္ေတြေအာက္မွာ ပိမိသြားခဲ့တာျဖစ္တယ္လို႔ တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။
အမႈိက္ပုံၿပိဳက်မႈျဖစ္ပြားခဲ့ၿပီးေနာက္ အနည္းဆုံးဝန္ထမ္း(၁၂)ဦးကို အမႈိက္ပုံထဲကေန ဆြဲထုတ္ၿပီး ေဆး႐ုံတင္ထားရတယ္လို႔ ၿမိဳ႕ေတာ္ဝန္နက္စတာက ေျပာၾကားခဲ့ပါတယ္။
နက္စတာက "ရွာေဖြကယ္ဆယ္ေရးသမားေတြဟာ က်န္ရွိေနတဲ့ ေပ်ာက္ဆုံးေနသူေတြကို ရွာေဖြကယ္ဆယ္ဖို႔အတြက္ အျပင္းအထန္ ႀကိဳးပမ္းေနၾကပါတယ္။ အမႈိက္ပုံဘာေၾကာင့္ၿပိဳရသလဲဆိုတဲ့ အေၾကာင္းအရင္းေတြကိုေတာ့ လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးပါဘူး။
ၿပီးေတာ့ မိုးလည္း လုံးဝ႐ြာမထားခဲ့တဲ့အတြက္ အမႈိက္ပုံဘာေၾကာင့္ၿပိဳလဲဆိုတာကို ေသခ်ာတပ္အပ္ေျပာလို႔မရေသးပါဘူး” လို႔ ေျပာခဲ့ပါတယ္။