ကျူးဘားနိုင်ငံအတွက် သတိပေးချက်တစ်ခုကို ဒေါ်နယ်ထရမ့်ထုတ်ပြန်

215

Pika (NP News) - ဇန်နဝါရီ ၁၃
ကျူးဘားနိုင်ငံက ဗင်နီဇွဲလားရေနံနဲ့ငွေကြေးတွေကို နောက်ထပ်လက်ခံရရှိတော့မှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အချိန်မလွန်ခင်မှာ အမေရိကန်နဲ့ သဘောတူညီချက် တစ်ခုပြုလုပ်ဖို့ ကျူးဘားနိုင်ငံကို ဒေါ်နယ်ထရမ့်က သတိပေးခဲ့တယ်လို့လည်း သိရပါတယ်။
ဗင်နီဇွဲလားနိုင်ငံရဲ့မိတ်ဖက်နိုင်ငံဖြစ်ပြီး ရေနံထောက်ပံ့မှုတွေကို ရရှိထားတဲ့ ကျူးဘားနိုင်ငံဟာ ယခုလအစောပိုင်း ကတည်းကနေ စတင်ပြီး ဗင်နီဇွဲလားနိုင်ငံကနေ ထောက်ပံ့မှုတွေ သိပ်မရရှိခဲ့တော့တာလည်းဖြစ်ပါတယ်။ အမေရိကန်ဦးဆောင်တဲ့ တင်းကြပ်တဲ့ရေနံပိတ်ဆို့မှုတွေကြောင့် ပို့ဆောင်မှုတွေ ရပ်တန့်သွားမှုနဲ့အတူ ဗင်နီဇွဲလား သမ္မတနီကိုလက်စ်မာဒူရိုကို အမေရိကန်က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက်ပိုင်းကတည်းက ကျူးဘားနိုင်ငံအတွက် ဗင်နီဇွဲလားဆိပ်ကမ်းတွေကနေ ရေနံစိမ်းတင်ပို့မှုတွေ မရှိတော့တာဖြစ်တယ်လို့ ဒေတာအချက်အလက်တွေအရ သိရပါတယ်။
ဒေါ်နယ်ထရမ့်က “ကျူးဘားနိုင်ငံအတွက် ဗင်နီဇွဲလားရေနံနဲ့ ငွေကြေးတွေ ထပ်ရှိလာတော့မှာ မဟုတ်ပါဘူး။ ကျူးဘားနိုင်ငံဟာ ဗင်နီဇွဲလားဆီကရတဲ့ရေနံ၊ ငွေကြေးတွေနဲ့ နှစ်ပေါင်းများစွာကြာအောင် ရပ်တည်နေခဲ့တာပါ။ အချိန်မလွန်ခင်မှာ သဘောတူညီချက်တစ်ခုပြုလုပ်ဖို့ ကျူးဘားကို ကျွန်တော်သတိပေးလိုပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
က်ဴးဘားႏိုင္ငံအတြက္ သတိေပးခ်က္တစ္ခုကို ေဒၚနယ္ထရမ့္ထုတ္ျပန္
Pika (NP News) - ဇန္နဝါရီ ၁၃
က်ဴးဘားႏိုင္ငံက ဗင္နီဇြဲလားေရနံနဲ႔ေငြေၾကးေတြကို ေနာက္ထပ္လက္ခံရရွိေတာ့မွာ မဟုတ္ဘူးလို႔ အေမရိကန္ သမၼတေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ အခ်ိန္မလြန္ခင္မွာ အေမရိကန္နဲ႔ သေဘာတူညီခ်က္ တစ္ခုျပဳလုပ္ဖို႔ က်ဴးဘားႏိုင္ငံကို ေဒၚနယ္ထရမ့္က သတိေပးခဲ့တယ္လို႔လည္း သိရပါတယ္။
ဗင္နီဇြဲလားႏိုင္ငံရဲ႕မိတ္ဖက္ႏိုင္ငံျဖစ္ၿပီး ေရနံေထာက္ပံ့မႈေတြကို ရရွိထားတဲ့ က်ဴးဘားႏိုင္ငံဟာ ယခုလအေစာပိုင္း ကတည္းကေန စတင္ၿပီး ဗင္နီဇြဲလားႏိုင္ငံကေန ေထာက္ပံ့မႈေတြ သိပ္မရရွိခဲ့ေတာ့တာလည္းျဖစ္ပါတယ္။ အေမရိကန္ဦးေဆာင္တဲ့ တင္းၾကပ္တဲ့ေရနံပိတ္ဆို႔မႈေတြေၾကာင့္ ပို႔ေဆာင္မႈေတြ ရပ္တန႔္သြားမႈနဲ႔အတူ ဗင္နီဇြဲလား သမၼတနီကိုလက္စ္မာဒူ႐ိုကို အေမရိကန္က ဖမ္းဆီးထိန္းသိမ္းခဲ့ၿပီးေနာက္ပိုင္းကတည္းက က်ဴးဘားႏိုင္ငံအတြက္ ဗင္နီဇြဲလားဆိပ္ကမ္းေတြကေန ေရနံစိမ္းတင္ပို႔မႈေတြ မရွိေတာ့တာျဖစ္တယ္လို႔ ေဒတာအခ်က္အလက္ေတြအရ သိရပါတယ္။
ေဒၚနယ္ထရမ့္က “က်ဴးဘားႏိုင္ငံအတြက္ ဗင္နီဇြဲလားေရနံနဲ႔ ေငြေၾကးေတြ ထပ္ရွိလာေတာ့မွာ မဟုတ္ပါဘူး။ က်ဴးဘားႏိုင္ငံဟာ ဗင္နီဇြဲလားဆီကရတဲ့ေရနံ၊ ေငြေၾကးေတြနဲ႔ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ရပ္တည္ေနခဲ့တာပါ။ အခ်ိန္မလြန္ခင္မွာ သေဘာတူညီခ်က္တစ္ခုျပဳလုပ္ဖို႔ က်ဴးဘားကို ကြၽန္ေတာ္သတိေပးလိုပါတယ္” လို႔ ေျပာခဲ့ပါတယ္။