အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း မအောင်မြင်သေးသူများ အလုပ်အကိုင်ရရှိရေး အတွက် အတတ်ပညာသင်တန်းများ ဖွင့်ရန် စီစဉ်နေ

 164

ပီယ (NP News) - ဇန်နဝါရီ ၁၃

အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း မအောင်မြင်သေးသူများ အလုပ်အကိုင်ရရှိရေး အတွက် အတတ်ပညာသင်တန်းများ ဖွင့်ရန် စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာနက ပြုလုပ်သော အစည်းအဝေးမှတ်တမ်းအရ သိရသည်။
အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း မအောင်မြင်သေးသူများအတွက် အလုပ်အကိုင်ရရှိရေး အထောက်အကူပြု ကျွမ်းကျင်မှုအတတ်ပညာသင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်း အဝေးကို ဇန်နဝါရီလ ၁၂ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ မအောင်မြင်သေးသည့်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရန် ပညာရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာတက္ကသိုလ်များနှင့် ညှိနှိုင်းအစည်းအဝေးများ ပြုလုပ်ခဲ့ပြီး Job Ready Skill သင်တန်းများကိုလည်း တက္ကသိုလ်အသီးသီး၏ အားသာချက်အလိုက် ဆောင်ရွက်နိုင်မည့်သင်တန်းများကို စတင်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ပထမဦးဆုံး သင်တန်းကာလကို သုံးလ၊ ခြောက်လနှင့် ကိုးလသင်တန်းများ ဖွင့်လှစ်နိုင်ရန် လမ်းညွှန်ထားရှိကြောင်း၊ ကိုးလ သင်တန်းပြီးမြောက်ပါက ဒီပလိုမာရရှိမည်ဖြစ်ပြီး ဆက်လက်ပညာသင်ယူနိုင်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် က အဆိုပါ အစည်းအဝေးတွင် ပြောသည်။
တက္ကသိုလ်ဝင်တန်းအတွက်သာမက မူလတန်းနှင့် အလယ်တန်းများအတွက် အကောင်းဆုံးဖြစ်မည့် အလုပ်အကိုင်အခွင့်လမ်းများ ဖန်တီးပေးနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများက ဝိုင်းဝန်းအကြံပြုပေးကြစေလိုကြောင်းလည်း အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြောသည်။
စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင် Grade-9 ပြီးဆုံးပါက Grade-10 ၊ 11 ၊ 12 သင်ကြားနေသည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း စုစုပေါင်း ၈၉ ကျောင်းရှိကြောင်း၊ အလယ်တန်းများဖြစ်သည့် Grade 6 ၊ 7 ၊ 8 ၊ 9 အတန်းများရှိ သင်ရိုးညွှန်းတမ်းများတွင် လာမည့်ပညာသင်နှစ်၌ စိုက်ပျိုးရေးနှင့် စက်မှုအခြေခံဘာသာရပ်များကို ထည့်သွင်းသင်ကြားပေးရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းဘာသာရပ်များကို သင်ကြားပေးရန် ကျွမ်းကျင်ဆရာ ဆရာမများ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ပြောသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း မအောင်မြင်သေးသူများအတွက် အလုပ်အကိုင်ရရှိရေး အထောက်အကူပြုကျွမ်းကျင်အတတ်ပညာသင်တန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

Zawgyi Version:
အေျခခံပညာ မူလတန္း၊ အလယ္တန္း၊ အထက္တန္း မေအာင္ျမင္ေသးသူမ်ား အလုပ္အကိုင္ရရွိေရး အတြက္ အတတ္ပညာသင္တန္းမ်ား ဖြင့္ရန္ စီစဥ္ေန
ပီယ (NP News) - ဇန္နဝါရီ ၁၃
အေျခခံပညာ မူလတန္း၊ အလယ္တန္း၊ အထက္တန္း မေအာင္ျမင္ေသးသူမ်ား အလုပ္အကိုင္ရရွိေရး အတြက္ အတတ္ပညာသင္တန္းမ်ား ဖြင့္ရန္ စီစဥ္ေနေၾကာင္း ပညာေရးဝန္ႀကီးဌာနက ျပဳလုပ္ေသာ အစည္းအေဝးမွတ္တမ္းအရ သိရသည္။
အေျခခံပညာ မူလတန္း၊ အလယ္တန္း၊ အထက္တန္း မေအာင္ျမင္ေသးသူမ်ားအတြက္ အလုပ္အကိုင္ရရွိေရး အေထာက္အကူျပဳ ကြၽမ္းက်င္မႈအတတ္ပညာသင္တန္းမ်ား ဖြင့္လွစ္ႏိုင္ေရး ညႇိႏႈိင္းအစည္း အေဝးကို ဇန္နဝါရီလ ၁၂ ရက္က ေနျပည္ေတာ္တြင္ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။
တကၠသိုလ္ဝင္တန္းစာေမးပြဲ မေအာင္ျမင္ေသးသည့္သူမ်ားအတြက္ အလုပ္အကိုင္အခြင့္အလမ္းမ်ား ရရွိႏိုင္ရန္ ပညာေရးဝန္ႀကီးဌာနအေနျဖင့္ သက္ဆိုင္ရာတကၠသိုလ္မ်ားႏွင့္ ညႇိႏႈိင္းအစည္းအေဝးမ်ား ျပဳလုပ္ခဲ့ၿပီး Job Ready Skill သင္တန္းမ်ားကိုလည္း တကၠသိုလ္အသီးသီး၏ အားသာခ်က္အလိုက္ ေဆာင္႐ြက္ႏိုင္မည့္သင္တန္းမ်ားကို စတင္ဖြင့္လွစ္ႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ပထမဦးဆုံး သင္တန္းကာလကို သုံးလ၊ ေျခာက္လႏွင့္ ကိုးလသင္တန္းမ်ား ဖြင့္လွစ္ႏိုင္ရန္ လမ္းၫႊန္ထားရွိေၾကာင္း၊ ကိုးလ သင္တန္းၿပီးေျမာက္ပါက ဒီပလိုမာရရွိမည္ျဖစ္ၿပီး ဆက္လက္ပညာသင္ယူႏိုင္မည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေခ်ာေခ်ာစိန္ က အဆိုပါ အစည္းအေဝးတြင္ ေျပာသည္။
တကၠသိုလ္ဝင္တန္းအတြက္သာမက မူလတန္းႏွင့္ အလယ္တန္းမ်ားအတြက္ အေကာင္းဆုံးျဖစ္မည့္ အလုပ္အကိုင္အခြင့္လမ္းမ်ား ဖန္တီးေပးႏိုင္ရန္ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားက ဝိုင္းဝန္းအႀကံျပဳေပးၾကေစလိုေၾကာင္းလည္း အဆိုပါ အစည္းအေဝးတြင္ ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။
စက္မႈ၊ စိုက္ပ်ိဳး၊ ေမြးျမဴေရးအထက္တန္းေက်ာင္းမ်ားႏွင့္ပတ္သက္၍ ေဆာင္႐ြက္ရာတြင္ Grade-9 ၿပီးဆုံးပါက Grade-10 ၊ 11 ၊ 12 သင္ၾကားေနသည့္ စက္မႈ၊ စိုက္ပ်ိဳး၊ ေမြးျမဴေရးအထက္တန္းေက်ာင္း စုစုေပါင္း ၈၉ ေက်ာင္းရွိေၾကာင္း၊ အလယ္တန္းမ်ားျဖစ္သည့္ Grade 6 ၊ 7 ၊ 8 ၊ 9 အတန္းမ်ားရွိ သင္႐ိုးၫႊန္းတမ္းမ်ားတြင္ လာမည့္ပညာသင္ႏွစ္၌ စိုက္ပ်ိဳးေရးႏွင့္ စက္မႈအေျခခံဘာသာရပ္မ်ားကို ထည့္သြင္းသင္ၾကားေပးရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ယင္းဘာသာရပ္မ်ားကို သင္ၾကားေပးရန္ ကြၽမ္းက်င္ဆရာ ဆရာမမ်ား ျဖည့္ဆည္းေပးႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း ျပည္ေထာင္စု ဝန္ႀကီးက ေျပာသည္။
အစည္းအေဝးတြင္ ဒုတိယဝန္ႀကီး ေဒါက္တာေဇာ္ျမင့္က အေျခခံပညာမူလတန္း၊ အလယ္တန္း၊ အထက္တန္း မေအာင္ျမင္ေသးသူမ်ားအတြက္ အလုပ္အကိုင္ရရွိေရး အေထာက္အကူျပဳကြၽမ္းက်င္အတတ္ပညာသင္တန္းမ်ားႏွင့္စပ္လ်ဥ္း၍ ရွင္းလင္းေဆြးေႏြးခဲ့သည္။

Related news

© 2021. All rights reserved.