နေပြည်တော်တွင် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ စတင် ကျင်းပ

 122

သန့်ဇင်၊ ဝင်းမင်းသန့်(NP News) - ဇန်နဝါရီ ၁၃

နေပြည်တော်ကောင်စီနယ်မြေ၊ MICC-1 တွင် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ဖွင့်ပွဲကို ယနေ့ ( ဇန်နဝါရီလ ၁၃ ရက်၊ နံနက်ပိုင်းကစတင်ကျင်းပခဲ့ပြီး ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။
လူငယ်ငြိမ်းချမ်းရေးဖိုရမ်အား နေပြည်တော်တွင် ယနေ့မှ စတင်ကာ လာမည့် ဇန်နဝါရီလ ၁၅ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိကျင်းပနေသည့် လူငယ်ငြိမ်းချမ်းရေးဖိုရမ်တွင် ဆွေးနွေးမည့် လူငယ် (၃၅၀) ခန့် ပါဝင်ကြောင်း သိရသည်။
ထို့ပြင် လူငယ်ငြိမ်းချမ်းရေးဖိုရမ်- ၂၀၂၆ ၏ ဆောင်ပုဒ်အဖြစ် “ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ဆောက်ရေး လူငယ်များ ပါဝင်မှုကို မြှင့်တင်ပေး ” (Promoting Youth Participation in Peace and Nation-Building) အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
အလားတူ Theme အဖြစ် “ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ နိုင်ငံတည်ဆောက်ရေးနှင့် နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်ရေးတို့တွင် နိုင်ငံတစ်ဝန်းရှိ လူငယ်များ စုပေါင်း ပါဝင်လာစေရန်နှင့် စွမ်းရည်ပြည့်ဝသော ခေါင်းဆောင်များဖြစ်ပေါ်လာရန်အတွက် ငြိမ်းချမ်းရေး အသိမြှင့်တင်ပေးနိုင်ရန်”(To enhance peace awareness for the collective participation of youth nationwide in peacebuilding, nation-building and national development, and to foster highly competent leaders) ကို သတ်မှတ်ထားကြောင်း သိရသည်။

Zawgyi Version:
ေနျပည္ေတာ္တြင္ လူငယ္ၿငိမ္းခ်မ္းေရးဖိုရမ္ ၂၀၂၆ စတင္ က်င္းပ
သန႔္ဇင္၊ ဝင္းမင္းသန႔္(NP News) - ဇန္နဝါရီ ၁၃

ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ MICC-1 တြင္ လူငယ္ၿငိမ္းခ်မ္းေရးဖိုရမ္ ၂၀၂၆ ဖြင့္ပြဲကို ယေန႔ ( ဇန္နဝါရီလ ၁၃ ရက္၊ နံနက္ပိုင္းကစတင္က်င္းပခဲ့ၿပီး ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
လူငယ္ၿငိမ္းခ်မ္းေရးဖိုရမ္အား ေနျပည္ေတာ္တြင္ ယေန႔မွ စတင္ကာ လာမည့္ ဇန္နဝါရီလ ၁၅ ရက္အထိ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
လက္ရွိက်င္းပေနသည့္ လူငယ္ၿငိမ္းခ်မ္းေရးဖိုရမ္တြင္ ေဆြးေႏြးမည့္ လူငယ္ (၃၅၀) ခန႔္ ပါဝင္ေၾကာင္း သိရသည္။
ထို႔ျပင္ လူငယ္ၿငိမ္းခ်မ္းေရးဖိုရမ္- ၂၀၂၆ ၏ ေဆာင္ပုဒ္အျဖစ္ “ၿငိမ္းခ်မ္းေရးႏွင့္ ႏိုင္ငံတည္ေဆာက္ေရး လူငယ္မ်ား ပါဝင္မႈကို ျမႇင့္တင္ေပး ” (Promoting Youth Participation in Peace and Nation-Building) အျဖစ္ သတ္မွတ္ထားေၾကာင္း သိရသည္။
အလားတူ Theme အျဖစ္ “ၿငိမ္းခ်မ္းေရး တည္ေဆာက္ေရး၊ ႏိုင္ငံတည္ေဆာက္ေရးႏွင့္ ႏိုင္ငံေတာ္ဖြံ႕ ၿဖိဳးတိုးတက္ေရးတို႔တြင္ ႏိုင္ငံတစ္ဝန္းရွိ လူငယ္မ်ား စုေပါင္း ပါဝင္လာေစရန္ႏွင့္ စြမ္းရည္ျပည့္ဝေသာ ေခါင္းေဆာင္မ်ားျဖစ္ေပၚလာရန္အတြက္ ၿငိမ္းခ်မ္းေရး အသိျမႇင့္တင္ေပးႏိုင္ရန္”(To enhance peace awareness for the collective participation of youth nationwide in peacebuilding, nation-building and national development, and to foster highly competent leaders) ကို သတ္မွတ္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.