"လူရွှင်တော်ကြီးတစ်ဦး မေတ္တာရပ်ခံလိုက်တဲ့ ဆုတောင်းတစ်ခု"

 5567

အိဖြူ (NP News) - ဇန်နဝါရီလ ၁၃

အနုပညာအနှစ်ချုပ်ကဏ္ဍကနေ ဒီတစ်ပတ်အတွက် "လူရွှင်တော်သိန်းဇံရဲ့ လက်ရှိ ကျန်းမာရေး၊ မြန်မာအလှမယ် လောကရဲ့ ပဲ့ကိုင်ရှင်တွေရဲ့ ပွဲ" စတဲ့ အနုပညာဆက်စပ်သတင်းတွေကို ဖော်ပြပေးသွားပါမယ်။

ဆုတောင်းတစ်ခုသာပြုပေးဖို့ ပရိသတ်တွေထံ လူရွှင်တော်သိန်းဇံ တောင်းဆို
အနုပညာမီဒီယာတွေရဲ့ဖော်ထုတ်မှုတစ်ခုအရ ဇန်နဝါရီလ ဒုတိယပတ်အတွင်း လူရွှင်တော်ဟာသ သရုပ်ဆောင် သိန်းဇံရဲ့ကျန်းမာရေးအခြေအနေကို သိရှိခွင့်ရခဲ့ပါတယ်။ အင်တာဗျူးဗီဒီယိုဖိုင်တွေ ဆိုရှယ် ပလက်ဖောင်းထက် ပျံ့နှံ့လာချိန် လူရွှင်တော် ဘယ်သူဘယ်ဝါဆိုတာ အများစုက သတိမမူမိခဲ့ကြပေမယ့် ၎င်း အနုပညာလှုပ်ရှားစဉ်က ဓာတ်ပုံတွေနဲ့ တွဲလျက်ဖော်ပြချိန်မှသာ ပရိသတ်တွေက မှတ်မိခဲ့ကြတာပါ။
ဝါရင့်လူရွှင်တော် ဟာသသရုပ်ဆောင် သိန်းဇံက အရင်က ခန္ဓာကိုယ်ပြည့်ပြည့်ဖြိုးဖြိုးရှိခဲ့ပြီး၊ ရုပ်ပိုင်း ဆိုင်ရာအရ တည်ကြည်ဖြောင့်မတ်တဲ့အမျိုးသားတစ်ဦးပုံစံပါ။ လူရွှင်တော်သိန်းဇံဟာ အနုပညာသက်တမ်း နှစ် (၃၀) အထက်ရှိသူ ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်ပြီး နာမည်ကြီးလူရွှင်တော် ကျင်ဝှက်တို့နဲ့အတွဲညီညီ ဟာသ ပြက်လုံးများစွာ ထုတ်ခဲ့သူဖြစ်ကာ ပရိသတ်တွေအတွက် ပျော်တော်ဆက်ပေးခဲ့တဲ့ ဝါရင့်လူရွှင်တော် တစ်ဦး ဖြစ်ပါတယ်။ (၂၀၂၁-၂၀၂၂) ခုနှစ်မှာ အနုပညာအလုပ်တွေ လုပ်ကိုင်ရမှုနည်းပါးလာတဲ့အတွက် တက္ကစီမောင်းကာ အသက်မွေးဝမ်းကျောင်းပြုခဲ့ပြီး စားဝတ်နေရေးပြေလည်ခဲ့ပေမယ့် ၎င်းရဲ့အမျိုးသမီး ကွယ်လွန်ပြီးနောက်မှာ ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။ ၎င်းက "အသည်းခြောက်" ရောဂါကို တစ်နှစ်နီးပါး ဆေးကုသနေရင်း အစာအိမ်သွေးကြောပေါက်တဲ့နောက်ဆက်တွဲဝေဒနာကြောင့် (၂၀၂၅) ခုနှစ် အောက်တိုဘာ(၉)ရက်က ရန်ကုန်ဆေးရုံကြီး၊ ငါးထပ်ဆောင်၊ ပထမထပ်၊ ခွဲစိတ်ဆောင်(၃)မှာ ဆေးကုသမှုခံယူခဲ့ ရတာဖြစ်ကြောင်းကိုလည်း လူရွှင်တော်ငွေတိုးရဲ့ဖော်ပြထားချက်အရ သိရပါတယ်။ လက်ရှိ ကျန်းမာရေးချို့တဲ့မှု အပြင် စိတ်အားငယ်မှုများကြောင့် ရုပ်ပိုင်းဆိုင်ရာကျဆင်းသွားရုံမက လစဉ် ဆေးကုသမှုစရိတ်အတွက်လည်း ပူပန်ရလျက်ရှိကြောင်း သိရှိရပြီး၊ "ပရိသတ်ကို တစ်ခုမှတော့ မတောင်းဆိုချင်ပါဘူး။ ဒါပေမဲ့ ကျန်းမာရေးလေး ကောင်းမွန်ပါစေလို့တော့ ဆုတောင်းပေးစေချင်ပါတယ်" လို့ လူရွှင်တော်ကြီးသိန်းဇံက မီဒီယာကတဆင့် မေတ္တာရပ်ခံခဲ့ခြင်းဖြစ်ပါတယ်။

Myanmar Celebrity ကို ethic မရှိဘူးလို့ ရုပ်ရှင်သရုပ်ဆောင်ဘုန်းမင်းနေလ ပြောဆို

အနုပညာမီဒီယာတစ်ခုဖြစ်တဲ့ Myanmar Celebrity Media က သတင်းထောက်တစ်ဦးရဲ့စည်းမစောင့်မှု အကြောင်းကို အကယ်ဒမီမင်းသမီး ခင်ဇာခြည်ကျော်ရဲ့သားအကြီးဖြစ်သူ ရုပ်ရှင်သရုပ်ဆောင်ဘုန်းမင်းနေလက (၂၀၂၆) ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်က ၎င်းရဲ့ဖေ့ဘွတ်အကောင့်ကနေ ရေးသား ဖော်ပြခဲ့ပါတယ်။
၎င်း ရေးသားထားတဲ့ပို့စ်ကို (၂၄) နာရီအတွင်း Only me (သို့မဟုတ်) Delete ပြန်လုပ်လိုက်ပေမယ့် ပြောဆိုထားတဲ့ Screenshot ကတော့ ပျံ့နှံ့ပြီးဖြစ်ပါတယ်။ " Myanmar Celebrity လုံးဝ ethic မရှိတဲ့ Media ပါ။ လှိုင်းလေကြားက ပန်းရွှေကြာဇာတ်လမ်းတွဲအတွက် ဖြေပေးထားတဲ့ အင်တာဗျူးကို လူစိတ်ဝင်စားဖို့အတွက် သူများမိသားစု Personal ကို ဖြတ်ညှပ်ကပ် Reels လုပ်ပြီး၊ Caption က အစ Interview ထဲမှာ မပြောတဲ့စာသားနဲ့ပွဲရှာထားပါတယ်။ Caption ကို ဇာတ်ကားအကြောင်းပဲ တင်ဖို့သေချာမှာလိုက်ရဲ့သားနဲ့ သူများကိုယ်ရေးကိုယ်တာကို အလေးမထားဘဲ အလွဲသုံးစာလုပ်တာပါ။ ပြောချင်တာက အင်တာဗျူးဖြေတာ ဇာတ်ကားလွှင့်နေတဲ့အချိန် ပရိသတ်နဲ့ထိတွေ့ခွင့်ရအောင် ဖြေပေးတာ။ တစ်ပြား တစ်ကျပ်မှ ရနေလို့ မဟုတ်ဘူး။ Ethic လေး ရှိပြီး၊ လူလိုတော့ နားလည်သင့်တယ်။ အဲဒီလိုလုပ်လို့မရဘူးဆိုတာ ပြပေးမယ်။ ခင်ဗျားတို့ကို တရားဥပဒေလမ်းကြောင်းကပဲ ဆက်စကားပြောမယ်" လို့ ဘုန်းမင်းနေလ က ရေးသားထားခြင်းဖြစ်ပါတယ်။ ဘုန်းမင်းနေလရဲ့ အင်တာဗျူးရုပ်သံကို ကြည့်ရှုခဲ့မှုအရ ဖခင်ဖြစ်သူနဲ့ပတ်သက်တဲ့ခံစားချက်ကို မေးမြန်းထားခြင်း မျိုးဖြစ်ပြီး၊ ငယ်စဉ်ကတည်းက မိခင်ရဲ့ပြုစုစောင့်ရှောက်မှု အောက်မှာ ကြီးပြင်းခဲ့ရမှုကြောင့် ဖခင်ထံမှ ရရှိတဲ့မေတ္တာအပါအဝင် ဖခင်အပေါ် ချစ်မြတ်နိုးမှုခံစားချက်က မည်သို့မည်ပုံရှိကြောင်းကိုပင် မသိရှိကြောင်း ပြောပြထားခြင်း ဖြစ်ပါတယ်။ ၎င်းအနေနဲ့ ဖခင်နဲ့ပတ်သက်ပြီး ခေါင်းစဉ်မတပ်ဖို့ အဆိုပါအနု ပညာမီဒီယာရဲ့သတင်းထောက်ကို မှာကြားခဲ့ပေမယ့် " ဖခင်ဖြစ်သူကို ချစ်တဲ့စိတ်ရော၊ မုန်းတဲ့စိတ်ရော မရှိဘူး" ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်တဲ့ ခေါင်းစဉ်တပ်ကာ ရုပ်သံဖိုင်ကို လိုသလိုဖြတ်တောက်ပြီး ဖော်ပြခဲ့ခြင်းဖြစ်ပါ တယ်။ အဆိုပါ အင်တာဗျူးရုပ်သံဖိုင်ရဲ့ကွန်းမန့်ဘောက်စ်မှာ အများစုက "မိဘတွေ အိမ်ထောင်ရေးပြိုကွဲမှု ကြောင့်ဖြစ်ပေါ်လာတတ်တဲ့သားသမီးတွေရဲ့စိတ်ဒဏ်ရာတွေကို အင်တာဗျူးသူ တွေအနေနဲ့ လူသားချင်းစာနာမှု အရ မမေးမြန်စေလိုကြောင်း" ဝေဖန်ထောက်ပြခဲ့ကြပါတယ်။
ဖခင်ဖြစ်သူနဲ့ပတ်သက်ပြီးဖော်ပြခဲ့တဲ့အတွက် စိတ်ဆိုးခဲ့ပေမယ့် အဆိုပါမီဒီယာတိုက်ရဲ့တာဝန်ရှိပုဂ္ဂိုလ် က လူကိုယ်တိုင်လာရောက်တောင်းပန်ခဲ့တာကြောင့် နားလည်ခွင့်လွှတ်ပေးလိုက်ကြောင်းကိုလည်း ဘုန်းမင်း နေလက ပြန်လည်အသိပေးဖော်ပြခဲ့ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်ဘုန်းမင်းနေလနဲ့ ထင်သစ္စာတို့မောင်နှမနှစ်ဦး ဟာ ငယ်စဉ်ကတည်းက မိဘနှစ်ပါး အိမ်ထောင်ရေးပြိုကွဲပြီးနောက်ပိုင်း မိခင်ဖြစ်သူ မင်းသမီး ခင်ဇာခြည်ကျော်ရဲ့ အုပ်ထိန်းမှုအောက်မှာ လိမ္မာရေးခြားရှိစွာ ကြီးပြင်းခဲ့ကြသူတွေဖြစ်ပါတယ်။

Miss Universe Myanmar ရဲ့ National Director အဖြစ် တာဝန်ယူသွားတော့မှာဖြစ်ကြောင်း ထူးအံ့လွင် ကြေညာ

Mingalarpar Miss Myanmar Co.,Ltd က Miss Universe Myanmar 2026 ကို နေရှင်နယ်ဒါရိုက်တာ ထူးအံ့လွင်က တာဝန်ယူကိုင်တွယ်သွားတော့မှာဖြစ်ကြောင်း ၎င်းရဲ့ SoeMin Tun Facebook Page ကတစ်ဆင့် (၂၀၂၅) ခုနှစ်မှာ တရားဝင်ကြေညာခဲ့ပါတယ်။
" Mingalapar Miss Myanmar"နဲ့ ရွှေနဒီရွှေရည်ထုတ်လုပ်ရေးက ပူးပေါင်းကာ Miss World Myanmr, Miss International Myanmar, Miss Cosmo Myanmar, Miss Global Myanmar, Miss Charm Myanmar တို့ကို ကျင်းပသွားမှာဖြစ်ပြီး Miss Universe Myanmar ပွဲကို သီးသန့်ကျင်းပသွားမှာဖြစ်ကြောင်းကိုလည်း ကနဦးသိထားရပါတယ်။
Mingalarpar Miss Myanmar Co.,Ltd ညွှန်ကြားချက်အရ “Miss Universe Myanmar 2026 ၏ တရားဝင်လိုင်စင်ကို ရရှိခဲ့သော Mingalarpar Miss Myanmar Co.,Ltd က အများသိစေရန် နှင့် အသိပေးတားမြစ်ကြေညာသည့်အချိန်မှစ၍ ယခင်က Miss Universe Myanmar နှင့် ပတ်သက်ဆက်နွှယ်သည့်အကြောင်းအရာများဖြစ်သော Facebook, TikTok, Instagram စသည်တို့ကို အသုံးပြုချက်များအား ပြန်လည်ပြင်ဆင်ပေးပါရန်နှင့် လက်ရှိအသုံးပြုနေလျက်ရှိသောSocial Media Facebook, TikTok, Instagram စသည်တို့တွင် Miss Universe Myanmar စကားလုံးအသုံးအနှုန်းနှင့် အကြောင်းအရာများနှင့်ပတ်သက်ပြီး ဆင်တူယိုးမှားပြုလုပ်ခြင်း၊ မရိုးမဖြောင့်သော သဘောဖြင့် ထင်ယောင်ထင်မှားဖြစ်စေရန် ပြုလုပ်ခြင်း၊ တစ်စိတ်တစ်ဒေသဖြစ်စေ တုပကူးယူခြင်း စသည်တို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အများသိစေရန်နှင့် အသိပေးတားမြစ်ကြေညာအပ်ပါသည်} လို့ သတင်းစာမှာ တရားဝင်ထည့်သွင်းကြေညာခဲ့ခြင်းဖြစ်ပါတယ်။ ဒေါ်စိုးယုဝေဘက်က MISS Universe Myanmar ကို လက်လွှတ်လိုက်ရခြင်းအပေါ် "ကိုယ်ရေးတဲ့ကိုယ့်မှတ်တမ်းလို့ဆိုကာ ကိုယ့်နိုင်ငံက အမျိုးသမီးတွေကို နိုင်ငံတကာနည်းတူ အများနဲ့ရင်ပေါင်တန်းပြီး တွေ့ချင်တဲ့စိတ်တစ်ခုကြောင့် ပေါ်ပင်လုပ်ခဲ့ခြင်းမျိုး မဟုတ်ခဲ့ဘဲ မြန်မာနိုင်ငံမှာ ရေကူးဝတ်စုံနဲ့ပုံဖော်ပြဖို့တောင် ကန့်သတ်မှုတွေရှိနေချိန်မှာ ဝန်ကြီးဌာနရဲ့တရားဝင်လုပ်ကိုင်ခွင့်ကို (၁၅) နှစ် ရရှိအောင် ကြိုးပမ်းစတင်ခဲ့ပြီး Proposal တင်တာနဲ့ ကိုယ့်နိုင်ငံက တရားဝင်ခွင့်ပြုထားခြင်းခံထားရသူဆိုတဲ့အချက် အပါအဝင် ကိုဗစ်ကပ်ရောဂါကြောင့်နဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ခက်ခဲတင်းကြပ်နေတာတောင် ဆက်လက်ရပ်တည်နိုင်အောင်ကြိုးစားခဲ့ပါ တယ်။ လူကြိုက်များ ရေပန်းစားအောင် ဘယ်သူ့ကိုမှ နေရာတကာ ဇာတ်စုံမခင်းပြတတ်တာလည်း ကိုယ့်အကျင့်ဖြစ်တာ အားလုံးသိကြပါတယ်"လို့ ရေးသားခဲ့ပါတယ်။ ဒေါ်စိုးယုဝေဟာ Miss Universe Myanmar ရဲ့National Director အဖြစ် (၁၅)နှစ်တာဝန်ယူခဲ့ပြီး၊ သက်တမ်းတစ်လျှောက် အလှမယ်မိုးစက်ဝိုင်၊ သျှားထွဋ်အိန္ဒြာ၊ မေဘရဏီသော်၊ ထက်ထက်ထွန်းစတဲ့ အလှမယ်များကို ပျိုးထောင်ပေးနိုင်ခဲ့ပါတယ်။ ထူးအံ့လွင်က Miss Universe Myanmar 2026 ရဲ့ National Director အဖြစ် တာဝန်ယူဆောင်ရွက်မှာဖြစ်တာကြောင့်လည်း Pageant Fan တွေက ရလဒ်ကောင်းတွေ ရရှိလာဖို့ ကြိုတင်မျှော်လင့်နေကြပြီဖြစ်ပါတယ်။

ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့နားခွင့်ပြုပါ။

Zawgyi Version:
" လူ႐ႊင္ေတာ္ႀကီးတစ္ဦး ေမတၱာရပ္ခံလိုက္တဲ့ ဆုေတာင္းတစ္ခု"
အိျဖဴသိမ့္ (NP News) - ဇန္နဝါရီလ ၁၃

အႏုပညာအႏွစ္ခ်ဳပ္က႑ကေန ဒီတစ္ပတ္အတြက္ "လူ႐ႊင္ေတာ္သိန္းဇံရဲ႕ လက္ရွိ က်န္းမာေရး၊ ျမန္မာအလွမယ္ ေလာကရဲ႕ ပဲ့ကိုင္ရွင္ေတြရဲ႕ ပြဲ" စတဲ့ အႏုပညာဆက္စပ္သတင္းေတြကို ေဖာ္ျပေပးသြားပါမယ္။

ဆုေတာင္းတစ္ခုသာျပဳေပးဖို႔ ပရိသတ္ေတြထံ လူ႐ႊင္ေတာ္သိန္းဇံ ေတာင္းဆို
အႏုပညာမီဒီယာေတြရဲ႕ေဖာ္ထုတ္မႈတစ္ခုအရ ဇန္နဝါရီလ ဒုတိယပတ္အတြင္း လူ႐ႊင္ေတာ္ဟာသ သ႐ုပ္ေဆာင္ သိန္းဇံရဲ႕က်န္းမာေရးအေျခအေနကို သိရွိခြင့္ရခဲ့ပါတယ္။ အင္တာဗ်ဴးဗီဒီယိုဖိုင္ေတြ ဆိုရွယ္ ပလက္ေဖာင္းထက္ ပ်ံ႕ႏွံ႔လာခ်ိန္ လူ႐ႊင္ေတာ္ ဘယ္သူဘယ္ဝါဆိုတာ အမ်ားစုက သတိမမူမိခဲ့ၾကေပမယ့္ ၎ အႏုပညာလႈပ္ရွားစဥ္က ဓာတ္ပုံေတြနဲ႔ တြဲလ်က္ေဖာ္ျပခ်ိန္မွသာ ပရိသတ္ေတြက မွတ္မိခဲ့ၾကတာပါ။
ဝါရင့္လူ႐ႊင္ေတာ္ ဟာသသ႐ုပ္ေဆာင္ သိန္းဇံက အရင္က ခႏၶာကိုယ္ျပည့္ျပည့္ၿဖိဳးၿဖိဳးရွိခဲ့ၿပီး၊ ႐ုပ္ပိုင္း ဆိုင္ရာအရ တည္ၾကည္ေျဖာင့္မတ္တဲ့အမ်ိဳးသားတစ္ဦးပုံစံပါ။ လူ႐ႊင္ေတာ္သိန္းဇံဟာ အႏုပညာသက္တမ္း ႏွစ္ (၃၀) အထက္ရွိသူ ဝါရင့္အႏုပညာရွင္တစ္ဦးျဖစ္ၿပီး နာမည္ႀကီးလူ႐ႊင္ေတာ္ က်င္ဝွက္တို႔နဲ႔အတြဲညီညီ ဟာသ ျပက္လုံးမ်ားစြာ ထုတ္ခဲ့သူျဖစ္ကာ ပရိသတ္ေတြအတြက္ ေပ်ာ္ေတာ္ဆက္ေပးခဲ့တဲ့ ဝါရင့္လူ႐ႊင္ေတာ္ တစ္ဦး ျဖစ္ပါတယ္။ (၂၀၂၁-၂၀၂၂) ခုႏွစ္မွာ အႏုပညာအလုပ္ေတြ လုပ္ကိုင္ရမႈနည္းပါးလာတဲ့အတြက္ တကၠစီေမာင္းကာ အသက္ေမြးဝမ္းေက်ာင္းျပဳခဲ့ၿပီး စားဝတ္ေနေရးေျပလည္ခဲ့ေပမယ့္ ၎ရဲ႕အမ်ိဳးသမီး ကြယ္လြန္ၿပီးေနာက္မွာ က်န္းမာေရးအေျခအေန ပိုမိုဆိုး႐ြားခဲ့တာျဖစ္တယ္လို႔ သိရွိရပါတယ္။ ၎က "အသည္းေျခာက္" ေရာဂါကို တစ္ႏွစ္နီးပါး ေဆးကုသေနရင္း အစာအိမ္ေသြးေၾကာေပါက္တဲ့ေနာက္ဆက္တြဲေဝဒနာေၾကာင့္ (၂၀၂၅) ခုႏွစ္ ေအာက္တိုဘာ(၉)ရက္က ရန္ကုန္ေဆး႐ုံႀကီး၊ ငါးထပ္ေဆာင္၊ ပထမထပ္၊ ခြဲစိတ္ေဆာင္(၃)မွာ ေဆးကုသမႈခံယူခဲ့ ရတာျဖစ္ေၾကာင္းကိုလည္း လူ႐ႊင္ေတာ္ေငြတိုးရဲ႕ေဖာ္ျပထားခ်က္အရ သိရပါတယ္။ လက္ရွိ က်န္းမာေရးခ်ိဳ႕တဲ့မႈ အျပင္ စိတ္အားငယ္မႈမ်ားေၾကာင့္ ႐ုပ္ပိုင္းဆိုင္ရာက်ဆင္းသြား႐ုံမက လစဥ္ ေဆးကုသမႈစရိတ္အတြက္လည္း ပူပန္ရလ်က္ရွိေၾကာင္း သိရွိရၿပီး၊ "ပရိသတ္ကို တစ္ခုမွေတာ့ မေတာင္းဆိုခ်င္ပါဘူး။ ဒါေပမဲ့ က်န္းမာေရးေလး ေကာင္းမြန္ပါေစလို႔ေတာ့ ဆုေတာင္းေပးေစခ်င္ပါတယ္" လို႔ လူ႐ႊင္ေတာ္ႀကီးသိန္းဇံက မီဒီယာကတဆင့္ ေမတၱာရပ္ခံခဲ့ျခင္းျဖစ္ပါတယ္။

Myanmar Celebrity ကို ethic မရွိဘူးလို႔ ႐ုပ္ရွင္သ႐ုပ္ေဆာင္ဘုန္းမင္းေနလ ေျပာဆို


အႏုပညာမီဒီယာတစ္ခုျဖစ္တဲ့ Myanmar Celebrity Media က သတင္းေထာက္တစ္ဦးရဲ႕စည္းမေစာင့္မႈ အေၾကာင္းကို အကယ္ဒမီမင္းသမီး ခင္ဇာျခည္ေက်ာ္ရဲ႕သားအႀကီးျဖစ္သူ ႐ုပ္ရွင္သ႐ုပ္ေဆာင္ဘုန္းမင္းေနလက (၂၀၂၆) ခုႏွစ္၊ ဇန္နဝါရီလ (၅) ရက္က ၎ရဲ႕ေဖ့ဘြတ္အေကာင့္ကေန ေရးသား ေဖာ္ျပခဲ့ပါတယ္။
၎ ေရးသားထားတဲ့ပို႔စ္ကို (၂၄) နာရီအတြင္း Only me (သို႔မဟုတ္) Delete ျပန္လုပ္လိုက္ေပမယ့္ ေျပာဆိုထားတဲ့ Screenshot ကေတာ့ ပ်ံ႕ႏွံ႔ၿပီးျဖစ္ပါတယ္။ " Myanmar Celebrity လုံးဝ ethic မရွိတဲ့ Media ပါ။ လႈိင္းေလၾကားက ပန္းေ႐ႊၾကာဇာတ္လမ္းတြဲအတြက္ ေျဖေပးထားတဲ့ အင္တာဗ်ဴးကို လူစိတ္ဝင္စားဖို႔အတြက္ သူမ်ားမိသားစု Personal ကို ျဖတ္ညႇပ္ကပ္ Reels လုပ္ၿပီး၊ Caption က အစ Interview ထဲမွာ မေျပာတဲ့စာသားနဲ႔ပြဲရွာထားပါတယ္။ Caption ကို ဇာတ္ကားအေၾကာင္းပဲ တင္ဖို႔ေသခ်ာမွာလိုက္ရဲ႕သားနဲ႔ သူမ်ားကိုယ္ေရးကိုယ္တာကို အေလးမထားဘဲ အလြဲသုံးစာလုပ္တာပါ။ ေျပာခ်င္တာက အင္တာဗ်ဴးေျဖတာ ဇာတ္ကားလႊင့္ေနတဲ့အခ်ိန္ ပရိသတ္နဲ႔ထိေတြ႕ခြင့္ရေအာင္ ေျဖေပးတာ။ တစ္ျပား တစ္က်ပ္မွ ရေနလို႔ မဟုတ္ဘူး။ Ethic ေလး ရွိၿပီး၊ လူလိုေတာ့ နားလည္သင့္တယ္။ အဲဒီလိုလုပ္လို႔မရဘူးဆိုတာ ျပေပးမယ္။ ခင္ဗ်ားတို႔ကို တရားဥပေဒလမ္းေၾကာင္းကပဲ ဆက္စကားေျပာမယ္" လို႔ ဘုန္းမင္းေနလ က ေရးသားထားျခင္းျဖစ္ပါတယ္။ ဘုန္းမင္းေနလရဲ႕ အင္တာဗ်ဴး႐ုပ္သံကို ၾကည့္ရႈခဲ့မႈအရ ဖခင္ျဖစ္သူနဲ႔ပတ္သက္တဲ့ခံစားခ်က္ကို ေမးျမန္းထားျခင္း မ်ိဳးျဖစ္ၿပီး၊ ငယ္စဥ္ကတည္းက မိခင္ရဲ႕ျပဳစုေစာင့္ေရွာက္မႈ ေအာက္မွာ ႀကီးျပင္းခဲ့ရမႈေၾကာင့္ ဖခင္ထံမွ ရရွိတဲ့ေမတၱာအပါအဝင္ ဖခင္အေပၚ ခ်စ္ျမတ္ႏိုးမႈခံစားခ်က္က မည္သို႔မည္ပုံရွိေၾကာင္းကိုပင္ မသိရွိေၾကာင္း ေျပာျပထားျခင္း ျဖစ္ပါတယ္။ ၎အေနနဲ႔ ဖခင္နဲ႔ပတ္သက္ၿပီး ေခါင္းစဥ္မတပ္ဖို႔ အဆိုပါအႏု ပညာမီဒီယာရဲ႕သတင္းေထာက္ကို မွာၾကားခဲ့ေပမယ့္ " ဖခင္ျဖစ္သူကို ခ်စ္တဲ့စိတ္ေရာ၊ မုန္းတဲ့စိတ္ေရာ မရွိဘူး" ဆိုတဲ့ အဓိပၸါယ္သက္ေရာက္တဲ့ ေခါင္းစဥ္တပ္ကာ ႐ုပ္သံဖိုင္ကို လိုသလိုျဖတ္ေတာက္ၿပီး ေဖာ္ျပခဲ့ျခင္းျဖစ္ပါ တယ္။ အဆိုပါ အင္တာဗ်ဴး႐ုပ္သံဖိုင္ရဲ႕ကြန္းမန႔္ေဘာက္စ္မွာ အမ်ားစုက "မိဘေတြ အိမ္ေထာင္ေရးၿပိဳကြဲမႈ ေၾကာင့္ျဖစ္ေပၚလာတတ္တဲ့သားသမီးေတြရဲ႕စိတ္ဒဏ္ရာေတြကို အင္တာဗ်ဴးသူ ေတြအေနနဲ႔ လူသားခ်င္းစာနာမႈ အရ မေမးျမန္ေစလိုေၾကာင္း" ေဝဖန္ေထာက္ျပခဲ့ၾကပါတယ္။
ဖခင္ျဖစ္သူနဲ႔ပတ္သက္ၿပီးေဖာ္ျပခဲ့တဲ့အတြက္ စိတ္ဆိုးခဲ့ေပမယ့္ အဆိုပါမီဒီယာတိုက္ရဲ႕တာဝန္ရွိပုဂၢိဳလ္ က လူကိုယ္တိုင္လာေရာက္ေတာင္းပန္ခဲ့တာေၾကာင့္ နားလည္ခြင့္လႊတ္ေပးလိုက္ေၾကာင္းကိုလည္း ဘုန္းမင္း ေနလက ျပန္လည္အသိေပးေဖာ္ျပခဲ့ပါတယ္။ ႐ုပ္ရွင္သ႐ုပ္ေဆာင္ဘုန္းမင္းေနလနဲ႔ ထင္သစၥာတို႔ေမာင္ႏွမႏွစ္ဦး ဟာ ငယ္စဥ္ကတည္းက မိဘႏွစ္ပါး အိမ္ေထာင္ေရးၿပိဳကြဲၿပီးေနာက္ပိုင္း မိခင္ျဖစ္သူ မင္းသမီး ခင္ဇာျခည္ေက်ာ္ရဲ႕ အုပ္ထိန္းမႈေအာက္မွာ လိမၼာေရးျခားရွိစြာ ႀကီးျပင္းခဲ့ၾကသူေတြျဖစ္ပါတယ္။

Miss Universe Myanmar ရဲ႕ National Director အျဖစ္ တာဝန္ယူသြားေတာ့မွာျဖစ္ေၾကာင္း ထူးအံ့လြင္ ေၾကညာ
Mingalarpar Miss Myanmar Co.,Ltd က Miss Universe Myanmar 2026 ကို ေနရွင္နယ္ဒါ႐ိုက္တာ ထူးအံ့လြင္က တာဝန္ယူကိုင္တြယ္သြားေတာ့မွာျဖစ္ေၾကာင္း ၎ရဲ႕ SoeMin Tun Facebook Page ကတစ္ဆင့္ (၂၀၂၅) ခုႏွစ္မွာ တရားဝင္ေၾကညာခဲ့ပါတယ္။
" Mingalapar Miss Myanmar"နဲ႔ ေ႐ႊနဒီေ႐ႊရည္ထုတ္လုပ္ေရးက ပူးေပါင္းကာ Miss World Myanmr, Miss International Myanmar, Miss Cosmo Myanmar, Miss Global Myanmar, Miss Charm Myanmar တို႔ကို က်င္းပသြားမွာျဖစ္ၿပီး Miss Universe Myanmar ပြဲကို သီးသန႔္က်င္းပသြားမွာျဖစ္ေၾကာင္းကိုလည္း ကနဦးသိထားရပါတယ္။
Mingalarpar Miss Myanmar Co.,Ltd ၫႊန္ၾကားခ်က္အရ “Miss Universe Myanmar 2026 ၏ တရားဝင္လိုင္စင္ကို ရရွိခဲ့ေသာ Mingalarpar Miss Myanmar Co.,Ltd က အမ်ားသိေစရန္ ႏွင့္ အသိေပးတားျမစ္ေၾကညာသည့္အခ်ိန္မွစ၍ ယခင္က Miss Universe Myanmar ႏွင့္ ပတ္သက္ဆက္ႏႊယ္သည့္အေၾကာင္းအရာမ်ားျဖစ္ေသာ Facebook, TikTok, Instagram စသည္တို႔ကို အသုံးျပဳခ်က္မ်ားအား ျပန္လည္ျပင္ဆင္ေပးပါရန္ႏွင့္ လက္ရွိအသုံးျပဳေနလ်က္ရွိေသာSocial Media Facebook, TikTok, Instagram စသည္တို႔တြင္ Miss Universe Myanmar စကားလုံးအသုံးအႏႈန္းႏွင့္ အေၾကာင္းအရာမ်ားႏွင့္ပတ္သက္ၿပီး ဆင္တူယိုးမွားျပဳလုပ္ျခင္း၊ မ႐ိုးမေျဖာင့္ေသာ သေဘာျဖင့္ ထင္ေယာင္ထင္မွားျဖစ္ေစရန္ ျပဳလုပ္ျခင္း၊ တစ္စိတ္တစ္ေဒသျဖစ္ေစ တုပကူးယူျခင္း စသည္တို႔ကို ျပဳလုပ္ေဆာင္႐ြက္ခဲ့ပါက ဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း အမ်ားသိေစရန္ႏွင့္ အသိေပးတားျမစ္ေၾကညာအပ္ပါသည္} လို႔ သတင္းစာမွာ တရားဝင္ထည့္သြင္းေၾကညာခဲ့ျခင္းျဖစ္ပါတယ္။ ေဒၚစိုးယုေဝဘက္က MISS Universe Myanmar ကို လက္လႊတ္လိုက္ရျခင္းအေပၚ "ကိုယ္ေရးတဲ့ကိုယ့္မွတ္တမ္းလို႔ဆိုကာ ကိုယ့္ႏိုင္ငံက အမ်ိဳးသမီးေတြကို ႏိုင္ငံတကာနည္းတူ အမ်ားနဲ႔ရင္ေပါင္တန္းၿပီး ေတြ႕ခ်င္တဲ့စိတ္တစ္ခုေၾကာင့္ ေပၚပင္လုပ္ခဲ့ျခင္းမ်ိဳး မဟုတ္ခဲ့ဘဲ ျမန္မာႏိုင္ငံမွာ ေရကူးဝတ္စုံနဲ႔ပုံေဖာ္ျပဖို႔ေတာင္ ကန႔္သတ္မႈေတြရွိေနခ်ိန္မွာ ဝန္ႀကီးဌာနရဲ႕တရားဝင္လုပ္ကိုင္ခြင့္ကို (၁၅) ႏွစ္ ရရွိေအာင္ ႀကိဳးပမ္းစတင္ခဲ့ၿပီး Proposal တင္တာနဲ႔ ကိုယ့္ႏိုင္ငံက တရားဝင္ခြင့္ျပဳထားျခင္းခံထားရသူဆိုတဲ့အခ်က္ အပါအဝင္ ကိုဗစ္ကပ္ေရာဂါေၾကာင့္နဲ႔ ႏိုင္ငံေရးအေျခအေနေတြေၾကာင့္ ခက္ခဲတင္းၾကပ္ေနတာေတာင္ ဆက္လက္ရပ္တည္ႏိုင္ေအာင္ႀကိဳးစားခဲ့ပါ တယ္။ လူႀကိဳက္မ်ား ေရပန္းစားေအာင္ ဘယ္သူ႔ကိုမွ ေနရာတကာ ဇာတ္စုံမခင္းျပတတ္တာလည္း ကိုယ့္အက်င့္ျဖစ္တာ အားလုံးသိၾကပါတယ္"လို႔ ေရးသားခဲ့ပါတယ္။ ေဒၚစိုးယုေဝဟာ Miss Universe Myanmar ရဲ႕National Director အျဖစ္ (၁၅)ႏွစ္တာဝန္ယူခဲ့ၿပီး၊ သက္တမ္းတစ္ေလွ်ာက္ အလွမယ္မိုးစက္ဝိုင္၊ သွ်ားထြဋ္အိျႏၵာ၊ ေမဘရဏီေသာ္၊ ထက္ထက္ထြန္းစတဲ့ အလွမယ္မ်ားကို ပ်ိဳးေထာင္ေပးႏိုင္ခဲ့ပါတယ္။ ထူးအံ့လြင္က Miss Universe Myanmar 2026 ရဲ႕ National Director အျဖစ္ တာဝန္ယူေဆာင္႐ြက္မွာျဖစ္တာေၾကာင့္လည္း Pageant Fan ေတြက ရလဒ္ေကာင္းေတြ ရရွိလာဖို႔ ႀကိဳတင္ေမွ်ာ္လင့္ေနၾကၿပီျဖစ္ပါတယ္။

ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔နားခြင့္ျပဳပါ။

Related news

© 2021. All rights reserved.