ရွှေတိဂုံစေတီတော်တွင် CCTV ကင်မရာ အလုံး(၂၅၀)နီးပါး ထပ်တိုး တပ်ဆင်မည်

218
စိမ့် (NP News) - ဇန်နဝါရီ ၁၃
ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် CCTV ကင်မရာ အလုံး(၂၅၀)နီးပါး ထပ်တိုးတပ်ဆင်သွားမည် ဖြစ်ကြောင်း အဆိုပါ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က တင်ဒါခေါ်ယူထားသည့် အချက်အလက်များအရ သိရသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးတွင်လက်ရှိ အသုံးပြုနေသော Smart Intelligent and Surveillance CCTV System Maintenance ဆောင်ရွက်ရန် နှင့် CCTV Camera ၂၄၈ လုံး ထပ်တိုးတပ်ဆင်ရန် အတွက် တင်ထားခေါ်ယူထားခြင်းဖြစ်ပြီး ထပ်တိုးတပ်ဆင်မည့် ကင်မရာများအားလက်ရှိစနစ်အတွင်း ပေါင်းထည့်ကာ ချိတ်ဆက်တပ်ဆင်အသုံးပြုမည်ဖြစ်ကြောင်း အချက်အလက်များအရ သိရသည်။
စိတ်ဝင်စားသူများအနေဖြင့် အဆိုပြုလွှာပုံစံနှင့် စည်းကမ်းချက်တစ်စုံလျှင် ငွေကျပ် ၁၀၀,၀၀၀ နှုန်းဖြင့် ဝယ်ယူနိုင်ကာ တင်ဒါဖွင့်ဖောက်မည့်ရက်ကို ပြန်လည်အကြောင်းကြားသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးသည် မြန်မာနိုင်ငံတွင် ဘုရားဖူး အများဆုံး လာရောက်ရာ စေတီတော်ကြီးဖြစ်ပြီး ရန်ကုန်မြို့၏ အထင်ကရလည်း ဖြစ်သည်။
၂၀၂၁ ခုနှစ် နိုင်ငံရေးဖြစ်စဉ်အပြီးတွင် ရွှေတိဂုံဘုရားကြီး အနီး စာကပ် ဆန္ဒပြခြင်း အချို့ ရှိခဲ့သည်။

Zawgyi Version:
ေ႐ႊတိဂုံေစတီေတာ္တြင္ CCTV ကင္မရာ အလုံး(၂၅၀)နီးပါး ထပ္တိုး တပ္ဆင္မည္
စိမ့္ (NP News) - ဇန္နဝါရီ ၁၃
ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးတြင္ CCTV ကင္မရာ အလုံး(၂၅၀)နီးပါး ထပ္တိုးတပ္ဆင္သြားမည္ ျဖစ္ေၾကာင္း အဆိုပါ ေစတီေတာ္ဘ႑ာေတာ္ထိန္းေဂါပကအဖြဲ႕က တင္ဒါေခၚယူထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးတြင္လက္ရွိ အသုံးျပဳေနေသာ Smart Intelligent and Surveillance CCTV System Maintenance ေဆာင္႐ြက္ရန္ ႏွင့္ CCTV Camera ၂၄၈ လုံး ထပ္တိုးတပ္ဆင္ရန္ အတြက္ တင္ထားေခၚယူထားျခင္းျဖစ္ၿပီး ထပ္တိုးတပ္ဆင္မည့္ ကင္မရာမ်ားအားလက္ရွိစနစ္အတြင္း ေပါင္းထည့္ကာ ခ်ိတ္ဆက္တပ္ဆင္အသုံးျပဳမည္ျဖစ္ေၾကာင္း အခ်က္အလက္မ်ားအရ သိရသည္။
စိတ္ဝင္စားသူမ်ားအေနျဖင့္ အဆိုျပဳလႊာပုံစံႏွင့္ စည္းကမ္းခ်က္တစ္စုံလွ်င္ ေငြက်ပ္ ၁၀၀,၀၀၀ ႏႈန္းျဖင့္ ဝယ္ယူႏိုင္ကာ တင္ဒါဖြင့္ေဖာက္မည့္ရက္ကို ျပန္လည္အေၾကာင္းၾကားသြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။
ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးသည္ ျမန္မာႏိုင္ငံတြင္ ဘုရားဖူး အမ်ားဆုံး လာေရာက္ရာ ေစတီေတာ္ႀကီးျဖစ္ၿပီး ရန္ကုန္ၿမိဳ႕၏ အထင္ကရလည္း ျဖစ္သည္။
၂၀၂၁ ခုႏွစ္ ႏိုင္ငံေရးျဖစ္စဥ္အၿပီးတြင္ ေ႐ႊတိဂုံဘုရားႀကီး အနီး စာကပ္ ဆႏၵျပျခင္း အခ်ိဳ႕ ရွိခဲ့သည္။