ဝါများအား သတ်မှတ်ကာလအတွင်း တစ်ပြိုင်နက်တည်း စွမ်းအားပြည့် ဆွတ်ခူးသိမ်းဆည်းနိုင်မည့် နည်းပညာကို စမ်းသပ်နေ

 166

ထိုက်စံ (NP News) - ဇန်နဝါရီ ၁၃

ဝါများအား သတ်မှတ်ကာလအတွင်း တစ်ပြိုင်နက်တည်း စွမ်းအားပြည့် ဆွတ်ခူးသိမ်းဆည်းနိုင်မည့် နည်းပညာကို စမ်းသပ်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနထံက သိရသည်။
နေပြည်တော် ပျဉ်းမနားရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းဝင်းအတွင်း KTK-1 ၊ ငွေချည်-၁၁ ၊ RAKA-666 ၊ ရွှေတောင်-၈ ၊ B-31 မျိုးများ ယှဉ်ပြိုင်စိုက်ပျိုးပြီး စမ်းသပ်နေခြင်းဖြစ်ကာ ယမန်နေ့ (ဇန်နဝါရီလ ၁၂ ရက်) က အဆိုပါနေရာသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သွားရောက်ခဲ့သည်။
တာဝန်ရှိသူများက ဆောင်ရွက်ရသည့်ရည်ရွယ်ချက်များ၊ အပင်သက်တမ်းအလိုက် အပင်ကြီးထွားမှုရပ်တန့် ဆေး၊ သီးပွင့်ဆေးနှင့် ရွက်ချဆေးသုံးစွဲခဲ့မှု၊ ဝါသီးပွင့်မှုနှင့် ဝါဂွမ်း ခန့်မှန်းအထွက်နှုန်းတို့ကို တင်ပြရာ ယခုကဲ့သို့ အပင်ပြုစုစောင့်ရှောက်ရမှု နှင့် သွင်းအားစုစရိတ်သည် တောင်သူတွက်ခြေကိုက်သည့် အထွက်နှုန်းရလဒ်များရှိ ရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ယခုနည်းပညာအရ သတ်မှတ်ကာလအတွင်း ဝါများအား တစ်ပြိုင်နက်တည်း စွမ်းအားပြည့် ဆွတ်ခူးသိမ်းဆည်းနိုင်မည်ဖြစ်၍ နောက်သီးနှံကို ရာသီချိန်မီစိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ ရေရှည်တွင် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ပြောင်းလဲအသုံးပြုရာ၌ ဝါသီးနှံကို ဧကကွက် ဟက်တာကွက်အလိုက် စက်ဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ဆွတ်ခူးသိမ်းဆည်းရန် လိုအပ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နည်းပညာအရ သေချာမှုရှိစေရန် ပညာရှင်များအပိုင်းက ထပ်မံစမ်းသပ်ဆောင်ရွက်ပေးရန်လည်း ပြည်ထောင်စုဝန်ကြီး က မှာကြားသည်။
ယခင်က ချည်မျှင်ရှည်ဝါစိုက်ပျိုးရာတွင် ပင်ခြား နှစ်ပေခွဲ၊ တန်းကြား သုံးပေဖြင့် စိုက်ပျိုးခဲ့ကြခြင်းဖြစ် ပြီး ယခုစမ်းသပ်စိုက်ပျိုးမှုတွင် ပင်ခြား ခြောက်လက်မ၊ တန်းကြား နှစ်ပေဖြင့် စိုက်ပျိုးထားခြင်းကြောင့် တစ်ဧကဝင်ဆံ့သည့်အပင်ဦးရေ တိုးတက်စိုက်ပျိုးနိုင်ခြင်း၊ အပင်အရပ်ကို ထိန်းချုပ်၍ အသီးအပွင့်တစ်ပြိုင်တည်း သီးပွင့်စေခြင်းကြောင့် စက်ကိရိယာဖြင့် ဆွတ်ခူးသိမ်းဆည်းနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်၍ ယခုနည်းပညာကို ပြည်တွင်း ချည်မျှင်ရှည်ဝါမျိုးနှင့် ပြည်ပချည်မျှင်ရှည်ဝါစပ်မျိုးများအပေါ်သက်ရောက်မှုကို စိုက်ပျိုးရေးဦးစီးဌာန၊ ဝါနှင့် လျှော်မျှင်ထွက်သီးနှံဌာနခွဲပညာရှင်များက စမ်းသပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ဝါမ်ားအား သတ္မွတ္ကာလအတြင္း တစ္ၿပိဳင္နက္တည္း စြမ္းအားျပည့္ ဆြတ္ခူးသိမ္းဆည္းႏိုင္မည့္ နည္းပညာကို စမ္းသပ္ေန
ထိုက္စံ (NP News) - ဇန္နဝါရီ ၁၃
ဝါမ်ားအား သတ္မွတ္ကာလအတြင္း တစ္ၿပိဳင္နက္တည္း စြမ္းအားျပည့္ ဆြတ္ခူးသိမ္းဆည္းႏိုင္မည့္ နည္းပညာကို စမ္းသပ္ေနေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး ႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနထံက သိရသည္။
ေနျပည္ေတာ္ ပ်ဥ္းမနားရွိ စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရးသိပၸံေက်ာင္းဝင္းအတြင္း KTK-1 ၊ ေငြခ်ည္-၁၁ ၊ RAKA-666 ၊ ေ႐ႊေတာင္-၈ ၊ B-31 မ်ိဳးမ်ား ယွဥ္ၿပိဳင္စိုက္ပ်ိဳးၿပီး စမ္းသပ္ေနျခင္းျဖစ္ကာ ယမန္ေန႔ (ဇန္နဝါရီလ ၁၂ ရက္) က အဆိုပါေနရာသို႔ စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမင္းေနာင္ သြားေရာက္ခဲ့သည္။
တာဝန္ရွိသူမ်ားက ေဆာင္႐ြက္ရသည့္ရည္႐ြယ္ခ်က္မ်ား၊ အပင္သက္တမ္းအလိုက္ အပင္ႀကီးထြားမႈရပ္တန္႔ ေဆး၊ သီးပြင့္ေဆးႏွင့္ ႐ြက္ခ်ေဆးသုံးစြဲခဲ့မႈ၊ ဝါသီးပြင့္မႈႏွင့္ ဝါဂြမ္း ခန႔္မွန္းအထြက္ႏႈန္းတို႔ကို တင္ျပရာ ယခုကဲ့သို႔ အပင္ျပဳစုေစာင့္ေရွာက္ရမႈ ႏွင့္ သြင္းအားစုစရိတ္သည္ ေတာင္သူတြက္ေျခကိုက္သည့္ အထြက္ႏႈန္းရလဒ္မ်ားရွိ ရန္လိုေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။
ယခုနည္းပညာအရ သတ္မွတ္ကာလအတြင္း ဝါမ်ားအား တစ္ၿပိဳင္နက္တည္း စြမ္းအားျပည့္ ဆြတ္ခူးသိမ္းဆည္းႏိုင္မည္ျဖစ္၍ ေနာက္သီးႏွံကို ရာသီခ်ိန္မီစိုက္ပ်ိဳးႏိုင္မည္ျဖစ္ေၾကာင္း၊ ေရရွည္တြင္ လက္မႈလယ္ယာမွ စက္မႈလယ္ယာသို႔ ေျပာင္းလဲအသုံးျပဳရာ၌ ဝါသီးႏွံကို ဧကကြက္ ဟက္တာကြက္အလိုက္ စက္ျဖင့္ တစ္ခ်ိန္တည္း တစ္ၿပိဳင္တည္း ဆြတ္ခူးသိမ္းဆည္းရန္ လိုအပ္လာမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ နည္းပညာအရ ေသခ်ာမႈရွိေစရန္ ပညာရွင္မ်ားအပိုင္းက ထပ္မံစမ္းသပ္ေဆာင္႐ြက္ေပးရန္လည္း ျပည္ေထာင္စုဝန္ႀကီး က မွာၾကားသည္။
ယခင္က ခ်ည္မွ်င္ရွည္ဝါစိုက္ပ်ိဳးရာတြင္ ပင္ျခား ႏွစ္ေပခြဲ၊ တန္းၾကား သုံးေပျဖင့္ စိုက္ပ်ိဳးခဲ့ၾကျခင္းျဖစ္ ၿပီး ယခုစမ္းသပ္စိုက္ပ်ိဳးမႈတြင္ ပင္ျခား ေျခာက္လက္မ၊ တန္းၾကား ႏွစ္ေပျဖင့္ စိုက္ပ်ိဳးထားျခင္းေၾကာင့္ တစ္ဧကဝင္ဆံ့သည့္အပင္ဦးေရ တိုးတက္စိုက္ပ်ိဳးႏိုင္ျခင္း၊ အပင္အရပ္ကို ထိန္းခ်ဳပ္၍ အသီးအပြင့္တစ္ၿပိဳင္တည္း သီးပြင့္ေစျခင္းေၾကာင့္ စက္ကိရိယာျဖင့္ ဆြတ္ခူးသိမ္းဆည္းႏိုင္ျခင္းစသည့္ အက်ိဳးေက်းဇူးမ်ား ရရွိႏိုင္မည္ျဖစ္၍ ယခုနည္းပညာကို ျပည္တြင္း ခ်ည္မွ်င္ရွည္ဝါမ်ိဳးႏွင့္ ျပည္ပခ်ည္မွ်င္ရွည္ဝါစပ္မ်ိဳးမ်ားအေပၚသက္ေရာက္မႈကို စိုက္ပ်ိဳးေရးဦးစီးဌာန၊ ဝါႏွင့္ ေလွ်ာ္မွ်င္ထြက္သီးႏွံဌာနခြဲပညာရွင္မ်ားက စမ္းသပ္ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.