လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ဒုတိယနေ့ဆွေးနွေးပွဲ ဆက်လက်ကျင်းပ

 180

သန့်ဇင် (NP News) ဇန်နဝါရီ ၁၄

လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ၏ ဒုတိယနေ့ဆွေးနွေးပွဲကို ယနေ့ ဇန်နဝါရီ ၁၄ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ MICC 1 တွင် ဆက်လက်ကျင်းပလျက်ရှိသည်။
ဆွေးနွေးပွဲတွင် ပညာရှင်(၁၁)ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ လူငယ် (၃၅၀) နှင့် အလွှာအသီးသီးမှာ ဖိတ်ကြားထားသူများ အပါအဝင် စုစုပေါင်း(၄၇၆) ဦး ပါဝင်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို "ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ဆောက်ရေး လူငယ်များပါဝင်မှုကို မြှင့်တင်ပေး" ခေါင်းစဉ်ဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) မှ ဦးစီးကျင်းပနေခြင်းဖြစ်သည်။
လူငယ်ငြိမ်းချင်းရေးဖိုရမ်ကို ယမန်နေ့ ဇန်နဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ ခေါင်းစဉ် ၁၀ ခုဖြင့် ၃ ရက်တိုင်တိုင် ဆွေးနွေးပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။
လူငယ်ငြိမ်းချမ်းရေးဖိုရမ်၏ Theme အဖြစ် “ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ နိုင်ငံတည်ဆောက်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် နိုင်ငံတစ်ဝန်းရှိ လူငယ်များ စုပေါင်း ပါဝင်လာစေရန် နှင့် စွမ်းရည်ပြည့်ဝသော ခေါင်းဆောင်များဖြစ်ပေါ်လာရန်အတွက် ငြိမ်းချမ်းရေး အသိမြှင့်တင်ပေးနိုင်ရန်”
(To enhance peace awareness for the collective participation of youth nationwide in peacebuilding, nation-building and national development, and to foster highly competent leaders) ကို သတ်မှတ်ထားကြောင်းလည်း သိရသည်။

Zawgyi Version:
လူငယ္ၿငိမ္းခ်မ္းေရးဖိုရမ္ ၂၀၂၆ ဒုတိယေန႔ေဆြးေႏြးပြဲ ဆက္လက္က်င္းပ
သန႔္ဇင္ (NP News) ဇန္နဝါရီ ၁၄
လူငယ္ၿငိမ္းခ်မ္းေရးဖိုရမ္ ၂၀၂၆ ၏ ဒုတိယေန႔ေဆြးေႏြးပြဲကို ယေန႔ ဇန္နဝါရီ ၁၄ ရက္ နံနက္ ၉ နာရီတြင္ ေနျပည္ေတာ္ရွိ MICC 1 တြင္ ဆက္လက္က်င္းပလ်က္ရွိသည္။
ေဆြးေႏြးပြဲတြင္ ပညာရွင္(၁၁)ဦး၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ရွိ လူငယ္ (၃၅၀) ႏွင့္ အလႊာအသီးသီးမွာ ဖိတ္ၾကားထားသူမ်ား အပါအဝင္ စုစုေပါင္း(၄၇၆) ဦး ပါဝင္ေဆြးေႏြးမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ေဆြးေႏြးပြဲကို "ၿငိမ္းခ်မ္းေရးႏွင့္ ႏိုင္ငံတည္ေဆာက္ေရး လူငယ္မ်ားပါဝင္မႈကို ျမႇင့္တင္ေပး" ေခါင္းစဥ္ျဖင့္ အမ်ိဳးသားစည္းလုံးညီၫြတ္ေရး ႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ညႇိႏႈိင္းေရးေကာ္မတီ (NSPNC) မွ ဦးစီးက်င္းပေနျခင္းျဖစ္သည္။
လူငယ္ၿငိမ္းခ်င္းေရးဖိုရမ္ကို ယမန္ေန႔ ဇန္နဝါရီ ၁၃ ရက္မွ ၁၅ ရက္အထိ ေခါင္းစဥ္ ၁၀ ခုျဖင့္ ၃ ရက္တိုင္တိုင္ ေဆြးေႏြးပြဲက်င္းပမည္ျဖစ္ေၾကာင္း သိရသည္။
လူငယ္ၿငိမ္းခ်မ္းေရးဖိုရမ္၏ Theme အျဖစ္ “ၿငိမ္းခ်မ္းေရး တည္ေဆာက္ေရး၊ ႏိုင္ငံတည္ေဆာက္ေရးႏွင့္ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ေရးတို႔တြင္ ႏိုင္ငံတစ္ဝန္းရွိ လူငယ္မ်ား စုေပါင္း ပါဝင္လာေစရန္ ႏွင့္ စြမ္းရည္ျပည့္ဝေသာ ေခါင္းေဆာင္မ်ားျဖစ္ေပၚလာရန္အတြက္ ၿငိမ္းခ်မ္းေရး အသိျမႇင့္တင္ေပးႏိုင္ရန္”
(To enhance peace awareness for the collective participation of youth nationwide in peacebuilding, nation-building and national development, and to foster highly competent leaders) ကို သတ္မွတ္ထားေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.