တပ်မတော်က ဖမ်းဆီးရမိခဲ့သော သီပေါ နှင့် မိုင်းရယ်မှ မူးယစ်ဆေးထုတ်လုပ်သည့်နေရာများမှာ စက်ရုံသဖွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်

189
သုတကျော် (NP News) - ဇန်နဝါရီ ၁၄
တပ်မတော်က ဖမ်းဆီးရမိခဲ့သော သီပေါမြို့နယ် နှင့် မိုင်းရယ်မြို့နယ်တို့မှ မူးယစ်ဆေးထုတ်လုပ်သည့် နေရာများတို့မှာ စက်ရုံသဖွယ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ (ဇန်နဝါရီလ ၁၄ ရက်) တွင် ပြုလုပ်သော ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲမှ သိရသည်။
ယခုနှစ် ဇန်နဝါရီလ ၉ ရက်မှ ၁၁ ရက်အတွင်း အထက်ပါ မြို့နယ် (၂) မြို့နယ် မှ နေရာ ၃ နေရာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် မူးယစ်ဆေးဝါးထုတ်လုပ်သည့် စက်များ၊ ဓာတုပစ္စည်းများ၊ မူးယစ်ဆေးများကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။
ယင်းနေရာတွင် မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းကို စက်ရုံကဲ့သို့တည်ဆောက်ထုတ်လုပ်ခြင်းဖြစ်ကာ မူးယစ်ဆေးဝါးအမြောက်အမြား ထုတ်လုပ်ကြောင်းကိုတွေ့ရပြီး စာတန်းပါသော ထုပ်ပိုးခွံများကိုလည်း တွေ့ရကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။
သတင်းအကျယ်ကို NP News မှ ဆက်လက်တင်ဆက်ပေးသွားမည်ဖြစ်ပါသည်။
Zawgyi Version:
တပ္မေတာ္က ဖမ္းဆီးရမိခဲ့ေသာ သီေပါ ႏွင့္ မိုင္းရယ္မွ မူးယစ္ေဆးထုတ္လုပ္သည့္ေနရာမ်ားမွာ စက္႐ုံသဖြယ္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၁၄
တပ္မေတာ္က ဖမ္းဆီးရမိခဲ့ေသာ သီေပါၿမိဳ႕နယ္ ႏွင့္ မိုင္းရယ္ၿမိဳ႕နယ္တို႔မွ မူးယစ္ေဆးထုတ္လုပ္သည့္ ေနရာမ်ားတို႔မွာ စက္႐ုံသဖြယ္ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း ယေန႔ (ဇန္နဝါရီလ ၁၄ ရက္) တြင္ ျပဳလုပ္ေသာ ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ျပဳလုပ္သည့္သတင္းစာရွင္းလင္းပြဲမွ သိရသည္။
ယခုႏွစ္ ဇန္နဝါရီလ ၉ ရက္မွ ၁၁ ရက္အတြင္း အထက္ပါ ၿမိဳ႕နယ္ (၂) ၿမိဳ႕နယ္ မွ ေနရာ ၃ ေနရာတြင္ တိုက္ပြဲျဖစ္ပြားၿပီးေနာက္ မူးယစ္ေဆးဝါးထုတ္လုပ္သည့္ စက္မ်ား၊ ဓာတုပစၥည္းမ်ား၊ မူးယစ္ေဆးမ်ားကို သိမ္းပိုက္ရရွိခဲ့ျခင္းျဖစ္သည္။
ယင္းေနရာတြင္ မူးယစ္ေဆးဝါးထုတ္လုပ္ျခင္းကို စက္႐ုံကဲ့သို႔တည္ေဆာက္ထုတ္လုပ္ျခင္းျဖစ္ကာ မူးယစ္ေဆးဝါးအေျမာက္အျမား ထုတ္လုပ္ေၾကာင္းကိုေတြ႕ရၿပီး စာတန္းပါေသာ ထုပ္ပိုးခြံမ်ားကိုလည္း ေတြ႕ရေၾကာင္း သတင္းစာရွင္းလင္းပြဲမွ သိရသည္။
သတင္းအက်ယ္ကို NP News မွ ဆက္လက္တင္ဆက္ေပးသြားမည္ျဖစ္ပါသည္။