ICJ ‌ရောက် ဂမ်ဘီယာနဲ့ မြန်မာနိုင်ငံအမှု ထင်သလောက် ရိုးရှင်းလွယ်ကူခြင်း မရှိကြောင်း သတိပြုသင့် (အတွေးအမြင် ဆောင်းပါး)

 1118

HtayOung (ဇန်နဝါရီ-၁၃)
၂၀၂၆ ခုနှစ် ဇန်နဝါရီလ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီ ယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွပ်စွဲခြင်း သမိုင်းဝင် ကြားနာမှုများကို စတင်နေပြီဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ဂမ်ဘီယာနိုင်ငံက ကနဦး လျောက်လဲချက်များကို တင်ပြခဲ့ရာ မြန်မာစစ်တပ်ရဲ့ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ် "ရှင်းလင်းရေးလုပ်ငန်းစဉ်များ" အတွင်း ရခိုင်မြောက်ပိုင်း ဘင်္ဂါလီလူနည်းစုကို ပစ်မှတ် ထားဖျက်ဆီးခဲ့တယ်လို့ စွပ်စွဲသွားပါတယ်။

ဒီနေရာမှာ ဂျှီနိုဆိုက်ဆိုတာ လူမျိုးတုံးသတ်ဖြတ်တယ်လို့ တစ်ထစ်ချ အဓိပ္ပါယ်ဖွင့်ဆိုခြင်း မရှိကြောင်း သိထားဖို့ အရေးကြီးပါတယ်။ ၁၉၄၈-ခုနှစ် နိုင်ငံတကာဂျီနိုဆိုက်မှု ကာကွယ်တားဆီးရေး သဘောတူစာချုပ် (CPPCG) ပါ အချက်အလက်များကို ဖောက်ဖျက်ကျူးလွန်လျင် ဂျီနိုဆိုက်လို့ သတ်မှတ်ပါတယ်။ တကယ်တော့ ဒီလိုအမှုမျိုး ကို ICC ‌ခေါ် နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ကြားနာ စီရင်ရမှာဖြစ်ပါတယ်။

မြန်မာဟာ ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်ပေမယ့် CPPCG ကို ၁၉၅၆-ခုနှစ်မှာ သဘောတူလက်မှတ်ရေးထိုးခဲ့ပါ တယ်။ စာချုပ်ပါ တာဝန်ဝတ္တရားတွေဟာ စာချုပ်ဝင်နိုင်ငံတစ်ခုနဲ့ တစ်ခုအကြား သီးသန့်မဟုတ်ဘဲ၊ (စာချုပ်ဝင် နိုင်ငံအားလုံးရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ အများဆိုင်ရာ တာဝန်များ (collective obligations) ဖြစ်လျင်) ဂမ်ဘီယာအနေနဲ့ မြန်မာရဲ့ လုပ်ရပ်ကြောင့် သီးသန့်ထိခိုက်မှုရှိကြောင်း ပြသစရာမလိုဘဲ၊ စာချုပ်ပါ ဝတ္တရား များကို ချိုးဖောက်တယ်လို့ တရားစွဲဆိုခြင်း ဖြစ်ပါတယ်။

ဒီအမှုဟာ အဲ့ဒီအချိန် မြန်မာအစိုးရအကြီးအကဲ သမ္မတဦးထင်ကျော်- နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကို တရားစွဲဆိုခြင်းဖြစ်ပြီး ဘယ်အစိုးရတက်တက် မြန်မာနိုင်ငံနဲ့ သက်ဆိုင်ပါတယ်။ မြန်မာက တက်ရောက် ချေပခြင်း မပြုလျင် မျက်ကွယ်မှာ တစ်ဖက်သပ် ဆုံးဖြတ်ပါလိမ့်မယ်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှာ ဂမ်ဘီယာနိုင်ငံက လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်ရန် လျှောက်လွှာ တင် သွင်းခဲ့ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ Independent International Fact-Finding Mission (FFM) ရဲ့ ရှာဖွေတွေ့ရှိချက်များကို ကိုးကားထားပါတယ်။ ၂၀၁၉ ခုနှစ် FFM အစီရင်ခံစာအရ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေဟာ ဂျီနိုဆိုက်ကွန်ဗင်းရှင်းပါ ပုံမှန်သတ်မှတ် ပြစ်မှုကျူးလွန်ချက် (၅) ခုအနက် (၄) ခုနဲ့ ကိုက်ညီ တယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှာ ဘင်္ဂါလီများအပေါ် ဂျီနိုဆိုက်ရာရောက်ရှိမှု အားလုံး ကို ကာကွယ်ရန်နဲ့ သက်သေအထောက်အထားများကို ထိန်းသိမ်းရန် မြန်မာနိုင်ငံကို ညွှန်ကြားကြောင်း ယာ ယီ အစီအမံများကို ICJ က ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ မြန်မာနိုင်ငံရဲ့ ကနဦး ကန့်ကွက်မှု များကို တရားရုံးက ပယ်ချခဲ့ပြီး အမှုကို ကြားနာရန် တရားစီရင်ပိုင်ခွင့်ရှိတယ်လို့ ဆုံးဖြတ်ပါတယ်။

ယခုလ ကြားနာမှုမှာ မြန်မာအစိုးရကိုယ်စား ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်တဲ့ ကိုယ်စား လှယ် အဖွဲ့က ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှစပြီး စွပ်စွဲချက်များကို ချေပဖို့ စီစဉ်ထားပါတယ်။ ကြားနာမှုများ ပြီးဆုံးပြီး နောက် ၆ လမှ ၁၂ လ ခန့်အကြာမှာ အပြီးသတ်ဆုံးဖြတ်မယ်လို့ မျှော်လင့်ရတဲ့အတွက် ၂၀၂၆ ခုနှစ် နှောင်းပိုင်း သို့မဟုတ် ၂၀၂၇ ခုနှစ် စောစောပိုင်းလောက် ဖြစ်နိုင်ပါတယ်။ မြန်မာအနေနဲ့ မကျေနပ်လျင် ၁၀ ရက်အတွင်း အယူခံတင်သွင်းနိုင်ပါတယ်။

ဒီအမှုဟာ ထင်သလောက် မရိုးရှင်းပါ။ ဂမ်ဘီယာက မြန်မာဟာ ၁၉၄၈ ခုနှစ် CPPCG သဘောတူညီချက်ကို ချိုးဖောက်မှုအတွက် တာဝန်ရှိကြောင်း ရှာဖွေဖော်ထုတ်ရန်၊ လျော်ကြေးပေးအပ်ရန်နဲ့ ရိုဟင်ဂျာများကို နိုင်ငံ သားအဖြစ် ပြန်လည်ပေးအပ်ခြင်းအပြင် နောက်ထပ် ရက်စက်ကြမ်းကြုတ်မှုများကို ကာကွယ်တားဆီးရန် ICJ မှာ တောင်းဆိုနေပါတယ်။ ဆိုလိုတာ ရိုဟင်ဂျာလူမျိူးအဖြစ် နိုင်ငံသားပေးအပ်ရန်အပြင် Safe Zone အကာ အကွယ် ဖန်တီးပေးနိုင်ဖို့ လမ်းစဖော်နေခြင်း ဖြစ်ပါတယ်။

ICJ ဟာ မပျက်မကွက်လိုက်နာရမယ့် အမိန့်များကို ချမှတ်နိုင်ခြင်း မရှိပါ။ ဒါပေမယ့် လက်ရှိ ထိုင်းနဲ့ ကမ္ဘော ဒီး ယားလို ဘုရားကျောင်းပိုင်ဆိုင်မှုမျိုး မဟုတ်ပဲ၊ လူ့အခွင့်အရေး-နိုင်ငံတို့ရဲ့ ကျင့်ဝတ်နဲ့ အပြည်ပြည်ဆိုင်ရာ ဥပ ဒေမှာ အကြီးလေးဆုံး ပြစ်မှု ဂျီနိုဆိုက်ခေါင်းစဉ်နဲ့ ဖြစ်နေကြောင်း သတိပြုသင့်ပါတယ်။

ဂမ်ဘီယာ ဖောက်တဲ့ လမ်းကို အပြည့်အဝအကောင်အထည်ဖော်ဖို့ ICC နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအပြင် နောက်ကွယ် မမြင်ရတဲ့ လက်မည်းကြီးများအပေါ် မူတည်ပါလိမ့်မယ်။
.

Zawgyi Version:
ICJ ‌ေရာက္ ဂမ္ဘီယာနဲ႔ ျမန္မာႏိုင္ငံအမႈ ထင္သေလာက္ ႐ိုးရွင္းလြယ္ကူျခင္း မရွိေၾကာင္း သတိျပဳသင့္
(အေတြးအျမင္ ေဆာင္းပါး)
HtayOung (ဇန္နဝါရီ-၁၃)
၂၀၂၆ ခုႏွစ္ ဇန္နဝါရီလ နယ္သာလန္ႏိုင္ငံ သည္ဟိတ္ဂ္ၿမိဳ႕ အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ) မွာ ဂမ္ဘီ ယာႏိုင္ငံက ျမန္မာႏိုင္ငံအေပၚ စြပ္စြဲျခင္း သမိုင္းဝင္ ၾကားနာမႈမ်ားကို စတင္ေနၿပီျဖစ္ပါတယ္။ ၂၀၂၆ ခုႏွစ္၊ ဇန္နဝါရီလ ၁၂ ရက္ေန႔မွာ ဂမ္ဘီယာႏိုင္ငံက ကနဦး ေလ်ာက္လဲခ်က္မ်ားကို တင္ျပခဲ့ရာ ျမန္မာစစ္တပ္ရဲ႕ ၂၀၁၆ နဲ႔ ၂၀၁၇ ခုႏွစ္ "ရွင္းလင္းေရးလုပ္ငန္းစဥ္မ်ား" အတြင္း ရခိုင္ေျမာက္ပိုင္း ဘဂၤါလီလူနည္းစုကို ပစ္မွတ္ ထားဖ်က္ဆီးခဲ့တယ္လို႔ စြပ္စြဲသြားပါတယ္။

ဒီေနရာမွာ ဂွ်ီႏိုဆိုက္ဆိုတာ လူမ်ိဳးတုံးသတ္ျဖတ္တယ္လို႔ တစ္ထစ္ခ် အဓိပၸါယ္ဖြင့္ဆိုျခင္း မရွိေၾကာင္း သိထားဖို႔ အေရးႀကီးပါတယ္။ ၁၉၄၈-ခုႏွစ္ ႏိုင္ငံတကာဂ်ီႏိုဆိုက္မႈ ကာကြယ္တားဆီးေရး သေဘာတူစာခ်ဳပ္ (CPPCG) ပါ အခ်က္အလက္မ်ားကို ေဖာက္ဖ်က္က်ဴးလြန္လ်င္ ဂ်ီႏိုဆိုက္လို႔ သတ္မွတ္ပါတယ္။ တကယ္ေတာ့ ဒီလိုအမႈမ်ိဳး ကို ICC ‌ေခၚ ႏိုင္ငံတကာ ရာဇဝတ္ခုံ႐ုံးက ၾကားနာ စီရင္ရမွာျဖစ္ပါတယ္။

ျမန္မာဟာ ICC အဖြဲ႕ဝင္ႏိုင္ငံ မဟုတ္ေပမယ့္ CPPCG ကို ၁၉၅၆-ခုႏွစ္မွာ သေဘာတူလက္မွတ္ေရးထိုးခဲ့ပါ တယ္။ စာခ်ဳပ္ပါ တာဝန္ဝတၱရားေတြဟာ စာခ်ဳပ္ဝင္ႏိုင္ငံတစ္ခုနဲ႔ တစ္ခုအၾကား သီးသန႔္မဟုတ္ဘဲ၊ (စာခ်ဳပ္ဝင္ ႏိုင္ငံအားလုံးရဲ႕ အက်ိဳးစီးပြားနဲ႔ သက္ဆိုင္တဲ့ အမ်ားဆိုင္ရာ တာဝန္မ်ား (collective obligations) ျဖစ္လ်င္) ဂမ္ဘီယာအေနနဲ႔ ျမန္မာရဲ႕ လုပ္ရပ္ေၾကာင့္ သီးသန႔္ထိခိုက္မႈရွိေၾကာင္း ျပသစရာမလိုဘဲ၊ စာခ်ဳပ္ပါ ဝတၱရား မ်ားကို ခ်ိဳးေဖာက္တယ္လို႔ တရားစြဲဆိုျခင္း ျဖစ္ပါတယ္။

ဒီအမႈဟာ အဲ့ဒီအခ်ိန္ ျမန္မာအစိုးရအႀကီးအကဲ သမၼတဦးထင္ေက်ာ္- ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္း စုၾကည္နဲ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တို႔ကို တရားစြဲဆိုျခင္းျဖစ္ၿပီး ဘယ္အစိုးရတက္တက္ ျမန္မာႏိုင္ငံနဲ႔ သက္ဆိုင္ပါတယ္။ ျမန္မာက တက္ေရာက္ ေခ်ပျခင္း မျပဳလ်င္ မ်က္ကြယ္မွာ တစ္ဖက္သပ္ ဆုံးျဖတ္ပါလိမ့္မယ္။

၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလမွာ ဂမ္ဘီယာႏိုင္ငံက လုပ္ငန္းစဥ္မ်ားကို စတင္ေဆာင္႐ြက္ရန္ ေလွ်ာက္လႊာ တင္ သြင္းခဲ့ရာ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီ၏ Independent International Fact-Finding Mission (FFM) ရဲ႕ ရွာေဖြေတြ႕ရွိခ်က္မ်ားကို ကိုးကားထားပါတယ္။ ၂၀၁၉ ခုႏွစ္ FFM အစီရင္ခံစာအရ ျမန္မာစစ္တပ္ရဲ႕ လုပ္ရပ္ေတြဟာ ဂ်ီႏိုဆိုက္ကြန္ဗင္းရွင္းပါ ပုံမွန္သတ္မွတ္ ျပစ္မႈက်ဴးလြန္ခ်က္ (၅) ခုအနက္ (၄) ခုနဲ႔ ကိုက္ညီ တယ္လို႔ ေဖာ္ျပထားပါတယ္။ ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလမွာ ဘဂၤါလီမ်ားအေပၚ ဂ်ီႏိုဆိုက္ရာေရာက္ရွိမႈ အားလုံး ကို ကာကြယ္ရန္နဲ႔ သက္ေသအေထာက္အထားမ်ားကို ထိန္းသိမ္းရန္ ျမန္မာႏိုင္ငံကို ၫႊန္ၾကားေၾကာင္း ယာ ယီ အစီအမံမ်ားကို ICJ က ထုတ္ျပန္ခဲ့ပါတယ္။ ၂၀၂၂ ခုႏွစ္ ဇူလိုင္လမွာ ျမန္မာႏိုင္ငံရဲ႕ ကနဦး ကန႔္ကြက္မႈ မ်ားကို တရား႐ုံးက ပယ္ခ်ခဲ့ၿပီး အမႈကို ၾကားနာရန္ တရားစီရင္ပိုင္ခြင့္ရွိတယ္လို႔ ဆုံးျဖတ္ပါတယ္။

ယခုလ ၾကားနာမႈမွာ ျမန္မာအစိုးရကိုယ္စား ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္ ဦးေဆာင္တဲ့ ကိုယ္စား လွယ္ အဖြဲ႕က ၂၀၂၆ ခုႏွစ္ ဇန္နဝါရီလ ၁၆ ရက္ေန႔မွစၿပီး စြပ္စြဲခ်က္မ်ားကို ေခ်ပဖို႔ စီစဥ္ထားပါတယ္။ ၾကားနာမႈမ်ား ၿပီးဆုံးၿပီး ေနာက္ ၆ လမွ ၁၂ လ ခန႔္အၾကာမွာ အၿပီးသတ္ဆုံးျဖတ္မယ္လို႔ ေမွ်ာ္လင့္ရတဲ့အတြက္ ၂၀၂၆ ခုႏွစ္ ေႏွာင္းပိုင္း သို႔မဟုတ္ ၂၀၂၇ ခုႏွစ္ ေစာေစာပိုင္းေလာက္ ျဖစ္ႏိုင္ပါတယ္။ ျမန္မာအေနနဲ႔ မေက်နပ္လ်င္ ၁၀ ရက္အတြင္း အယူခံတင္သြင္းႏိုင္ပါတယ္။

ဒီအမႈဟာ ထင္သေလာက္ မ႐ိုးရွင္းပါ။ ဂမ္ဘီယာက ျမန္မာဟာ ၁၉၄၈ ခုႏွစ္ CPPCG သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္မႈအတြက္ တာဝန္ရွိေၾကာင္း ရွာေဖြေဖာ္ထုတ္ရန္၊ ေလ်ာ္ေၾကးေပးအပ္ရန္နဲ႔ ႐ိုဟင္ဂ်ာမ်ားကို ႏိုင္ငံ သားအျဖစ္ ျပန္လည္ေပးအပ္ျခင္းအျပင္ ေနာက္ထပ္ ရက္စက္ၾကမ္းၾကဳတ္မႈမ်ားကို ကာကြယ္တားဆီးရန္ ICJ မွာ ေတာင္းဆိုေနပါတယ္။ ဆိုလိုတာ ႐ိုဟင္ဂ်ာလူမ်ိဴးအျဖစ္ ႏိုင္ငံသားေပးအပ္ရန္အျပင္ Safe Zone အကာ အကြယ္ ဖန္တီးေပးႏိုင္ဖို႔ လမ္းစေဖာ္ေနျခင္း ျဖစ္ပါတယ္။

ICJ ဟာ မပ်က္မကြက္လိုက္နာရမယ့္ အမိန႔္မ်ားကို ခ်မွတ္ႏိုင္ျခင္း မရွိပါ။ ဒါေပမယ့္ လက္ရွိ ထိုင္းနဲ႔ ကေမာၻ ဒီး ယားလို ဘုရားေက်ာင္းပိုင္ဆိုင္မႈမ်ိဳး မဟုတ္ပဲ၊ လူ႔အခြင့္အေရး-ႏိုင္ငံတို႔ရဲ႕ က်င့္ဝတ္နဲ႔ အျပည္ျပည္ဆိုင္ရာ ဥပ ေဒမွာ အႀကီးေလးဆုံး ျပစ္မႈ ဂ်ီႏိုဆိုက္ေခါင္းစဥ္နဲ႔ ျဖစ္ေနေၾကာင္း သတိျပဳသင့္ပါတယ္။

ဂမ္ဘီယာ ေဖာက္တဲ့ လမ္းကို အျပည့္အဝအေကာင္အထည္ေဖာ္ဖို႔ ICC နဲ႔ ကုလသမဂၢလုံၿခဳံေရးေကာင္စီအျပင္ ေနာက္ကြယ္ မျမင္ရတဲ့ လက္မည္းႀကီးမ်ားအေပၚ မူတည္ပါလိမ့္မယ္။
.

Related news

© 2021. All rights reserved.