ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ကို ဥပဒေ နှင့် အညီ အရေးယူမည်

 381

သုတကျော်( NP News )-ဇန်နဝါရီ ၁၄
ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ကို ဥပဒေ နှင့် အညီ အရေးယူမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က သတင်းထုတ်ပြန်ထားသည်။

နိုင်ငံရေးပါတီများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၇ (ဂ)၊ ပုဒ်မ ၄၀၈ နှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆(စ)ပါ ပြဋ္ဌာန်းချက်များအရ “ နိုင်ငံခြားတိုင်းပြည် တစ်ခုခု၏အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း သို့မဟုတ် ယင်းတို့၏ဩဇာခံယူခြင်း မပြုရေး " ကို စောင့်ထိန်း လိုက်နာရန်တာဝန်ရှိပြီး လိုက်နာရန်ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၁၁-၈-၂၀၂၂ ရက်စွဲပါ စာအမှတ်၊ ၅/နငရ-ကြီးကြပ်(၄၉)/ကမရ ဖြင့် နိုင်ငံရေးပါတီအားလုံးသို့ အကြောင်းကြားခဲ့ပြီး ဖြစ်ပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံရန်ရှိပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကြိုတင်တင်ပြပြီး ခွင့်ပြုချက်ရရှိမှသာ တွေ့ဆုံရန်ဖြစ်ကြောင်းနှင့် သင့်လျော်သည့်အစီအမံဖြင့် စိစစ်ခွင့်ပြုပေးမည် ဖြစ်ကြောင်းကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၂၃-၈-၂၀၂၂ ရက်စွဲပါစာအမှတ်၊ ၅/နငရ-ကြီးကြပ် (၅၁)/ကမရ ဖြင့် နိုင်ငံရေးပါတီအားလုံးသို့ ထပ်မံအကြောင်းကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် သံရုံးများ/အဖွဲ့အစည်းများနှင့် လျှို့ဝှက်စွာတွေ့ဆုံလျက် ရှိကြောင်း သိရှိရသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြခွင့်ပြုချက်ရရှိမှသာ တွေ့ဆုံရန်နှင့် ခွင့်ပြုချက်မရရှိဘဲတွေ့ဆုံပါက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ နှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၂၂-၁၂-၂၀၂၅ ရက်စွဲပါ စာအမှတ်၊ ၅ / နငရ-ကြီးကြပ် (၂၀၁) / ကမရ ဖြင့် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌသို့ လိပ်မူ၍ သတိပေး အကြောင်းကြားခဲ့သည်ဟု ရေးသားထားသည်။

ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင်တို့သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ခွင့်ပြုချက်တင်ပြခြင်းမရှိဘဲ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် တွင် တစ်နာရီ အကြာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းရှိ စားသောက်ဆိုင်တစ်ဆိုင်၌ ပြည်ပသံရုံးတစ်ရုံးမှ ပုဂ္ဂိုလ်အချို့နှင့် Mask တပ်ဆင်ပြီး တရားမဝင် လျှို့ဝှက်စွာတွေ့ဆုံခဲ့ကြောင်း သတင်းပို့တိုင်ကြားမှုရှိခဲ့ကြောင်း နှင့် အထက်ပါ အကြောင်းအရာနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ မှန်ကန်ကြောင်း တွေ့ရှိရသည့်အပြင် ဒေါက်တာသက်သက်ခိုင်နှင့် ဒေါ်ထက်ထက်လှိုင် တို့မှလည်း မှန်ကန်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု ရေးသားထားသည်။

ထို့ကြောင့် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင်တို့အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Zawgyi Version:
ျပည္သူ႔ေရွ႕ေဆာင္ပါတီဥကၠ႒ ေဒါက္တာသက္သက္ခိုင္ႏွင့္ ဗဟိုအလုပ္အမႈေဆာင္ အဖြဲ႕ဝင္ ကို ဥပေဒ ႏွင့္ အညီ အေရးယူမည္
သုတေက်ာ္( NP News )-ဇန္နဝါရီ ၁၄
ျပည္သူ႔ေရွ႕ေဆာင္ပါတီဥကၠ႒ ေဒါက္တာသက္သက္ခိုင္ႏွင့္ ဗဟိုအလုပ္အမႈေဆာင္ အဖြဲ႕ဝင္ ကို ဥပေဒ ႏွင့္ အညီ အေရးယူမည္ ျဖစ္ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ က သတင္းထုတ္ျပန္ထားသည္။

ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၄၀၇ (ဂ)၊ ပုဒ္မ ၄၀၈ ႏွင့္ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒ ပုဒ္မ ၆(စ)ပါ ျပ႒ာန္းခ်က္မ်ားအရ “ ႏိုင္ငံျခားတိုင္းျပည္ တစ္ခုခု၏အစိုးရ သို႔မဟုတ္ ဘာသာေရးအဖြဲ႕အစည္း သို႔မဟုတ္ အျခားအဖြဲ႕အစည္းတစ္ခုခု သို႔မဟုတ္ ပုဂၢိဳလ္တစ္ဦးဦးထံမွ ေငြေၾကး၊ ပစၥည္း၊ အျခားအေထာက္အပံ့ကို တိုက္႐ိုက္ျဖစ္ေစ၊ သြယ္ဝိုက္၍ျဖစ္ေစ ရယူသုံးစြဲျခင္း သို႔မဟုတ္ ယင္းတို႔၏ဩဇာခံယူျခင္း မျပဳေရး " ကို ေစာင့္ထိန္း လိုက္နာရန္တာဝန္ရွိၿပီး လိုက္နာရန္ပ်က္ကြက္ပါက ႏိုင္ငံေရးပါတီအျဖစ္ မွတ္ပုံတင္ထားျခင္းကို ပယ္ဖ်က္ရမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၏ ၁၁-၈-၂၀၂၂ ရက္စြဲပါ စာအမွတ္၊ ၅/နငရ-ႀကီးၾကပ္(၄၉)/ကမရ ျဖင့္ ႏိုင္ငံေရးပါတီအားလုံးသို႔ အေၾကာင္းၾကားခဲ့ၿပီး ျဖစ္ပါေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔အျပင္ ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ ႏိုင္ငံျခားတိုင္းျပည္တစ္ခုခု၏ အဖြဲ႕အစည္း သို႔မဟုတ္ လူပုဂၢိဳလ္မ်ားႏွင့္ ေတြ႕ဆုံရန္ရွိပါက ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္သို႔ ႀကိဳတင္တင္ျပၿပီး ခြင့္ျပဳခ်က္ရရွိမွသာ ေတြ႕ဆုံရန္ျဖစ္ေၾကာင္းႏွင့္ သင့္ေလ်ာ္သည့္အစီအမံျဖင့္ စိစစ္ခြင့္ျပဳေပးမည္ ျဖစ္ေၾကာင္းကိုလည္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၏ ၂၃-၈-၂၀၂၂ ရက္စြဲပါစာအမွတ္၊ ၅/နငရ-ႀကီးၾကပ္ (၅၁)/ကမရ ျဖင့္ ႏိုင္ငံေရးပါတီအားလုံးသို႔ ထပ္မံအေၾကာင္းၾကားခဲ့သည္ဟု ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။

ျပည္သူ႔ေရွ႕ေဆာင္ပါတီအေနျဖင့္ သံ႐ုံးမ်ား/အဖြဲ႕အစည္းမ်ားႏွင့္ လွ်ိဳ႕ဝွက္စြာေတြ႕ဆုံလ်က္ ရွိေၾကာင္း သိရွိရသျဖင့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္သို႔ တင္ျပခြင့္ျပဳခ်က္ရရွိမွသာ ေတြ႕ဆုံရန္ႏွင့္ ခြင့္ျပဳခ်က္မရရွိဘဲေတြ႕ဆုံပါက ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒ ပုဒ္မ ၁၂ ႏွင့္ အညီ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၏ ၂၂-၁၂-၂၀၂၅ ရက္စြဲပါ စာအမွတ္၊ ၅ / နငရ-ႀကီးၾကပ္ (၂၀၁) / ကမရ ျဖင့္ ျပည္သူ႔ေရွ႕ေဆာင္ပါတီဥကၠ႒သို႔ လိပ္မူ၍ သတိေပး အေၾကာင္းၾကားခဲ့သည္ဟု ေရးသားထားသည္။

ျပည္သူ႔ေရွ႕ေဆာင္ပါတီဥကၠ႒ ေဒါက္တာသက္သက္ခိုင္ႏွင့္ ဗဟိုအလုပ္အမႈေဆာင္ အဖြဲ႕ဝင္ ေဒၚထက္ထက္လႈိင္တို႔သည္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္သို႔ ခြင့္ျပဳခ်က္တင္ျပျခင္းမရွိဘဲ ၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာလ ၁၈ ရက္ တြင္ တစ္နာရီ အၾကာ ရန္ကုန္တိုင္းေဒသႀကီး၊ ဗဟန္းၿမိဳ႕နယ္၊ နတ္ေမာက္လမ္းရွိ စားေသာက္ဆိုင္တစ္ဆိုင္၌ ျပည္ပသံ႐ုံးတစ္႐ုံးမွ ပုဂၢိဳလ္အခ်ိဳ႕ႏွင့္ Mask တပ္ဆင္ၿပီး တရားမဝင္ လွ်ိဳ႕ဝွက္စြာေတြ႕ဆုံခဲ့ေၾကာင္း သတင္းပို႔တိုင္ၾကားမႈရွိခဲ့ေၾကာင္း ႏွင့္ အထက္ပါ အေၾကာင္းအရာႏွင့္ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ရာ မွန္ကန္ေၾကာင္း ေတြ႕ရွိရသည့္အျပင္ ေဒါက္တာသက္သက္ခိုင္ႏွင့္ ေဒၚထက္ထက္လႈိင္ တို႔မွလည္း မွန္ကန္ေၾကာင္း ဝန္ခံထြက္ဆိုခဲ့သည္ဟု ေရးသားထားသည္။

ထို႔ေၾကာင့္ ျပည္သူ႔ေရွ႕ေဆာင္ပါတီဥကၠ႒ ေဒါက္တာသက္သက္ခိုင္ႏွင့္ ဗဟိုအလုပ္အမႈေဆာင္ အဖြဲ႕ဝင္ ေဒၚထက္ထက္လႈိင္တို႔အား ဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.