မန္တလေး-သပိတ်ကျင်း- မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ စစ်ဗျူဟာအရေးကြီးနေရာများနှင့် နယ်မြေခံတပ်ရင်းအား ပြန်လည်သိမ်းပိုက်ရရှိ

 267

သုတကျော် (NP News) - ဇန်နဝါရီ ၁၅

တပ်မတော်စစ်ကြောင်းများက မန္တလေး-သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ စစ်ဗျူဟာအရေးကြီးနေရာများနှင့် နယ်မြေခံတပ်ရင်းအား ပြန်လည်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
ဒေသခံ တပ်မတော်စစ်ကြောင်းများအနေဖြင့် PDF အမည်ခံအကြမ်းဖက်သောင်း ကျန်းသူပူးပေါင်းအဖွဲ့များ ယာယီထိန်းချုပ်ထားသည့် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာ မြို့နယ်၊ စဉ့်ကူးမြို့နယ်၊ သပိတ်ကျင်းမြို့နယ်များအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း ဒေသတစ်ဝိုက် တည် ငြိမ်အေးချမ်းမှုရှိစေရေးနှင့် ဆက်သွယ်ရေးလမ်းကြောင်းများအပေါ်တွင် ပြည်သူများနှင့် ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ အသုံးပြုနိုင်ရေးအတွက် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ မန္တလေး-မတ္တရာ-စဥ့်ကူး-သပိတ်ကျင်း ဆက်သွယ်ရေးလမ်းကြောင်းအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်တွင် အပြည့်အဝ ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။

ထိုသို့ တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ ယာယီ စိုးမိုးထားသည့် နေရာများအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့မှုကြောင့် ဒေသခံပြည်သူများအနေဖြင့် တပ်မတော်အပေါ် ယုံကြည်အားကိုးမှုများ၊ စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ ပြုလုပ်လာကြပြီး အကြမ်းဖက်သမားများ၏ သတင်းများကို အချိန်နှင့်တပြေးညီ နီးစပ်ရာ တပ်မတော်စစ်ကြောင်းများထံသို့ သတင်းပေးပို့ခြင်းများ ပြုလုပ်လာကြသည်။ ထိုသို့ ပြည်သူလူထု၏ ထောက်ခံအားပေးမှုကို မရရှိတော့သည့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ်စိတ်ပျက် နောင်တရသည့်အပြင် ၎င်းတို့အဖွဲ့များ အချင်းချင်းတွင်လည်း အနိုင်ကျင့်ဗိုလ်ကျမှုများ၊ အဓမ္မမှုများကျူးလွန်ခြင်းတို့ ရှိလာခဲ့ ခြင်းအပေါ် လက်မခံနိုင်ခြင်းနှင့် နိုင်ငံတော်နှင့် တပ်မတော်၏ သဘောတရားအမှန် တို့ကို နားလည်သဘော ပေါက်လက်ခံလာခြင်းတို့ကြောင့် PDF အမည်ခံအဖွဲ့ဝင်အချို့တို့သည် နယ်မြေအလိုက်ရှိ နီးစပ်ရာတပ် စခန်းများ၊ တာဝန်ရှိသူများနှင့် ချိတ်ဆက်၍ ဥပဒေဘောင်အတွင်း လက်နက်၊ ခဲယမ်းများနှင့်အတူ ဝင်ရောက်လာခဲ့ကြသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် သပိတ်ကျင်း-မိုးကုတ် ဒေသအနီး ဝန်းကျင်ရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ လုံခြုံမှုရှိစေရေး၊ ကုန်စည် ကူးသန်းရောင်းဝယ်မှု လွယ်ကူလျင်မြန်စွာချောမွေ့စေရေးနှင့် နိုင်ငံ့စီးပွားတိုးတက်ရေး တို့အတွက် အထောက်အကူပြုသည့် မြေပေါ်/မြေအောက် သယံဇာတများ စနစ်တကျ စီမံဆောင်ရွက်နိုင်ရေးတို့အတွက် သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေး လမ်းကြောင်း အား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး အကြမ်းဖက်သောင်းကျန်းသူများ ယာယီ စိုးမိုးထားသည့် နယ်မြေခံတပ်ရင်းဌာနချုပ်နှင့် ၎င်းဒေသတစ်ဝိုက်အား ပြန်လည် သိမ်းပိုက်ရရှိရေးအတွက် ဒေသခံပြည်သူများနှင့် အလင်းဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များ၏ သတင်းပေးပို့မှုများကို စနစ်တကျပေါင်းစပ် သုံးသပ်ပြီး နယ်မြေလုံခြုံ ရေးလုပ်ငန်းများကို စစ်ကြောင်းများခွဲ၍ ဟန်ချက်ညီစွာ အရှိန်အဟန်ဖြင့် ဆက်လက် ချီတက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ညောင်ပင်သာကျေးရွာအား လည်းကောင်း၊ ဇန်နဝါရီ ၁၂ ရက်နေ့တွင် ပိုးဇာနွယ်ကျေးရွာ အားလည်းကောင်း၊ ဇန်နဝါရီ ၁၃ ရက်နေ့တွင် ကျောက်လှည်းဘီးကျေးရွာအား လည်းကောင်း၊ ဇန်နဝါရီ ၁၄ ရက် ယနေ့တွင် အဆိုပါလမ်းကြောင်းပေါ်ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်နှင့် စိန်ကုန်း ကျေးရွာတစ်ဝိုက်တို့အားလည်းကောင်း တပ်မတော်စစ်ကြောင်းများက အပြည့်အဝ ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ အဆိုပါဒေသအား ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရရှိရေး အသက်ကို ပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ချေမှုန်းခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ နှင့် တိုက်ပွဲကြီး/ငယ် ၃၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့အလောင်း ၁၅ လောင်း၊ လက်နက် မျိုးစုံ ၃၄ လက်၊ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ ကျဆုံး၊ ဒဏ်ရာများရရှိခဲ့သည်။

အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ညောင်ပင်သာကျေး ရွာ၊ ပိုးဇာနွယ်ကျေးရွာ၊ ကျောက်လှည်းဘီးကျေးရွာတို့ကို တပ်မတော်စစ်ကြောင်းများ က ပြန်လည်သိမ်းပိုက်ပြီး နယ်မြေရှင်းလင်းချီတက်စဉ် လမ်းကြောင်းတစ်လျှောက်တွင် အကြမ်းဖက်သောင်းကျန်းသူများ၏ မတရားနှိပ်စက်ညှင်းပန်းမှုဒဏ်ကို ခါးသီးစွာ ခံစားခဲ့ရသည့် ဒေသခံပြည်သူများသည် တပ်မတော်စစ်ကြောင်းများကို သက်ကြီး ရွယ်အိုများ၊ ကလေးသူငယ်များပါမကျန် ကျားမ၊ ကြီးငယ်မရွေး အောင်သပြေပန်းများ၊ ပန်းကုံးများ ကိုင်ဆောင်ကာ သောင်းသောင်းဖြဖြ ဝမ်းပန်းတသာကြိုဆိုခဲ့ကြသည်ကို ကြည်နူးဝမ်း မြောက်ဖွယ်တွေ့မြင်ခဲ့ရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါဒေသအတွင်း လိုအပ်သည့် နယ်မြေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ကာ စိန်ကုန်းကျေးရွာနှင့် မိုးကုတ်မြို့ အကြား လမ်းပိုင်းတွင် ခိုအောင်းနေသည့် အကြမ်းဖက်သောင်းကျန်းသူများအား ဆက်လက် တိုက်ခိုက်ချေမှုန်းရှင်းလင်းသွားမည်ဖြစ်ပြီး ဒေသအတွင်း ကုန်စည်ကူးသန်းရောင်းဝယ် မှု လွယ်ကူလျင်မြန်ချောမွေ့စေရေး၊ ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် အန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေးတို့အတွက် မိုးကုတ်-သပိတ်ကျင်း-မန္တလေးမြို့များ သို့ ဆက်သွယ်ထားသည့် လမ်းကြောင်းများအား အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေး တို့ကို ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

မႏၲေလး-သပိတ္က်င္း- မိုးကုတ္ ဆက္သြယ္ေရးလမ္းေၾကာင္းေပၚရွိ စစ္ဗ်ဴဟာအေရးႀကီးေနရာမ်ားႏွင့္ နယ္ေျမခံတပ္ရင္းအား ျပန္လည္သိမ္းပိုက္ရရွိ
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၁၅
တပ္မေတာ္စစ္ေၾကာင္းမ်ားက မႏၲေလး-သပိတ္က်င္း-မိုးကုတ္ ဆက္သြယ္ေရးလမ္းေၾကာင္းေပၚရွိ စစ္ဗ်ဴဟာအေရးႀကီးေနရာမ်ားႏွင့္ နယ္ေျမခံတပ္ရင္းအား ျပန္လည္သိမ္းပိုက္ရရွိခဲ့ေၾကာင္း သိရသည္။
ေဒသခံ တပ္မေတာ္စစ္ေၾကာင္းမ်ားအေနျဖင့္ PDF အမည္ခံအၾကမ္းဖက္ေသာင္း က်န္းသူပူးေပါင္းအဖြဲ႕မ်ား ယာယီထိန္းခ်ဳပ္ထားသည့္ မႏၲေလးတိုင္းေဒသႀကီး၊ မတၱရာ ၿမိဳ႕နယ္၊ စဥ့္ကူးၿမိဳ႕နယ္၊ သပိတ္က်င္းၿမိဳ႕နယ္မ်ားအား တစ္ခုၿပီးတစ္ခု ျပန္လည္သိမ္းပိုက္ထိန္းခ်ဳပ္ခဲ့ၿပီး မႏၲေလး-မတၱရာ-စဥ့္ကူး-သပိတ္က်င္း ေဒသတစ္ဝိုက္ တည္ ၿငိမ္ေအးခ်မ္းမႈရွိေစေရးႏွင့္ ဆက္သြယ္ေရးလမ္းေၾကာင္းမ်ားအေပၚတြင္ ျပည္သူမ်ားႏွင့္ ခရီးသြားျပည္သူမ်ား စိတ္ေအးခ်မ္းသာစြာ အသုံးျပဳႏိုင္ေရးအတြက္ နယ္ေျမလုံၿခဳံေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္ခဲ့ရာ မႏၲေလး-မတၱရာ-စဥ့္ကူး-သပိတ္က်င္း ဆက္သြယ္ေရးလမ္းေၾကာင္းအား ၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာ ၃၁ ရက္တြင္ အျပည့္အဝ ျပန္လည္ထိန္းခ်ဳပ္ဖြင့္လွစ္ေပးႏိုင္ခဲ့သည္။

ထိုသို႔ တပ္မေတာ္စစ္ေၾကာင္းမ်ားက အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ယာယီ စိုးမိုးထားသည့္ ေနရာမ်ားအား တစ္ခုၿပီးတစ္ခု ျပန္လည္သိမ္းပိုက္ထိန္းခ်ဳပ္ႏိုင္ခဲ့မႈေၾကာင့္ ေဒသခံျပည္သူမ်ားအေနျဖင့္ တပ္မေတာ္အေပၚ ယုံၾကည္အားကိုးမႈမ်ား၊ စိတ္အားထက္သန္စြာ အားေပးေထာက္ခံမႈမ်ား ျပဳလုပ္လာၾကၿပီး အၾကမ္းဖက္သမားမ်ား၏ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ နီးစပ္ရာ တပ္မေတာ္စစ္ေၾကာင္းမ်ားထံသို႔ သတင္းေပးပို႔ျခင္းမ်ား ျပဳလုပ္လာၾကသည္။ ထိုသို႔ ျပည္သူလူထု၏ ေထာက္ခံအားေပးမႈကို မရရွိေတာ့သည့္ PDF အမည္ခံအၾကမ္းဖက္ေသာင္းက်န္းသူမ်ားသည္ ၎တို႔၏ အၾကမ္းဖက္လုပ္ရပ္မ်ားအေပၚစိတ္ပ်က္ ေနာင္တရသည့္အျပင္ ၎တို႔အဖြဲ႕မ်ား အခ်င္းခ်င္းတြင္လည္း အႏိုင္က်င့္ဗိုလ္က်မႈမ်ား၊ အဓမၼမႈမ်ားက်ဴးလြန္ျခင္းတို႔ ရွိလာခဲ့ ျခင္းအေပၚ လက္မခံႏိုင္ျခင္းႏွင့္ ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္၏ သေဘာတရားအမွန္ တို႔ကို နားလည္သေဘာ ေပါက္လက္ခံလာျခင္းတို႔ေၾကာင့္ PDF အမည္ခံအဖြဲ႕ဝင္အခ်ိဳ႕တို႔သည္ နယ္ေျမအလိုက္ရွိ နီးစပ္ရာတပ္ စခန္းမ်ား၊ တာဝန္ရွိသူမ်ားႏွင့္ ခ်ိတ္ဆက္၍ ဥပေဒေဘာင္အတြင္း လက္နက္၊ ခဲယမ္းမ်ားႏွင့္အတူ ဝင္ေရာက္လာခဲ့ၾကသည္။

တပ္မေတာ္စစ္ေၾကာင္းမ်ားအေနျဖင့္ သပိတ္က်င္း-မိုးကုတ္ ေဒသအနီး ဝန္းက်င္ရွိ ေဒသခံျပည္သူမ်ား၏ လူမႈစီးပြားဘဝမ်ား လုံၿခဳံမႈရွိေစေရး၊ ကုန္စည္ ကူးသန္းေရာင္းဝယ္မႈ လြယ္ကူလ်င္ျမန္စြာေခ်ာေမြ႕ေစေရးႏွင့္ ႏိုင္ငံ့စီးပြားတိုးတက္ေရး တို႔အတြက္ အေထာက္အကူျပဳသည့္ ေျမေပၚ/ေျမေအာက္ သယံဇာတမ်ား စနစ္တက် စီမံေဆာင္႐ြက္ႏိုင္ေရးတို႔အတြက္ သပိတ္က်င္း-မိုးကုတ္ ဆက္သြယ္ေရး လမ္းေၾကာင္း အား အျမန္ဆုံး ျပန္လည္ဖြင့္လွစ္ႏိုင္ေရး အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ယာယီ စိုးမိုးထားသည့္ နယ္ေျမခံတပ္ရင္းဌာနခ်ဳပ္ႏွင့္ ၎ေဒသတစ္ဝိုက္အား ျပန္လည္ သိမ္းပိုက္ရရွိေရးအတြက္ ေဒသခံျပည္သူမ်ားႏွင့္ အလင္းဝင္ေရာက္လာသည့္ PDF အဖြဲ႕ဝင္မ်ား၏ သတင္းေပးပို႔မႈမ်ားကို စနစ္တက်ေပါင္းစပ္ သုံးသပ္ၿပီး နယ္ေျမလုံၿခဳံ ေရးလုပ္ငန္းမ်ားကို စစ္ေၾကာင္းမ်ားခြဲ၍ ဟန္ခ်က္ညီစြာ အရွိန္အဟန္ျဖင့္ ဆက္လက္ ခ်ီတက္ခဲ့ရာ ၂၀၂၆ ခုႏွစ္၊ ဇန္နဝါရီ ၁၁ ရက္ေန႔တြင္ ေညာင္ပင္သာေက်း႐ြာအား လည္းေကာင္း၊ ဇန္နဝါရီ ၁၂ ရက္ေန႔တြင္ ပိုးဇာႏြယ္ေက်း႐ြာ အားလည္းေကာင္း၊ ဇန္နဝါရီ ၁၃ ရက္ေန႔တြင္ ေက်ာက္လွည္းဘီးေက်း႐ြာအား လည္းေကာင္း၊ ဇန္နဝါရီ ၁၄ ရက္ ယေန႔တြင္ အဆိုပါလမ္းေၾကာင္းေပၚရွိ နယ္ေျမခံတပ္ရင္းဌာနခ်ဳပ္ႏွင့္ စိန္ကုန္း ေက်း႐ြာတစ္ဝိုက္တို႔အားလည္းေကာင္း တပ္မေတာ္စစ္ေၾကာင္းမ်ားက အျပည့္အဝ ျပန္လည္သိမ္းပိုက္ ထိန္းခ်ဳပ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ အဆိုပါေဒသအား ျပန္လည္တိုက္ခိုက္သိမ္းပိုက္ရရွိေရး အသက္ကို ပဓာနမထားဘဲ ႐ြပ္႐ြပ္ခြၽံခြၽံ တိုက္ခိုက္ေခ်မႈန္းခဲ့ရာ အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ႏွင့္ တိုက္ပြဲႀကီး/ငယ္ ၃၇ ႀကိမ္ျဖစ္ပြားခဲ့ၿပီး ရန္သူ႔အေလာင္း ၁၅ ေလာင္း၊ လက္နက္ မ်ိဳးစုံ ၃၄ လက္၊ ခဲယမ္းႏွင့္ဆက္စပ္ပစၥည္းမ်ား သိမ္းပိုက္ရရွိခဲ့ၿပီး တပ္မေတာ္မွ အရာရွိ၊ စစ္သည္အခ်ိဳ႕ က်ဆုံး၊ ဒဏ္ရာမ်ားရရွိခဲ့သည္။

အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ယာယီစိုးမိုးထားသည့္ ေညာင္ပင္သာေက်း ႐ြာ၊ ပိုးဇာႏြယ္ေက်း႐ြာ၊ ေက်ာက္လွည္းဘီးေက်း႐ြာတို႔ကို တပ္မေတာ္စစ္ေၾကာင္းမ်ား က ျပန္လည္သိမ္းပိုက္ၿပီး နယ္ေျမရွင္းလင္းခ်ီတက္စဥ္ လမ္းေၾကာင္းတစ္ေလွ်ာက္တြင္ အၾကမ္းဖက္ေသာင္းက်န္းသူမ်ား၏ မတရားႏွိပ္စက္ညႇင္းပန္းမႈဒဏ္ကို ခါးသီးစြာ ခံစားခဲ့ရသည့္ ေဒသခံျပည္သူမ်ားသည္ တပ္မေတာ္စစ္ေၾကာင္းမ်ားကို သက္ႀကီး ႐ြယ္အိုမ်ား၊ ကေလးသူငယ္မ်ားပါမက်န္ က်ားမ၊ ႀကီးငယ္မေ႐ြး ေအာင္သေျပပန္းမ်ား၊ ပန္းကုံးမ်ား ကိုင္ေဆာင္ကာ ေသာင္းေသာင္းျဖျဖ ဝမ္းပန္းတသာႀကိဳဆိုခဲ့ၾကသည္ကို ၾကည္ႏူးဝမ္း ေျမာက္ဖြယ္ေတြ႕ျမင္ခဲ့ရသည္။

တပ္မေတာ္စစ္ေၾကာင္းမ်ားအေနျဖင့္ အဆိုပါေဒသအတြင္း လိုအပ္သည့္ နယ္ေျမစိုးမိုးေရးလုပ္ငန္းမ်ားေဆာင္႐ြက္ကာ စိန္ကုန္းေက်း႐ြာႏွင့္ မိုးကုတ္ၿမိဳ႕ အၾကား လမ္းပိုင္းတြင္ ခိုေအာင္းေနသည့္ အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအား ဆက္လက္ တိုက္ခိုက္ေခ်မႈန္းရွင္းလင္းသြားမည္ျဖစ္ၿပီး ေဒသအတြင္း ကုန္စည္ကူးသန္းေရာင္းဝယ္ မႈ လြယ္ကူလ်င္ျမန္ေခ်ာေမြ႕ေစေရး၊ ခရီးသြားျပည္သူမ်ား စိတ္ေအးခ်မ္းသာစြာျဖင့္ အႏၲရာယ္ကင္းရွင္းစြာသြားလာႏိုင္ေရးတို႔အတြက္ မိုးကုတ္-သပိတ္က်င္း-မႏၲေလးၿမိဳ႕မ်ား သို႔ ဆက္သြယ္ထားသည့္ လမ္းေၾကာင္းမ်ားအား အျမန္ဆုံးျပန္လည္ ဖြင့္လွစ္ႏိုင္ေရး တို႔ကို ေဒသခံျပည္သူမ်ားႏွင့္ပူးေပါင္း၍ နယ္ေျမလုံၿခဳံေရးႏွင့္ နယ္ေျမစိုးမိုးေရး လုပ္ငန္းမ်ားကို အရွိန္အဟုန္ျမႇင့္ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သတင္း ရရွိသည္။

Related news

© 2021. All rights reserved.