အမေရိကန်က အီရန်ကို တိုက်ဖို့ အလားလာများနေ

 183

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၅

အမေရိကန်နိုင်ငံအနေနဲ့ အီရန်နိုင်ငံကို တိုက်ခိုက်ဖို့ အလားလာများနေတယ်လို့ သတင်းများ ထွက်လျက်ရှိနေ ပါတယ်။ အီရန်နိုင်ငံမှာဖြစ်နေတဲ့ ဆန္ဒပြပွဲ နဲ့ ပတ်သက်ပြီး အမေရိကန် နဲ့ အီရန်နိုင်ငံကြား တင်းမာမှုအရှိန် မြင့်တက်လာပြီးနောက် အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့ဟာ ကာတာနိုင်ငံရှိ အယ်လ်-အူဒိတ် (Al Udeid) လေတပ်စခန်း အပါအဝင် အရှေ့အလယ်ပိုင်း စစ်အခြေစိုက်စခန်းတချို့က မရှိမဖြစ် မလိုအပ်တဲ့ဝန်ထမ်းတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းလိုက်ပြီ ဖြစ်ပါတယ်။ အမေရိကန်ဘက် ကတိုက်ခိုက်လာရင် အိမ်နီးချင်းနိုင်ငံများရှိ အမေရိကန်စစ်အခြေစိုက်ခန်းတွေကို လက်တုံ့ပြန်မယ်လို့ အီရန်အစိုးရက ထုတ်ဖော်ပြောဆိုထားပါတယ်။ အမေရိကန်အနေနဲ့ လက်ရှိအချိန်မှာ စစ်အခြေစိုက်စခန်းရှိ လူများကို ပြန်လည်ခေါ်ထုတ်ခြင်းဟာ စစ်ပွဲဖြစ်ဖို့ အလားအလာပိုများလာဖွယ်ရှိတယ်လို့ သုံးသပ်နေပါတယ်။ အီရန်အစိုးရက ဖမ်းဆီးထားတဲ့ ဆန္ဒပြခေါင်းဆောင် တွေကို ကွပ်မျက်မယ်ဆိုရင် "အမေရိကန်က ဝင်ရောက်စွက်ဖက်မယ်" လို့ အမေရိကန်သမ္မတက သတိပေးထားပါ တယ်။
အီရန်ပြည်တွင်းမှာတော့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပြီး၊ လူ့အခွင့်အရေးအဖွဲ့တွေရဲ့အဆိုအရ ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူ ၂,၅၀၀ ကျော်ရှိနေပြီလို့ သိရပါတယ်။ အထူးသဖြင့် Erfan Soltani ဆိုတဲ့ လူငယ်တစ်ဦးကို ကွပ်မျက်မယ့်ကိစ္စက နိုင်ငံတကာရဲ့အာရုံစိုက်မှုကို အများဆုံး ရရှိနေတယ်လို့ သိရပါတယ်။ အမေရိကန်ဟာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း အစ္စရေးနိုင်ငံ နဲ့ ပူးပေါင်းပြီး အီရန်နိုင်ငံရဲ့ နျူကလီးယားအဆောက်အဦးများကို တိုက်ခိုက်ခဲ့ဖူးတယ်လို့ သိရပါတယ်။

Zawgyi Version:
အေမရိကန္က အီရန္ကို တိုက္ဖို႔ အလားလာမ်ားေန
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၅
အေမရိကန္ႏိုင္ငံအေနနဲ႔ အီရန္ႏိုင္ငံကို တိုက္ခိုက္ဖို႔ အလားလာမ်ားေနတယ္လို႔ သတင္းမ်ား ထြက္လ်က္ရွိေန ပါတယ္။ အီရန္ႏိုင္ငံမွာျဖစ္ေနတဲ့ ဆႏၵျပပြဲ နဲ႔ ပတ္သက္ၿပီး အေမရိကန္ နဲ႔ အီရန္ႏိုင္ငံၾကား တင္းမာမႈအရွိန္ ျမင့္တက္လာၿပီးေနာက္ အေမရိကန္နဲ႔ ၿဗိတိန္ႏိုင္ငံတို႔ဟာ ကာတာႏိုင္ငံရွိ အယ္လ္-အူဒိတ္ (Al Udeid) ေလတပ္စခန္း အပါအဝင္ အေရွ႕အလယ္ပိုင္း စစ္အေျခစိုက္စခန္းတခ်ိဳ႕က မရွိမျဖစ္ မလိုအပ္တဲ့ဝန္ထမ္းေတြကို ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းခိုင္းလိုက္ၿပီ ျဖစ္ပါတယ္။ အေမရိကန္ဘက္ ကတိုက္ခိုက္လာရင္ အိမ္နီးခ်င္းႏိုင္ငံမ်ားရွိ အေမရိကန္စစ္အေျခစိုက္ခန္းေတြကို လက္တုံ႔ျပန္မယ္လို႔ အီရန္အစိုးရက ထုတ္ေဖာ္ေျပာဆိုထားပါတယ္။ အေမရိကန္အေနနဲ႔ လက္ရွိအခ်ိန္မွာ စစ္အေျခစိုက္စခန္းရွိ လူမ်ားကို ျပန္လည္ေခၚထုတ္ျခင္းဟာ စစ္ပြဲျဖစ္ဖို႔ အလားအလာပိုမ်ားလာဖြယ္ရွိတယ္လို႔ သုံးသပ္ေနပါတယ္။ အီရန္အစိုးရက ဖမ္းဆီးထားတဲ့ ဆႏၵျပေခါင္းေဆာင္ ေတြကို ကြပ္မ်က္မယ္ဆိုရင္ "အေမရိကန္က ဝင္ေရာက္စြက္ဖက္မယ္" လို႔ အေမရိကန္သမၼတက သတိေပးထားပါ တယ္။
အီရန္ျပည္တြင္းမွာေတာ့ အင္တာနက္လိုင္းေတြ ျဖတ္ေတာက္ခံထားရၿပီး၊ လူ႔အခြင့္အေရးအဖြဲ႕ေတြရဲ႕အဆိုအရ ဆႏၵျပပြဲေတြအတြင္း ေသဆုံးသူ ၂,၅၀၀ ေက်ာ္ရွိေနၿပီလို႔ သိရပါတယ္။ အထူးသျဖင့္ Erfan Soltani ဆိုတဲ့ လူငယ္တစ္ဦးကို ကြပ္မ်က္မယ့္ကိစၥက ႏိုင္ငံတကာရဲ႕အာ႐ုံစိုက္မႈကို အမ်ားဆုံး ရရွိေနတယ္လို႔ သိရပါတယ္။ အေမရိကန္ဟာ ၿပီးခဲ့တဲ့ႏွစ္တုန္းကလည္း အစၥေရးႏိုင္ငံ နဲ႔ ပူးေပါင္းၿပီး အီရန္ႏိုင္ငံရဲ႕ န်ဴကလီးယားအေဆာက္အဦးမ်ားကို တိုက္ခိုက္ခဲ့ဖူးတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.