လုပ်ကြံသတ်ဖြတ်ခံရမှာကို ကြောက်တာကြောင့် မြောက်ကိုရီးယားခေါင်းဆောင်က ထိပ်တန်းလုံခြုံရေးအရာရှိတွေကို အစားထိုးခဲ့ဟုဆို

373

Pika (NP News) - ဇန်နဝါရီ ၁၅
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက ၎င်းရဲ့ကိုယ်ရေးကိုယ်တာလုံခြုံရေးကို တာဝန်ယူထားတဲ့ ထိပ်တန်း အရာရှိသုံးဦးကို အစားထိုးလိုက်တယ်လို့ တောင်ကိုရီးယားအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ကင်ဂျုံအန်းရဲ့အဲဒီလုပ်ရပ်က ၎င်းဟာ လုပ်ကြံသတ်ဖြတ်ခံရမယ့်ကြံစည်မှုတွေကို ပိုမိုကြောက်ရွံ့လာနေတာကို ပြသနေတဲ့လက္ခဏာတစ်ရပ်ဖြစ်တယ်လို့ တောင်ကိုရီးယားအစိုးရက ပြောကြားခဲ့ပါတယ်။
အဲဒီရာထူးပြောင်းလဲမှုကို (၂၀၂၄)ခုနှစ် အောက်တိုဘာလတုန်းက လုပ်ဆောင်ခဲ့တဲ့ စစ်ရေးပြပွဲအခမ်းအနားတစ်ခု အတွင်းမှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယားရဲ့ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါ တယ်။
ကိုရီးယားအမျိုးသားပေါင်းစည်းရေးအင်စတီကျုရဲ့လေ့လာသုံးသပ်သူ ဟောင်မင်းက “ကင်ဂျုံအန်းက လုံခြုံရေးပိုင်း ဆိုင်ရာပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့တာကို (၂၀၂၄)ခုနှစ် အောက်တိုဘာလမှာ ရုရှားကိုမြောက်ကိုရီးယားတပ်ဖွဲ့ တွေ စေလွှတ်ခဲ့တဲ့အချိန်ကနေ စတင်ပြီး တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ ရုရှားမှာ မြောက်ကိုရီးယားတပ်သားတွေ ဖြန့်ကျက်ချထားမှုကြောင့် နိုင်ငံတကာရဲ့အာရုံစိုက်မှုမြင့်တက်လာချိန်မှာ ယူကရိန်းနိုင်ငံသားတွေ ပါဝင်ပတ်သက် နေတဲ့လုပ်ကြံသတ်ဖြတ်မှု ကြိုးပမ်းမှုတစ်ခုရှိလာနိုင်တာကို ကင်ဂျုံအန်းက သတိပြုမိခဲ့တာဖြစ်နိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
လုပ္ႀကံသတ္ျဖတ္ခံရမွာကို ေၾကာက္တာေၾကာင့္ ေျမာက္ကိုရီးယားေခါင္းေဆာင္က ထိပ္တန္းလုံၿခဳံေရးအရာရွိေတြ ကို အစားထိုးခဲ့ဟုဆို
Pika (NP News) - ဇန္နဝါရီ ၁၅
ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းက ၎ရဲ႕ကိုယ္ေရးကိုယ္တာလုံၿခဳံေရးကို တာဝန္ယူထားတဲ့ ထိပ္တန္း အရာရွိသုံးဦးကို အစားထိုးလိုက္တယ္လို႔ ေတာင္ကိုရီးယားအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ကင္ဂ်ဳံအန္းရဲ႕အဲဒီလုပ္ရပ္က ၎ဟာ လုပ္ႀကံသတ္ျဖတ္ခံရမယ့္ႀကံစည္မႈေတြကို ပိုမိုေၾကာက္႐ြံ႕လာေနတာကို ျပသေနတဲ့လကၡဏာတစ္ရပ္ျဖစ္တယ္လို႔ ေတာင္ကိုရီးယားအစိုးရက ေျပာၾကားခဲ့ပါတယ္။
အဲဒီရာထူးေျပာင္းလဲမႈကို (၂၀၂၄)ခုႏွစ္ ေအာက္တိုဘာလတုန္းက လုပ္ေဆာင္ခဲ့တဲ့ စစ္ေရးျပပြဲအခမ္းအနားတစ္ခု အတြင္းမွာ ေတြ႕ရွိခဲ့တာျဖစ္တယ္လို႔ ေတာင္ကိုရီးယားရဲ႕ျပန္လည္ေပါင္းစည္းေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါ တယ္။
ကိုရီးယားအမ်ိဳးသားေပါင္းစည္းေရးအင္စတီက်ဳရဲ႕ေလ့လာသုံးသပ္သူ ေဟာင္မင္းက “ကင္ဂ်ဳံအန္းက လုံၿခဳံေရးပိုင္း ဆိုင္ရာေျပာင္းလဲမႈေတြ လုပ္ေဆာင္ခဲ့တာကို (၂၀၂၄)ခုႏွစ္ ေအာက္တိုဘာလမွာ ႐ုရွားကိုေျမာက္ကိုရီးယားတပ္ဖြဲ႕ ေတြ ေစလႊတ္ခဲ့တဲ့အခ်ိန္ကေန စတင္ၿပီး ေတြ႕ရွိခဲ့ရတာျဖစ္ပါတယ္။ ႐ုရွားမွာ ေျမာက္ကိုရီးယားတပ္သားေတြ ျဖန႔္က်က္ခ်ထားမႈေၾကာင့္ ႏိုင္ငံတကာရဲ႕အာ႐ုံစိုက္မႈျမင့္တက္လာခ်ိန္မွာ ယူကရိန္းႏိုင္ငံသားေတြ ပါဝင္ပတ္သက္ ေနတဲ့လုပ္ႀကံသတ္ျဖတ္မႈ ႀကိဳးပမ္းမႈတစ္ခုရွိလာႏိုင္တာကို ကင္ဂ်ဳံအန္းက သတိျပဳမိခဲ့တာျဖစ္ႏိုင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။