အခြေခံပညာကျောင်းအချို့မှာ ကျောင်းအင်္ဂါရပ်များနှင့်ပြည့်စုံမှုမရှိဖြစ်နေ

258

သန့်ဇင်(NP News)-ဇန်နဝါရီ ၁၅
အခြေခံပညာကျောင်းများနှင့်ပတ်သက်၍ အချို့ကျောင်းများမှာ စံကိုက်ဖြစ်သော်လည်း အချို့ကျောင်းများမှာ ကျောင်းအင်္ဂါရပ်များနှင့် ပြည့်စုံမှုမရှိသည်ကိုတွေ့ရကြောင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်းး သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့(ဇန်နဝါရီလ ၁၄ရက်)၊ မွန်းလွဲပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီဥက္ကဋ္ဌ ရုံးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သော ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေးညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မူလတန်းကျောင်းအဆင့်၏ မြေအကျယ်အဝန်းမှာ ၃ ဧကမှ ၅ ဧကအတွင်းရှိရမည်၊ အလယ်တန်းကျောင်းအဆင့်၏ မြေအကျယ် အဝန်း မှာ ၅ ဧက မှ ၇ ဧကအတွင်းရှိရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
အထက်တန်းကျောင်းအဆင့်၏ မြေအကျယ်အဝန်းမှာ ၇ ဧကမှ ၁၀ ဧကအတွင်း ရှိရမည်ဖြစ်ကြောင်း၊ အချို့ကျောင်းများမှာ ထိုသို့စံကိုက် ညီမှုမရှိခြင်းကြောင့် စာသင်ဆောင်များ ဆက်လက်တိုးချဲ့ဆောက်လုပ်ရန်အတွက် အခက်အခဲများရှိကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထို့ပြင် တိုးတက်လာသည့် သင်ကြားမှုစနစ်နှင့် ကျောင်းသား၊ ကျောင်းသူ ဦးရေများအရ စံကိုက်ညီမှုရှိသည့် အခြေခံပညာကျောင်းများ အား သတ်မှတ် ထားသည့် သတ်မှတ်ချက်များနှင့်အညီ သပ်ရပ်စွာဖြင့် စနစ်တကျဖြစ်အောင် အဆင့်မြှင့်တင်ဆောင်ရွက် ပေးသွားရမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
အခြေခံပညာကျောင်းများတွင် တက်ရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများ၏ မိဘပြည်သူများအနေဖြင့် ၎င်းတို့၏ သားသမီး များအား ပုဂ္ဂလိကကျောင်းတွင် ထားနိုင်သည့်သူများမဟုတ်ဘဲ နိုင်ငံတော်မှဖွင့်လှစ်သည့် အခြေခံပညာကျောင်းများကို အဓိကအားကိုး ရခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
နိုင်ငံ့ဝန်ထမ်းမိသားစုများနှင့် သာမန်ဝင်ငွေရှိသူများ အများစုသည် အစိုးရကျောင်းများတွင် ၎င်းတို့၏သားသမီးများကို ပညာသင်ကြား စေကြကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထို့ကြောင့် အစိုးရကျောင်းများကို မဖြစ်မနေအဆင့်မြှင့်တင်ပေးသွားရမည်ဖြစ်ကြောင်းနှင့် ပညာရေးနှင့်ပတ်သက်၍ စံချိန်မီသည့် ကျောင်းများ ဖြစ်စေရေးနှင့် အရည်အချင်းရှိသည့် ဆရာ၊ ဆရာမ များဖြစ်စေရေး အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။။

Zawgyi Version:
အေျခခံပညာေက်ာင္းအခ်ိဳ႕မွာ ေက်ာင္းအဂၤါရပ္မ်ားႏွင့္ျပည့္စုံမႈမရွိျဖစ္ေန
သန႔္ဇင္(NP News)-ဇန္နဝါရီ ၁၅
အေျခခံပညာေက်ာင္းမ်ားႏွင့္ပတ္သက္၍ အခ်ိဳ႕ေက်ာင္းမ်ားမွာ စံကိုက္ျဖစ္ေသာ္လည္း အခ်ိဳ႕ေက်ာင္းမ်ားမွာ ေက်ာင္းအဂၤါရပ္မ်ားႏွင့္ ျပည့္စုံမႈမရွိသည္ကိုေတြ႕ရေၾကာင္း ႏိုင္ငံေတာ္ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္းး သိရသည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယမန္ေန႔(ဇန္နဝါရီလ ၁၄ရက္)၊ မြန္းလြဲပိုင္းက ေနျပည္ေတာ္ရွိ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရး ေကာင္စီဥကၠ႒ ႐ုံးအစည္းအေဝးခန္းမ၌က်င္းပျပဳလုပ္ေသာ ပညာေရးက႑ႏွင့္ က်န္းမာေရးက႑ ျမႇင့္တင္ေရးညႇိႏႈိင္းအစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
မူလတန္းေက်ာင္းအဆင့္၏ ေျမအက်ယ္အဝန္းမွာ ၃ ဧကမွ ၅ ဧကအတြင္းရွိရမည္၊ အလယ္တန္းေက်ာင္းအဆင့္၏ ေျမအက်ယ္ အဝန္း မွာ ၅ ဧက မွ ၇ ဧကအတြင္းရွိရမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
အထက္တန္းေက်ာင္းအဆင့္၏ ေျမအက်ယ္အဝန္းမွာ ၇ ဧကမွ ၁၀ ဧကအတြင္း ရွိရမည္ျဖစ္ေၾကာင္း၊ အခ်ိဳ႕ေက်ာင္းမ်ားမွာ ထိုသို႔စံကိုက္ ညီမႈမရွိျခင္းေၾကာင့္ စာသင္ေဆာင္မ်ား ဆက္လက္တိုးခ်ဲ႕ေဆာက္လုပ္ရန္အတြက္ အခက္အခဲမ်ားရွိေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ထို႔ျပင္ တိုးတက္လာသည့္ သင္ၾကားမႈစနစ္ႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ ဦးေရမ်ားအရ စံကိုက္ညီမႈရွိသည့္ အေျခခံပညာေက်ာင္းမ်ား အား သတ္မွတ္ ထားသည့္ သတ္မွတ္ခ်က္မ်ားႏွင့္အညီ သပ္ရပ္စြာျဖင့္ စနစ္တက်ျဖစ္ေအာင္ အဆင့္ျမႇင့္တင္ေဆာင္႐ြက္ ေပးသြားရမည္ ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
အေျခခံပညာေက်ာင္းမ်ားတြင္ တက္ေရာက္ၾကသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ မိဘျပည္သူမ်ားအေနျဖင့္ ၎တို႔၏ သားသမီး မ်ားအား ပုဂၢလိကေက်ာင္းတြင္ ထားႏိုင္သည့္သူမ်ားမဟုတ္ဘဲ ႏိုင္ငံေတာ္မွဖြင့္လွစ္သည့္ အေျခခံပညာေက်ာင္းမ်ားကို အဓိကအားကိုး ရျခင္းျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ႏိုင္ငံ့ဝန္ထမ္းမိသားစုမ်ားႏွင့္ သာမန္ဝင္ေငြရွိသူမ်ား အမ်ားစုသည္ အစိုးရေက်ာင္းမ်ားတြင္ ၎တို႔၏သားသမီးမ်ားကို ပညာသင္ၾကား ေစၾကေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ထို႔ေၾကာင့္ အစိုးရေက်ာင္းမ်ားကို မျဖစ္မေနအဆင့္ျမႇင့္တင္ေပးသြားရမည္ျဖစ္ေၾကာင္းႏွင့္ ပညာေရးႏွင့္ပတ္သက္၍ စံခ်ိန္မီသည့္ ေက်ာင္းမ်ား ျဖစ္ေစေရးႏွင့္ အရည္အခ်င္းရွိသည့္ ဆရာ၊ ဆရာမ မ်ားျဖစ္ေစေရး အေလးထားေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္း လည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။။