ချေးငွေပြေကြေခြင်း မရှိသည့် အငှားဝယ်မော်တော်ယာဉ်များအားသိမ်းဆည်းမည်

252

Pearl (NP News) - ဇန်နဝါရီ ၁၅
ချေးငွေပြေကြေခြင်း မရှိသည့်အငှားဝယ်မော်တော်ယာဉ်များအားသိမ်းဆည်းမည်ဖြစ်ကြောင်း နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်က နိုင်ငံပိုင်သတင်းစာများမှတဆင့် သတိပေးထုတ်ပြန်ထားသည်။
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်မှ အငှားဝယ်ချေးငွေရယူ၍ ဝယ်ယူခဲ့သည့် မော်တော်ယာဉ်များနှင့်သက်ဆိုင်သော စာချုပ်စာတမ်းများနှင့် ယာဉ်မှတ်ပုံတင် စာအုပ်(Owner Book) မူရင်းများသည် နေပြည်တော်ဖွံ့ဖြိုးရေး ဘဏ်လီမိတက်တွင် အာမခံအဖြစ် တည်ရှိလျက်ရှိသည့်အပြင် အငှားဝယ်ယူသူနှင့် ဘဏ်တို့ ချုပ်ဆိုခဲ့ သည့် ကတိစာချုပ်များအရ မော်တော်ယာဉ်များသည် ဘဏ်၏ပိုင်ဆိုင်မှုပစ္စည်းအဖြစ်တည်ရှိလျက်ရှိကြောင်း သိရသည်။
အငှားဝယ်ချေးငွေရယူပြီး မော်တော်ယာဉ်လက်ဝယ်ရှိသူများနှင့် အကြောင်းအမျိုးမျိုးဖြင့် မော်တော်ယာဉ်လက်ဝယ်ရှိသူများသည် မိမိတို့လက်ဝယ်ရှိမော်တော်ယာဉ်များနှင့်ပတ်သက်၍ ပိုင်ဆိုင်မှုခိုင်မာစေရေး အငှားဝယ်ချေးငွေကြွေးကျန်များအား ပြေကြေစွာ ပြန်လည်ပေးဆပ်ရန် အသိပေးထားသည်။
ထို့ကြောင့် ချေးငွေပြေကြေခြင်း မရှိသည့်အငှားဝယ်မော်တော်ယာဉ်များအားပဋိညာဉ်စာချုပ်ပါစည်းကမ်းချက်များနှင့်အညီ သိမ်းဆည်းသွားမည်ဖြစ်ပါကြောင်း ထပ်မံ၍အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version:
ေခ်းေငြေျပေၾကျခင္း မရွိသည့္ အငွားဝယ္ေမာ္ေတာ္ယာဥ္မ်ားအားသိမ္းဆည္းမည္
Pearl (NP News) - ဇန္နဝါရီ ၁၅
ေခ်းေငြေျပေၾကျခင္း မရွိသည့္အငွားဝယ္ေမာ္ေတာ္ယာဥ္မ်ားအားသိမ္းဆည္းမည္ျဖစ္ေၾကာင္း ေနျပည္ေတာ္ဖြံ႕ၿဖိဳးေရးဘဏ္လီမိတက္က ႏိုင္ငံပိုင္သတင္းစာမ်ားမွတဆင့္ သတိေပးထုတ္ျပန္ထားသည္။
ေနျပည္ေတာ္ဖြံ႕ၿဖိဳးေရးဘဏ္လီမိတက္မွ အငွားဝယ္ေခ်းေငြရယူ၍ ဝယ္ယူခဲ့သည့္ ေမာ္ေတာ္ယာဥ္မ်ားႏွင့္သက္ဆိုင္ေသာ စာခ်ဳပ္စာတမ္းမ်ားႏွင့္ ယာဥ္မွတ္ပုံတင္ စာအုပ္(Owner Book) မူရင္းမ်ားသည္ ေနျပည္ေတာ္ဖြံ႕ၿဖိဳးေရး ဘဏ္လီမိတက္တြင္ အာမခံအျဖစ္ တည္ရွိလ်က္ရွိသည့္အျပင္ အငွားဝယ္ယူသူႏွင့္ ဘဏ္တို႔ ခ်ဳပ္ဆိုခဲ့ သည့္ ကတိစာခ်ဳပ္မ်ားအရ ေမာ္ေတာ္ယာဥ္မ်ားသည္ ဘဏ္၏ပိုင္ဆိုင္မႈပစၥည္းအျဖစ္တည္ရွိလ်က္ရွိေၾကာင္း သိရသည္။
အငွားဝယ္ေခ်းေငြရယူၿပီး ေမာ္ေတာ္ယာဥ္လက္ဝယ္ရွိသူမ်ားႏွင့္ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ေမာ္ေတာ္ယာဥ္လက္ဝယ္ရွိသူမ်ားသည္ မိမိတို႔လက္ဝယ္ရွိေမာ္ေတာ္ယာဥ္မ်ားႏွင့္ပတ္သက္၍ ပိုင္ဆိုင္မႈခိုင္မာေစေရး အငွားဝယ္ေခ်းေငြေႂကြးက်န္မ်ားအား ေျပေၾကစြာ ျပန္လည္ေပးဆပ္ရန္ အသိေပးထားသည္။
ထို႔ေၾကာင့္ ေခ်းေငြေျပေၾကျခင္း မရွိသည့္အငွားဝယ္ေမာ္ေတာ္ယာဥ္မ်ားအားပဋိညာဥ္စာခ်ဳပ္ပါစည္းကမ္းခ်က္မ်ားႏွင့္အညီ သိမ္းဆည္းသြားမည္ျဖစ္ပါေၾကာင္း ထပ္မံ၍အသိေပးထုတ္ျပန္ထားသည္။