" ယနေ့ ရွေးကောက်ပွဲ-ပတ္တမြားကျောက်စီဓားနှင့် အမတ် "

315

" ယနေ့ ရွေးကောက်ပွဲ-ပတ္တမြားကျောက်စီဓားနှင့် အမတ် "
မောင်ရေစက် (ဓမ္မပါလမြို့သား) (NP News) - ဇန်နဝါရီလ ၁၅
" မာန်ချမှ ဟန်ကျမည်"
ကျေးဇူးရှင်ဆရာတော်ဘုရားကြီး ဩဝါဒမိန့်မှာ ချက်ဖြစ်ပါသည်။ နှစ်ပေါင်း (၄၀)ကျော်က အထက် အညာမြေ မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ဝမ်းတွင်းနှင့် နွားထိုးကြီး သုံးပွင့်ဆိုင်တြိဂံနယ်မြေ၌ လူသူမနီး တောကြီးမျက်မည်း၊ လမ်းပန်းခက်ခဲရာဒေသ၌ ရွှေပေါ်ကျွန်းသာသနာပြု စခန်းကြီး စည်ပင်ဝေဆာခဲ့ ဖူးပါသည်။ ထိုစခန်းတည်ဆရာတော်ဘုရားကြီးက အထင်အရှားမိန့်မှာဩဝါဒများတွင် " ဆိုင်သူတွေအ တွက်-ဆိုင်တည်ထားတယ်"၊ "မာန်ချမှ-ဟန်ကျ မည်" . . ဆုံးမစာ လိုရင်းတိုရှင်း ထိမိလှသည်။ အနယ် နယ်အရပ်ရပ်မှ ပြဿနာပေါင်း သောင်းခြောက် ထောင်နှင့်အတူရောက်ရှိလာခဲ့သော ဝေနေယျအများ (၇)ရက်သားသမီးတပည့်များကို သူတို့နှင့် ဆိုင်ရာ ဆိုင်ရာတာဝန်များ(သာသနာ့တာဝန်များ)နှင့် ကျင့်စဉ် (မေတ္တာပဋိပတ်လုပ်ငန်းများ)များစွာ အဖုံဖုံပေးသနား ခဲ့ရာ သူတို့နှင့်ဆိုင်ရာဆိုင်ရာ လူမှုဘဝလုပ်ငန်းဆောင် တာများ၊ ကျန်းမာရေးက အစ များစွာအဆင်ပြေခဲ့ကြ၍ တပ်မတော်အကြီးအကဲအရာရှိကြီးများကအစ၊ နိုင်ငံတော်ပိုင်း ဆိုင်ရာ အထိ ခရီးပေါက်ခဲ့ပါသည်။
မည်သည့်တာဝန်၊ အရပ်ဒေသကလာသည်ဖြစ် စေ ဆရာတော်ဘုရားကြီးစခန်းအတွင်း ]သာစွရွှေဘုံ ဓမ္မာရုံ}နှင့် "ဓမ္မသာလာ" ဓမ္မာရုံကြီးများအတွင်း အတူ တကွ တရားနာယူ "ထမင်းရုံ"၌ အတူစားကြရသည်ဖြစ် ရာ ဆရာတော်ဘုရားကြီးက ပေါက္ကံဆက်၊ ပုဂံဆက်၊ သထုံဆက်၊ အင်းဝဆက်တွေ ဘဝအဆက်ဆက် ဆွေမျိုးတော်စပ်ခဲ့ကြဖူးသည်မို့ "အချိန်တန်သည့် အခါ တစ်စားပွဲတည်း အတူလက်ဆုံကြရတာပဲ"ဟု အထင်အရှားမိန့်ဆိုခဲ့သည်များမှာ တန်ဖိုးကြီးလှပါ သည်။ ထိုစဉ်ခဏ "ဘယ်မှာ ငါဟုရှိအံ့နည်း"ဆို သောဆုံးမစာကိုလည်း ပြန်ကြားယောင်မိရာ ယနေ့လူ့ ဘောင်လောက မာန်မာနများ အရှိန်တညီးညီးနှင့် ကမ္ဘာသို့တိုင် မာန်မချဘဲတက်ြွကနေခဲ့ကြသူများ သည် (၂၀၂၀)ပြည့်နှစ်မှစ၍ ကိုဗစ်-(၁၉)ရောဂါဆိုး နှင့် ယခု (၂၀၂၅)နှစ်ဦးအရောက် " မန္တလေးငလျင်"ကဲ့သို့ သဘာဝဘေးကြီးများ ရင်ဆိုင်ကြုံရသည်တွင် ကြေလွင့် ပျက်စီးသွားကြသကဲ့သို့ ရာထူးအာဏာ မတရားနည်းဖြင့်ရယူလိုသူများမှာလည်း (၂၀၂၀)ပြည့်နှစ် ပါတီစုံရွေးကောက်ပွဲကြုံရချိန်တွင် မျက်နှာဖုံးများ ကိုယ်စီကွာကျပြီး အနိုင်မဲအရေအတွက် ရကြဖို့အ ရေး၊ လုပ်သင့်၊ မလုပ်သင့် မချင့်ချိန်နိုင်ကြတော့၊ ငါတို့နိုင်မှဖြစ်မည်၊ မေမေနိုင်မှဖြစ်မည် စသည်ဖြင့် လုပ်ဆောင်မှုများ အဆုံး ပြောမရ၊ ဆိုမရ၊ တားမရ၊ ဆီးမရ၊ သတိပေးသည်လည်းမရ၊ မာန်မချကြသည့် နိဂုံးကား ]]အလုံးစုံပျက်စီးရေး}} လမ်းရွေးချယ်ကြ လေသလားမသိ၊ မြန်မာ့အညာမြေ စိစိကြေညက် သကဲ့သို့ စစ်မီးအပူ အလောင်ကြီးလောင်ခဲ့ရချေသည်။ မန္တလေးနှင့်စစ်ကိုင်း၊ မကွေးတိုင်းမက၊ ချင်း၊ ကယား နှင့်ရှမ်းဒေသ၊ ကချင်နှင့် ရခိုင်လက်နက်ကိုင် ပုန်ကန် ထြွကကြသည်များကား မြန်မာနိုင်ငံသောင်းကျန်းသူ များနှင့် ပြည်တွင်းစစ်သမိုင်း၌ အဆိုးရွားဆုံး မှတ် တမ်းကမ္ပည်းတင်ရပေတော့မည်။ အမှားနှင့်အမှန်၊ ယထာဘူတကျကျ မဝေဖန်၊ မပိုင်းခြားကြတော့ဘဲ အတ္တ၊ မာန်မာန ကမ္ဘာသို့တိုင် ဝင့်ချီခဲ့ကြသည်များကား နိုင်ငံနှင့်လူမျိုးအတွက် များစွာထိခိုက်ခဲ့ရချေသည်။ အချိန်တန်သည့် (၂၀၂၅)ခုနှစ် ဒီဇင်ဘာလ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပေး သည့် တပ်မတော်အကြီးအကဲနှင့် အစိုးရသည် မာန် မာနမရှိ ပကတိအရှိတရားကို လက်ခံကျင့်သုံးကြသူ များအဖြစ် သမိုင်းဝင်သွားခဲ့ပြီဖြစ်သည်။
"အကြောင်းရှိ၍ အကျိုးဖြစ်"
တပ်မတော်ဆိုသည်မှာ မြန်မာ့လွတ်လပ်ရေး အတွက် မြန်မာမျိုးချစ်လူငယ်များ၊ သခင် အောင်ဆန်း နှင့် ရဲဘော်သုံးကျိပ် စတင်ဖွဲ့စည်းပေါ်ပေါက်ခဲ့သည့် သမိုင်းအစဉ်အလာကြီးမားခဲ့ပြီး နိုင်ငံတော်ကို တည် ထောင်၊ ထူထောင်၊ ထိန်းသိမ်း၊ ဝင့်ကြွား၊ ခန့်ထည်စေခဲ့သော တကောင်း အဘိရာဇာမင်းမှစ၍ စကြသာ ကီနွယ်ဝင် မင်းအဆက်ဆက်၊ အနော်ရထာ၊ ကျန်စစ် သား၊ ဘုရင့်နောင်၊ အလောင်းမင်းတရား၊ ကုန်းဘောင် မင်းအဆက်ဆက်၊ မြန်မာစစ်သူကြီး၊ တပ်မှူးကြီး များနှင့် စစ်မင်းကြီးများ လက်ဆင့်ကမ်းအမွေ ကြိုး စားအားထုတ်မှုကောင်းခဲ့ကြ၍ ယနေ့ အချုပ်အခြာ အာဏာပိုင်၊ လွတ်လပ်သော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး ကမ္ဘာ့အလယ် ခံ့ညားထည်ဝါနေ ရခြင်းဖြစ်သည်။ တိုင်းပြည်ပြိုကွဲချိန်များနှင့် ဆူပူ သောင်းကျန်းမှုများကြုံလာရတိုင်းလည်း မြန်မာမင်းများ အရေးတော်ပုံဆိုရလောက်အောင် ပြန်လည်ထိန်း သိမ်းပဲ့ပြင် ဆုံးမညီညွတ်စေခဲ့သည်များမှာ စစ်ကဲကြီး များနှင့် တပ်မတော်ကြီးတစ်ရပ်လုံး၏ ကြံ့ကြံ့ခံရပ် တည်ပေးခဲ့မှုများကြောင့်ပင်။ အချိန်အခါရောက်၍ (၁၉၄၈)ခုနှစ် ဇန်နဝါရီလ (၄)ရက်တွင် လွတ်လပ်ရေး ပေးခဲ့ကြသော နယ်ချဲ့တို့၏ ရိုသေလေးစားမှုခံခဲ့ကြရ သည်မှာလည်း မြန်မာ့တပ်မတော်ခေါင်းဆောင်များ ရှေ့တန်းမှပါဝင်ခဲ့သည်။ လွတ်လပ်ပြီး မြန်မာနိုင်ငံ မြေပုံမပျောက်မပျက် ယနေ့တိုင် ထိန်းသိမ်းဆောင် ရွက်ပေးခဲ့ကြသည့် နိုင်ငံ့ခေါင်း ဆောင်အကြီးအကဲ များ၏ တာဝန်ထမ်းဆောင်မှုကာလ ပြန်ကြည့်လျှင် ပါတီနိုင်ငံရေးခေါင်းဆောင်များထက် ပိုမိုကြာရှည် ထမ်းဆောင်နိုင်သည့်အပြင် သက်တော်ရှည် ခေါင်း ဆောင်ကြီးများအဖြစ် အိမ်နီးချင်းနိုင်ငံများ၏ လေး စားမှုကို ထာဝရရရှိခဲ့ကြပါသည်။ နိုင်ငံတော်၏ မြို့ ပြဒေသများအပြင် ကျေးလက်အနှံ့ ကွင်းဆင်းခရီးဆန့် သွားရောက်ကာ တိုင်းရင်းသားပေါင်းစုံတို့၏ ဘဝ၊ လိုအပ်ချက်မြောက်မြားစွာ လုပ်ဆောင်ပေးခဲ့ကြ၍ လည်း တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ပြည်ထောင်စု၏ဖခင်များအဖြစ် တပ်မတော်ခေါင်း ဆောင်အဆက်ဆက် ခံယူကျင့်သုံးနိုင်ခဲ့ကြပြီး ယနေ့ တိုင်အောင် ပြည်ထောင်စုကြီးမပြိုကွဲအောင် ကာ ကွယ်စောင့်ရှောက်နေနိုင်ခဲ့ခြင်းမှသည် ပြည်ထောင် စုတိုင်းရင်းသားများ၏ လေးစားယုံကြည်အားထားမှုကို ခံယူနေကြရသည်။ ထို့ကြောင့်လည်း ယခု (၂၀၂၅) ခုနှစ် ဒီဇင်ဘာလ၊ (၂၀၂၆) ခုနှစ် ဇန်နဝါရီလ၊ တပ်မ တော်အကြီးအကဲ ယာယီသမ္မတကြီး ဦးဆောင်ကျင်း ပပေးသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲကို ပြည်ထောင်စုတိုင်းရင်းသားပေါင်းစုံ ပါဝင်ယှဉ် ပြိုင် ဆင်နွှဲကြခြင်းဖြစ်သည်။ နိုင်ငံရပ်ခြားတိုင်းပြည် အများ စိတ်ဝင်တစား လာရောက်လေ့လာ သတင်းယူ မှတ်တမ်းတင်ကြသည်။ ပြည်တွင်းရှိ အနယ်နယ် အရပ်ရပ် တိုင်းရင်းသားလုပ်သားပြည်သူအားလုံး စိတ်ဝင်စားမှု အားပါးတရရှိစွာဖြင့် ပါဝင်ဆင်နွှဲဆန္ဒမဲ ပေးကြသည်များမြင်ရ၊ ကြားရ၊ သိရှိရသည်တွင် "အ ကြောင်းအကျိုး"ကောင်းသောသဘောတရားများ ဆက်လက်ထွန်းကားသည့် မြန်မာ့နိုင်ငံရေးခရီးအ တွက်၊ ပြည်ထောင်စုကြီးအတွက် ညီညွတ်ရေးဖြင့် ချစ်ချစ်ခင်ခင်ခရီးဆက်ကြမည့် ပြည်ထောင်စု လွှတ် တော်ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များအတွက် ဝမ်းသာအား ရဖြစ်မိသည်။ ပြည်သူများကိုယ်စား ပြည်သူ့ကိုယ်စား လှယ်အမတ်မင်းများပေါ်ထွက်လာသည့် (၂၀၂၆) နှစ်သစ်၊ မင်္ဂလာအပေါင်း ခညောင်းလိုက်ပါဘိ။ ပြုသူ အသစ် ဖြစ်သူအဟောင်း မဆိုတော့ဘဲ လုပ်စရာရှိတာ များဖြင့် အများအတွက် ရှေးရှုဦးတည်ဆောင်ရွက် ခဲ့ကြသည့် တပ်မတော်ခေါင်းဆောင်များနှင့် ယခုရွေး ကောက်ပွဲပါဝင်ခဲ့ကြသည့် ပြည်သူတစ်ရပ်လုံးသည် ကျေးဇူးရှင်ဆရာတော်ဘုရားကြီး၏ ဆုံးမဩဝါဒမိန့် ခွန်းတော်နှင့် လွန်စွာ လိုက်ဖက်ညီလှပါသည်။ ခလုတ်တိုက်တာ အနာနဲ့အချိန်ကုန်မနေနဲ့၊ ရှေ့ကို ဆက်သွား၊ ရှေ့ကိုဆက်သွားတော့ ခရီးပေါက်တာပေါ့ ဆိုတဲ့စကားလို "ခလုတ်တိုက်တော့ ရှေ့တစ်လှမ်း ပို ရောက်တယ်"ဟုဆုံးမခဲ့ပါသည်။ ယခု "ရှေ့သို့လှမ်းချီ မြန်မာပြည်" ဆိုနေသည်မဟုတ်ပါလော။
ဆင်သတ်အရပ်ဝေသကဲ့သို့ဆိုစကားထက် ယခု ပြီးခဲ့သည့်ကာလ "မဲမဲမြင်အကုန်လိုက်ကိုက်"သည့် စကားရပ်တစ်ခု ပိုမြင်ယောင်မိကြသည်။ တိုင်းပြည် တွက် ငါတို့ကလွဲ၍ အခြားလူအုပ်ချုပ်လျှင် လက်မခံ တတ်ကြသောစရိုက်ဆိုးကြောင့် တပ်မတော်အပေါ် အမုန်းစကားများဖြင့် ယှဉ်တွဲသမုတ်၍ ပြည်သူများ အမြင်မကောင်း၊ အမြင်စောင်းအောင် ဟောကြ ပြော ကြ၊ ရေးကြရုံမျှမက တပ်မတော်နှင့် နီးစပ်ပတ်သက် ကြသူများအပေါ် ရဟန်း၊ ရှင်လူမရွေး လုပ်ကြံသတ် ဖြတ်ခဲ့ကြသောသတင်းဆိုးများ မကြားချင်မှအဆုံး နိုင်ငံအနှံ့ဖြစ်ပေါ်ခဲ့သည်မှာ (၂၀၂၁) နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရစတင်သည်မှ ယခု (၂၀၂၅) ခုနှစ်စတိုင် ]ကျီးလန့်စာစားနေခဲ့ကြရသော အရပ်ဒေသများစွာတို့တွင် တပ်မတော်စိုးမိုးမှုနည်းပြီး ပြည်တွင်းရောင်စုံသူပုန်များ ထြွကစိုးမိုးနေခဲ့ကြသည်။ ယခုတပ်မတော်မှ ထိုသို့သော အရပ်ဒေသမြို့ပြစခန်း များစွာကို ပြန်လည်သိမ်းယူ စိုးမိုးအုပ်ချုပ်စီမံနိုင်ချိန် ပြုလုပ်ပေးသော ပါတီစုံရွေးကောက်ပွဲတွင် ထိုသို့ သောလုပ်ကြံမှုအန္တရာယ်များအပေါ် မကြောက်မရွံ့ နောက်မတွန့်ဘဲ ပါဝင်ဆင်နွှဲယှဉ်ပြိုင် ဦးဆောင်နိုင် ကြသော ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်း များအားလုံးနှင့် နိုင်ငံရေးပါတီပေါင်းစုံ တိုင်းရင်းသား ပေါင်းစုံတို့သည် အာဂသတ္တိပိုင်ရှင်များပင်ဖြစ်ကြပါ သည်။ ထိုအထဲ တောတွင်းလက်နက်ကိုင်များကြီးစိုး ထားရာ စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်များလည်း ပါဝင်ခဲ့ပါသည်။
" မြရွှေဂူ ပတ္တမြားကိုလ ဝက်များကငြူစူစွာ၊ ညွန် လူးကာတိုက်လည်း ပွတ်လေလေ ဂူရွှေမှာ အရောင် ထွက်တယ်၊ ရှေးကထက်ကဲ}ဆိုသော ကဗျာစာသား အမှတ်ရမိသည်။ မည်သူက"ဝက်" မည်သည်က "ပတ္တ မြားရွှေဂူ"ရှေးပညာရှိများဆိုစကား ခွဲခြားချက်၊ ထင် ရှားလှပါသည်။
တစ်ချိန်ခါက ပေါင်ချိန်ဇာတ်လမ်း ရုပ်ရှင်ကား မြန်မာပရိသတ်အကြိုက်ဖြစ်ခဲ့ပါသည်။ ထိုအထဲ ဘုရင်ပေးအပ်ထားသော "ပတ္တမြားကျောက်စီဓား"ကိုသုံးရသည့်ပြဿနာရပ်များကို အမတ်(တရားသူ ကြီး)ပေါင်ချိန် ဖြေရှင်းအောင်မြင်သည့်အခန်းကို အားလုံးနှစ်သက်ခဲ့ကြသည်။ ယခုလည်း ရွေးကောက် ပွဲဝင်အမတ်လောင်းများ ကွင်းဆင်းစည်းရုံးကြသည် များထဲ ကန့်ဘလူမြို့နယ် ထင်ရှားလှသည်။ တပ်မ တော်နှင့်နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့ကြသူများ၏ ဇာတိမြို့ဖြစ်ပြီး ယင်းမြို့နယ်နှင့်အနီးပတ်ဝန်းကျင် ကို PDF လက်နက်ကိုင်များပျံ့နှံနေကြောင်း သတင်း ဖြစ်ရပ်များနှင့် သွားရေးလာရေးမလွယ်မကူဖြစ်နေ သည်များ၊ စားရေ ရိက္ခာ၊ ကုန်စည်ကူးသန်းရောင်းဝယ် မှုများ ပြတ်တောက်မတတ်ဖြစ်ခဲ့ရသော ကန့်ဘလူမြို့ တွင် ပါတီစုံရွေးကောက်ပွဲဗွေဆော်ဦး ပထမပိုင်း ထည့်သွင်းကျင်းပလိုက်သည့်အခါ အားလုံးက စိုးရိမ် ခဲ့ကြသည် ဖြစ်မှဖြစ်ပါ့မလားဟု။
သတင်းများနှင့်စောင့်ကြည့်ကြသူများအထဲ ကျွန်တော်လည်းပါဝင်သွားခဲ့သည်။ ကန့်ဘလူသတင်း များလေ့လာရင်း သိလာရသည်များတွင် ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီဘုရားကို နှစ်ပေါင်းများစွာ ကြာမြင့်လာ၍ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်ပွဲ ယခု နစက အစိုးရခေတ်တွင်ပြုလုပ်ရာ တစ်မြို့လုံး ခြိမ့် ခြိမ့်သဲသဲပါဝင်ကြပြီး စတုဒိသာ လူတစ်သောင်းကျော် ကျွေးမွေးဒါနပြုရာ၌ ယခင်ကန့်ဘလူ၊ တန့်ဆည်၊ ရေ ဦး၊ ကျွန်းလှမြို့နယ်တို့၏ အမျိုးသားလွှတ်တော်ကိုယ် စားလှယ်(စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး-ငြိမ်း) ဦးဝင်းမြင့်မိသားစုမှ ထမင်း၊ ဟင်းလျာများ အကုန်ကျခံကျွေးမွေးသည့်အစဉ်အလာအတိုင်း ယခု တိုင် ကုသိုလ်ပြုလှူဒါန်းကြောင်း၊ အဘဦးဝင်းမြင့် လွှတ်တော်အမတ်ဖြစ်စဉ်က မန်နေဂျာကိုယ်စားလှယ် အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ကိုသက်ထံမှသိရ သည်တွင် များစွာအံ့ဩမိသည်။ များသောအားဖြင့် လွှတ်တော်ကိုယ်စားလှယ်များသည် အနိုင်ရသည့် နှစ်ပိုင်း၊ တာဝန်ရှိသည့်ကာလအပိုင်းအခြားတွင်သာ ကိုယ့်အရပ်ဒေသအကျိုး ထမ်းဆောင်ကြသည်များပြီး တာဝန်ပြီးဆုံးသွားချိန် ပြည်လည်ကြည့်ရှုကြသူ လွန် စွာရှားပါးလှပါသည်။ ထိုတင်မျှမက စာရေးသူအနေ ဖြင့်ပြီးခဲ့သည့် လွှတ်တော်သက်တမ်း အာဏာမ ရခင်က ဘုရားပုရိဝုဏ်ထဲ မဲဆွယ်သည့်သဘော စ ပေဟောပြောမှုပြုလုပ်ခဲ့ပြီး အာဏာရသွားချိန် ထိုဘု ရားသို့ ယောင်၍ပင်ခြေဦးမလှည့်တော့ဘဲ တိုင်းဒေသ ကြီးလွှတ်တော် တင်ဒါကော်မတီတာဝန်များနှင့် နေ့ စဉ်နီးပါး နံနက်ခင်း လွှတ်တော်မတက်မီ လက်ဖက် ရည်ဆိုင်အပေါ်ထပ်ထိုင်ကာ ကိစ္စများနှင့် အချိန်ကုန် ခဲ့ကြသည့် ကိုယ်စားလှယ်အချို့ ကြုံတွေ့သိခဲ့ရဖူး သည်။ ယခုတော့ ထိုသူများလည်း ဘယ်ရောက်သွား မှန်းမသိရတော့။ ကန့်ဘလူမြို့နယ် ဖွံ့ဖြိုးတိုးတက် ရေး၊ သာယာရေးစီမံမှုကိစ္စရပ်တော်တော်များများ ပထမအကြိမ်(၂၀၁၁-၂၀၁၆) လွှတ်တော်သက်တမ်း အချိန်ပြည့် အဘဦးဝင်းမြင့်၊ ပြည်ထောင်စုဝန်ကြီးတာ ဝန်ထမ်းချိန်၊ ကျေးလက်ဒေသအနှံ့ ဝန်ကြီးကိုယ်စား ဝန်ကြီး၏လွှတ်တော်ကိုယ်စားလှယ် မန်နေဂျာ ကိုသက်ကြီးက ကွင်းဆင်းဆောင်ရွက်ပေးသည့်အပြင် ဝန်ကြီးကိုယ်တိုင်လည်း လစဉ်၊ အပတ်စဉ်နီးပါး ယင်း လွှတ်တော်နယ်မြေများသို့ ကွင်းဆင်းရောက်ရှိခဲ့သည်။ လူသိများခဲ့သည်။ ပြည်ထောင်စုဝန်ကြီးတာဝန်မတိုင်မီက မြန်မာနိုင်ငံကုန်သည်ကြီးများ အသင်းဥက္ကဋ္ဌ၊ နောင် UMFCCI (အကြံပေးပုဂ္ဂိုလ်)အဖြစ် ဦးဝင်း မြင့်ကို တိုင်းပြည်ကသိခဲ့ကြသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတစ်ခေတ်လုံး ကုန်သည်ခေါင်းဆောင်အဖြစ် မြန်မာနှင့် မိတ်ဆွေနိုင်ငံများကပါ လေးစားခင်မင်ခဲ့ကြ သည်။ ယခု ကိုသက်(ခ)ဦးသက်ကိုကိုကျော်က ကန့် ဘလူမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်အဖြစ် ပြည်ခိုင်ဖြိုးပါတီမှဝင်ပြိုင်ရာ စိတ်ဝင်စား စရာဖြစ်လာသည်။ ကိုသက်ကိုကိုကျော်ကို ဒေသခံ များနှင့်မိတ်ဆွေရင်းများက "ပေါင်ချိန်"ဟု သိရှိခေါ် ဝေါ်ကြကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ ဥပဒေချုပ် ဦးမြင့်အောင်နှင့်၎င်း ဥပဒေဓမ္မာရုံ ရေစက်ချပွဲ၌တွေ့စဉ် ဦးမြင့်အောင်ထံမှသိရသည်။ ဦးမြင့်အောင်သည် တစ်ချိန်က ကန့်ဘလူမြို့နယ်တွင် ဥပဒေအရာရှိ တာဝန်ထမ်းဆောင်ခဲ့ဖူး၍ ပေါင်ချိန် (ခေါ်)ကိုသက်ကိုကိုကျော်နှင့် ရင်းနှီးကျွမ်းဝင်ခြင်း ဖြစ်သည်။ မန္တလေးအညာဒေသထက် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အညာဒေသ ပိုမိုဝေးကွာ၍ မြို့ကြီး ပြကြီးနှင့်အလှမ်းကွာပြီး ဆောင်ရာသီအေးလွန်း၊ နွေရာသီပူလွန်းသော အညာဒေသဖြစ်ခြင်းကြောင့် "မျက်နှာမည်း ပေါင်ချိန်" ဇာတ်ကားကဲ့သို့ ကိုသက် ကိုကိုကျော် "ပေါင်ချိန်"အမည်တွင်သည်ဟု ထင်မိ သည်။
ရွေးကောက်ပွဲကာလနီးကပ်လာချိန် အောက်တို ဘာလ၊ ကိုယ်စားလှယ်လောင်းများ အသံကြားလာ ရသည်တွင် မန္တလေးတက္ကသိုလ်ရာပြည့်ပွဲသို့ နိုင်ငံ တော်ယာယီသမ္မတဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်ချီးမြှင့်ခဲ့ပြီး တက္ကသိုလ်ကျောင်းသား ဟောင်းများတွေ့ဆုံပွဲတစ်ခု၌ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း)ဒေါက်တာဒေါ်သီတာဝင်းက ゞင်းမိတ်ဆွေတစ်ဦးကို ရွေးကောက်ပွဲဝင်မပြိုင်ဘူး လား မေးရင်း၊ ကျွန်မတို့ ကန့်ဘလူက ]]ကိုသက်ကိုကို ကျော်}} ပြိုင်မှာ အားလုံးက သူ့ကိုပဲ မဲပေးကြမှာဟု ပြောကြောင်း၊ ゞင်းပွဲတက်ခဲ့သည့် မန်းနေ့စဉ်တာဝန်ခံ စာတည်း(ငြိမ်း) ဦးကိုကိုကြီးထံမှ သိရပြန်သည်။
ယခုရွေးကောက်ပွဲတွင် ကန့်ဘလူမြို့နယ်၌ ကိုသက်ကိုကိုကျော်၏ ပြည်ခိုင်ဖြိုးပါတီအမတ်များ အားလုံး အနိုင်ရပြီး မဲအပြတ်အသတ်ဖြင့် လွှတ်တော် အမတ်များဖြစ်လာကြသည့် ရွေးကောက်ပွဲပြီးနောက် ကိုသက်ကိုကိုကျော်နှင့်တွေ့ရာ အကျိုးအကြောင်း၊ အတွေ့အကြုံများကြားရသည်။ ကိုသက်ကိုကိုကျော် ကပြောသည်များ၌ ရွေးကောက်ပွဲ မိတ်ဆက်၊ ကိုယ် စားလှယ်များနှင့် လူထုတွေ့ဆုံပွဲများလုပ်ရာနေရာ တိုင်းတွင် တက်ရောက်လာကြသည့်ဒေသခံများမှ "ခင်ဗျား မိတ်မဆက်လည်းသိပါတယ်။ အဘဦးဝင်း မြင့်မပါဘူးလား။ ကျွန်တော်တို့က ခင်ဗျားတို့ကိုပဲ မဲပေးမှာ"စသည်ဖြင့်ထပြောကြရာ မဲဆွယ်စကား ပြောရမည့် ၎င်းကိုယ်တိုင်ပင် လွန်စွာ အံ့ဩဝမ်းသာ ဖြစ်ပြီး လွန်ခဲ့သော (၁၅)နှစ် (၂၀၁၁)မှ ယနေ့တိုင် အဘ ဦးဝင်းမြင့်၏ ယင်းမဲဆန္ဒနယ်ဒေသများအပေါ် ကူညီ ထောက်ပံ့လှူဒါန်းဆောင်ရွက်ပေးခဲ့သည့် ကုသိုလ်စေတနာအကျိုးတရား ပြန်လည်ဖြစ်ထွန်း ခံစားရခြင်းဖြစ်ကြောင်းဆိုသည်။ " ကိုသက် ခင်ဗျား ကသာ ဘယ်လိုလာမလဲမသိဘူး၊ ခင်ဗျားအဘ ဦးဝင်း မြင့်က ကျွန်တော်တို့အရပ်ဒေသကို တစ်လတစ်ခေါက် အနည်းဆုံးရောက်အောင်လာပြီး ကြည့်ရှုစောင့် ရှောက်ပေးခဲ့တယ်"ဟုဝိုင်းဝန်းပြောဆိုကြရာ "အေး ကွာသူငယ်ချင်းရာ၊ အဘဦးဝင်းမြင့်နဲ့ ရွာတွေကိုဆင်း ခဲ့စဉ်က အဘကို အိုးစည်၊ ဒိုးပတ်ဝိုင်းတွေနဲ့ ကြိုကြ၊ အဘကလည်း လာသမျှလူ ထမင်း၊ ဟင်း အလျှံပယ် ချက်ကျွေးခိုင်း၊ ငါတို့နဲ့အတူလိုက်ပါလာတဲ့ ဝိုင်းကူညီ ကြသူတွေလည်း အဲဒီရွာတွေကအပြန် စားသောက် ဆိုင်ဝင်၊ အကြိုက်မှာစား၊ အခုထိလည်း ငါ စည်းရုံး ရေးဆင်းတော့ ဘုန်းဘုန်းတွေက အဘကိုသတိရနေ ကြတာ။ နှစ်စဉ် ဝါဆို၊ ကထိန် အဘလှူနေကြ ကျောင်းတွေအပြင် တို့ရောက်တဲ့ ဘုန်းကြီးကျောင်းမှန် သမျှ အဘကို သင်္ကန်း၊ ထီး၊ ဖိနပ်၊ လှူစရာတွေပို့ပြီး လှူပေးနေတုန်းလေ၊ ကန့်ဘလူမြို့က ရွှေစည်ကြီးစေ တီဘုရားပွဲမှာလည်း အခုနှစ်စည်ကားချက်က ကျွေး သမျှကုန်တာ။ စတုဒိသာအတွက် ငါးခြောက်ဟင်းကို အဘက ကုန်သလောက် အကုန်လှူပေးတာ။ အဘနဲ့ အန်တီ သန်း၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်နှင့် ဒေါ်မြင့်မြင့် သန်းကောင်းမှု စတုဒီသာမဏ္ဍပ်ကြီး တွေနဲ့လှူခဲ့ကြတာ။ အခုထိလည်းလှူပေးနေတုန်းပဲ ဆိုတော့ ရွာတွေက အဘကိုဘယ်မေ့ပါ့မလဲ။ အခု တို့ ရွေးကောက်ပွဲဝင်တော့ အဘဦးဝင်းမြင့်လာပြိုင်တယ်ထင်ကြတာများတယ်။ အဘက ရန်ကုန်နဲ့ နေ ပြည်တော်မှာနေပြီး တို့ ကန့်ဘလူနယ်အတွက် အများကြီး ထောက်ပံ့လှူဒါန်းပေးနေတဲ့အကျိုးကျေး ဇူးတွေနဲ့ အခုရွေးကောက်ပွဲမှာ အများကြီးအထောက် အကူဖြစ်ခဲ့တာ"ဟု ကိုသက်ကိုကိုကျော်ကပြော သည်။
ကိုသက်ကိုကိုကျော်ပေါ်လာသည်နှင့် ဝန်ကြီး ဦးဝင်းမြင့်လာသကဲ့သို့ ရွာများကထင်ခဲ့ကြသည်။ ယခုလည်း ထိုသို့ပင် ဘာသာပေါင်းစုံမရွေး ပြည်ခိုင် ဖြိုးကို ထောက်ခံမဲပေးလိုက်ကြသည်။ ဝန်ကြီးဦးဝင်း မြင့်သည် အငြိမ်စားယူပြီးနောက် မိသားစုနှင့် အေး ချမ်းစွာနေထိုင်ရင်း မြန်မာနိုင်ငံအနှံ့ လူမျိုး၊ ဘာသာ ပေါင်းစုံ၊ နယ်ပယ်ပေါင်းစုံ၌ တတ်စွမ်းသမျှ ကူညီ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တပ်မတော်အ တွက် ကန့်ဘလူနယ်အတွက် ရိက္ခာ စသည် ထောက် ပံ့လှူဒါန်းပေးလျက်ရှိရာ "မေ့လို့မရတဲ့သူတွေထဲမှာ ဦးလေးဦးဝင်းမြင့်လိုပုဂ္ဂိုလ်တွေပါတယ်"ဟု တပ်မ တော်အရာရှိကြီးတစ်ဦးက စာရေးသူနှင့် တွေ့ဆုံစဉ် ပြောခဲ့ဖူးသည်ကို အမှတ်ရသည်။
ကန့်ဘလူမြို့နယ်သည် အစဉ်အလာကောင်း သော သမိုင်းဝင် မြေဒူးမြို့ဟောင်းနေရာ ဖြစ်ခြင်းနှင့် နိုင်ငံဝန်ထမ်းအကြီးအကဲများဇာတိမြို့ဖြစ်၍ ယခု တိုင်ထင်ရှားနေဆဲဖြစ်သည်။ ကိုသက်ကိုကိုကျော်နှင့် မိတ်ဆွေများစုပေါင်း၍ ယင်းဒေသ ကျန်းမာရေး၊ လူမှု ရေး ကူညီကယ်ဆယ်ကြသည့်အထဲ ဒုတိယ ဗိုလ်ချုပ် မှူးကြီး(အငြိမ်းစား)မိသားစုမှ ကျပ်သိန်း(၁၀ဝ)နှင့် ရွှေစည်ကြီးစေတီ လုံးတော်ပြည့်ရွှေသင်္ကန်းအလှူအ တွက် သီးခြားစီလှူဒါန်းပေးကြောင်းသိရသည်။ ပီတိ ကိုစား၍အားရှိသောဆရာများကဲ့သို့ ယခုရွေးကောက် ပွဲဝင် ကိုသက်ကိုကိုကျော်(ပေါင်ချိန်)ကဲ့သို့ အနိုင်ရ အမတ်များကိုကြည့်၍ ပီတိဖြစ် ဝမ်းသာနေကြမည်ဟု ゞင်း၏ အကြီးအကဲလူကြီးများကိုမှန်းဆမိသည်။ ကန့် ဘလူနယ်လူထုကလည်း ပေါင်ချိန်ဇာတ်လမ်းထဲကကဲ့ သို့ ပတ္တမြားကျောက်စီဓားထမ်းပြီး ပေါင်ချိန်ထွက် လာသည့်အခန်း ဝိုင်းမျှော်နေကြသလို စုရုံးမဲပေးခဲ့ကြ သည်။ ယခု (၂၀၂၅/ ၂၀၂၆) အတွက်သာမက နောင်ထပ်မံရောက်လာမည့် (၂၀၃၀) ရွေးကောက်ပွဲ အတွက်ထိဟူ၍ ဒေသခံအချို့က မျှော်လင့်ပြောဆိုကြ ကြောင်း အံ့ဩဖွယ်ကြားလိုက်ရသည်။ ပါတီစုံရွေး ကောက်ပွဲ၊ ယင်းဒေသ လူထုမျှော်လင့်ချက်ကို ထပ်တူကျရရှိအောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ ခြင်းဟုဆိုရပေမည်။ စစ်ကိုင်းဝန်ကြီးချုပ် ဦးမြတ် ကျော်လည်း ကန့်ဘလူမြို့နယ်သို့ ကွင်းဆင်း၍ ရွေး ကောက်ပွဲဝင် အနိုင်ရခဲ့သည်။
ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်ကျော် (ဝန်ကြီးချုပ်)၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်အေးနှင့် ဒေါ်သိင်္ဂီဝင်းရွှေ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ကိုကိုကျော် (ပေါင်ချိန်)နှင့် ဦးအောင်နိုင်တို့ ကန့်ဘလူမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီမှ ရွေးကောက်ပွဲဝင်ခဲ့ကြခြင်းဖြစ် သည်။ "(၂၀၂၅၊ ၂၀၂၆)"ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲကြီးကား အောင်မြင်ခဲ့ပြီးဖြစ်ပါ သည်။ ပြည်သူလူထုများ လိုလားထောက်ခံကြသည့် (အမတ်) လွှတ်တော်ကိုယ်စားလှယ်များ သည်လည်း ကန့်ဘလူမြို့နယ်ကဲ့သို့ လူထုထောက်ခံမှုများကိုယ် စီဖြင့် ဆိုင်ရာနယ်ပယ်များ၌ အနိုင်ရခဲ့ကြခြင်းဖြစ် သည်။ မြန်မာ့ရွေးကောက်ပွဲ သမိုင်းတစ်ခေတ် ဆန်းသစ်ခဲ့ပြီဟုသာ။

Zawgyi Version:
" ယေန႔ ေ႐ြးေကာက္ပြဲ-ပတၱျမားေက်ာက္စီဓားႏွင့္ အမတ္ "
ေမာင္ေရစက္ (ဓမၼပါလၿမိဳ႕သား) (NP News) - ဇန္နဝါရီလ ၁၅
" မာန္ခ်မွ ဟန္က်မည္"
ေက်းဇူးရွင္ဆရာေတာ္ဘုရားႀကီး ဩဝါဒမိန႔္မွာ ခ်က္ျဖစ္ပါသည္။ ႏွစ္ေပါင္း (၄၀)ေက်ာ္က အထက္ အညာေျမ မိတၳီလာခ႐ိုင္ မလႈိင္ၿမိဳ႕နယ္ ဝမ္းတြင္းႏွင့္ ႏြားထိုးႀကီး သုံးပြင့္ဆိုင္ႀတိဂံနယ္ေျမ၌ လူသူမနီး ေတာႀကီးမ်က္မည္း၊ လမ္းပန္းခက္ခဲရာေဒသ၌ ေ႐ႊေပၚကြၽန္းသာသနာျပဳ စခန္းႀကီး စည္ပင္ေဝဆာခဲ့ ဖူးပါသည္။ ထိုစခန္းတည္ဆရာေတာ္ဘုရားႀကီးက အထင္အရွားမိန႔္မွာဩဝါဒမ်ားတြင္ " ဆိုင္သူေတြအ တြက္-ဆိုင္တည္ထားတယ္"၊ "မာန္ခ်မွ-ဟန္က် မည္" . . ဆုံးမစာ လိုရင္းတိုရွင္း ထိမိလွသည္။ အနယ္ နယ္အရပ္ရပ္မွ ျပႆနာေပါင္း ေသာင္းေျခာက္ ေထာင္ႏွင့္အတူေရာက္ရွိလာခဲ့ေသာ ေဝေနယ်အမ်ား (၇)ရက္သားသမီးတပည့္မ်ားကို သူတို႔ႏွင့္ ဆိုင္ရာ ဆိုင္ရာတာဝန္မ်ား(သာသနာ့တာဝန္မ်ား)ႏွင့္ က်င့္စဥ္ (ေမတၱာပဋိပတ္လုပ္ငန္းမ်ား)မ်ားစြာ အဖုံဖုံေပးသနား ခဲ့ရာ သူတို႔ႏွင့္ဆိုင္ရာဆိုင္ရာ လူမႈဘဝလုပ္ငန္းေဆာင္ တာမ်ား၊ က်န္းမာေရးက အစ မ်ားစြာအဆင္ေျပခဲ့ၾက၍ တပ္မေတာ္အႀကီးအကဲအရာရွိႀကီးမ်ားကအစ၊ ႏိုင္ငံေတာ္ပိုင္း ဆိုင္ရာ အထိ ခရီးေပါက္ခဲ့ပါသည္။
မည္သည့္တာဝန္၊ အရပ္ေဒသကလာသည္ျဖစ္ ေစ ဆရာေတာ္ဘုရားႀကီးစခန္းအတြင္း ]သာစြေ႐ႊဘုံ ဓမၼာ႐ုံ}ႏွင့္ "ဓမၼသာလာ" ဓမၼာ႐ုံႀကီးမ်ားအတြင္း အတူ တကြ တရားနာယူ "ထမင္း႐ုံ"၌ အတူစားၾကရသည္ျဖစ္ ရာ ဆရာေတာ္ဘုရားႀကီးက ေပါကၠံဆက္၊ ပုဂံဆက္၊ သထုံဆက္၊ အင္းဝဆက္ေတြ ဘဝအဆက္ဆက္ ေဆြမ်ိဳးေတာ္စပ္ခဲ့ၾကဖူးသည္မို႔ "အခ်ိန္တန္သည့္ အခါ တစ္စားပြဲတည္း အတူလက္ဆုံၾကရတာပဲ"ဟု အထင္အရွားမိန႔္ဆိုခဲ့သည္မ်ားမွာ တန္ဖိုးႀကီးလွပါ သည္။ ထိုစဥ္ခဏ "ဘယ္မွာ ငါဟုရွိအံ့နည္း"ဆို ေသာဆုံးမစာကိုလည္း ျပန္ၾကားေယာင္မိရာ ယေန႔လူ႔ ေဘာင္ေလာက မာန္မာနမ်ား အရွိန္တညီးညီးႏွင့္ ကမာၻသို႔တိုင္ မာန္မခ်ဘဲတက္ျြကေနခဲ့ၾကသူမ်ား သည္ (၂၀၂၀)ျပည့္ႏွစ္မွစ၍ ကိုဗစ္-(၁၉)ေရာဂါဆိုး ႏွင့္ ယခု (၂၀၂၅)ႏွစ္ဦးအေရာက္ " မႏၲေလးငလ်င္"ကဲ့သို႔ သဘာဝေဘးႀကီးမ်ား ရင္ဆိုင္ႀကဳံရသည္တြင္ ေၾကလြင့္ ပ်က္စီးသြားၾကသကဲ့သို႔ ရာထူးအာဏာ မတရားနည္းျဖင့္ရယူလိုသူမ်ားမွာလည္း (၂၀၂၀)ျပည့္ႏွစ္ ပါတီစုံေ႐ြးေကာက္ပြဲႀကဳံရခ်ိန္တြင္ မ်က္ႏွာဖုံးမ်ား ကိုယ္စီကြာက်ၿပီး အႏိုင္မဲအေရအတြက္ ရၾကဖို႔အ ေရး၊ လုပ္သင့္၊ မလုပ္သင့္ မခ်င့္ခ်ိန္ႏိုင္ၾကေတာ့၊ ငါတို႔ႏိုင္မွျဖစ္မည္၊ ေမေမႏိုင္မွျဖစ္မည္ စသည္ျဖင့္ လုပ္ေဆာင္မႈမ်ား အဆုံး ေျပာမရ၊ ဆိုမရ၊ တားမရ၊ ဆီးမရ၊ သတိေပးသည္လည္းမရ၊ မာန္မခ်ၾကသည့္ နိဂုံးကား ]]အလုံးစုံပ်က္စီးေရး}} လမ္းေ႐ြးခ်ယ္ၾက ေလသလားမသိ၊ ျမန္မာ့အညာေျမ စိစိေၾကညက္ သကဲ့သို႔ စစ္မီးအပူ အေလာင္ႀကီးေလာင္ခဲ့ရေခ်သည္။ မႏၲေလးႏွင့္စစ္ကိုင္း၊ မေကြးတိုင္းမက၊ ခ်င္း၊ ကယား ႏွင့္ရွမ္းေဒသ၊ ကခ်င္ႏွင့္ ရခိုင္လက္နက္ကိုင္ ပုန္ကန္ ႂထြကၾကသည္မ်ားကား ျမန္မာႏိုင္ငံေသာင္းက်န္းသူ မ်ားႏွင့္ ျပည္တြင္းစစ္သမိုင္း၌ အဆိုး႐ြားဆုံး မွတ္ တမ္းကမၸည္းတင္ရေပေတာ့မည္။ အမွားႏွင့္အမွန္၊ ယထာဘူတက်က် မေဝဖန္၊ မပိုင္းျခားၾကေတာ့ဘဲ အတၱ၊ မာန္မာန ကမာၻသို႔တိုင္ ဝင့္ခ်ီခဲ့ၾကသည္မ်ားကား ႏိုင္ငံႏွင့္လူမ်ိဳးအတြက္ မ်ားစြာထိခိုက္ခဲ့ရေခ်သည္။ အခ်ိန္တန္သည့္ (၂၀၂၅)ခုႏွစ္ ဒီဇင္ဘာလ ပါတီစုံ ဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲက်င္းပေပး သည့္ တပ္မေတာ္အႀကီးအကဲႏွင့္ အစိုးရသည္ မာန္ မာနမရွိ ပကတိအရွိတရားကို လက္ခံက်င့္သုံးၾကသူ မ်ားအျဖစ္ သမိုင္းဝင္သြားခဲ့ၿပီျဖစ္သည္။
"အေၾကာင္းရွိ၍ အက်ိဳးျဖစ္"
တပ္မေတာ္ဆိုသည္မွာ ျမန္မာ့လြတ္လပ္ေရး အတြက္ ျမန္မာမ်ိဳးခ်စ္လူငယ္မ်ား၊ သခင္ ေအာင္ဆန္း ႏွင့္ ရဲေဘာ္သုံးက်ိပ္ စတင္ဖြဲ႕စည္းေပၚေပါက္ခဲ့သည့္ သမိုင္းအစဥ္အလာႀကီးမားခဲ့ၿပီး ႏိုင္ငံေတာ္ကို တည္ ေထာင္၊ ထူေထာင္၊ ထိန္းသိမ္း၊ ဝင့္ႂကြား၊ ခန႔္ထည္ေစခဲ့ေသာ တေကာင္း အဘိရာဇာမင္းမွစ၍ စၾကသာ ကီႏြယ္ဝင္ မင္းအဆက္ဆက္၊ အေနာ္ရထာ၊ က်န္စစ္ သား၊ ဘုရင့္ေနာင္၊ အေလာင္းမင္းတရား၊ ကုန္းေဘာင္ မင္းအဆက္ဆက္၊ ျမန္မာစစ္သူႀကီး၊ တပ္မႉးႀကီး မ်ားႏွင့္ စစ္မင္းႀကီးမ်ား လက္ဆင့္ကမ္းအေမြ ႀကိဳး စားအားထုတ္မႈေကာင္းခဲ့ၾက၍ ယေန႔ အခ်ဳပ္အျခာ အာဏာပိုင္၊ လြတ္လပ္ေသာ ျပည္ေထာင္စု သမၼတ ျမန္မာႏိုင္ငံေတာ္ႀကီး ကမာၻ႔အလယ္ ခံ့ညားထည္ဝါေန ရျခင္းျဖစ္သည္။ တိုင္းျပည္ၿပိဳကြဲခ်ိန္မ်ားႏွင့္ ဆူပူ ေသာင္းက်န္းမႈမ်ားႀကဳံလာရတိုင္းလည္း ျမန္မာမင္းမ်ား အေရးေတာ္ပုံဆိုရေလာက္ေအာင္ ျပန္လည္ထိန္း သိမ္းပဲ့ျပင္ ဆုံးမညီၫြတ္ေစခဲ့သည္မ်ားမွာ စစ္ကဲႀကီး မ်ားႏွင့္ တပ္မေတာ္ႀကီးတစ္ရပ္လုံး၏ ႀကံ့ႀကံ့ခံရပ္ တည္ေပးခဲ့မႈမ်ားေၾကာင့္ပင္။ အခ်ိန္အခါေရာက္၍ (၁၉၄၈)ခုႏွစ္ ဇန္နဝါရီလ (၄)ရက္တြင္ လြတ္လပ္ေရး ေပးခဲ့ၾကေသာ နယ္ခ်ဲ႕တို႔၏ ႐ိုေသေလးစားမႈခံခဲ့ၾကရ သည္မွာလည္း ျမန္မာ့တပ္မေတာ္ေခါင္းေဆာင္မ်ား ေရွ႕တန္းမွပါဝင္ခဲ့သည္။ လြတ္လပ္ၿပီး ျမန္မာႏိုင္ငံ ေျမပုံမေပ်ာက္မပ်က္ ယေန႔တိုင္ ထိန္းသိမ္းေဆာင္ ႐ြက္ေပးခဲ့ၾကသည့္ ႏိုင္ငံ့ေခါင္း ေဆာင္အႀကီးအကဲ မ်ား၏ တာဝန္ထမ္းေဆာင္မႈကာလ ျပန္ၾကည့္လွ်င္ ပါတီႏိုင္ငံေရးေခါင္းေဆာင္မ်ားထက္ ပိုမိုၾကာရွည္ ထမ္းေဆာင္ႏိုင္သည့္အျပင္ သက္ေတာ္ရွည္ ေခါင္း ေဆာင္ႀကီးမ်ားအျဖစ္ အိမ္နီးခ်င္းႏိုင္ငံမ်ား၏ ေလး စားမႈကို ထာဝရရရွိခဲ့ၾကပါသည္။ ႏိုင္ငံေတာ္၏ ၿမိဳ႕ ျပေဒသမ်ားအျပင္ ေက်းလက္အႏွံ႔ ကြင္းဆင္းခရီးဆန႔္ သြားေရာက္ကာ တိုင္းရင္းသားေပါင္းစုံတို႔၏ ဘဝ၊ လိုအပ္ခ်က္ေျမာက္ျမားစြာ လုပ္ေဆာင္ေပးခဲ့ၾက၍ လည္း တပ္မေတာ္ဖခင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကဲ့သို႔ ျပည္ေထာင္စု၏ဖခင္မ်ားအျဖစ္ တပ္မေတာ္ေခါင္း ေဆာင္အဆက္ဆက္ ခံယူက်င့္သုံးႏိုင္ခဲ့ၾကၿပီး ယေန႔ တိုင္ေအာင္ ျပည္ေထာင္စုႀကီးမၿပိဳကြဲေအာင္ ကာ ကြယ္ေစာင့္ေရွာက္ေနႏိုင္ခဲ့ျခင္းမွသည္ ျပည္ေထာင္ စုတိုင္းရင္းသားမ်ား၏ ေလးစားယုံၾကည္အားထားမႈကို ခံယူေနၾကရသည္။ ထို႔ေၾကာင့္လည္း ယခု (၂၀၂၅) ခုႏွစ္ ဒီဇင္ဘာလ၊ (၂၀၂၆) ခုႏွစ္ ဇန္နဝါရီလ၊ တပ္မ ေတာ္အႀကီးအကဲ ယာယီသမၼတႀကီး ဦးေဆာင္က်င္း ပေပးသည့္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ ပြဲကို ျပည္ေထာင္စုတိုင္းရင္းသားေပါင္းစုံ ပါဝင္ယွဥ္ ၿပိဳင္ ဆင္ႏႊဲၾကျခင္းျဖစ္သည္။ ႏိုင္ငံရပ္ျခားတိုင္းျပည္ အမ်ား စိတ္ဝင္တစား လာေရာက္ေလ့လာ သတင္းယူ မွတ္တမ္းတင္ၾကသည္။ ျပည္တြင္းရွိ အနယ္နယ္ အရပ္ရပ္ တိုင္းရင္းသားလုပ္သားျပည္သူအားလုံး စိတ္ဝင္စားမႈ အားပါးတရရွိစြာျဖင့္ ပါဝင္ဆင္ႏႊဲဆႏၵမဲ ေပးၾကသည္မ်ားျမင္ရ၊ ၾကားရ၊ သိရွိရသည္တြင္ "အ ေၾကာင္းအက်ိဳး"ေကာင္းေသာသေဘာတရားမ်ား ဆက္လက္ထြန္းကားသည့္ ျမန္မာ့ႏိုင္ငံေရးခရီးအ တြက္၊ ျပည္ေထာင္စုႀကီးအတြက္ ညီၫြတ္ေရးျဖင့္ ခ်စ္ခ်စ္ခင္ခင္ခရီးဆက္ၾကမည့္ ျပည္ေထာင္စု လႊတ္ ေတာ္ကိုယ္စားလွယ္မ်ား၊ ျပည္နယ္ႏွင့္တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအတြက္ ဝမ္းသာအား ရျဖစ္မိသည္။ ျပည္သူမ်ားကိုယ္စား ျပည္သူ႔ကိုယ္စား လွယ္အမတ္မင္းမ်ားေပၚထြက္လာသည့္ (၂၀၂၆) ႏွစ္သစ္၊ မဂၤလာအေပါင္း ခေညာင္းလိုက္ပါဘိ။ ျပဳသူ အသစ္ ျဖစ္သူအေဟာင္း မဆိုေတာ့ဘဲ လုပ္စရာရွိတာ မ်ားျဖင့္ အမ်ားအတြက္ ေရွးရႈဦးတည္ေဆာင္႐ြက္ ခဲ့ၾကသည့္ တပ္မေတာ္ေခါင္းေဆာင္မ်ားႏွင့္ ယခုေ႐ြး ေကာက္ပြဲပါဝင္ခဲ့ၾကသည့္ ျပည္သူတစ္ရပ္လုံးသည္ ေက်းဇူးရွင္ဆရာေတာ္ဘုရားႀကီး၏ ဆုံးမဩဝါဒမိန႔္ ခြန္းေတာ္ႏွင့္ လြန္စြာ လိုက္ဖက္ညီလွပါသည္။ ခလုတ္တိုက္တာ အနာနဲ႔အခ်ိန္ကုန္မေနနဲ႔၊ ေရွ႕ကို ဆက္သြား၊ ေရွ႕ကိုဆက္သြားေတာ့ ခရီးေပါက္တာေပါ့ ဆိုတဲ့စကားလို "ခလုတ္တိုက္ေတာ့ ေရွ႕တစ္လွမ္း ပို ေရာက္တယ္"ဟုဆုံးမခဲ့ပါသည္။ ယခု "ေရွ႕သို႔လွမ္းခ်ီ ျမန္မာျပည္" ဆိုေနသည္မဟုတ္ပါေလာ။
ဆင္သတ္အရပ္ေဝသကဲ့သို႔ဆိုစကားထက္ ယခု ၿပီးခဲ့သည့္ကာလ "မဲမဲျမင္အကုန္လိုက္ကိုက္"သည့္ စကားရပ္တစ္ခု ပိုျမင္ေယာင္မိၾကသည္။ တိုင္းျပည္ တြက္ ငါတို႔ကလြဲ၍ အျခားလူအုပ္ခ်ဳပ္လွ်င္ လက္မခံ တတ္ၾကေသာစ႐ိုက္ဆိုးေၾကာင့္ တပ္မေတာ္အေပၚ အမုန္းစကားမ်ားျဖင့္ ယွဥ္တြဲသမုတ္၍ ျပည္သူမ်ား အျမင္မေကာင္း၊ အျမင္ေစာင္းေအာင္ ေဟာၾက ေျပာ ၾက၊ ေရးၾက႐ုံမွ်မက တပ္မေတာ္ႏွင့္ နီးစပ္ပတ္သက္ ၾကသူမ်ားအေပၚ ရဟန္း၊ ရွင္လူမေ႐ြး လုပ္ႀကံသတ္ ျဖတ္ခဲ့ၾကေသာသတင္းဆိုးမ်ား မၾကားခ်င္မွအဆုံး ႏိုင္ငံအႏွံ႔ျဖစ္ေပၚခဲ့သည္မွာ (၂၀၂၁) ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီအစိုးရစတင္သည္မွ ယခု (၂၀၂၅) ခုႏွစ္စတိုင္ ]က်ီးလန႔္စာစားေနခဲ့ၾကရေသာ အရပ္ေဒသမ်ားစြာတို႔တြင္ တပ္မေတာ္စိုးမိုးမႈနည္းၿပီး ျပည္တြင္းေရာင္စုံသူပုန္မ်ား ႂထြကစိုးမိုးေနခဲ့ၾကသည္။ ယခုတပ္မေတာ္မွ ထိုသို႔ေသာ အရပ္ေဒသၿမိဳ႕ျပစခန္း မ်ားစြာကို ျပန္လည္သိမ္းယူ စိုးမိုးအုပ္ခ်ဳပ္စီမံႏိုင္ခ်ိန္ ျပဳလုပ္ေပးေသာ ပါတီစုံေ႐ြးေကာက္ပြဲတြင္ ထိုသို႔ ေသာလုပ္ႀကံမႈအႏၲရာယ္မ်ားအေပၚ မေၾကာက္မ႐ြံ႕ ေနာက္မတြန႔္ဘဲ ပါဝင္ဆင္ႏႊဲယွဥ္ၿပိဳင္ ဦးေဆာင္ႏိုင္ ၾကေသာ ေ႐ြးေကာက္ပြဲဝင္ကိုယ္စားလွယ္ေလာင္း မ်ားအားလုံးႏွင့္ ႏိုင္ငံေရးပါတီေပါင္းစုံ တိုင္းရင္းသား ေပါင္းစုံတို႔သည္ အာဂသတၱိပိုင္ရွင္မ်ားပင္ျဖစ္ၾကပါ သည္။ ထိုအထဲ ေတာတြင္းလက္နက္ကိုင္မ်ားႀကီးစိုး ထားရာ စစ္ကိုင္းတိုင္းေဒသႀကီး ၿမိဳ႕နယ္မ်ားလည္း ပါဝင္ခဲ့ပါသည္။
" ျမေ႐ႊဂူ ပတၱျမားကိုလ ဝက္မ်ားကျငဴစူစြာ၊ ၫြန္ လူးကာတိုက္လည္း ပြတ္ေလေလ ဂူေ႐ႊမွာ အေရာင္ ထြက္တယ္၊ ေရွးကထက္ကဲ}ဆိုေသာ ကဗ်ာစာသား အမွတ္ရမိသည္။ မည္သူက"ဝက္" မည္သည္က "ပတၱ ျမားေ႐ႊဂူ"ေရွးပညာရွိမ်ားဆိုစကား ခြဲျခားခ်က္၊ ထင္ ရွားလွပါသည္။
တစ္ခ်ိန္ခါက ေပါင္ခ်ိန္ဇာတ္လမ္း ႐ုပ္ရွင္ကား ျမန္မာပရိသတ္အႀကိဳက္ျဖစ္ခဲ့ပါသည္။ ထိုအထဲ ဘုရင္ေပးအပ္ထားေသာ "ပတၱျမားေက်ာက္စီဓား"ကိုသုံးရသည့္ျပႆနာရပ္မ်ားကို အမတ္(တရားသူ ႀကီး)ေပါင္ခ်ိန္ ေျဖရွင္းေအာင္ျမင္သည့္အခန္းကို အားလုံးႏွစ္သက္ခဲ့ၾကသည္။ ယခုလည္း ေ႐ြးေကာက္ ပြဲဝင္အမတ္ေလာင္းမ်ား ကြင္းဆင္းစည္း႐ုံးၾကသည္ မ်ားထဲ ကန႔္ဘလူၿမိဳ႕နယ္ ထင္ရွားလွသည္။ တပ္မ ေတာ္ႏွင့္ႏိုင္ငံေတာ္တာဝန္ထမ္းေဆာင္ခဲ့ၾကသူမ်ား၏ ဇာတိၿမိဳ႕ျဖစ္ၿပီး ယင္းၿမိဳ႕နယ္ႏွင့္အနီးပတ္ဝန္းက်င္ ကို PDF လက္နက္ကိုင္မ်ားပ်ံ႕ႏွံေနေၾကာင္း သတင္း ျဖစ္ရပ္မ်ားႏွင့္ သြားေရးလာေရးမလြယ္မကူျဖစ္ေန သည္မ်ား၊ စားေရ ရိကၡာ၊ ကုန္စည္ကူးသန္းေရာင္းဝယ္ မႈမ်ား ျပတ္ေတာက္မတတ္ျဖစ္ခဲ့ရေသာ ကန႔္ဘလူၿမိဳ႕ တြင္ ပါတီစုံေ႐ြးေကာက္ပြဲေဗြေဆာ္ဦး ပထမပိုင္း ထည့္သြင္းက်င္းပလိုက္သည့္အခါ အားလုံးက စိုးရိမ္ ခဲ့ၾကသည္ ျဖစ္မွျဖစ္ပါ့မလားဟု။
သတင္းမ်ားႏွင့္ေစာင့္ၾကည့္ၾကသူမ်ားအထဲ ကြၽန္ေတာ္လည္းပါဝင္သြားခဲ့သည္။ ကန႔္ဘလူသတင္း မ်ားေလ့လာရင္း သိလာရသည္မ်ားတြင္ ကန႔္ဘလူၿမိဳ႕ မဟာေ႐ႊစည္ႀကီးေစတီဘုရားကို ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္လာ၍ လုံးေတာ္ျပည့္ေ႐ႊသကၤန္းကပ္ပြဲ ယခု နစက အစိုးရေခတ္တြင္ျပဳလုပ္ရာ တစ္ၿမိဳ႕လုံး ၿခိမ့္ ၿခိမ့္သဲသဲပါဝင္ၾကၿပီး စတုဒိသာ လူတစ္ေသာင္းေက်ာ္ ေကြၽးေမြးဒါနျပဳရာ၌ ယခင္ကန႔္ဘလူ၊ တန႔္ဆည္၊ ေရ ဦး၊ ကြၽန္းလွၿမိဳ႕နယ္တို႔၏ အမ်ိဳးသားလႊတ္ေတာ္ကိုယ္ စားလွယ္(စီးပြား/ကူးသန္း ျပည္ေထာင္စုဝန္ႀကီး-ၿငိမ္း) ဦးဝင္းျမင့္မိသားစုမွ ထမင္း၊ ဟင္းလ်ာမ်ား အကုန္က်ခံေကြၽးေမြးသည့္အစဥ္အလာအတိုင္း ယခု တိုင္ ကုသိုလ္ျပဳလႉဒါန္းေၾကာင္း၊ အဘဦးဝင္းျမင့္ လႊတ္ေတာ္အမတ္ျဖစ္စဥ္က မန္ေနဂ်ာကိုယ္စားလွယ္ အျဖစ္တာဝန္ထမ္းေဆာင္ခဲ့သူ ကိုသက္ထံမွသိရ သည္တြင္ မ်ားစြာအံ့ဩမိသည္။ မ်ားေသာအားျဖင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားသည္ အႏိုင္ရသည့္ ႏွစ္ပိုင္း၊ တာဝန္ရွိသည့္ကာလအပိုင္းအျခားတြင္သာ ကိုယ့္အရပ္ေဒသအက်ိဳး ထမ္းေဆာင္ၾကသည္မ်ားၿပီး တာဝန္ၿပီးဆုံးသြားခ်ိန္ ျပည္လည္ၾကည့္ရႈၾကသူ လြန္ စြာရွားပါးလွပါသည္။ ထိုတင္မွ်မက စာေရးသူအေန ျဖင့္ၿပီးခဲ့သည့္ လႊတ္ေတာ္သက္တမ္း အာဏာမ ရခင္က ဘုရားပုရိဝုဏ္ထဲ မဲဆြယ္သည့္သေဘာ စ ေပေဟာေျပာမႈျပဳလုပ္ခဲ့ၿပီး အာဏာရသြားခ်ိန္ ထိုဘု ရားသို႔ ေယာင္၍ပင္ေျခဦးမလွည့္ေတာ့ဘဲ တိုင္းေဒသ ႀကီးလႊတ္ေတာ္ တင္ဒါေကာ္မတီတာဝန္မ်ားႏွင့္ ေန႔ စဥ္နီးပါး နံနက္ခင္း လႊတ္ေတာ္မတက္မီ လက္ဖက္ ရည္ဆိုင္အေပၚထပ္ထိုင္ကာ ကိစၥမ်ားႏွင့္ အခ်ိန္ကုန္ ခဲ့ၾကသည့္ ကိုယ္စားလွယ္အခ်ိဳ႕ ႀကဳံေတြ႕သိခဲ့ရဖူး သည္။ ယခုေတာ့ ထိုသူမ်ားလည္း ဘယ္ေရာက္သြား မွန္းမသိရေတာ့။ ကန႔္ဘလူၿမိဳ႕နယ္ ဖြံ႕ၿဖိဳးတိုးတက္ ေရး၊ သာယာေရးစီမံမႈကိစၥရပ္ေတာ္ေတာ္မ်ားမ်ား ပထမအႀကိမ္(၂၀၁၁-၂၀၁၆) လႊတ္ေတာ္သက္တမ္း အခ်ိန္ျပည့္ အဘဦးဝင္းျမင့္၊ ျပည္ေထာင္စုဝန္ႀကီးတာ ဝန္ထမ္းခ်ိန္၊ ေက်းလက္ေဒသအႏွံ႔ ဝန္ႀကီးကိုယ္စား ဝန္ႀကီး၏လႊတ္ေတာ္ကိုယ္စားလွယ္ မန္ေနဂ်ာ ကိုသက္ႀကီးက ကြင္းဆင္းေဆာင္႐ြက္ေပးသည့္အျပင္ ဝန္ႀကီးကိုယ္တိုင္လည္း လစဥ္၊ အပတ္စဥ္နီးပါး ယင္း လႊတ္ေတာ္နယ္ေျမမ်ားသို႔ ကြင္းဆင္းေရာက္ရွိခဲ့သည္။ လူသိမ်ားခဲ့သည္။ ျပည္ေထာင္စုဝန္ႀကီးတာဝန္မတိုင္မီက ျမန္မာႏိုင္ငံကုန္သည္ႀကီးမ်ား အသင္းဥကၠ႒၊ ေနာင္ UMFCCI (အႀကံေပးပုဂၢိဳလ္)အျဖစ္ ဦးဝင္း ျမင့္ကို တိုင္းျပည္ကသိခဲ့ၾကသည္။ ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေ႐ႊတစ္ေခတ္လုံး ကုန္သည္ေခါင္းေဆာင္အျဖစ္ ျမန္မာႏွင့္ မိတ္ေဆြႏိုင္ငံမ်ားကပါ ေလးစားခင္မင္ခဲ့ၾက သည္။ ယခု ကိုသက္(ခ)ဦးသက္ကိုကိုေက်ာ္က ကန႔္ ဘလူၿမိဳ႕နယ္မွ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စား လွယ္အျဖစ္ ျပည္ခိုင္ၿဖိဳးပါတီမွဝင္ၿပိဳင္ရာ စိတ္ဝင္စား စရာျဖစ္လာသည္။ ကိုသက္ကိုကိုေက်ာ္ကို ေဒသခံ မ်ားႏွင့္မိတ္ေဆြရင္းမ်ားက "ေပါင္ခ်ိန္"ဟု သိရွိေခၚ ေဝၚၾကေၾကာင္း မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္၊ ဥပေဒခ်ဳပ္ ဦးျမင့္ေအာင္ႏွင့္၎ ဥပေဒဓမၼာ႐ုံ ေရစက္ခ်ပြဲ၌ေတြ႕စဥ္ ဦးျမင့္ေအာင္ထံမွသိရသည္။ ဦးျမင့္ေအာင္သည္ တစ္ခ်ိန္က ကန႔္ဘလူၿမိဳ႕နယ္တြင္ ဥပေဒအရာရွိ တာဝန္ထမ္းေဆာင္ခဲ့ဖူး၍ ေပါင္ခ်ိန္ (ေခၚ)ကိုသက္ကိုကိုေက်ာ္ႏွင့္ ရင္းႏွီးကြၽမ္းဝင္ျခင္း ျဖစ္သည္။ မႏၲေလးအညာေဒသထက္ စစ္ကိုင္းတိုင္း၊ ကန႔္ဘလူၿမိဳ႕နယ္ အညာေဒသ ပိုမိုေဝးကြာ၍ ၿမိဳ႕ႀကီး ျပႀကီးႏွင့္အလွမ္းကြာၿပီး ေဆာင္ရာသီေအးလြန္း၊ ေႏြရာသီပူလြန္းေသာ အညာေဒသျဖစ္ျခင္းေၾကာင့္ "မ်က္ႏွာမည္း ေပါင္ခ်ိန္" ဇာတ္ကားကဲ့သို႔ ကိုသက္ ကိုကိုေက်ာ္ "ေပါင္ခ်ိန္"အမည္တြင္သည္ဟု ထင္မိ သည္။
ေ႐ြးေကာက္ပြဲကာလနီးကပ္လာခ်ိန္ ေအာက္တို ဘာလ၊ ကိုယ္စားလွယ္ေလာင္းမ်ား အသံၾကားလာ ရသည္တြင္ မႏၲေလးတကၠသိုလ္ရာျပည့္ပြဲသို႔ ႏိုင္ငံ ေတာ္ယာယီသမၼတဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ လာေရာက္ခ်ီးျမႇင့္ခဲ့ၿပီး တကၠသိုလ္ေက်ာင္းသား ေဟာင္းမ်ားေတြ႕ဆုံပြဲတစ္ခု၌ မႏၲေလးတကၠသိုလ္ ပါေမာကၡခ်ဳပ္(ၿငိမ္း)ေဒါက္တာေဒၚသီတာဝင္းက ゞင္းမိတ္ေဆြတစ္ဦးကို ေ႐ြးေကာက္ပြဲဝင္မၿပိဳင္ဘူး လား ေမးရင္း၊ ကြၽန္မတို႔ ကန႔္ဘလူက ]]ကိုသက္ကိုကို ေက်ာ္}} ၿပိဳင္မွာ အားလုံးက သူ႔ကိုပဲ မဲေပးၾကမွာဟု ေျပာေၾကာင္း၊ ゞင္းပြဲတက္ခဲ့သည့္ မန္းေန႔စဥ္တာဝန္ခံ စာတည္း(ၿငိမ္း) ဦးကိုကိုႀကီးထံမွ သိရျပန္သည္။
ယခုေ႐ြးေကာက္ပြဲတြင္ ကန႔္ဘလူၿမိဳ႕နယ္၌ ကိုသက္ကိုကိုေက်ာ္၏ ျပည္ခိုင္ၿဖိဳးပါတီအမတ္မ်ား အားလုံး အႏိုင္ရၿပီး မဲအျပတ္အသတ္ျဖင့္ လႊတ္ေတာ္ အမတ္မ်ားျဖစ္လာၾကသည့္ ေ႐ြးေကာက္ပြဲၿပီးေနာက္ ကိုသက္ကိုကိုေက်ာ္ႏွင့္ေတြ႕ရာ အက်ိဳးအေၾကာင္း၊ အေတြ႕အႀကဳံမ်ားၾကားရသည္။ ကိုသက္ကိုကိုေက်ာ္ ကေျပာသည္မ်ား၌ ေ႐ြးေကာက္ပြဲ မိတ္ဆက္၊ ကိုယ္ စားလွယ္မ်ားႏွင့္ လူထုေတြ႕ဆုံပြဲမ်ားလုပ္ရာေနရာ တိုင္းတြင္ တက္ေရာက္လာၾကသည့္ေဒသခံမ်ားမွ "ခင္ဗ်ား မိတ္မဆက္လည္းသိပါတယ္။ အဘဦးဝင္း ျမင့္မပါဘူးလား။ ကြၽန္ေတာ္တို႔က ခင္ဗ်ားတို႔ကိုပဲ မဲေပးမွာ"စသည္ျဖင့္ထေျပာၾကရာ မဲဆြယ္စကား ေျပာရမည့္ ၎ကိုယ္တိုင္ပင္ လြန္စြာ အံ့ဩဝမ္းသာ ျဖစ္ၿပီး လြန္ခဲ့ေသာ (၁၅)ႏွစ္ (၂၀၁၁)မွ ယေန႔တိုင္ အဘ ဦးဝင္းျမင့္၏ ယင္းမဲဆႏၵနယ္ေဒသမ်ားအေပၚ ကူညီ ေထာက္ပံ့လႉဒါန္းေဆာင္႐ြက္ေပးခဲ့သည့္ ကုသိုလ္ေစတနာအက်ိဳးတရား ျပန္လည္ျဖစ္ထြန္း ခံစားရျခင္းျဖစ္ေၾကာင္းဆိုသည္။ " ကိုသက္ ခင္ဗ်ား ကသာ ဘယ္လိုလာမလဲမသိဘူး၊ ခင္ဗ်ားအဘ ဦးဝင္း ျမင့္က ကြၽန္ေတာ္တို႔အရပ္ေဒသကို တစ္လတစ္ေခါက္ အနည္းဆုံးေရာက္ေအာင္လာၿပီး ၾကည့္ရႈေစာင့္ ေရွာက္ေပးခဲ့တယ္"ဟုဝိုင္းဝန္းေျပာဆိုၾကရာ "ေအး ကြာသူငယ္ခ်င္းရာ၊ အဘဦးဝင္းျမင့္နဲ႔ ႐ြာေတြကိုဆင္း ခဲ့စဥ္က အဘကို အိုးစည္၊ ဒိုးပတ္ဝိုင္းေတြနဲ႔ ႀကိဳၾက၊ အဘကလည္း လာသမွ်လူ ထမင္း၊ ဟင္း အလွ်ံပယ္ ခ်က္ေကြၽးခိုင္း၊ ငါတို႔နဲ႔အတူလိုက္ပါလာတဲ့ ဝိုင္းကူညီ ၾကသူေတြလည္း အဲဒီ႐ြာေတြကအျပန္ စားေသာက္ ဆိုင္ဝင္၊ အႀကိဳက္မွာစား၊ အခုထိလည္း ငါ စည္း႐ုံး ေရးဆင္းေတာ့ ဘုန္းဘုန္းေတြက အဘကိုသတိရေန ၾကတာ။ ႏွစ္စဥ္ ဝါဆို၊ ကထိန္ အဘလႉေနၾက ေက်ာင္းေတြအျပင္ တို႔ေရာက္တဲ့ ဘုန္းႀကီးေက်ာင္းမွန္ သမွ် အဘကို သကၤန္း၊ ထီး၊ ဖိနပ္၊ လႉစရာေတြပို႔ၿပီး လႉေပးေနတုန္းေလ၊ ကန႔္ဘလူၿမိဳ႕က ေ႐ႊစည္ႀကီးေစ တီဘုရားပြဲမွာလည္း အခုႏွစ္စည္ကားခ်က္က ေကြၽး သမွ်ကုန္တာ။ စတုဒိသာအတြက္ ငါးေျခာက္ဟင္းကို အဘက ကုန္သေလာက္ အကုန္လႉေပးတာ။ အဘနဲ႔ အန္တီ သန္း၊ ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းျမင့္ႏွင့္ ေဒၚျမင့္ျမင့္ သန္းေကာင္းမႈ စတုဒီသာမ႑ပ္ႀကီး ေတြနဲ႔လႉခဲ့ၾကတာ။ အခုထိလည္းလႉေပးေနတုန္းပဲ ဆိုေတာ့ ႐ြာေတြက အဘကိုဘယ္ေမ့ပါ့မလဲ။ အခု တို႔ ေ႐ြးေကာက္ပြဲဝင္ေတာ့ အဘဦးဝင္းျမင့္လာၿပိဳင္တယ္ထင္ၾကတာမ်ားတယ္။ အဘက ရန္ကုန္နဲ႔ ေန ျပည္ေတာ္မွာေနၿပီး တို႔ ကန႔္ဘလူနယ္အတြက္ အမ်ားႀကီး ေထာက္ပံ့လႉဒါန္းေပးေနတဲ့အက်ိဳးေက်း ဇူးေတြနဲ႔ အခုေ႐ြးေကာက္ပြဲမွာ အမ်ားႀကီးအေထာက္ အကူျဖစ္ခဲ့တာ"ဟု ကိုသက္ကိုကိုေက်ာ္ကေျပာ သည္။
ကိုသက္ကိုကိုေက်ာ္ေပၚလာသည္ႏွင့္ ဝန္ႀကီး ဦးဝင္းျမင့္လာသကဲ့သို႔ ႐ြာမ်ားကထင္ခဲ့ၾကသည္။ ယခုလည္း ထိုသို႔ပင္ ဘာသာေပါင္းစုံမေ႐ြး ျပည္ခိုင္ ၿဖိဳးကို ေထာက္ခံမဲေပးလိုက္ၾကသည္။ ဝန္ႀကီးဦးဝင္း ျမင့္သည္ အၿငိမ္စားယူၿပီးေနာက္ မိသားစုႏွင့္ ေအး ခ်မ္းစြာေနထိုင္ရင္း ျမန္မာႏိုင္ငံအႏွံ႔ လူမ်ိဳး၊ ဘာသာ ေပါင္းစုံ၊ နယ္ပယ္ေပါင္းစုံ၌ တတ္စြမ္းသမွ် ကူညီ ေဆာင္႐ြက္ေပးလ်က္ရွိသည့္အျပင္ တပ္မေတာ္အ တြက္ ကန႔္ဘလူနယ္အတြက္ ရိကၡာ စသည္ ေထာက္ ပံ့လႉဒါန္းေပးလ်က္ရွိရာ "ေမ့လို႔မရတဲ့သူေတြထဲမွာ ဦးေလးဦးဝင္းျမင့္လိုပုဂၢိဳလ္ေတြပါတယ္"ဟု တပ္မ ေတာ္အရာရွိႀကီးတစ္ဦးက စာေရးသူႏွင့္ ေတြ႕ဆုံစဥ္ ေျပာခဲ့ဖူးသည္ကို အမွတ္ရသည္။
ကန႔္ဘလူၿမိဳ႕နယ္သည္ အစဥ္အလာေကာင္း ေသာ သမိုင္းဝင္ ေျမဒူးၿမိဳ႕ေဟာင္းေနရာ ျဖစ္ျခင္းႏွင့္ ႏိုင္ငံဝန္ထမ္းအႀကီးအကဲမ်ားဇာတိၿမိဳ႕ျဖစ္၍ ယခု တိုင္ထင္ရွားေနဆဲျဖစ္သည္။ ကိုသက္ကိုကိုေက်ာ္ႏွင့္ မိတ္ေဆြမ်ားစုေပါင္း၍ ယင္းေဒသ က်န္းမာေရး၊ လူမႈ ေရး ကူညီကယ္ဆယ္ၾကသည့္အထဲ ဒုတိယ ဗိုလ္ခ်ဳပ္ မႉးႀကီး(အၿငိမ္းစား)မိသားစုမွ က်ပ္သိန္း(၁၀ဝ)ႏွင့္ ေ႐ႊစည္ႀကီးေစတီ လုံးေတာ္ျပည့္ေ႐ႊသကၤန္းအလႉအ တြက္ သီးျခားစီလႉဒါန္းေပးေၾကာင္းသိရသည္။ ပီတိ ကိုစား၍အားရွိေသာဆရာမ်ားကဲ့သို႔ ယခုေ႐ြးေကာက္ ပြဲဝင္ ကိုသက္ကိုကိုေက်ာ္(ေပါင္ခ်ိန္)ကဲ့သို႔ အႏိုင္ရ အမတ္မ်ားကိုၾကည့္၍ ပီတိျဖစ္ ဝမ္းသာေနၾကမည္ဟု ゞင္း၏ အႀကီးအကဲလူႀကီးမ်ားကိုမွန္းဆမိသည္။ ကန႔္ ဘလူနယ္လူထုကလည္း ေပါင္ခ်ိန္ဇာတ္လမ္းထဲကကဲ့ သို႔ ပတၱျမားေက်ာက္စီဓားထမ္းၿပီး ေပါင္ခ်ိန္ထြက္ လာသည့္အခန္း ဝိုင္းေမွ်ာ္ေနၾကသလို စု႐ုံးမဲေပးခဲ့ၾက သည္။ ယခု (၂၀၂၅/ ၂၀၂၆) အတြက္သာမက ေနာင္ထပ္မံေရာက္လာမည့္ (၂၀၃၀) ေ႐ြးေကာက္ပြဲ အတြက္ထိဟူ၍ ေဒသခံအခ်ိဳ႕က ေမွ်ာ္လင့္ေျပာဆိုၾက ေၾကာင္း အံ့ဩဖြယ္ၾကားလိုက္ရသည္။ ပါတီစုံေ႐ြး ေကာက္ပြဲ၊ ယင္းေဒသ လူထုေမွ်ာ္လင့္ခ်က္ကို ထပ္တူက်ရရွိေအာင္ျမင္ေအာင္ ေဆာင္႐ြက္ႏိုင္ခဲ့ ျခင္းဟုဆိုရေပမည္။ စစ္ကိုင္းဝန္ႀကီးခ်ဳပ္ ဦးျမတ္ ေက်ာ္လည္း ကန႔္ဘလူၿမိဳ႕နယ္သို႔ ကြင္းဆင္း၍ ေ႐ြး ေကာက္ပြဲဝင္ အႏိုင္ရခဲ့သည္။
ျပည္သူလႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမတ္ေက်ာ္ (ဝန္ႀကီးခ်ဳပ္)၊ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခင္ေမာင္ေအးႏွင့္ ေဒၚသိဂႌဝင္းေ႐ႊ၊ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသက္ကိုကိုေက်ာ္ (ေပါင္ခ်ိန္)ႏွင့္ ဦးေအာင္ႏိုင္တို႔ ကန႔္ဘလူၿမိဳ႕နယ္၊ ျပည္ခိုင္ၿဖိဳးပါတီမွ ေ႐ြးေကာက္ပြဲဝင္ခဲ့ၾကျခင္းျဖစ္ သည္။ "(၂၀၂၅၊ ၂၀၂၆)"ပါတီစုံဒီမိုကေရစီ အေထြ ေထြေ႐ြးေကာက္ပြဲႀကီးကား ေအာင္ျမင္ခဲ့ၿပီးျဖစ္ပါ သည္။ ျပည္သူလူထုမ်ား လိုလားေထာက္ခံၾကသည့္ (အမတ္) လႊတ္ေတာ္ကိုယ္စားလွယ္မ်ား သည္လည္း ကန႔္ဘလူၿမိဳ႕နယ္ကဲ့သို႔ လူထုေထာက္ခံမႈမ်ားကိုယ္ စီျဖင့္ ဆိုင္ရာနယ္ပယ္မ်ား၌ အႏိုင္ရခဲ့ၾကျခင္းျဖစ္ သည္။ ျမန္မာ့ေ႐ြးေကာက္ပြဲ သမိုင္းတစ္ေခတ္ ဆန္းသစ္ခဲ့ၿပီဟုသာ။