‘‘အဓိကဖြန့်ဝေတဲ့တရားခံက တခြားသူမဟုတ်ဘူး မြန်မာလူမျိုးအချင်းချင်းပဲ’’ ဂျပန်လုပ်သား(၇၀ဝ)ကျော် လိမ်လည်ခံရခြင်းနှင့် ပြည်ပလုပ်သားပြဿနာအတွင်းရေးများ .. (၃) (သီးသန့် အင်တာဗျူး)

 175

ပုံစာ။ ။ ဂျပန်သို့ တရားဝင်သွားရောက်သည့် မြန်မာလူငယ်များ

မေး - ဂျပန်ရောက်မြန်မာမိန်းကလေးတွေ အခု HIV ဖြစ်တာတို့ဘာတို့ Tik Tok မှာတွေ့လာရတယ်။ မြန်မာမိန်းကလေး တွေ ဘယ်လိုတွေဖြစ်ကုန်ကြတာလဲ။
ဖြေ - လုပ်စားတာတော့မဟုတ်ဘူး။ ဒီ Society ထဲမှာ ကိုကပျက်စီးနေတာ။ တခြားလူမျိုး ပါကောင်းပါလိမ့်မယ်။ အဓိက ဖြန့်ဝေတဲ့တရားခံက တခြားသူတွေ မဟုတ်ဘူး။ မြန်မာလူမျိုးအချင်းချင်းပဲ။ ဂျပန်လူမျိုးကပဲ ဝင်ဖြန့်သွားသလို၊ ဗီယက်နမ်လူမျိုးကပဲ ဖြန့်သွားသလိုလိုထင်နေဦးမယ်။ မဟုတ်ဘူးနော်။ အဲဒါတော့သေ ချာတယ်။ အထူးသဖြင့် မြန်မာ မိန်းကလေးတွေ ကျွန်တော်သတိထားမိတာတော့ ဂျပန်ရောက်သွားလည်း လူကြောက်တဲ့ စိတ်ကကိန်းဝပ် နေဆဲပဲ။ အဲဒီအတွက်ကြောင့် တော်တော်များများသည် ဂျပန်လူမျိုးကို အထင်ကြီးထားတဲ့အတွက် ဂျပန်လူမျိုးကို ကြောက်တဲ့ စိတ်သည် အနည်းဆုံး စလာကတည်းကကိန်းဝပ် နေတာသည် အနည်းဆုံး (၃)နှစ်လောက်ထိ။သူတို့သည် တော်ရုံတန်ရုံ မျက်စိမပွင့် နားမပွင့် ဒေသကလာခဲ့တယ်ဆိုရင် တချို့ကလေးလို အိမ်မှာပဲနေခဲ့ တဲ့ကလေးဆိုရင် အခုထိလည်း ကြောက်နေတုန်းပဲ။ ပြောရမယ်ဆိုရင် သူတို့ဆက်ဆံတဲ့သူဆိုရင် သူတို့ မြန်မာအချင်းချင်းပဲဆက်ဆံကြတာ။ ဒီ မိန်းက လေးတွေ ဒီလိုအများကြီးဖြစ်တယ်ဆိုတာကလည်း တကယ်တော့ ကျွန်တော်တို့မြန်မာတွေအချင်းချင်းကပဲ ဖြန့်ဝေ သလိုဖြစ်သွားရာကနေ ပျံ့သွားပြီးတော့ ဒီလို ဖြစ်ခဲ့တာပဲ။ ဒါသေချာတယ်။
မေး - အခုဆို ဂျပန်ကနေပြန်လာတဲ့ မြန်မာမိန်းက လေးတွေနဲ့ပတ်သက်ရင် မြန်မာတွေက အဲဒါကြည့်ရင် တော်တော် လန့်နေပြီ။ ဂျပန်ပြန်တွေဆို အကုန်လန့်သွားတာပေါ့ ဘာတွေလဲဆိုပြီး ကိုယ့်နိုင်ငံကို ပုံရိပ်သွားကျတယ်။
ဖြေ - ကျွန်တော်က ဘယ်လိုမြင်လဲဆိုတော့ လူများ လာတဲ့အတွက်ကြောင့် ပြဿနာများလာတယ်ထင် တာပဲ။ ကျွန်တော်တို့ကြုံတွေ့နေရတဲ့ ဥပမာ ထားပါတော့ အလုပ်တွေပြောင်းကြတယ်တို့၊ ရန်တွေဖြစ် တယ်တို့ ခုနကပြောတဲ့ ရောဂါပိုးတွေပျံ့နှံ့တယ်တို့။ အဲဒီဟာတွေက ကျွန်တော်တို့ကနေ စဖြစ်ခဲ့တာတော့ မဟုတ်ဘူး။ အရှေ့မှာ တရုတ်တွေ အထူးသဖြင့် ဗီယက်နမ် အရမ်းနာမည်ပျက်တာ ဗီယက်နမ်က ဘာလို့နာမည်ပျက်လဲ။ ပျက်မှာပေါ့ လူပေါင်းက များစွာ ဖြစ်သွားပြီကိုး။ ကျွန်တော်တို့ဆီမှာမှ ဒီလုပ်သား Business ဂျပန်မှာဖြစ်တာ (၁၀)စုနှစ်ပေါ့။ ဟိုအရင်ကရှိတယ်ဗျာ။ ဦးခင်ညွန့်တို့လက်ထက်က သူတို့ဂျပန်နိုင်ငံမှာ ချစ်ကြည်ရေး ဘာညာဆိုပြီး တော့ပို့ခဲ့ဖူးတာ လူပေါင်းက နည်းနည်း လောက်ပဲရှိတယ်။ တကယ်အလုပ်လုပ်ခဲ့ကြတာသည် (၂၀၁၀) ပတ်ချာလည်လောက်မှာ သေချာစပြီးလုပ်ပေမယ့် လူ အများကြီးမထွက်သေးပေမယ့် (၂၀၁၅)နဲ့ (၂၀၂၅) ကြားထဲမှာတော့ အရမ်းထွက်လာတယ်။ အထူးသဖြင့် (၃)နှစ် Training လုပ်သားတွေသွားတဲ့အချိန်။ (၂၀၁၉)လောက်ထိပေါ့။ အဲဒီတုန်းကထွက်တဲ့နှုန်း သည် တော်တော်နည်း သေးပေမယ့် (၂၀၁၉)မှာ ကျွန်တော်တို့ Skillful ဆိုတဲ့ဟာပေါ်လာတယ်။ ကျွမ်းကျင် လုပ်သားပို့လို့ရတဲ့အချိန်ကျတော့ (၆)နှစ်ကျော် လောက်ရှိပြီ။ အဲဒီမှာ လုပ်သားတွေ အားရပါးရထွက်တာ။ ဆိုတော့ ကျွန်တော်တို့သည် ဒီဆယ်စုနှစ်တစ်ခု လေးလောက်မှစပြီးလို့ (၆)နှစ်အတွင်းမှာ အများ ကြီးတိုးလာတာပေါ့။ ဒါမျိုးက ဗီယက်နမ်မှာဖြစ်ခဲ့တာ။ လွန်ခဲ့တဲ့အနှစ် (၂၀)လောက်ကနေစခဲ့တာ။ ကျွန်တော်တို့က (၁၀) စုနှစ်လောက်ရှိပေမယ့် သူတို့က အနှစ်(၂၀)လောက်ရှိပြီ။ မျိုးဆက်က သူတို့ဆီမှာ မရှိဘူးဆိုရင် (၅)ဆက်လောက်ရှိသွားပြီ ဂျပန်မှာလေ။ လုပ်သားက ကျွန်တော်တို့ထက် (၂)ဆမက (၃)ဆ လောက်ရှိသွားပြီ။ လူများလေ ပြဿနာတွေက များလေ။ ဆိုတော့ ခုနက ဂျပန်မှာ အခုဖြစ်နေတာတွေက ဗီယက်နမ် တွေဖြစ်ခဲ့ပြီးသား။ ဒီထက်ဆိုးတာတွေ ကြုံလာရလို့ ဗီယက်နမ်လူမျိုးတွေ ဂျပန်မှာ နာမည် အရမ်းပျက်တာ တွေဖြစ် လာတယ်။ ကျွန်တော်တို့တွေက ဗီယက်နမ်တွေလောက်များလာရင် ပြဿနာတွေ ဖြစ်လာမှာပဲ။ ကျွန်တော်တို့ လူမျိုးသည် မကောင်းဘူး ဆိုတဲ့နာမည်တွေထွက်လာမှာပဲ။ အဲဒါတွေကို ထိန်း ချုပ်ကွပ်ကဲဖို့ အစီအစဉ်ပုံစံတစ်ခုတော့ လိုတာပေါ့။
မေး - ဂျပန်မှာ အခုရောက်နေတဲ့မြန်မာ ဘယ်လောက် လောက်ရှိလဲ။ ခန်းမှန်းခြေ ကျား၊ မ အချိုးအစား။
ဖြေ - မိန်းကလေးကတော့ ပိုများမှာသေချာပါတယ်။ အချိုးအစားကတော့ (၄)ချိုး၊ (၁)ချိုးကတော့ ယောကျာ်း လေး၊ (၃)ချိုးကတော့ မိန်းကလေး။
မေး - ရောက်နေတာ သိန်းဂဏန်းရှိလား။ ဘယ် လောက်ရှိလဲ။
ဖြေ - ဘယ်သိန်းဂဏန်းကမလဲ။ အနည်းဆုံး (၃)သိန်းလောက်ရှိပြီထင်တယ်။ တချို့ကျတော့ စာရင်းမ မှတ်ထားတဲ့ လူတွေရောဆိုရင် (၂)သိန်းနဲ့ (၃)သိန်း ကြားပေါ့နော်။ အဲဒီလောက်တော့ရှိမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ မြန်မာ ဆိုင်တွေ မြန်မာရပ်ကွက်လို့ ပြောကြတာတွေတောင်ရှိတယ်။
မေး - အစိုးရက ပြည်ပရောက်မြန်မာတွေနဲ့ ပတ်သက်တဲ့ ပလန်တစ်ခု ဆွဲသင့်တယ်။
ဖြေ - အရင်တုန်းက ထိုင်းမှာ call center လိုဟာမျိုးထားတယ်။ မြန်မာလုပ်သားတွေ မြန်မာအေဂျင်စီပဲ ဖြစ်ဖြစ်ပေါ့ call center ကို MOEAA အဖွဲ့က နေကြီးကြပ်ပြီးတော့ call center မှာ အေဂျင်စီတွေလဲ ပြီးတော့ တာဝန်ယူပေးရတယ်။ ဥပမာ ကျွန်တော်တို့လို အေဂျင်စီပိုင်ရှင်တွေပဲဖြစ်ဖြစ်၊ MD ပဲဖြစ်ဖြစ်၊ မန်နေဂျာပဲဖြစ်ဖြစ် အဲဒီမှာ တာဝန်အရ တစ်ပတ်ဆို တစ်ပတ်။ (၅)ရက်ဆို (၅)ရက် တာဝန်ချပေးရတယ်။ တစ်လကို အေဂျင်စီ (၄)ခုဆို (၄)ခုပေါ့။ တချို့ကျ တော့လည်း အငှားပေါ့နော်။ သွားနိုင်တဲ့၊ ဖြေရှင်းနိုင် တဲ့လူကိုပဲ တစ်ရက်ဘယ်လောက်ဆိုပြီး ပိုက်ဆံပေး ပြီးတော့ လွှတ်လိုက်ပြီး တော့ ဖြေရှင်းတာမျိုးလည်း ရှိတယ်။ အဲဒီအချိန်တွေတုန်းမှာ ထိုင်းမှာ တော်တော်အဆင်ပြေတယ်။ ထိုင်းရောက် အလုပ် သမားတွေလည်း တော်တော်များတာကိုး။ တိုင်ချက်တွေ လည်းရတယ်၊ ဖြေရှင်းပေးရတာတွေလည်းရှိတယ်၊ ပြေလည် တာတွေလည်းရှိတယ်၊ မပြေလည်တာလည်း ရှိတယ်ဆိုသော်ငြားလည်း (၇၀/၇၅) ရာခိုင်နှုန်း ပြဿနာတွေပြေ လည်သွားတယ်။ ကျန်တဲ့ (၂၅) ရာခိုင်နှုန်းကတော့ မပြေလည်ဘူးပေါ့နော်။ အခု ဘာဖြစ်လာလဲဆိုရင် လူတွေထွက်လို့မရ ပြုလို့မရ ပိတ်ထားတဲ့အချိန်မှာ MOEAA လည်းစိတ် ညစ်ပြီးတော့ ဒီ call center ကို ပိတ်လိုက်တယ်လို့ သတင်း ကြားတယ်။ ဟုတ်မဟုတ်တော့မသိဘူး။ ဖြစ် သင့်လုပ်သင့်တာကတော့ ဂျပန်လိုနေရာမျိုးမှာပဲ သံရုံးကနေတစ်ဆင့် ကြီးကြပ်ပြီးတော့ ကျွန်တော်တို့ လူမျိုးတွေအတွက် call center လိုဟာမျိုး တစ်ခုခု ပေါ့နော်။ အေဂျင်စီတွေစုထည့် သလိုထည့်မှာပေါ့။ ဘာလို့လဲဆို ကိုယ့်ကလေးတွေ ကောင်းဖို့အတွက် လုပ်တာလေ။ ကျွန်တော်တို့ လုပ်ပေးချင် တဲ့စိတ်ရှိပါ တယ်။ ဒါပေမဲ့ ဘယ်သူ့ကို အဖေခေါ်လို့ခေါ်ရမှန်း မသိဘူး။ ဘယ်သူ့ကို သွားတိုင်ပင်ပြီးတော့ ဒါမျိုးကိစ္စ တွေကိုပြောပြီးတော့ ဘယ်သူကကြီးကြပ်ပြီးတော့ လုပ်ပေးမယ်။ သံရုံးကလည်း မလာနဲ့သွား။ မင်းတို့ MOEAA မင်းတို့ဝန်ကြီးဌာနကတောင် မင်းတို့ကို Black list သွင်းထားတဲ့ကောင်တွေ ငါတို့ကို မဆက်သွယ်နဲ့ဆိုရင် ကျွန်တော် ဘာလုပ်ပေးရမှန်းမသိ။ ဒါပေမဲ့ ပြဿနာတက်နေတဲ့ကလေးတွေက တကယ်ပြဿနာတက်နေတာ။ ကျွန်တော်တို့က အခု ဘာဖြစ်နေလဲဆိုတော့ ကိုယ့်ကလေးပြဿနာတက်ရင် ကိုယ့်စရိတ်နဲ့ကိုယ်သွားဖြေရှင်းတယ်။ ရှင်းလည်း ရှင်းပေး နေရတာပဲ။ ဒါပေမဲ့ နောက်ကျမှရောက်သွားတော့ နောက်ကျမှဖြေရှင်းရတော့ ပြဿနာရဲ့ဇာစ်မြစ် တွေကမပေါ်ဘဲနဲ့ ဒုက္ခတွေရောက်တာ။ ခုလိုကိစ္စမျိုးတွေ။ တကယ့်တကယ်သာ ဟိုဘက်မှာ call center တွေရှိနေပြီးတော့ အစိုးရအနေနဲ့ ဒီလိုကြပ်မတ်ပေးတဲ့ အဖွဲ့အစည်းရှိတယ်ဆိုရင် အနည်းနဲ့အများ ကျွန်တော်တို့ စိစစ်လို့ရတယ်။ ဒီအလုပ်ရှင်က တကယ် မှန်တာလား။ ဟိုဘက်ကအေဂျင်စီက တကယ်မှန်တာလား။ ဒီအလုပ်တွေသည် တကယ်ရှိတာလား။ ဒီ Demands တွေသည် အတုလားအစစ်လား။ နောက် ခုနပြောတဲ့ COE တွေ အတုလားအစစ်လား။ စာချုပ် တွေသည် အတုလား အစစ်လား။ အကုန်လုံးစစ်လို့ရတယ်။ အခုဟာက ဘာမှမရှိတော့ ဘာမှဖြေရှင်းပေး လို့မရဘူး။ ဒီကြားထဲ ခုန အောက်ကနေ သူတို့ ဟိုပိတ် ဒီပိတ်လုပ်ထားတော့ အောက်ကနေထွက်တဲ့အပေါက်သည် လဝကပဲပြောပြော၊ အလည ပဲပြောပြော၊ စရဖပဲ ပြောပြော ဒီအပေါက်ကြီးရှိနေတာ။ တရားဝင်ကိုပိတ် ထားတယ်။ တရားဝင်မလုပ်ရတော့ တရားမ ဝင်လုပ်ကြရတယ်။ တရားမဝင်လုပ်တာကျတော့ လွှတ်ထားပေးတယ်။ ဆက်လုပ်ကြတယ် ။ လုပ်ရင်းတန်းလန်းနဲ့ ဒီလိုမျိုးဟာကွက်တွေရှိပြီး ဒီအပေါက်တွေကနေပဲ နင်းပြီးတော့ပဲ ဒီလိုကောင်မျိုးတွေချမ်းသာသွားတယ်၊ လုပ်စားသွား တယ်။ ကျွန်တော်တို့ကလေးတွေ အကုန် ဒုက္ခရောက်ကုန်တယ်။ ဘယ်သူ တာဝန်ယူပေးမှာလဲ။ အခု ဘယ်သူတာဝန်ယူ ပေးမှာလဲလို့မေးရင် ကျွန်တော်လည်းမပြောနိုင်ဘူး။ အဲဒီမှာပါဝင်နေတဲ့သူတွေ ကိုမေးရင်လည်း မပြောနိုင်ဘူး။ စားတာ တော့ စား နေကြတယ်ဝသွားပြီ ။
မေး- အရင်ကတော့ MOFA ကနေပြီးတော့ Demands တွေတင်တာ ရပ်ထားတယ်။ အခုနောက်ပိုင်း တင်တာတွေ ပြန်တွေ့လာတယ်။ အဲဒီလိုတင် တော့ကော တရားဝင်ပို့ပေးနေရတာ ရှိလား။
ဖြေ - စိတ်ညစ်စရာပဲ ပြောရမယ်ဆိုရင်။ MOFA ကချပေးတယ်။ အလညက နောက်ထပ် အဆင့် ၃ ဆင့်လောက် ထပ်တိုးပြီးတော့ ထပ်ပိတ်တယ်။ နောက် ဆုံးအဆင့်အားလုံး MOFA ကလည်းချပေးတယ် Demands တွေကျတယ်။ COE တွေလည်းကျတယ်။ ဒီကလေးလည်းထွက်လို့ရပြီ။ သင်တန်းတက်ခွင့်ဆို တာနဲ့လည်းပိတ်ထားသေးတယ်။ နောက် ဆုံးပိတ် ပြည်ပထွက်ခါနီးမှာ ပြည်ပထွက်ခွာခွင့်တင်ရတယ်။ အဲဒီထွက်ခွာခွင့်ကျမှ ထွက်ရတာ။ အဲဒီထွက်ခွာခွင့်မှာ တစ်ခါထပ်တင်ထားတယ်။ ကလေးတစ်ယောက်က ခုနကပြောတဲ့ MOFA ကနေပြီးတော့ Demands ကျလာပြီးတော့ ထွက်ဖို့အတွက်ကို ဒီနှစ်မတိုင်ခင် ပြီးခဲ့တဲ့နှစ်က ထွက်ဖို့အတွက်ကို ကြာတဲ့အချိန်ကာ လသည် (၁)လကနေ (၁)လခွဲ ကြာတယ်။ အခု Demands ကျပြီးတော့ ဆက်လုပ်တဲ့ဖြစ်စဉ်တွေနဲ့ နောက်ဆုံးပိတ် ပြည်ပထွက်ခွာခွင့်တာနဲ့ (၅) လကြာ တယ်။ အဲဒါ အရှေ့က COE စောင့်တဲ့ (၃)လ မပါသေးဘူး။ ဆိုလိုတာက အချိန်က (၃) ဆ (၄) ဆမက အချိန်ကပိုကြာ တယ်။ ကြာနေတော့ ဂျပန်တွေက လည်းစိတ်ညစ်လာတယ်။ အဲဒါကြောင့် ဈေးကွက်က လည်းပျက်နေပါပြီ ။
မေး - တရားဝင်ထွက်တာ တစ်ယောက်မှမရှိဘူးလား။ လစဉ်ဘယ်လောက်ရှိလဲ။
ဖြေ - ရှိတယ် ။ (၁၀ဝ)လောက်ရှိမှာပေါ့ ။ (၁၀ဝ)၊ (၁၅၀)။
မေး - အေဂျင်စီအကုန်လုံးကလား။
ဖြေ - ဟုတ်တယ်။ အေဂျင်စီအကုန်လုံးက။ အရင်က တစ်ပတ်ကို လူ(၈၀ဝ)ထွက်တယ်။ အရင် အချိန်ကာ လကောင်း နေတဲ့ အချိန်မှာ လူ (၈၀ဝ)လောက်ထွက် တယ် ။
မေး - တာချီလိတ်ဘက်ကကော ဘယ်လောက်ထွက်လဲ။
ဖြေ - မမှန်းတတ်ဘူး။ ခုနကပဲကြည့်ပါလား။ (၃)လ အတွင်းတောင် လူ (၇၀ဝ)လောက်ပို့နေတဲ့ကိစ္စကို။
မေး - တချို့အေဂျင်စီဆိုရင် ထောင်ဂဏန်းရှိပြီ ဟုတ်လား။
ဖြေ - အဲဒါတွေက တကယ့်တကယ် စရဖ မှာစာရင်း ရှိတယ်သိလား။ ပြီးခဲ့တဲ့လဆန်းက ြဥနဗဗ အဖွဲ့နဲ့မဆိုင်တဲ့ အေဂျင်စီ မိတ်ဆွေတွေ (၅) ယောက်၊ (၆)ယောက်တွေ့ကြတယ်။ ဆရာကြီးတွေ လည်းပါတယ်။ ပါတော့ အဲဒီထဲမှာ ပဲထွက်လာတယ် စကားတွေက။ လူကြီးတစ်ယောက်နဲ့တွေ့တော့ ဘယ် အေဂျင်စီက လူဘယ်လောက်၊ ဘယ်အေဂျင် စီက လူဘယ်နှရာ (၉၀ဝ) ကျော်၊ (၇၀ဝ)ကျော်ဆိုတာ စရဖမှာ စာရင်းအကုန်ရှိတယ်။ ကျားမ အရေအတွက်။ အဲဒါ တွေအကုန်လုံးကို တာချီလိတ်ကနေထိုင်ကောက် ထားတာ။ အဲဒီလိုတောင်ကောက်နိုင်ရဲ့သားနဲ့ ဘာလို့ ဒီလမ်း ကြောင်းထဲ ဒီလိုဖြစ်နေတာတွေကို ဘာဖြစ်လို့ ဖွင့်ပေးပြီးတော့ လုပ်ထားတာလဲ။ ကျွန်တော် နားမလည်ဘူး ။
မေး - နေရာစုံမှာ စရဖ ကထိုင်နေပါတယ်။ နေရာစုံ အောင် အဝင်အထွက်တွေကအစ လေဆိပ် အဝင်အထွက် အကုန် အမြဲစောင့်ကြည့်တယ်။ ဘာလို့လဲဆို တော့ ကျွန်တော် မော်လမြိုင်ရောက်တယ်။ လေဆိပ် ကဆင်းပြီဆိုရင် ကျွန်တော့် ဓာတ်ပုံက စရဖ ဆီတန်းရောက်သွားတယ်။ ပြီးတော့ ပြန်တဲ့အချိန်မှာ ဘယ်အချိန်ပြန်ထွက်သွားတယ်ဆိုတာ ရောက် တယ်။ တော်ရုံ တန်ရုံ သူတို့သိတယ်။ မသိဘူးလို့မထင်နဲ့။မလုပ် သေးဘဲနဲ့ ကာလတစ်ခုစောင့်တာတို့ အချိန်တစ်ခုကို စောင့်တာတို့ အဲဒီလိုမျိုး။
ဖြေ-ဘယ်အချိန်အထိစောင့်မှာလဲမသိဘူး။ အခု တောင်မှ လူ(၈၀ဝ)ကျော် ဒုက္ခတွေရောက်နေပြီးတော့။
မေး-မဟုတ်ဘူးလေ။ စောင့်နေတဲ့နေရာမှာလည်း နည်းလမ်းမျိုးစုံရှိတယ်လေ။ သူတို့ကဦးစားပေးတွေရှိ တာပေါ့။ သူတို့ဦးစားပေးထဲမှာ ဒါမပါသေးဘူး။ အုတ် အော်သောင်းတင်းဖြစ်လာရင် ထိန်းမှာပေါ့။
ဖြေ - (၁၀)လရှိပြီနော်။ အဲဒါ မှတ်လောက်သား လောက်အောင်ထားထားတာနေမှာ။
မေး - တစ်ခါတလေကျရင် သူတို့လူတွေကိုလည်း အရသာသိအောင် ပေးစားတာပေါ့။ ပေးစားပြီးသွားရင် လည်း ခိုင်းရင်မလုပ်။ ထားပါတော့ တချို့ကောင်တွေ ဆိုလည်း ဘာမှမစားရဘူးဆိုရင် ပြဿနာရှာတတ်တယ်။ အစိုးရကို ပြန်သစ္စာဖောက်တာလို။ အဲဒီတော့ ပျော်အောင်ထားပေးတယ်။ ကိုင်ပြီဆိုမှ အထောက်အထားတွေပြတာ။ တချို့လုပ် ငန်းရှင်တွေ ခေါ်ပြီးအစစ်ခံရတဲ့အချိန်မှာ ဘယ်လုပ်ငန်းရှင်မှ သူမှန်ပါတယ်မပြောနိုင်ဘူး။ ဘာလို့လဲဆိုတော့ ထောက် ပြတာ အတွဲလိုက်ကြီး။
ဖြေ - ကလေးတွေဆိုတာ ပွင့်ပွင့်လင်းလင်းပြောရရင် လုပ်ငန်းရှင်တွေနဲ့မဆိုင်ဘူးပေါ့။ ဖြစ်ထားတဲ့ ဒီလိုဟာ မျိုးအတိုင်း အတာအထိ လူ(၇၀ဝ)ကျော် ဟိုဘက်မှာ အကုန်ဒုက္ခရောက်နေပြီ။ ဘဝပျက်မလား ဘာဖြစ်မ လဲတောင်မသိတဲ့ အနေအထားမျိုးမှာ။ ပြောပြီးရင် (၇)ရက်ကျော် (၁၀)ရက်လောက် ပိတ်သွားရော တာချီလိတ်က။ ပြီးရင် ဈေးတက် သွားရော။
မေး - Sector တစ်ခုလုံးချိန်ပြီးတော့ တွန်းရမှာ။ ဒီလို မှောင်ခိုထွက်နေပြီးတော့ ပြဿနာပေါင်းသောင်း ခြောက်ထောင် နဲ့။ စနစ်တကျပြင်လိုက်ပေါ့။
ဖြေ - အကြောင်းမရှိ စစ်မှုထမ်း လူစုလို့မရလို့ပါဆိုပြီး ပိတ်ထားတာ။ အကြောင်းပြချက်ကောင်းမဟုတ်ဘူး။
မေး - ဒါတွေအကုန်လုံးက အကြောင်းပြချက်တွေ ချည်းပါပဲ။ တချို့ပြောနေတာကလည်း နားလည်ပါတယ်။ အစိုးရပြော နေတာတွေ နားလည်တယ်။ မြင်လည်းမြင်နေရတယ်။ တချို့ issue တွေက မသိချင် ယောင်ဆောင်ပေးနေရ တာတွေ လည်းရှိတယ်။
ဖြေ - တချို့ဆို အကြံပေးတဲ့လူတွေကပဲ မှားနေတာလား။ ပြည်တွင်းထဲမှာ လုပ်သားမရှိဘူး။ ဒီကောင်တွေ ပြည်ပကို ဒီလိုလွှတ်နေလို့ဆိုတဲ့ပြောသံတွေ ကြားတယ်။ ဟုတ်လား မဟုတ်လားတော့မသိဘူး။ မသိ ပေမယ့် ထိပ်သီးခေါင် အထိကိုပြောနေတဲ့ အကြံပေး တွေရှိနေတယ်။
မေး - ထိုင်းမှာရှိတဲ့မြန်မာတွေဆိုလည်း ပတ်စ်ပို့စ်တွေကို Thailand Only ဆိုပြီးထုလိုက်တာ သန်းနဲ့ချီတဲ့ လုပ်သား တွေက CI ကနေ ပတ်စ်ပို့စ် မပြောင်းတော့ဘူး။ ဘာကောင်းသွားလဲဆိုတော့ CI က (၄)နှစ်တစ်ကြိမ်ဆိုပေမယ့် ဒီနှစ်မှ ပြည့်တဲ့ကောင်က လူ(၁)သန်း ရှိတယ် နောက်နှစ်မှပြည့်တဲ့ကောင်က လူ (၁)သန်း။ နှစ်စဉ် လူသန်းဂဏန်းရှိတယ်။ နှစ် တိုင်းလည်ပတ်နေတာ။ အဲဒီကောင်တွေက ပတ်စ်ပို့စ်မ ပြောင်းဘူး။ ပတ်စ်ပို့စ်က ထိုင်းတစ်ခုတည်းပါဆိုမှ ဘယ်မှ သွားမရဘူး။ ဘာလို့ဆိုတော့ ထိုင်းမှာ အကြမ်းဖက်သမားတွေ အကြမ်းထောက်ပို့တွေရှိတော့ ဒီကောင်တွေ ထိုင်းတစ်ခု တည်းလုပ်တာကောင်းတယ် ဆိုပြီး ဟုတ်ပြီထုကွာဆိုပြီးတော့ ပိုက်ဆံတော့ရတယ်။ ထိုင်းက ရတာလည်းရှိတယ်။ တစ်ခါတလေကျရင် လည်း အဲဒီလောကကြီးက ကြောက်စရာကောင်း တယ်။ တစ်နှစ်တစ်နှစ်ကို သန်း ဘီလျံချီရတာ။ ထိုင်း မှာ မှတ်ပုံမတင်ထားတဲ့မြန်မာလုပ်သားက (၅)သန်း ပတ်လည်ရှိတဲ့ အထဲမှာ CI က သမားက (၃)သန်း ကျော်ရှိ တယ်။
ဖြေ - အေးဗျာ။ ပြောရရင်တော့ မလွတ်တာတွေ ထပ်ပါလာတော့မယ်။ ဒီတော့ ဒီလောက်နဲ့ပဲ နားကြတာပေါ့။

Zawgyi Version:
‘‘အဓိကျဖန႔္ေဝတဲ့တရားခံက တျခားသူမဟုတ္ဘူး ျမန္မာလူမ်ိဳးအခ်င္းခ်င္းပဲ’’
ဂ်ပန္လုပ္သား(၇၀ဝ)ေက်ာ္ လိမ္လည္ခံရျခင္းႏွင့္
ျပည္ပလုပ္သားျပႆနာအတြင္းေရးမ်ား .. (၃)
(သီးသန႔္ အင္တာဗ်ဴး)

ေမး - ဂ်ပန္ေရာက္ျမန္မာမိန္းကေလးေတြ အခု HIV ျဖစ္တာတို႔ဘာတို႔ Tik Tok မွာေတြ႕လာရတယ္။ ျမန္မာမိန္းကေလး ေတြ ဘယ္လိုေတြျဖစ္ကုန္ၾကတာလဲ။
ေျဖ - လုပ္စားတာေတာ့မဟုတ္ဘူး။ ဒီ Society ထဲမွာ ကိုကပ်က္စီးေနတာ။ တျခားလူမ်ိဳး ပါေကာင္းပါလိမ့္မယ္။ အဓိက ျဖန႔္ေဝတဲ့တရားခံက တျခားသူေတြ မဟုတ္ဘူး။ ျမန္မာလူမ်ိဳးအခ်င္းခ်င္းပဲ။ ဂ်ပန္လူမ်ိဳးကပဲ ဝင္ျဖန႔္သြားသလို၊ ဗီယက္နမ္လူမ်ိဳးကပဲ ျဖန႔္သြားသလိုလိုထင္ေနဦးမယ္။ မဟုတ္ဘူးေနာ္။ အဲဒါေတာ့ေသ ခ်ာတယ္။ အထူးသျဖင့္ ျမန္မာ မိန္းကေလးေတြ ကြၽန္ေတာ္သတိထားမိတာေတာ့ ဂ်ပန္ေရာက္သြားလည္း လူေၾကာက္တဲ့ စိတ္ကကိန္းဝပ္ ေနဆဲပဲ။ အဲဒီအတြက္ေၾကာင့္ ေတာ္ေတာ္မ်ားမ်ားသည္ ဂ်ပန္လူမ်ိဳးကို အထင္ႀကီးထားတဲ့အတြက္ ဂ်ပန္လူမ်ိဳးကို ေၾကာက္တဲ့ စိတ္သည္ အနည္းဆုံး စလာကတည္းကကိန္းဝပ္ ေနတာသည္ အနည္းဆုံး (၃)ႏွစ္ေလာက္ထိ။သူတို႔သည္ ေတာ္႐ုံတန္႐ုံ မ်က္စိမပြင့္ နားမပြင့္ ေဒသကလာခဲ့တယ္ဆိုရင္ တခ်ိဳ႕ကေလးလို အိမ္မွာပဲေနခဲ့ တဲ့ကေလးဆိုရင္ အခုထိလည္း ေၾကာက္ေနတုန္းပဲ။ ေျပာရမယ္ဆိုရင္ သူတို႔ဆက္ဆံတဲ့သူဆိုရင္ သူတို႔ ျမန္မာအခ်င္းခ်င္းပဲဆက္ဆံၾကတာ။ ဒီ မိန္းက ေလးေတြ ဒီလိုအမ်ားႀကီးျဖစ္တယ္ဆိုတာကလည္း တကယ္ေတာ့ ကြၽန္ေတာ္တို႔ျမန္မာေတြအခ်င္းခ်င္းကပဲ ျဖန႔္ေဝ သလိုျဖစ္သြားရာကေန ပ်ံ႕သြားၿပီးေတာ့ ဒီလို ျဖစ္ခဲ့တာပဲ။ ဒါေသခ်ာတယ္။
ေမး - အခုဆို ဂ်ပန္ကေနျပန္လာတဲ့ ျမန္မာမိန္းက ေလးေတြနဲ႔ပတ္သက္ရင္ ျမန္မာေတြက အဲဒါၾကည့္ရင္ ေတာ္ေတာ္ လန႔္ေနၿပီ။ ဂ်ပန္ျပန္ေတြဆို အကုန္လန႔္သြားတာေပါ့ ဘာေတြလဲဆိုၿပီး ကိုယ့္ႏိုင္ငံကို ပုံရိပ္သြားက်တယ္။
ေျဖ - ကြၽန္ေတာ္က ဘယ္လိုျမင္လဲဆိုေတာ့ လူမ်ား လာတဲ့အတြက္ေၾကာင့္ ျပႆနာမ်ားလာတယ္ထင္ တာပဲ။ ကြၽန္ေတာ္တို႔ႀကဳံေတြ႕ေနရတဲ့ ဥပမာ ထားပါေတာ့ အလုပ္ေတြေျပာင္းၾကတယ္တို႔၊ ရန္ေတြျဖစ္ တယ္တို႔ ခုနကေျပာတဲ့ ေရာဂါပိုးေတြပ်ံ႕ႏွံ႔တယ္တို႔။ အဲဒီဟာေတြက ကြၽန္ေတာ္တို႔ကေန စျဖစ္ခဲ့တာေတာ့ မဟုတ္ဘူး။ အေရွ႕မွာ တ႐ုတ္ေတြ အထူးသျဖင့္ ဗီယက္နမ္ အရမ္းနာမည္ပ်က္တာ ဗီယက္နမ္က ဘာလို႔နာမည္ပ်က္လဲ။ ပ်က္မွာေပါ့ လူေပါင္းက မ်ားစြာ ျဖစ္သြားၿပီကိုး။ ကြၽန္ေတာ္တို႔ဆီမွာမွ ဒီလုပ္သား Business ဂ်ပန္မွာျဖစ္တာ (၁၀)စုႏွစ္ေပါ့။ ဟိုအရင္ကရွိတယ္ဗ်ာ။ ဦးခင္ၫြန႔္တို႔လက္ထက္က သူတို႔ဂ်ပန္ႏိုင္ငံမွာ ခ်စ္ၾကည္ေရး ဘာညာဆိုၿပီး ေတာ့ပို႔ခဲ့ဖူးတာ လူေပါင္းက နည္းနည္း ေလာက္ပဲရွိတယ္။ တကယ္အလုပ္လုပ္ခဲ့ၾကတာသည္ (၂၀၁၀) ပတ္ခ်ာလည္ေလာက္မွာ ေသခ်ာစၿပီးလုပ္ေပမယ့္ လူ အမ်ားႀကီးမထြက္ေသးေပမယ့္ (၂၀၁၅)နဲ႔ (၂၀၂၅) ၾကားထဲမွာေတာ့ အရမ္းထြက္လာတယ္။ အထူးသျဖင့္ (၃)ႏွစ္ Training လုပ္သားေတြသြားတဲ့အခ်ိန္။ (၂၀၁၉)ေလာက္ထိေပါ့။ အဲဒီတုန္းကထြက္တဲ့ႏႈန္း သည္ ေတာ္ေတာ္နည္း ေသးေပမယ့္ (၂၀၁၉)မွာ ကြၽန္ေတာ္တို႔ Skillful ဆိုတဲ့ဟာေပၚလာတယ္။ ကြၽမ္းက်င္ လုပ္သားပို႔လို႔ရတဲ့အခ်ိန္က်ေတာ့ (၆)ႏွစ္ေက်ာ္ ေလာက္ရွိၿပီ။ အဲဒီမွာ လုပ္သားေတြ အားရပါးရထြက္တာ။ ဆိုေတာ့ ကြၽန္ေတာ္တို႔သည္ ဒီဆယ္စုႏွစ္တစ္ခု ေလးေလာက္မွစၿပီးလို႔ (၆)ႏွစ္အတြင္းမွာ အမ်ား ႀကီးတိုးလာတာေပါ့။ ဒါမ်ိဳးက ဗီယက္နမ္မွာျဖစ္ခဲ့တာ။ လြန္ခဲ့တဲ့အႏွစ္ (၂၀)ေလာက္ကေနစခဲ့တာ။ ကြၽန္ေတာ္တို႔က (၁၀) စုႏွစ္ေလာက္ရွိေပမယ့္ သူတို႔က အႏွစ္(၂၀)ေလာက္ရွိၿပီ။ မ်ိဳးဆက္က သူတို႔ဆီမွာ မရွိဘူးဆိုရင္ (၅)ဆက္ေလာက္ရွိသြားၿပီ ဂ်ပန္မွာေလ။ လုပ္သားက ကြၽန္ေတာ္တို႔ထက္ (၂)ဆမက (၃)ဆ ေလာက္ရွိသြားၿပီ။ လူမ်ားေလ ျပႆနာေတြက မ်ားေလ။ ဆိုေတာ့ ခုနက ဂ်ပန္မွာ အခုျဖစ္ေနတာေတြက ဗီယက္နမ္ ေတြျဖစ္ခဲ့ၿပီးသား။ ဒီထက္ဆိုးတာေတြ ႀကဳံလာရလို႔ ဗီယက္နမ္လူမ်ိဳးေတြ ဂ်ပန္မွာ နာမည္ အရမ္းပ်က္တာ ေတြျဖစ္ လာတယ္။ ကြၽန္ေတာ္တို႔ေတြက ဗီယက္နမ္ေတြေလာက္မ်ားလာရင္ ျပႆနာေတြ ျဖစ္လာမွာပဲ။ ကြၽန္ေတာ္တို႔ လူမ်ိဳးသည္ မေကာင္းဘူး ဆိုတဲ့နာမည္ေတြထြက္လာမွာပဲ။ အဲဒါေတြကို ထိန္း ခ်ဳပ္ကြပ္ကဲဖို႔ အစီအစဥ္ပုံစံတစ္ခုေတာ့ လိုတာေပါ့။
ေမး - ဂ်ပန္မွာ အခုေရာက္ေနတဲ့ျမန္မာ ဘယ္ေလာက္ ေလာက္ရွိလဲ။ ခန္းမွန္းေျခ က်ား၊ မ အခ်ိဳးအစား။
ေျဖ - မိန္းကေလးကေတာ့ ပိုမ်ားမွာေသခ်ာပါတယ္။ အခ်ိဳးအစားကေတာ့ (၄)ခ်ိဳး၊ (၁)ခ်ိဳးကေတာ့ ေယာက်ာ္း ေလး၊ (၃)ခ်ိဳးကေတာ့ မိန္းကေလး။
ေမး - ေရာက္ေနတာ သိန္းဂဏန္းရွိလား။ ဘယ္ ေလာက္ရွိလဲ။
ေျဖ - ဘယ္သိန္းဂဏန္းကမလဲ။ အနည္းဆုံး (၃)သိန္းေလာက္ရွိၿပီထင္တယ္။ တခ်ိဳ႕က်ေတာ့ စာရင္းမ မွတ္ထားတဲ့ လူေတြေရာဆိုရင္ (၂)သိန္းနဲ႔ (၃)သိန္း ၾကားေပါ့ေနာ္။ အဲဒီေလာက္ေတာ့ရွိမယ္ထင္တယ္။ ဘာလို႔လဲဆိုေတာ့ ျမန္မာ ဆိုင္ေတြ ျမန္မာရပ္ကြက္လို႔ ေျပာၾကတာေတြေတာင္ရွိတယ္။
ေမး - အစိုးရက ျပည္ပေရာက္ျမန္မာေတြနဲ႔ ပတ္သက္တဲ့ ပလန္တစ္ခု ဆြဲသင့္တယ္။
ေျဖ - အရင္တုန္းက ထိုင္းမွာ call center လိုဟာမ်ိဳးထားတယ္။ ျမန္မာလုပ္သားေတြ ျမန္မာေအဂ်င္စီပဲ ျဖစ္ျဖစ္ေပါ့ call center ကို MOEAA အဖြဲ႕က ေနႀကီးၾကပ္ၿပီးေတာ့ call center မွာ ေအဂ်င္စီေတြလဲ ၿပီးေတာ့ တာဝန္ယူေပးရတယ္။ ဥပမာ ကြၽန္ေတာ္တို႔လို ေအဂ်င္စီပိုင္ရွင္ေတြပဲျဖစ္ျဖစ္၊ MD ပဲျဖစ္ျဖစ္၊ မန္ေနဂ်ာပဲျဖစ္ျဖစ္ အဲဒီမွာ တာဝန္အရ တစ္ပတ္ဆို တစ္ပတ္။ (၅)ရက္ဆို (၅)ရက္ တာဝန္ခ်ေပးရတယ္။ တစ္လကို ေအဂ်င္စီ (၄)ခုဆို (၄)ခုေပါ့။ တခ်ိဳ႕က် ေတာ့လည္း အငွားေပါ့ေနာ္။ သြားႏိုင္တဲ့၊ ေျဖရွင္းႏိုင္ တဲ့လူကိုပဲ တစ္ရက္ဘယ္ေလာက္ဆိုၿပီး ပိုက္ဆံေပး ၿပီးေတာ့ လႊတ္လိုက္ၿပီး ေတာ့ ေျဖရွင္းတာမ်ိဳးလည္း ရွိတယ္။ အဲဒီအခ်ိန္ေတြတုန္းမွာ ထိုင္းမွာ ေတာ္ေတာ္အဆင္ေျပတယ္။ ထိုင္းေရာက္ အလုပ္ သမားေတြလည္း ေတာ္ေတာ္မ်ားတာကိုး။ တိုင္ခ်က္ေတြ လည္းရတယ္၊ ေျဖရွင္းေပးရတာေတြလည္းရွိတယ္၊ ေျပလည္ တာေတြလည္းရွိတယ္၊ မေျပလည္တာလည္း ရွိတယ္ဆိုေသာ္ျငားလည္း (၇၀/၇၅) ရာခိုင္ႏႈန္း ျပႆနာေတြေျပ လည္သြားတယ္။ က်န္တဲ့ (၂၅) ရာခိုင္ႏႈန္းကေတာ့ မေျပလည္ဘူးေပါ့ေနာ္။ အခု ဘာျဖစ္လာလဲဆိုရင္ လူေတြထြက္လို႔မရ ျပဳလို႔မရ ပိတ္ထားတဲ့အခ်ိန္မွာ MOEAA လည္းစိတ္ ညစ္ၿပီးေတာ့ ဒီ call center ကို ပိတ္လိုက္တယ္လို႔ သတင္း ၾကားတယ္။ ဟုတ္မဟုတ္ေတာ့မသိဘူး။ ျဖစ္ သင့္လုပ္သင့္တာကေတာ့ ဂ်ပန္လိုေနရာမ်ိဳးမွာပဲ သံ႐ုံးကေနတစ္ဆင့္ ႀကီးၾကပ္ၿပီးေတာ့ ကြၽန္ေတာ္တို႔ လူမ်ိဳးေတြအတြက္ call center လိုဟာမ်ိဳး တစ္ခုခု ေပါ့ေနာ္။ ေအဂ်င္စီေတြစုထည့္ သလိုထည့္မွာေပါ့။ ဘာလို႔လဲဆို ကိုယ့္ကေလးေတြ ေကာင္းဖို႔အတြက္ လုပ္တာေလ။ ကြၽန္ေတာ္တို႔ လုပ္ေပးခ်င္ တဲ့စိတ္ရွိပါ တယ္။ ဒါေပမဲ့ ဘယ္သူ႔ကို အေဖေခၚလို႔ေခၚရမွန္း မသိဘူး။ ဘယ္သူ႔ကို သြားတိုင္ပင္ၿပီးေတာ့ ဒါမ်ိဳးကိစၥ ေတြကိုေျပာၿပီးေတာ့ ဘယ္သူကႀကီးၾကပ္ၿပီးေတာ့ လုပ္ေပးမယ္။ သံ႐ုံးကလည္း မလာနဲ႔သြား။ မင္းတို႔ MOEAA မင္းတို႔ဝန္ႀကီးဌာနကေတာင္ မင္းတို႔ကို Black list သြင္းထားတဲ့ေကာင္ေတြ ငါတို႔ကို မဆက္သြယ္နဲ႔ဆိုရင္ ကြၽန္ေတာ္ ဘာလုပ္ေပးရမွန္းမသိ။ ဒါေပမဲ့ ျပႆနာတက္ေနတဲ့ကေလးေတြက တကယ္ျပႆနာတက္ေနတာ။ ကြၽန္ေတာ္တို႔က အခု ဘာျဖစ္ေနလဲဆိုေတာ့ ကိုယ့္ကေလးျပႆနာတက္ရင္ ကိုယ့္စရိတ္နဲ႔ကိုယ္သြားေျဖရွင္းတယ္။ ရွင္းလည္း ရွင္းေပး ေနရတာပဲ။ ဒါေပမဲ့ ေနာက္က်မွေရာက္သြားေတာ့ ေနာက္က်မွေျဖရွင္းရေတာ့ ျပႆနာရဲ႕ဇာစ္ျမစ္ ေတြကမေပၚဘဲနဲ႔ ဒုကၡေတြေရာက္တာ။ ခုလိုကိစၥမ်ိဳးေတြ။ တကယ့္တကယ္သာ ဟိုဘက္မွာ call center ေတြရွိေနၿပီးေတာ့ အစိုးရအေနနဲ႔ ဒီလိုၾကပ္မတ္ေပးတဲ့ အဖြဲ႕အစည္းရွိတယ္ဆိုရင္ အနည္းနဲ႔အမ်ား ကြၽန္ေတာ္တို႔ စိစစ္လို႔ရတယ္။ ဒီအလုပ္ရွင္က တကယ္ မွန္တာလား။ ဟိုဘက္ကေအဂ်င္စီက တကယ္မွန္တာလား။ ဒီအလုပ္ေတြသည္ တကယ္ရွိတာလား။ ဒီ Demands ေတြသည္ အတုလားအစစ္လား။ ေနာက္ ခုနေျပာတဲ့ COE ေတြ အတုလားအစစ္လား။ စာခ်ဳပ္ ေတြသည္ အတုလား အစစ္လား။ အကုန္လုံးစစ္လို႔ရတယ္။ အခုဟာက ဘာမွမရွိေတာ့ ဘာမွေျဖရွင္းေပး လို႔မရဘူး။ ဒီၾကားထဲ ခုန ေအာက္ကေန သူတို႔ ဟိုပိတ္ ဒီပိတ္လုပ္ထားေတာ့ ေအာက္ကေနထြက္တဲ့အေပါက္သည္ လဝကပဲေျပာေျပာ၊ အလည ပဲေျပာေျပာ၊ စရဖပဲ ေျပာေျပာ ဒီအေပါက္ႀကီးရွိေနတာ။ တရားဝင္ကိုပိတ္ ထားတယ္။ တရားဝင္မလုပ္ရေတာ့ တရားမ ဝင္လုပ္ၾကရတယ္။ တရားမဝင္လုပ္တာက်ေတာ့ လႊတ္ထားေပးတယ္။ ဆက္လုပ္ၾကတယ္ ။ လုပ္ရင္းတန္းလန္းနဲ႔ ဒီလိုမ်ိဳးဟာကြက္ေတြရွိၿပီး ဒီအေပါက္ေတြကေနပဲ နင္းၿပီးေတာ့ပဲ ဒီလိုေကာင္မ်ိဳးေတြခ်မ္းသာသြားတယ္၊ လုပ္စားသြား တယ္။ ကြၽန္ေတာ္တို႔ကေလးေတြ အကုန္ ဒုကၡေရာက္ကုန္တယ္။ ဘယ္သူ တာဝန္ယူေပးမွာလဲ။ အခု ဘယ္သူတာဝန္ယူ ေပးမွာလဲလို႔ေမးရင္ ကြၽန္ေတာ္လည္းမေျပာႏိုင္ဘူး။ အဲဒီမွာပါဝင္ေနတဲ့သူေတြ ကိုေမးရင္လည္း မေျပာႏိုင္ဘူး။ စားတာ ေတာ့ စား ေနၾကတယ္ဝသြားၿပီ ။
ေမး- အရင္ကေတာ့ MOFA ကေနၿပီးေတာ့ Demands ေတြတင္တာ ရပ္ထားတယ္။ အခုေနာက္ပိုင္း တင္တာေတြ ျပန္ေတြ႕လာတယ္။ အဲဒီလိုတင္ ေတာ့ေကာ တရားဝင္ပို႔ေပးေနရတာ ရွိလား။
ေျဖ - စိတ္ညစ္စရာပဲ ေျပာရမယ္ဆိုရင္။ MOFA ကခ်ေပးတယ္။ အလညက ေနာက္ထပ္ အဆင့္ ၃ ဆင့္ေလာက္ ထပ္တိုးၿပီးေတာ့ ထပ္ပိတ္တယ္။ ေနာက္ ဆုံးအဆင့္အားလုံး MOFA ကလည္းခ်ေပးတယ္ Demands ေတြက်တယ္။ COE ေတြလည္းက်တယ္။ ဒီကေလးလည္းထြက္လို႔ရၿပီ။ သင္တန္းတက္ခြင့္ဆို တာနဲ႔လည္းပိတ္ထားေသးတယ္။ ေနာက္ ဆုံးပိတ္ ျပည္ပထြက္ခါနီးမွာ ျပည္ပထြက္ခြာခြင့္တင္ရတယ္။ အဲဒီထြက္ခြာခြင့္က်မွ ထြက္ရတာ။ အဲဒီထြက္ခြာခြင့္မွာ တစ္ခါထပ္တင္ထားတယ္။ ကေလးတစ္ေယာက္က ခုနကေျပာတဲ့ MOFA ကေနၿပီးေတာ့ Demands က်လာၿပီးေတာ့ ထြက္ဖို႔အတြက္ကို ဒီႏွစ္မတိုင္ခင္ ၿပီးခဲ့တဲ့ႏွစ္က ထြက္ဖို႔အတြက္ကို ၾကာတဲ့အခ်ိန္ကာ လသည္ (၁)လကေန (၁)လခြဲ ၾကာတယ္။ အခု Demands က်ၿပီးေတာ့ ဆက္လုပ္တဲ့ျဖစ္စဥ္ေတြနဲ႔ ေနာက္ဆုံးပိတ္ ျပည္ပထြက္ခြာခြင့္တာနဲ႔ (၅) လၾကာ တယ္။ အဲဒါ အေရွ႕က COE ေစာင့္တဲ့ (၃)လ မပါေသးဘူး။ ဆိုလိုတာက အခ်ိန္က (၃) ဆ (၄) ဆမက အခ်ိန္ကပိုၾကာ တယ္။ ၾကာေနေတာ့ ဂ်ပန္ေတြက လည္းစိတ္ညစ္လာတယ္။ အဲဒါေၾကာင့္ ေဈးကြက္က လည္းပ်က္ေနပါၿပီ ။
ေမး - တရားဝင္ထြက္တာ တစ္ေယာက္မွမရွိဘူးလား။ လစဥ္ဘယ္ေလာက္ရွိလဲ။
ေျဖ - ရွိတယ္ ။ (၁၀ဝ)ေလာက္ရွိမွာေပါ့ ။ (၁၀ဝ)၊ (၁၅၀)။
ေမး - ေအဂ်င္စီအကုန္လုံးကလား။
ေျဖ - ဟုတ္တယ္။ ေအဂ်င္စီအကုန္လုံးက။ အရင္က တစ္ပတ္ကို လူ(၈၀ဝ)ထြက္တယ္။ အရင္ အခ်ိန္ကာ လေကာင္း ေနတဲ့ အခ်ိန္မွာ လူ (၈၀ဝ)ေလာက္ထြက္ တယ္ ။
ေမး - တာခ်ီလိတ္ဘက္ကေကာ ဘယ္ေလာက္ထြက္လဲ။
ေျဖ - မမွန္းတတ္ဘူး။ ခုနကပဲၾကည့္ပါလား။ (၃)လ အတြင္းေတာင္ လူ (၇၀ဝ)ေလာက္ပို႔ေနတဲ့ကိစၥကို။
ေမး - တခ်ိဳ႕ေအဂ်င္စီဆိုရင္ ေထာင္ဂဏန္းရွိၿပီ ဟုတ္လား။
ေျဖ - အဲဒါေတြက တကယ့္တကယ္ စရဖ မွာစာရင္း ရွိတယ္သိလား။ ၿပီးခဲ့တဲ့လဆန္းက ျဥနဗဗ အဖြဲ႕နဲ႔မဆိုင္တဲ့ ေအဂ်င္စီ မိတ္ေဆြေတြ (၅) ေယာက္၊ (၆)ေယာက္ေတြ႕ၾကတယ္။ ဆရာႀကီးေတြ လည္းပါတယ္။ ပါေတာ့ အဲဒီထဲမွာ ပဲထြက္လာတယ္ စကားေတြက။ လူႀကီးတစ္ေယာက္နဲ႔ေတြ႕ေတာ့ ဘယ္ ေအဂ်င္စီက လူဘယ္ေလာက္၊ ဘယ္ေအဂ်င္ စီက လူဘယ္ႏွရာ (၉၀ဝ) ေက်ာ္၊ (၇၀ဝ)ေက်ာ္ဆိုတာ စရဖမွာ စာရင္းအကုန္ရွိတယ္။ က်ားမ အေရအတြက္။ အဲဒါ ေတြအကုန္လုံးကို တာခ်ီလိတ္ကေနထိုင္ေကာက္ ထားတာ။ အဲဒီလိုေတာင္ေကာက္ႏိုင္ရဲ႕သားနဲ႔ ဘာလို႔ ဒီလမ္း ေၾကာင္းထဲ ဒီလိုျဖစ္ေနတာေတြကို ဘာျဖစ္လို႔ ဖြင့္ေပးၿပီးေတာ့ လုပ္ထားတာလဲ။ ကြၽန္ေတာ္ နားမလည္ဘူး ။
ေမး - ေနရာစုံမွာ စရဖ ကထိုင္ေနပါတယ္။ ေနရာစုံ ေအာင္ အဝင္အထြက္ေတြကအစ ေလဆိပ္ အဝင္အထြက္ အကုန္ အၿမဲေစာင့္ၾကည့္တယ္။ ဘာလို႔လဲဆို ေတာ့ ကြၽန္ေတာ္ ေမာ္လၿမိဳင္ေရာက္တယ္။ ေလဆိပ္ ကဆင္းၿပီဆိုရင္ ကြၽန္ေတာ့္ ဓာတ္ပုံက စရဖ ဆီတန္းေရာက္သြားတယ္။ ၿပီးေတာ့ ျပန္တဲ့အခ်ိန္မွာ ဘယ္အခ်ိန္ျပန္ထြက္သြားတယ္ဆိုတာ ေရာက္ တယ္။ ေတာ္႐ုံ တန္႐ုံ သူတို႔သိတယ္။ မသိဘူးလို႔မထင္နဲ႔။မလုပ္ ေသးဘဲနဲ႔ ကာလတစ္ခုေစာင့္တာတို႔ အခ်ိန္တစ္ခုကို ေစာင့္တာတို႔ အဲဒီလိုမ်ိဳး။
ေျဖ-ဘယ္အခ်ိန္အထိေစာင့္မွာလဲမသိဘူး။ အခု ေတာင္မွ လူ(၈၀ဝ)ေက်ာ္ ဒုကၡေတြေရာက္ေနၿပီးေတာ့။
ေမး-မဟုတ္ဘူးေလ။ ေစာင့္ေနတဲ့ေနရာမွာလည္း နည္းလမ္းမ်ိဳးစုံရွိတယ္ေလ။ သူတို႔ကဦးစားေပးေတြရွိ တာေပါ့။ သူတို႔ဦးစားေပးထဲမွာ ဒါမပါေသးဘူး။ အုတ္ ေအာ္ေသာင္းတင္းျဖစ္လာရင္ ထိန္းမွာေပါ့။
ေျဖ - (၁၀)လရွိၿပီေနာ္။ အဲဒါ မွတ္ေလာက္သား ေလာက္ေအာင္ထားထားတာေနမွာ။
ေမး - တစ္ခါတေလက်ရင္ သူတို႔လူေတြကိုလည္း အရသာသိေအာင္ ေပးစားတာေပါ့။ ေပးစားၿပီးသြားရင္ လည္း ခိုင္းရင္မလုပ္။ ထားပါေတာ့ တခ်ိဳ႕ေကာင္ေတြ ဆိုလည္း ဘာမွမစားရဘူးဆိုရင္ ျပႆနာရွာတတ္တယ္။ အစိုးရကို ျပန္သစၥာေဖာက္တာလို။ အဲဒီေတာ့ ေပ်ာ္ေအာင္ထားေပးတယ္။ ကိုင္ၿပီဆိုမွ အေထာက္အထားေတြျပတာ။ တခ်ိဳ႕လုပ္ ငန္းရွင္ေတြ ေခၚၿပီးအစစ္ခံရတဲ့အခ်ိန္မွာ ဘယ္လုပ္ငန္းရွင္မွ သူမွန္ပါတယ္မေျပာႏိုင္ဘူး။ ဘာလို႔လဲဆိုေတာ့ ေထာက္ ျပတာ အတြဲလိုက္ႀကီး။
ေျဖ - ကေလးေတြဆိုတာ ပြင့္ပြင့္လင္းလင္းေျပာရရင္ လုပ္ငန္းရွင္ေတြနဲ႔မဆိုင္ဘူးေပါ့။ ျဖစ္ထားတဲ့ ဒီလိုဟာ မ်ိဳးအတိုင္း အတာအထိ လူ(၇၀ဝ)ေက်ာ္ ဟိုဘက္မွာ အကုန္ဒုကၡေရာက္ေနၿပီ။ ဘဝပ်က္မလား ဘာျဖစ္မ လဲေတာင္မသိတဲ့ အေနအထားမ်ိဳးမွာ။ ေျပာၿပီးရင္ (၇)ရက္ေက်ာ္ (၁၀)ရက္ေလာက္ ပိတ္သြားေရာ တာခ်ီလိတ္က။ ၿပီးရင္ ေဈးတက္ သြားေရာ။
ေမး - Sector တစ္ခုလုံးခ်ိန္ၿပီးေတာ့ တြန္းရမွာ။ ဒီလို ေမွာင္ခိုထြက္ေနၿပီးေတာ့ ျပႆနာေပါင္းေသာင္း ေျခာက္ေထာင္ နဲ႔။ စနစ္တက်ျပင္လိုက္ေပါ့။
ေျဖ - အေၾကာင္းမရွိ စစ္မႈထမ္း လူစုလို႔မရလို႔ပါဆိုၿပီး ပိတ္ထားတာ။ အေၾကာင္းျပခ်က္ေကာင္းမဟုတ္ဘူး။
ေမး - ဒါေတြအကုန္လုံးက အေၾကာင္းျပခ်က္ေတြ ခ်ည္းပါပဲ။ တခ်ိဳ႕ေျပာေနတာကလည္း နားလည္ပါတယ္။ အစိုးရေျပာ ေနတာေတြ နားလည္တယ္။ ျမင္လည္းျမင္ေနရတယ္။ တခ်ိဳ႕ issue ေတြက မသိခ်င္ ေယာင္ေဆာင္ေပးေနရ တာေတြ လည္းရွိတယ္။
ေျဖ - တခ်ိဳ႕ဆို အႀကံေပးတဲ့လူေတြကပဲ မွားေနတာလား။ ျပည္တြင္းထဲမွာ လုပ္သားမရွိဘူး။ ဒီေကာင္ေတြ ျပည္ပကို ဒီလိုလႊတ္ေနလို႔ဆိုတဲ့ေျပာသံေတြ ၾကားတယ္။ ဟုတ္လား မဟုတ္လားေတာ့မသိဘူး။ မသိ ေပမယ့္ ထိပ္သီးေခါင္ အထိကိုေျပာေနတဲ့ အႀကံေပး ေတြရွိေနတယ္။
ေမး - ထိုင္းမွာရွိတဲ့ျမန္မာေတြဆိုလည္း ပတ္စ္ပို႔စ္ေတြကို Thailand Only ဆိုၿပီးထုလိုက္တာ သန္းနဲ႔ခ်ီတဲ့ လုပ္သား ေတြက CI ကေန ပတ္စ္ပို႔စ္ မေျပာင္းေတာ့ဘူး။ ဘာေကာင္းသြားလဲဆိုေတာ့ CI က (၄)ႏွစ္တစ္ႀကိမ္ဆိုေပမယ့္ ဒီႏွစ္မွ ျပည့္တဲ့ေကာင္က လူ(၁)သန္း ရွိတယ္ ေနာက္ႏွစ္မွျပည့္တဲ့ေကာင္က လူ (၁)သန္း။ ႏွစ္စဥ္ လူသန္းဂဏန္းရွိတယ္။ ႏွစ္ တိုင္းလည္ပတ္ေနတာ။ အဲဒီေကာင္ေတြက ပတ္စ္ပို႔စ္မ ေျပာင္းဘူး။ ပတ္စ္ပို႔စ္က ထိုင္းတစ္ခုတည္းပါဆိုမွ ဘယ္မွ သြားမရဘူး။ ဘာလို႔ဆိုေတာ့ ထိုင္းမွာ အၾကမ္းဖက္သမားေတြ အၾကမ္းေထာက္ပို႔ေတြရွိေတာ့ ဒီေကာင္ေတြ ထိုင္းတစ္ခု တည္းလုပ္တာေကာင္းတယ္ ဆိုၿပီး ဟုတ္ၿပီထုကြာဆိုၿပီးေတာ့ ပိုက္ဆံေတာ့ရတယ္။ ထိုင္းက ရတာလည္းရွိတယ္။ တစ္ခါတေလက်ရင္ လည္း အဲဒီေလာကႀကီးက ေၾကာက္စရာေကာင္း တယ္။ တစ္ႏွစ္တစ္ႏွစ္ကို သန္း ဘီလ်ံခ်ီရတာ။ ထိုင္း မွာ မွတ္ပုံမတင္ထားတဲ့ျမန္မာလုပ္သားက (၅)သန္း ပတ္လည္ရွိတဲ့ အထဲမွာ CI က သမားက (၃)သန္း ေက်ာ္ရွိ တယ္။
ေျဖ - ေအးဗ်ာ။ ေျပာရရင္ေတာ့ မလြတ္တာေတြ ထပ္ပါလာေတာ့မယ္။ ဒီေတာ့ ဒီေလာက္နဲ႔ပဲ နားၾကတာေပါ့။

Related news

© 2021. All rights reserved.