ဂျပန်မှ မျှစ်ခြောက် တန် (၂၀ဝ) မှာသော်လည်း တန် (၂၀) ခန့်သာ တင်ပို့ နိုင်မည့် အခြေအနေရှိ

 120

Pearl(NP News)- ဇန်နဝါရီ ၁၅

ယခုနှစ်အတွက် ဂျပန်မှ မျှစ်ခြောက် တန် (၂၀ဝ)အမှာရှိသော်လည်း တန် (၂၀) ခန့်သာ တင်ပို့ နိုင်မည့်အခြေ အနေရှိကြောင်း မျှစ်နှင့် ဝါးစိုက် ပျိုးထုတ်လုပ်သူအသင်း ဥက္ကဋ္ဌ ဦးသူရိန်ထွန်းက NP News သို့ ပြောသည်။
ယခု ဘဏ္ဍာနှစ်အတွက် ဂျပန်နိုင်ငံသို့ ဝါးပိုးမျှစ်ခြောက် တန်(၂၀) တင်ပို့မည်ဖြစ်ရာ ပထမ အသုတ်အနေဖြင့် မျှစ်ခြောက် (၅)တန်ကို လာမည့်ဖေဖော်ဝါရီလတွင် စတင်တင်ပို့မည်ဖြစ်ပြီး ကျန် (၁၅)တန်ကိုလည်း တစ်ဆက် တည်းတွင် တင်ပို့ မည်ဖြစ်ကြောင်း သိရသည်။
“အခု (၅) တန်အရင်ပို့ဖို့လုပ်နေပါတယ်။ ဈေးနှုန်းက အတက်အကျရှိလို့ အတိအကျတော့ မသိရသေးဘူး။ တစ်တန်ကို ကျပ်သိန်း(၄၅၀) ဝန်းကျင်လောက်ပြောထားတယ်။ ညှိရမှာ။ မျှစ်ခြောက်က ဝါးပိုးမျှစ်ခြောက်ပို့မှာ။ ကျွန်တော်တို့ကတော့ 1Kg ကို တစ်ပါကင်နှုန်းနဲ့ တင်ပို့မှာ။ အမှာကတော့ တန် (၂၀ဝ)ရှိပါတယ်။ ကုန်ကြမ်း ကောင်း ကောင်းမရလို့ (၅)တန်ကို အရင်ပို့ပေးမှာ။ ပထမဆုံးအသုတ်ပို့မှာ။ (၂၀၂၆) ထဲမှာတော့ တန်(၂၀)လောက်တော့ တင်ပို့နိုင်မယ်ထင်တယ်။ သူတို့က ဟိုဘက်မှာ QC စစ်ပီး အဆင်ပြေရင် တစ်ဆက်တည်းထပ်ပို့မှာ” ဟု ဦးသူရိန်ထွန်းက NP News သို့ ပြောသည်။
ဂျပန်နိုင်ငံအနေဖြင့် တစ်နှစ်လျှင် မျှစ်ခြောက်တန်ချိန် (၂၀ဝ)ကျော် နှစ်စဉ်ဝယ်လိုအားရှိ သော်လည်း ကုန်ကြမ်းမလုံလောက်မှုကြောင့် လိုအပ် သည့် တန်ချိန်မရရှိသည့်အတွက် ပြည်ပဝယ်လို အား၏ (၁၀)ရာခိုင်နှုန်းခန့်သာ တင်ပို့နိုင်ခြင်းဖြစ် ကြောင်းလည်း သိရသည်။
ထို့ပြင် မြင်မျှစ်ပြုတ်အပါအဝင် မျှစ်အစို (၃)မျိုးကိုဝယ်ယူရန် ရုရှားနိုင်ငံရှိ လုပ်ငန်းရှင် တစ်ဦးက ကမ်းလှမ်းမှု ရှိနေသည့်အတွက် စမ်းသပ်မှုပြုလုပ် နေကြောင်းလည်း သိရသည်။
“အစိုကို ကမ်းလှမ်းတာကတော့ ရုရှားက ကမ်းလှမ်းတာရှိတယ်။ ဟိုတစ်လောက ပြပွဲမှာပြတဲ့ မျှစ်အစိုကို အနံ့အသက်ကင်းရင် ဥရောပအထိဖြန့် ပေးမယ်ဆိုပြီး ပြောလာလို့ Test လုပ်နေတာရှိပါတယ်။ ဗမာအခေါ်ဆို တစ်ရေ ပြုတ်ပေါ့။ အဆင်ပြေ တယ်ဆိုတယ်တော့ ဈေးကွက်အသစ် ရှာဖို့လုပ်နေပါတယ်” ဟု ပြောသည်။
မျှစ်နှင့် ဝါးစိုက်ပျိုးထုတ်လုပ်သူအသင်းအနေဖြင့်လည်း ပြည်ပဝယ်လိုအားပြည့်မီစွာ တင်ပို့နိုင် ရေးအတွက် ဝါးစိုက်ပျိုးမြေများကို အစိုးရထံမှ တောင်းခံထားပြီး စိုက်ပျိုးမြေရရှိပါက မျိုးကောင်းမျိုး သန့်များကို စနစ်တကျစိုက်ပျိုး၍ ပြည်ပလိုအပ်ချက် အတိုင်း တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်းလည်း သိရသည်။

Zawgyi Version:
ဂ်ပန္မွ မွ်စ္ေျခာက္ တန္ (၂၀ဝ) မွာေသာ္လည္း တန္ (၂၀) ခန႔္သာ တင္ပို႔ ႏိုင္မည့္ အေျခအေနရွိ Pearl(NP News)- ဇန္နဝါရီ ၁၅
ယခုႏွစ္အတြက္ ဂ်ပန္မွ မွ်စ္ေျခာက္ တန္ (၂၀ဝ)အမွာရွိေသာ္လည္း တန္ (၂၀) ခန႔္သာ တင္ပို႔ ႏိုင္မည့္အေျခ အေနရွိေၾကာင္း မွ်စ္ႏွင့္ ဝါးစိုက္ ပ်ိဳးထုတ္လုပ္သူအသင္း ဥကၠ႒ ဦးသူရိန္ထြန္းက NP News သို႔ ေျပာသည္။
ယခု ဘ႑ာႏွစ္အတြက္ ဂ်ပန္ႏိုင္ငံသို႔ ဝါးပိုးမွ်စ္ေျခာက္ တန္(၂၀) တင္ပို႔မည္ျဖစ္ရာ ပထမ အသုတ္အေနျဖင့္ မွ်စ္ေျခာက္ (၅)တန္ကို လာမည့္ေဖေဖာ္ဝါရီလတြင္ စတင္တင္ပို႔မည္ျဖစ္ၿပီး က်န္ (၁၅)တန္ကိုလည္း တစ္ဆက္ တည္းတြင္ တင္ပို႔ မည္ျဖစ္ေၾကာင္း သိရသည္။
“အခု (၅) တန္အရင္ပို႔ဖို႔လုပ္ေနပါတယ္။ ေဈးႏႈန္းက အတက္အက်ရွိလို႔ အတိအက်ေတာ့ မသိရေသးဘူး။ တစ္တန္ကို က်ပ္သိန္း(၄၅၀) ဝန္းက်င္ေလာက္ေျပာထားတယ္။ ညႇိရမွာ။ မွ်စ္ေျခာက္က ဝါးပိုးမွ်စ္ေျခာက္ပို႔မွာ။ ကြၽန္ေတာ္တို႔ကေတာ့ 1Kg ကို တစ္ပါကင္ႏႈန္းနဲ႔ တင္ပို႔မွာ။ အမွာကေတာ့ တန္ (၂၀ဝ)ရွိပါတယ္။ ကုန္ၾကမ္း ေကာင္း ေကာင္းမရလို႔ (၅)တန္ကို အရင္ပို႔ေပးမွာ။ ပထမဆုံးအသုတ္ပို႔မွာ။ (၂၀၂၆) ထဲမွာေတာ့ တန္(၂၀)ေလာက္ေတာ့ တင္ပို႔ႏိုင္မယ္ထင္တယ္။ သူတို႔က ဟိုဘက္မွာ QC စစ္ပီး အဆင္ေျပရင္ တစ္ဆက္တည္းထပ္ပို႔မွာ” ဟု ဦးသူရိန္ထြန္းက NP News သို႔ ေျပာသည္။
ဂ်ပန္ႏိုင္ငံအေနျဖင့္ တစ္ႏွစ္လွ်င္ မွ်စ္ေျခာက္တန္ခ်ိန္ (၂၀ဝ)ေက်ာ္ ႏွစ္စဥ္ဝယ္လိုအားရွိ ေသာ္လည္း ကုန္ၾကမ္းမလုံေလာက္မႈေၾကာင့္ လိုအပ္ သည့္ တန္ခ်ိန္မရရွိသည့္အတြက္ ျပည္ပဝယ္လို အား၏ (၁၀)ရာခိုင္ႏႈန္းခန႔္သာ တင္ပို႔ႏိုင္ျခင္းျဖစ္ ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ ျမင္မွ်စ္ျပဳတ္အပါအဝင္ မွ်စ္အစို (၃)မ်ိဳးကိုဝယ္ယူရန္ ႐ုရွားႏိုင္ငံရွိ လုပ္ငန္းရွင္ တစ္ဦးက ကမ္းလွမ္းမႈ ရွိေနသည့္အတြက္ စမ္းသပ္မႈျပဳလုပ္ ေနေၾကာင္းလည္း သိရသည္။
“အစိုကို ကမ္းလွမ္းတာကေတာ့ ႐ုရွားက ကမ္းလွမ္းတာရွိတယ္။ ဟိုတစ္ေလာက ျပပြဲမွာျပတဲ့ မွ်စ္အစိုကို အနံ႔အသက္ကင္းရင္ ဥေရာပအထိျဖန႔္ ေပးမယ္ဆိုၿပီး ေျပာလာလို႔ Test လုပ္ေနတာရွိပါတယ္။ ဗမာအေခၚဆို တစ္ေရ ျပဳတ္ေပါ့။ အဆင္ေျပ တယ္ဆိုတယ္ေတာ့ ေဈးကြက္အသစ္ ရွာဖို႔လုပ္ေနပါတယ္” ဟု ေျပာသည္။
မွ်စ္ႏွင့္ ဝါးစိုက္ပ်ိဳးထုတ္လုပ္သူအသင္းအေနျဖင့္လည္း ျပည္ပဝယ္လိုအားျပည့္မီစြာ တင္ပို႔ႏိုင္ ေရးအတြက္ ဝါးစိုက္ပ်ိဳးေျမမ်ားကို အစိုးရထံမွ ေတာင္းခံထားၿပီး စိုက္ပ်ိဳးေျမရရွိပါက မ်ိဳးေကာင္းမ်ိဳး သန႔္မ်ားကို စနစ္တက်စိုက္ပ်ိဳး၍ ျပည္ပလိုအပ္ခ်က္ အတိုင္း တင္ပို႔ႏိုင္ရန္ ေမွ်ာ္မွန္းထားေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.