အစိုးရသစ် လက်ထက် ဆောက်လုပ်ရေးလုပ်ငန်း ပိုမိုကောင်းမွန်လာမည်ဟု လုပ်ငန်းရှင်များ မျှော်လင့်ချက်ထား

106

စော(NP News)-ဇန်နဝါရီ ၁၅
လာမည့်အစိုးရအသစ်လက်ထက်တွင် ဆောက်လုပ်ရေးပစ္စည်းတင်သွင်းခွင့်အပါအဝင် Condominium Law နှင့် ပတ်သက်၍ ပြောင်းလဲလာမည့်အခွင့်အရေးများကို မျှော်လင့်နေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံသို့ NP News က မေးမြန်းထားချက်များအရ သိရသည်။
လတ်တလောတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်ပစ္စည်းများတင်သွင်းခွင့်အတွက် လိုင်စင်များကို အကန့် အသတ်ဖြင့် ရရှိခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဈေးနှုန်းကြီးမြင့်မှုကို ရင်ဆိုင်နေရကြောင်း သိရသည်။
“ဆောက်လုပ်ရေးကတော့ အစိုးရသစ် ဖြစ်လာမယ်ဆိုရင် ပိုကောင်းလာမယ်လို့မြင်တာပေါ့။ အဓိက က ပစ္စည်းတွေ ဆောက်လုပ်ရေးပစ္စည်းတွေ သွင်းမရတာမျိုး အဲဒါလေးတွေက လမ်းဖွင့်ပေးသင့် တယ်လို့မြင်တယ်။ နောက် တစ်ခါ ဥပမာ ကွန်ဒိုမီနီယံဥပဒေမှာ ခက်ခဲနေတဲ့ဟာတွေရှိတယ်။ Condo Law မှာ လုပ်ငန်းရှင်အသစ်တွေ ဝင်ဖို့ခက်ခဲ နေတယ်။ အဲဒီလေးတွေ လွှတ်တော်ပေါ်လာရင် ပြင်နိုင်မယ်လို့ ထင်တယ်။ နောက်တစ်ခါကျတော့ အိမ်ယာနဲ့ စီမံ ခန့်ခွဲမှုကိစ္စတွေ အဲဒါတွေက ဥပဒေတွေ ပြဋ္ဌာန်းဖို့ လိုနေတယ်။ နိုင်ငံတကာမှာဆိုရင် စုပေါင်းပိုင်နေတဲ့ အဆောက်အအုံ၊ ကွန်ဒိုမီနီယံတို့က ထိန်းသိမ်းတဲ့ ဥပဒေရှိတယ်။ ပြုပြင်ထိန်းသိမ်းရမယ့် ဆောင်ရွက်ရ မယ့် အိမ်ရှင်လိုက်နာရမယ့် အဲဒီဥပဒေတွေလည်း ပြဌာန်းဖို့အတွက်ကို ဆက်လုပ်မယ်လို့ထင်ပါတယ်။ အဲဒီဥပဒေတွေမရှိတဲ့အတွက် ဒီမှာ တချို့ကွ န်ဒိုတွေမှာ ပြဿနာတက်နေတယ်။ အဲဒီလိုဟာမျိုးတွေကို အရေးယူဆောင်ရွက်နိုင်ဖို့အတွက်က ဥပဒေလိုအပ် နေတယ်ပေါ့နော်”ဟု ဝါရင့် Developer တစ်ဦးက ပြောသည်။
ထို့ကြောင့် စုပေါင်းအဆောက်အအုံနှင့် ပတ်သက်၍ စင်ကာပူနိုင်ငံစသော နိုင်ငံများကဲ့သို့ Strata Title Management Act နှင့် Real Estate Management Act ဟူ၍ ဥပဒေများကို ပြဋ္ဌာန်း သင့်ကြောင်းလည်း ၎င်းကဆိုသည်။
“ရွေးကောက်ပွဲပြီးရင်တော့ အရင်ထက်ပိုပြီးကောင်းသွားမှာပေါ့။ ဥပဒေတွေ အရင် Condo Law တွေ ပြန်ပြင် မယ်။ ပြန်ပြင်လိုက်မယ်ဆိုရင် ပိုင်ဆိုင်မှုတွေက နိုင်ငံခြားသားတွေကစပြီး ကွန်ဒိုတွေကို ပိုဝယ်လာမယ်။ ပိုဝယ်လာ တော့ ယခုထက်ဆောက်လုပ်ရေးပိုမိုဖွံ့ဖြိုးတိုးတက်လာမယ်။ လောလောဆယ် Construction ဈေးကွက်ကတော့ Condo Law က မပြီးသေးတော့ ဝယ်တဲ့အားက ပြည်တွင်းလောက်ပဲရှိတယ်။ နည်းနေတာပေါ့”ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
လက်ရှိတွင် အိမ်၊ခြံမြေဈေးကွက်သည် ပုံမှန် အရောင်းအဝယ်ကောင်းမွန်နေခြင်းကြောင့် ဆောက်လုပ်ရေးလုပ် ငန်းများကို ဆက်လက်လုပ် ဆောင်လျက်ရှိသော်လည်း လုပ်သားရှားပါးမှုအခက် အခဲကိုလည်း ရင်ဆိုင်နေရကြောင်း သိရသည်။
“ဆောက်လုပ်ရေးပစ္စည်းတွေကို ယခု ထက်ပိုပြီး Import ကို ခွင့်ပြုပေးဖို့။ ခွင့်ပြုပေး တယ်ဆိုရင် ဆောက်လုပ် ရေးပစ္စည်းတွေက ဈေးတွေ ကျလာမှာပေါ့။ ကျလာရင် ဒီတိုက်ခန်းတွေ၊ ကွန်ဒိုတွေက Cost တွေ ယခုထက် ပြန်ကျ သွားနိုင်တာပေါ့”ဟု ၎င်းကဆိုသည်။
ဆောက်လုပ်ရေးကဏ္ဍသည် ပြည်တွင်းရှိ အလုပ်သမားများကို အလုပ်အကိုင်အခွင့်အလမ်း အများဆုံးပေး ထားနိုင်သည့်ကဏ္ဍတစ်ခုဖြစ်ပြီး အိမ်ခြံမြေဆောက်လုပ်ရေးကဏ္ဍ၏ (၂၀၁၈) ခုနှစ် တွင် တရားဝင်ကောက်ယူထားသော စစ်တမ်းများအရ လုပ်သားအင်အား (၁ ဒသမ ၂) သန်းရှိကြောင်း သိရသည်။

Zawgyi Version:
အစိုးရသစ္ လက္ထက္ ေဆာက္လုပ္ေရးလုပ္ငန္း ပိုမိုေကာင္းမြန္လာမည္ဟု လုပ္ငန္းရွင္မ်ား ေမွ်ာ္လင့္ခ်က္ထား
ေစာ(NP News)-ဇန္နဝါရီ ၁၅
လာမည့္အစိုးရအသစ္လက္ထက္တြင္ ေဆာက္လုပ္ေရးပစၥည္းတင္သြင္းခြင့္အပါအဝင္ Condominium Law ႏွင့္ ပတ္သက္၍ ေျပာင္းလဲလာမည့္အခြင့္အေရးမ်ားကို ေမွ်ာ္လင့္ေနေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားထံသို႔ NP News က ေမးျမန္းထားခ်က္မ်ားအရ သိရသည္။
လတ္တေလာတြင္ ေဆာက္လုပ္ေရးလုပ္ငန္းသုံးကုန္ပစၥည္းမ်ားတင္သြင္းခြင့္အတြက္ လိုင္စင္မ်ားကို အကန႔္ အသတ္ျဖင့္ ရရွိျခင္းေၾကာင့္ ေဆာက္လုပ္ေရးလုပ္ငန္းသုံးပစၥည္းေဈးႏႈန္းႀကီးျမင့္မႈကို ရင္ဆိုင္ေနရေၾကာင္း သိရသည္။
“ေဆာက္လုပ္ေရးကေတာ့ အစိုးရသစ္ ျဖစ္လာမယ္ဆိုရင္ ပိုေကာင္းလာမယ္လို႔ျမင္တာေပါ့။ အဓိက က ပစၥည္းေတြ ေဆာက္လုပ္ေရးပစၥည္းေတြ သြင္းမရတာမ်ိဳး အဲဒါေလးေတြက လမ္းဖြင့္ေပးသင့္ တယ္လို႔ျမင္တယ္။ ေနာက္ တစ္ခါ ဥပမာ ကြန္ဒိုမီနီယံဥပေဒမွာ ခက္ခဲေနတဲ့ဟာေတြရွိတယ္။ Condo Law မွာ လုပ္ငန္းရွင္အသစ္ေတြ ဝင္ဖို႔ခက္ခဲ ေနတယ္။ အဲဒီေလးေတြ လႊတ္ေတာ္ေပၚလာရင္ ျပင္ႏိုင္မယ္လို႔ ထင္တယ္။ ေနာက္တစ္ခါက်ေတာ့ အိမ္ယာနဲ႔ စီမံ ခန႔္ခြဲမႈကိစၥေတြ အဲဒါေတြက ဥပေဒေတြ ျပ႒ာန္းဖို႔ လိုေနတယ္။ ႏိုင္ငံတကာမွာဆိုရင္ စုေပါင္းပိုင္ေနတဲ့ အေဆာက္အအုံ၊ ကြန္ဒိုမီနီယံတို႔က ထိန္းသိမ္းတဲ့ ဥပေဒရွိတယ္။ ျပဳျပင္ထိန္းသိမ္းရမယ့္ ေဆာင္႐ြက္ရ မယ့္ အိမ္ရွင္လိုက္နာရမယ့္ အဲဒီဥပေဒေတြလည္း ျပဌာန္းဖို႔အတြက္ကို ဆက္လုပ္မယ္လို႔ထင္ပါတယ္။ အဲဒီဥပေဒေတြမရွိတဲ့အတြက္ ဒီမွာ တခ်ိဳ႕ကြ န္ဒိုေတြမွာ ျပႆနာတက္ေနတယ္။ အဲဒီလိုဟာမ်ိဳးေတြကို အေရးယူေဆာင္႐ြက္ႏိုင္ဖို႔အတြက္က ဥပေဒလိုအပ္ ေနတယ္ေပါ့ေနာ္”ဟု ဝါရင့္ Developer တစ္ဦးက ေျပာသည္။
ထို႔ေၾကာင့္ စုေပါင္းအေဆာက္အအုံႏွင့္ ပတ္သက္၍ စင္ကာပူႏိုင္ငံစေသာ ႏိုင္ငံမ်ားကဲ့သို႔ Strata Title Management Act ႏွင့္ Real Estate Management Act ဟူ၍ ဥပေဒမ်ားကို ျပ႒ာန္း သင့္ေၾကာင္းလည္း ၎ကဆိုသည္။
“ေ႐ြးေကာက္ပြဲၿပီးရင္ေတာ့ အရင္ထက္ပိုၿပီးေကာင္းသြားမွာေပါ့။ ဥပေဒေတြ အရင္ Condo Law ေတြ ျပန္ျပင္ မယ္။ ျပန္ျပင္လိုက္မယ္ဆိုရင္ ပိုင္ဆိုင္မႈေတြက ႏိုင္ငံျခားသားေတြကစၿပီး ကြန္ဒိုေတြကို ပိုဝယ္လာမယ္။ ပိုဝယ္လာ ေတာ့ ယခုထက္ေဆာက္လုပ္ေရးပိုမိုဖြံ႕ၿဖိဳးတိုးတက္လာမယ္။ ေလာေလာဆယ္ Construction ေဈးကြက္ကေတာ့ Condo Law က မၿပီးေသးေတာ့ ဝယ္တဲ့အားက ျပည္တြင္းေလာက္ပဲရွိတယ္။ နည္းေနတာေပါ့”ဟု ေဆာက္လုပ္ေရး လုပ္ငန္းရွင္ တစ္ဦးက ေျပာသည္။
လက္ရွိတြင္ အိမ္၊ၿခံေျမေဈးကြက္သည္ ပုံမွန္ အေရာင္းအဝယ္ေကာင္းမြန္ေနျခင္းေၾကာင့္ ေဆာက္လုပ္ေရးလုပ္ ငန္းမ်ားကို ဆက္လက္လုပ္ ေဆာင္လ်က္ရွိေသာ္လည္း လုပ္သားရွားပါးမႈအခက္ အခဲကိုလည္း ရင္ဆိုင္ေနရေၾကာင္း သိရသည္။
“ေဆာက္လုပ္ေရးပစၥည္းေတြကို ယခု ထက္ပိုၿပီး Import ကို ခြင့္ျပဳေပးဖို႔။ ခြင့္ျပဳေပး တယ္ဆိုရင္ ေဆာက္လုပ္ ေရးပစၥည္းေတြက ေဈးေတြ က်လာမွာေပါ့။ က်လာရင္ ဒီတိုက္ခန္းေတြ၊ ကြန္ဒိုေတြက Cost ေတြ ယခုထက္ ျပန္က် သြားႏိုင္တာေပါ့”ဟု ၎ကဆိုသည္။
ေဆာက္လုပ္ေရးက႑သည္ ျပည္တြင္းရွိ အလုပ္သမားမ်ားကို အလုပ္အကိုင္အခြင့္အလမ္း အမ်ားဆုံးေပး ထားႏိုင္သည့္က႑တစ္ခုျဖစ္ၿပီး အိမ္ၿခံေျမေဆာက္လုပ္ေရးက႑၏ (၂၀၁၈) ခုႏွစ္ တြင္ တရားဝင္ေကာက္ယူထားေသာ စစ္တမ္းမ်ားအရ လုပ္သားအင္အား (၁ ဒသမ ၂) သန္းရွိေၾကာင္း သိရသည္။