"နယ်စပ်တိုက်ပွဲများမှပွင့်အံလာသည့် လျှို့ ဝှက်ချက်" Combodia Life Sciences Institute နှင့် လူမဆန်သော ဇီဝစက်ရုံများ (ဘာသာပြန် ဆောင်းပါး)

 388

တင်ဇာ

မကြာသေးခင်ကမှရပ်တန့်သွားတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက်ကတိုက်ပွဲတွေဟာ ရိုးရိုးစစ်ပွဲ တစ်ခုထက် ပိုမိုနက်ရှိုင်းတဲ့ နောက်ကွယ်ကလျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပေးလိုက်ပါတယ်။ ထိုင်းစစ်တပ်ရဲ့ လေ ကြောင်းတိုက်ခိုက်မှုတွေ ကြောင့်ပေါ်ထွက်လာတာကတော့ တရုတ်ကွန်မြူနစ် ပါတီ(CCP)ရဲ့ ‘ရပ်ဝန်းနဲ့ပိုးလမ်းမ’ စီမံကိန်း အောက်မှာ ခိုင်ခိုင်မာမာအမြစ်တွယ်နေတဲ့ လူကုန် ကူးမှုနဲ့ ရာဇဝတ်ဂိုဏ်းယန္တရားကြီးပဲဖြစ်ကြောင်း နိုင်ငံ တကာမီဒီယာတချို့က ရေးသားဖော်ပြလာကြပါတယ်။ ဒီယန္တရားဟာ အွန်လိုင်းလိမ်လည်မှုတင်မကဘဲ၊ လူသားမျိုး နွယ်အပေါ် အလွန်ရက်စက်ကြမ်း ကြုတ်တဲ့ ‘ဇီဝပစ္စည်းထုတ်လုပ်ရေး’ လုပ်ငန်းတွေအထိ ပါဝင်ပတ်သက်နေ တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာပါတယ်။ ဒီအကြောင်းအရာတွေနဲ့ပတ် သက်လို့ နာမည်ကြီးသတင်းမီဒီယာတွေမှာ ဖော်ပြ တာမျိုးမရှိသေးပေမယ့် စာရေးသူအနေနဲ့ လက်လှမ်း မီသလောက် ရရှိထားတဲ့သတင်း အချက်အလက်တ ချို့ အခုဆောင်းပါးမှာတင်ပြပေးသွားမှာဖြစ်ပါတယ်။
တကယ်တော့ ထိုင်းရောကမ္ဘောဒီးယားပါ ပေကျင်းနဲ့ရင်းနှီးကြပေမယ့် အခုဖြစ်ရပ်ကတော့ တော် တော်လေး ကိုထူးခြားပြီး မျှော်လင့်မထားတဲ့ကိစ္စလို့ ပြောလို့ရပါတယ်။ ကမ္ဘောဒီးယားနယ်စပ်ကနေရာတွေကို ထိုင်းစစ်တပ်က စစ်ဆင်ရေးလုပ်တဲ့အခါ တရုတ်လုပ်ငန်းရှင်တွေက ငွေကြေးစိုက်ထုတ်ထားတယ်လို့ အားလုံးကယူဆထားကြတဲ့ ကာစီနို တွေနဲ့ အွန်လိုင်း လိမ်လည်စခန်းတွေ ဗုံးကြဲခံခဲ့ရပါတယ်။ ဒီဖြစ်စဉ်ကြောင့် အရှေ့တောင်အာရှရဲ့ ‘ရပ်ဝန်းနဲ့ပိုးလမ်းမ’ စီမံကိန်းအောက်မှာ ခိုင်ခိုင်မာမာအမြစ်တွယ်နေတဲ့ ‘တရုတ်နဲ့ဆက်နွှယ်နေတဲ့ လူကုန်ကူးမှုလုပ်ငန်းကွင်း ဆက်’ ကြီး တစ်ခုလုံး ထင်ထင်ရှားရှားပေါ်ထွက်လာ တယ်လို့ ရေးသားဖော်ပြတာမျိုးတွေရှိလာပါတယ်။
ဒီဇင်ဘာလ (၇)ရက်ကစပြီး ထိုင်းနဲ့ကမ္ဘောဒီး ယားတပ်တွေကြား တိုက်ပွဲတွေ တစ်ကျော့ပြန်ပြင်း ထန်လာခဲ့ပါ တယ်။ ထိုင်းစစ်တပ်က ကမ္ဘောဒီးယား ဘက်ခြမ်းက ကာစီနိုတွေနဲ့အွန်လိုင်းလိမ်လည်တဲ့စခန်းတွေကို လေကြောင်းက နေ အကြိမ်ကြိမ်ဗုံးကြဲခဲ့တာပါ။ ထိုင်းအရာရှိတွေရဲ့အပြောအရတော့ ဒီနေရာ တွေကို စစ်ဆင်ရေးကွပ်ကဲမှုဗဟိုဌာနတွေ၊ လက်နက် သိုလှောင်ရုံတွေနဲ့ ဒရုန်းစခန်းတွေအဖြစ် အသုံးချနေ လို့တိုက်ခိုက်ရတာပါလို့ဆိုပါတယ်။ ဗုံးကြဲခံရတဲ့နေရာ အများစုဟာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေရှိနေတဲ့ နေရာတွေဖြစ်တယ်လို့သိရပါတယ်။ ထိုင်းဘက်က ပေကျင်းကို တိုက်ရိုက်ရည်ရွယ်တယ်လို့မပြောပေမယ့် ဒီတိုက်ခိုက်မှုတွေဟာ အရှေ့တောင်အာရှမှာ တရုတ်နဲ့ပတ်သက်နေတဲ့ ရာဇဝတ်မှုလုပ်ငန်းယန္တရား ကြီးကို တော်တော်လေးထိခိုက်သွားစေတယ်လို့ တချို့က ဝေဖန်သုံးသပ်ကြပါတယ်။
နောက်ထပ်ထူးခြားတာက ဗုံးကြဲပြီးမကြာခင်မှာပဲ ဒီရာဇဝတ်ဂိုဏ်းတွေနဲ့ပတ်သက်နေတယ်လို့ စွပ်စွဲ ခံရတဲ့ Cambodia Life Sciences Institute က သူတို့နဲ့လက်တွဲလုပ်နေတဲ့အဖွဲ့အစည်းစာရင်းတွေ ကိုထုတ်ပြန်လိုက်တာပါ။ အဲဒီစာရင်းထဲမှာ တရုတ်နိုင်ငံက ဆေးရုံတွေနဲ့သုတေသနအဖွဲ့တွေ အများကြီးပါဝင်နေပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အမြင်ကတော့ ဒီအချက်အလက်တွေပေါက်ကြားလာတာဟာ ပေကျင်းအတွက် ‘ထိုင်းအမြောက်နဲ့ပစ်တာထက်တောင် ပိုနာတယ်}လို့ဆိုကြပါတယ်။ ဘာလို့လဲဆိုတော့ လူတွေရဲ့အာရုံစိုက်မှုက စစ်ပွဲကနေ လူကုန်ကူးမှုနဲ့ ဇီဝဆေးပညာဆိုင် ရာ မသမာမှုတွေဆီကို ရောက်သွားလို့ပါ။ ကမ္ဘောဒီးယားက ပေကျင်းကို ‘‘ကျွန်တော်တို့ အထိနာရင် ခင်ဗျားတို့လည်း အေးဆေးနေလို့မရဘူး” ဆိုတဲ့ သတင်းစကားမျိုးပေးလိုက်တာလို့လည်း သုံးသပ်နေကြပါတယ်။
ကမ္ဘောဒီးယား Life Sciences Institute က ရက်စက်သော ပြကွက်အချို့
ဒီ Life Sciences Institute ဆိုတာ အပြင်ပန်း ကြည့်ရင် တရားဝင်သလိုလိုနဲ့ နောက်ကွယ်မှာတော့ တော်တော်မှောင်မိုက်တယ်လို့ဆိုကြပါတယ်။ ပေါက်ကြားလာတဲ့သတင်းတွေအရ ထိုင်း-မြန်မာ-ကမ္ဘော ဒီးယားနယ်စပ် တစ်လျှောက်မှာ တရုတ်တွေဦးဆောင်တဲ့ အွန်လိုင်းလိမ်လည်တဲ့စခန်း ဒါဇင်ပေါင်းများစွာရှိ နေပါတယ်။ ဒါတွေဟာ တရုတ်အထက်တန်းလွှာတွေနဲ့ ‘Belt and Road’ စီမံကိန်းက ငွေကြေးတွေနဲ့ ဆက်စပ်နေတာကြာပြီလို့လည်း တချို့က ထောက်ပြ ကြပါတယ်။
တစ်ချိန်တုန်းက လူတွေဟာ မြဝတီက KK Park ကိုပဲအာရုံစိုက်ခဲ့ကြပေမယ့် အခုတော့ ကမ္ဘောဒီးယားက တက္ကသိုလ် Life Sciences Institute ဆီ အာရုံရောက်လာပါတယ်။ အတွင်းသတင်းတွေအရ ဒီနေရာက KK Park ထက်တောင် ပိုထိတ်လန့်ဖို့ ကောင်းတယ်လို့ဆိုပါတယ်။ တက်ကြွလှုပ်ရှားသူတွေကတော့ ဒီလုပ်ငန်းတွေဟာ ကမ္ဘော ဒီးယား ဒါမှမဟုတ် မြန်မာနိုင်ငံသားတွေပိုင်တာမဟုတ်ဘဲ တရုတ်ရဲ့ငွေကြေး၊ တရုတ်ရဲ့ထောက်ပံ့မှုနဲ့ တရုတ်ရဲ့ နိုင်ငံ ရေးအကာအကွယ်တွေနဲ့ လည်ပတ်နေတာလို့ အခိုင် အမာစွပ်စွဲထားကြပါတယ်။
(၂၀၂၅) ခုနှစ် နိုဝင်ဘာလတုန်းက အွန်လိုင်း လိမ်လည်မှုဆန့်ကျင်ရေးလုပ်နေတဲ့ အရှေ့တောင် အာရှမှ ဘလော့ဂါတစ်ယောက်က ဒီတက္ကသိုလ်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ဖွင့်ချခဲ့ပါတယ်။ သူကိုယ် တိုင်က ဒီလိမ်လည်မှုစခန်းတွေထဲမှာ လျှို့ဝှက်ဝင်ရောက်လုပ်ကိုင်ခဲ့ဖူးတယ်လို့လည်း ဆိုထားပါတယ်။ ဘလော့ဂါရဲ့ပြော ပြချက်အရဆိုရင် အဲဒီ Life Sciences Institute ဆိုတာ ကမ္ဘောဒီးယားက Prince Group ထိန်းချုပ်ထားတဲ့ အွန်လိုင်း လိမ်လည်စခန်းထဲမှာရှိနေတာပါ။ ဒီလုပ်ငန်းစုရဲ့တည် ထောင်သူ ချန်းကျီဟာ ကမ္ဘောဒီးယား နိုင်ငံသားဖြစ် ပေမယ့် တရုတ်နွယ်ဖွားတစ်ယောက်ဖြစ်ပြီး တရုတ် ကွန်မြူနစ်ပါတီ(CCP)နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိသ လို အထက်တန်းလွှာ မိသားစုတွေအတွက် ‘ငွေကြေး ခဝါချပေးသူ’အဖြစ်လည်း နာမည်ကျော်ပါတယ်။
ဒီဘလော့ဂါက ဆက်ပြီးတော့ တော်တော်လေး ထိတ်လန့်စရာကောင်းတဲ့အချက်တွေကို ဖွင့်ချထားပါ သေး တယ်။ ဒီစခန်းထဲကို လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေကို အလုပ်နှစ်မျိုး တစ်ပြိုင်တည်း အတင်းခိုင်း စေတယ်လို့ဆိုပါ တယ်။ တစ်ဖက်က အွန်လိုင်းကနေ လိမ်လည်တဲ့အလုပ် လုပ်ခိုင်းသလို နောက်တစ်ဖက်ကလည်း IVF နည်းပညာနဲ့ အငှားကိုယ်ဝန်ဆောင် ခိုင်းတာပါ။ IVF နည်းပညာနဲ့ အငှားကိုယ်ဝန်ဆောင် ခြင်းလုပ်ငန်းစဉ်မှာ မိဘ ဒါမှမဟုတ် အလှူရှင်တို့ရဲ့ မျိုးဥနဲ့သုက်ပိုးကိုသုံးပြီး ဓာတ်ခွဲခန်းထဲမှာ သန္ဓေသား လောင်း အရင်ဖန်တီးပါတယ်။ ပြီးရင် အဆိုပါ သန္ဓေ သားလောင်းကို စစ်ဆေးမှုအောင်မြင်ထားတဲ့ အငှား ကိုယ်ဝန်ဆောင်မယ့်သူရဲ့သားအိမ်ထဲ ထည့်သွင်းပေး ပါတယ်။ ကလေးမွေးဖွားပြီးတဲ့နောက်မှာတော့ ကလေးကို တရားဝင်မိဘတွေဆီလွှဲပြောင်းပေးတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဒါကတော့ IVF နည်းပညာနဲ့ သမားရိုးကျ အငှား ကိုယ် ဝန်ဆောင်ခြင်းလုပ်ငန်းစဉ် ဖြစ်ပါတယ်။
Life Sciences Institute မှာတော့ ဒီလိုမျိုးသမားရိုးကျပုံစံအတိုင်း ကိုယ်ဝန်ဆောင်ခိုင်းတာ မဟုတ်ပါဘူး။ အဲဒီမှာ အမျိုးသမီးတစ်ယောက်ကို သန္ဓေသား (၂)ခုကနေ (၃)ခုအထိ တစ်ပြိုင်တည်း ဆောင်ထားခိုင်းတယ်လို့ဆိုပါ တယ်။ ဒါကို သူတို့က ‘Piglet industry chain’လို့တင်စားပြီး ကလေးတွေကို ရောင်းစားဖို့ထုတ်လုပ်တာလို့သိရပါတယ်။ ဒီကလေးတစ်ယောက်ကို တရုတ်ယွမ် (၃)သန်း (မြန်မာငွေ သိန်းသောင်းချီ)ဝန်းကျင်အထိဈေးရပြီး တစ်ခါတည်း (၃) ယောက်ဆိုရင် ယွမ်(၉)သန်းလောက်အထိရတယ်လို့ဆိုပါတယ်။ အဆိုးဆုံးကတော့ ဒီကလေးတွေကို မွေးစားဖို့ မဟုတ်ဘဲ ဇီဝပစ္စည်းတွေထုတ်ယူဖို့ အတွက် ဇီဝနည်းပညာဌာနတွေကိုရောင်းချတာလို့ ဖော်ထုတ်ထားပါတယ်။
ကလေးငယ်များထံမှ ပင်မဆဲလ်များကို ထုတ်ယူသည်ဟူသော စွပ်စွဲချက်များ
အသက် (၆)လအရွယ်ခန့်ရှိတဲ့ ကလေးငယ်တွေ ဆီကနေ ရိုးတွင်းခြင်ဆီတွေကိုထုတ်ယူနေကြတယ် လို့ အဆိုပါ ဘလော့ဂ်ဂါက ဆက်လက်ပြောဆိုထားပါတယ်။ ‘ကျောရိုးထဲကို လွန်ပူအသေးစားလေးသုံးပြီး ဖောက်တယ်၊ ပြီးတော့ ရိုးတွင်းခြင်ဆီတွေကို အပ်နဲ့ စုပ်ထုတ်တယ်’လို့ဆိုပါတယ်။ အဲဒီရိုးတွင်းခြင်ဆီ တွေကို ကြီးထွားဟော်မုန်းတွေပါဝင်တဲ့ သွေးဖြစ်တည် စေတဲ့ပင်မဆဲလ် (Hematopoietic Stem Cells) တွေအဖြစ် ပြုပြင်မွမ်းမံပြီး ‘အိုမင်းရင့်ရော်မှုတားဆီး ရေး}ကုထုံးတွေမှာ ပြန်လည်အသုံးပြုနေကြတယ်လို့ လည်းသူက စွပ်စွဲထားပါတယ်။ အဲဒီကလေးငယ် တွေကို “ဓာတ်ခွဲခန်းထဲကြွကက်တွေလိုမျိုး” ဖန်လုံ အိမ်တွေထဲမှာထည့်ထားပြီး သန့်ရှင်းရေးလုပ်တဲ့အချိန်လေးမှာပဲ ခေတ္တခဏ ထုတ်ပေးတယ်လို့သိရပါတယ်။ “ဒီအချက်တွေက ကြောက်မက်ဖွယ်ရာအဆင့် ထက်တောင်ကျော်လွန်နေပါတယ်”လို့ အဆိုပါ ဘလော့ဂ်ဂါကပြောကြားခဲ့ပြီး ဒီဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေဟာ လူ့ခန္ဓာကိုယ်ကို ပစ္စည်းထုတ် ယူဖို့အတွက် ‘ကုန်ကြမ်း’ တစ်ခုလိုမျိုး သဘောထား ဆက်ဆံနေကြတယ်လို့လည်း ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် အွန်လိုင်းလိမ်လည်မှုတွေဟာ အစစ်အဆေးတင်းကြပ်လာတာကြောင့် လုပ်ရကိုင်ရခက်ခဲလာ တဲ့အတွက် အွန်လိုင်းလိမ်လည်မှုလုပ်ငန်း အများအပြားကို “ဇီဝနည်းပညာ”ဘက်ကို ကူးပြောင်းလုပ်ကိုင် လာကြတယ်လို့ သူက ဆိုပါတယ်။ အသက် (၁၆) နှစ် ကနေ(၅၀)ကြားအမျိုးသမီးတွေဟာ ပစ်မှတ်ထားခံ နေရတယ်လို့ဖော်ပြထားပြီး အဆိုပါ လုပ်ငန်းခွင်တွေ ထဲမှာ ရိုးတွင်းခြင်ဆီထုတ်ယူရေး စင်တာတွေ၊ လူသားမျိုးပွားမှုဆိုင်ရာစင်တာတွေနဲ့ စွန့်ပစ်ပစ္စည်း ပြု ပြင်မွမ်းမံရေးစင်တာတွေပါဝင်နေတယ်လို့ သိရပါတယ်။
(ဆက်လက်ဖော်ပြပါမည်)

Zawgyi Version:
"နယ္စပ္တိုက္ပြဲမ်ားမွပြင့္အံလာသည့္ လွ်ိဳ႕ ဝွက္ခ်က္"
Combodia Life Sciences Institute ႏွင့္ လူမဆန္ေသာ ဇီဝစက္႐ုံမ်ား
(ဘာသာျပန္ ေဆာင္းပါး)
တင္ဇာ

မၾကာေသးခင္ကမွရပ္တန႔္သြားတဲ့ ထိုင္းနဲ႔ ကေမာၻဒီးယားနယ္စပ္တစ္ေလွ်ာက္ကတိုက္ပြဲေတြဟာ ႐ိုး႐ိုးစစ္ပြဲ တစ္ခုထက္ ပိုမိုနက္ရႈိင္းတဲ့ ေနာက္ကြယ္ကလွ်ိဳ႕ဝွက္ခ်က္ေတြကို ေဖာ္ထုတ္ေပးလိုက္ပါတယ္။ ထိုင္းစစ္တပ္ရဲ႕ ေလ ေၾကာင္းတိုက္ခိုက္မႈေတြ ေၾကာင့္ေပၚထြက္လာတာကေတာ့ တ႐ုတ္ကြန္ျမဴနစ္ ပါတီ(CCP)ရဲ႕ ‘ရပ္ဝန္းနဲ႔ပိုးလမ္းမ’ စီမံကိန္း ေအာက္မွာ ခိုင္ခိုင္မာမာအျမစ္တြယ္ေနတဲ့ လူကုန္ ကူးမႈနဲ႔ ရာဇဝတ္ဂိုဏ္းယႏၲရားႀကီးပဲျဖစ္ေၾကာင္း ႏိုင္ငံ တကာမီဒီယာတခ်ိဳ႕က ေရးသားေဖာ္ျပလာၾကပါတယ္။ ဒီယႏၲရားဟာ အြန္လိုင္းလိမ္လည္မႈတင္မကဘဲ၊ လူသားမ်ိဳး ႏြယ္အေပၚ အလြန္ရက္စက္ၾကမ္း ၾကဳတ္တဲ့ ‘ဇီဝပစၥည္းထုတ္လုပ္ေရး’ လုပ္ငန္းေတြအထိ ပါဝင္ပတ္သက္ေန တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြ ထြက္ေပၚလာပါတယ္။ ဒီအေၾကာင္းအရာေတြနဲ႔ပတ္ သက္လို႔ နာမည္ႀကီးသတင္းမီဒီယာေတြမွာ ေဖာ္ျပ တာမ်ိဳးမရွိေသးေပမယ့္ စာေရးသူအေနနဲ႔ လက္လွမ္း မီသေလာက္ ရရွိထားတဲ့သတင္း အခ်က္အလက္တ ခ်ိဳ႕ အခုေဆာင္းပါးမွာတင္ျပေပးသြားမွာျဖစ္ပါတယ္။
တကယ္ေတာ့ ထိုင္းေရာကေမာၻဒီးယားပါ ေပက်င္းနဲ႔ရင္းႏွီးၾကေပမယ့္ အခုျဖစ္ရပ္ကေတာ့ ေတာ္ ေတာ္ေလး ကိုထူးျခားၿပီး ေမွ်ာ္လင့္မထားတဲ့ကိစၥလို႔ ေျပာလို႔ရပါတယ္။ ကေမာၻဒီးယားနယ္စပ္ကေနရာေတြကို ထိုင္းစစ္တပ္က စစ္ဆင္ေရးလုပ္တဲ့အခါ တ႐ုတ္လုပ္ငန္းရွင္ေတြက ေငြေၾကးစိုက္ထုတ္ထားတယ္လို႔ အားလုံးကယူဆထားၾကတဲ့ ကာစီႏို ေတြနဲ႔ အြန္လိုင္း လိမ္လည္စခန္းေတြ ဗုံးႀကဲခံခဲ့ရပါတယ္။ ဒီျဖစ္စဥ္ေၾကာင့္ အေရွ႕ေတာင္အာရွရဲ႕ ‘ရပ္ဝန္းနဲ႔ပိုးလမ္းမ’ စီမံကိန္းေအာက္မွာ ခိုင္ခိုင္မာမာအျမစ္တြယ္ေနတဲ့ ‘တ႐ုတ္နဲ႔ဆက္ႏႊယ္ေနတဲ့ လူကုန္ကူးမႈလုပ္ငန္းကြင္း ဆက္’ ႀကီး တစ္ခုလုံး ထင္ထင္ရွားရွားေပၚထြက္လာ တယ္လို႔ ေရးသားေဖာ္ျပတာမ်ိဳးေတြရွိလာပါတယ္။
ဒီဇင္ဘာလ (၇)ရက္ကစၿပီး ထိုင္းနဲ႔ကေမာၻဒီး ယားတပ္ေတြၾကား တိုက္ပြဲေတြ တစ္ေက်ာ့ျပန္ျပင္း ထန္လာခဲ့ပါ တယ္။ ထိုင္းစစ္တပ္က ကေမာၻဒီးယား ဘက္ျခမ္းက ကာစီႏိုေတြနဲ႔အြန္လိုင္းလိမ္လည္တဲ့စခန္းေတြကို ေလေၾကာင္းက ေန အႀကိမ္ႀကိမ္ဗုံးႀကဲခဲ့တာပါ။ ထိုင္းအရာရွိေတြရဲ႕အေျပာအရေတာ့ ဒီေနရာ ေတြကို စစ္ဆင္ေရးကြပ္ကဲမႈဗဟိုဌာနေတြ၊ လက္နက္ သိုေလွာင္႐ုံေတြနဲ႔ ဒ႐ုန္းစခန္းေတြအျဖစ္ အသုံးခ်ေန လို႔တိုက္ခိုက္ရတာပါလို႔ဆိုပါတယ္။ ဗုံးႀကဲခံရတဲ့ေနရာ အမ်ားစုဟာ တ႐ုတ္ရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈေတြရွိေနတဲ့ ေနရာေတြျဖစ္တယ္လို႔သိရပါတယ္။ ထိုင္းဘက္က ေပက်င္းကို တိုက္႐ိုက္ရည္႐ြယ္တယ္လို႔မေျပာေပမယ့္ ဒီတိုက္ခိုက္မႈေတြဟာ အေရွ႕ေတာင္အာရွမွာ တ႐ုတ္နဲ႔ပတ္သက္ေနတဲ့ ရာဇဝတ္မႈလုပ္ငန္းယႏၲရား ႀကီးကို ေတာ္ေတာ္ေလးထိခိုက္သြားေစတယ္လို႔ တခ်ိဳ႕က ေဝဖန္သုံးသပ္ၾကပါတယ္။
ေနာက္ထပ္ထူးျခားတာက ဗုံးႀကဲၿပီးမၾကာခင္မွာပဲ ဒီရာဇဝတ္ဂိုဏ္းေတြနဲ႔ပတ္သက္ေနတယ္လို႔ စြပ္စြဲ ခံရတဲ့ Cambodia Life Sciences Institute က သူတို႔နဲ႔လက္တြဲလုပ္ေနတဲ့အဖြဲ႕အစည္းစာရင္းေတြ ကိုထုတ္ျပန္လိုက္တာပါ။ အဲဒီစာရင္းထဲမွာ တ႐ုတ္ႏိုင္ငံက ေဆး႐ုံေတြနဲ႔သုေတသနအဖြဲ႕ေတြ အမ်ားႀကီးပါဝင္ေနပါတယ္။ ကြၽမ္းက်င္သူေတြရဲ႕ အျမင္ကေတာ့ ဒီအခ်က္အလက္ေတြေပါက္ၾကားလာတာဟာ ေပက်င္းအတြက္ ‘ထိုင္းအေျမာက္နဲ႔ပစ္တာထက္ေတာင္ ပိုနာတယ္}လို႔ဆိုၾကပါတယ္။ ဘာလို႔လဲဆိုေတာ့ လူေတြရဲ႕အာ႐ုံစိုက္မႈက စစ္ပြဲကေန လူကုန္ကူးမႈနဲ႔ ဇီဝေဆးပညာဆိုင္ ရာ မသမာမႈေတြဆီကို ေရာက္သြားလို႔ပါ။ ကေမာၻဒီးယားက ေပက်င္းကို ‘‘ကြၽန္ေတာ္တို႔ အထိနာရင္ ခင္ဗ်ားတို႔လည္း ေအးေဆးေနလို႔မရဘူး” ဆိုတဲ့ သတင္းစကားမ်ိဳးေပးလိုက္တာလို႔လည္း သုံးသပ္ေနၾကပါတယ္။
ကေမာၻဒီးယား Life Sciences Institute က ရက္စက္ေသာ ျပကြက္အခ်ိဳ႕
ဒီ Life Sciences Institute ဆိုတာ အျပင္ပန္း ၾကည့္ရင္ တရားဝင္သလိုလိုနဲ႔ ေနာက္ကြယ္မွာေတာ့ ေတာ္ေတာ္ေမွာင္မိုက္တယ္လို႔ဆိုၾကပါတယ္။ ေပါက္ၾကားလာတဲ့သတင္းေတြအရ ထိုင္း-ျမန္မာ-ကေမာၻ ဒီးယားနယ္စပ္ တစ္ေလွ်ာက္မွာ တ႐ုတ္ေတြဦးေဆာင္တဲ့ အြန္လိုင္းလိမ္လည္တဲ့စခန္း ဒါဇင္ေပါင္းမ်ားစြာရွိ ေနပါတယ္။ ဒါေတြဟာ တ႐ုတ္အထက္တန္းလႊာေတြနဲ႔ ‘Belt and Road’ စီမံကိန္းက ေငြေၾကးေတြနဲ႔ ဆက္စပ္ေနတာၾကာၿပီလို႔လည္း တခ်ိဳ႕က ေထာက္ျပ ၾကပါတယ္။
တစ္ခ်ိန္တုန္းက လူေတြဟာ ျမဝတီက KK Park ကိုပဲအာ႐ုံစိုက္ခဲ့ၾကေပမယ့္ အခုေတာ့ ကေမာၻဒီးယားက တကၠသိုလ္ Life Sciences Institute ဆီ အာ႐ုံေရာက္လာပါတယ္။ အတြင္းသတင္းေတြအရ ဒီေနရာက KK Park ထက္ေတာင္ ပိုထိတ္လန႔္ဖို႔ ေကာင္းတယ္လို႔ဆိုပါတယ္။ တက္ႂကြလႈပ္ရွားသူေတြကေတာ့ ဒီလုပ္ငန္းေတြဟာ ကေမာၻ ဒီးယား ဒါမွမဟုတ္ ျမန္မာႏိုင္ငံသားေတြပိုင္တာမဟုတ္ဘဲ တ႐ုတ္ရဲ႕ေငြေၾကး၊ တ႐ုတ္ရဲ႕ေထာက္ပံ့မႈနဲ႔ တ႐ုတ္ရဲ႕ ႏိုင္ငံ ေရးအကာအကြယ္ေတြနဲ႔ လည္ပတ္ေနတာလို႔ အခိုင္ အမာစြပ္စြဲထားၾကပါတယ္။
(၂၀၂၅) ခုႏွစ္ ႏိုဝင္ဘာလတုန္းက အြန္လိုင္း လိမ္လည္မႈဆန႔္က်င္ေရးလုပ္ေနတဲ့ အေရွ႕ေတာင္ အာရွမွ ဘေလာ့ဂါတစ္ေယာက္က ဒီတကၠသိုလ္နဲ႔ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ေတြကို ဖြင့္ခ်ခဲ့ပါတယ္။ သူကိုယ္ တိုင္က ဒီလိမ္လည္မႈစခန္းေတြထဲမွာ လွ်ိဳ႕ဝွက္ဝင္ေရာက္လုပ္ကိုင္ခဲ့ဖူးတယ္လို႔လည္း ဆိုထားပါတယ္။ ဘေလာ့ဂါရဲ႕ေျပာ ျပခ်က္အရဆိုရင္ အဲဒီ Life Sciences Institute ဆိုတာ ကေမာၻဒီးယားက Prince Group ထိန္းခ်ဳပ္ထားတဲ့ အြန္လိုင္း လိမ္လည္စခန္းထဲမွာရွိေနတာပါ။ ဒီလုပ္ငန္းစုရဲ႕တည္ ေထာင္သူ ခ်န္းက်ီဟာ ကေမာၻဒီးယား ႏိုင္ငံသားျဖစ္ ေပမယ့္ တ႐ုတ္ႏြယ္ဖြားတစ္ေယာက္ျဖစ္ၿပီး တ႐ုတ္ ကြန္ျမဴနစ္ပါတီ(CCP)နဲ႔ နီးကပ္တဲ့ ဆက္ဆံေရးရွိသ လို အထက္တန္းလႊာ မိသားစုေတြအတြက္ ‘ေငြေၾကး ခဝါခ်ေပးသူ’အျဖစ္လည္း နာမည္ေက်ာ္ပါတယ္။
ဒီဘေလာ့ဂါက ဆက္ၿပီးေတာ့ ေတာ္ေတာ္ေလး ထိတ္လန႔္စရာေကာင္းတဲ့အခ်က္ေတြကို ဖြင့္ခ်ထားပါ ေသး တယ္။ ဒီစခန္းထဲကို လူကုန္ကူးခံရတဲ့ အမ်ိဳးသမီးေတြကို အလုပ္ႏွစ္မ်ိဳး တစ္ၿပိဳင္တည္း အတင္းခိုင္း ေစတယ္လို႔ဆိုပါ တယ္။ တစ္ဖက္က အြန္လိုင္းကေန လိမ္လည္တဲ့အလုပ္ လုပ္ခိုင္းသလို ေနာက္တစ္ဖက္ကလည္း IVF နည္းပညာနဲ႔ အငွားကိုယ္ဝန္ေဆာင္ ခိုင္းတာပါ။ IVF နည္းပညာနဲ႔ အငွားကိုယ္ဝန္ေဆာင္ ျခင္းလုပ္ငန္းစဥ္မွာ မိဘ ဒါမွမဟုတ္ အလႉရွင္တို႔ရဲ႕ မ်ိဳးဥနဲ႔သုက္ပိုးကိုသုံးၿပီး ဓာတ္ခြဲခန္းထဲမွာ သေႏၶသား ေလာင္း အရင္ဖန္တီးပါတယ္။ ၿပီးရင္ အဆိုပါ သေႏၶ သားေလာင္းကို စစ္ေဆးမႈေအာင္ျမင္ထားတဲ့ အငွား ကိုယ္ဝန္ေဆာင္မယ့္သူရဲ႕သားအိမ္ထဲ ထည့္သြင္းေပး ပါတယ္။ ကေလးေမြးဖြားၿပီးတဲ့ေနာက္မွာေတာ့ ကေလးကို တရားဝင္မိဘေတြဆီလႊဲေျပာင္းေပးတဲ့ လုပ္ငန္းစဥ္ျဖစ္ပါတယ္။ ဒါကေတာ့ IVF နည္းပညာနဲ႔ သမား႐ိုးက် အငွား ကိုယ္ ဝန္ေဆာင္ျခင္းလုပ္ငန္းစဥ္ ျဖစ္ပါတယ္။
Life Sciences Institute မွာေတာ့ ဒီလိုမ်ိဳးသမား႐ိုးက်ပုံစံအတိုင္း ကိုယ္ဝန္ေဆာင္ခိုင္းတာ မဟုတ္ပါဘူး။ အဲဒီမွာ အမ်ိဳးသမီးတစ္ေယာက္ကို သေႏၶသား (၂)ခုကေန (၃)ခုအထိ တစ္ၿပိဳင္တည္း ေဆာင္ထားခိုင္းတယ္လို႔ဆိုပါ တယ္။ ဒါကို သူတို႔က ‘Piglet industry chain’လို႔တင္စားၿပီး ကေလးေတြကို ေရာင္းစားဖို႔ထုတ္လုပ္တာလို႔သိရပါတယ္။ ဒီကေလးတစ္ေယာက္ကို တ႐ုတ္ယြမ္ (၃)သန္း (ျမန္မာေငြ သိန္းေသာင္းခ်ီ)ဝန္းက်င္အထိေဈးရၿပီး တစ္ခါတည္း (၃) ေယာက္ဆိုရင္ ယြမ္(၉)သန္းေလာက္အထိရတယ္လို႔ဆိုပါတယ္။ အဆိုးဆုံးကေတာ့ ဒီကေလးေတြကို ေမြးစားဖို႔ မဟုတ္ဘဲ ဇီဝပစၥည္းေတြထုတ္ယူဖို႔ အတြက္ ဇီဝနည္းပညာဌာနေတြကိုေရာင္းခ်တာလို႔ ေဖာ္ထုတ္ထားပါတယ္။
ကေလးငယ္မ်ားထံမွ ပင္မဆဲလ္မ်ားကို ထုတ္ယူသည္ဟူေသာ စြပ္စြဲခ်က္မ်ား
အသက္ (၆)လအ႐ြယ္ခန႔္ရွိတဲ့ ကေလးငယ္ေတြ ဆီကေန ႐ိုးတြင္းျခင္ဆီေတြကိုထုတ္ယူေနၾကတယ္ လို႔ အဆိုပါ ဘေလာ့ဂ္ဂါက ဆက္လက္ေျပာဆိုထားပါတယ္။ ‘ေက်ာ႐ိုးထဲကို လြန္ပူအေသးစားေလးသုံးၿပီး ေဖာက္တယ္၊ ၿပီးေတာ့ ႐ိုးတြင္းျခင္ဆီေတြကို အပ္နဲ႔ စုပ္ထုတ္တယ္’လို႔ဆိုပါတယ္။ အဲဒီ႐ိုးတြင္းျခင္ဆီ ေတြကို ႀကီးထြားေဟာ္မုန္းေတြပါဝင္တဲ့ ေသြးျဖစ္တည္ ေစတဲ့ပင္မဆဲလ္ (Hematopoietic Stem Cells) ေတြအျဖစ္ ျပဳျပင္မြမ္းမံၿပီး ‘အိုမင္းရင့္ေရာ္မႈတားဆီး ေရး}ကုထုံးေတြမွာ ျပန္လည္အသုံးျပဳေနၾကတယ္လို႔ လည္းသူက စြပ္စြဲထားပါတယ္။ အဲဒီကေလးငယ္ ေတြကို “ဓာတ္ခြဲခန္းထဲႂကြကက္ေတြလိုမ်ိဳး” ဖန္လုံ အိမ္ေတြထဲမွာထည့္ထားၿပီး သန႔္ရွင္းေရးလုပ္တဲ့အခ်ိန္ေလးမွာပဲ ေခတၱခဏ ထုတ္ေပးတယ္လို႔သိရပါတယ္။ “ဒီအခ်က္ေတြက ေၾကာက္မက္ဖြယ္ရာအဆင့္ ထက္ေတာင္ေက်ာ္လြန္ေနပါတယ္”လို႔ အဆိုပါ ဘေလာ့ဂ္ဂါကေျပာၾကားခဲ့ၿပီး ဒီေဆးဘက္ဆိုင္ရာ အေဆာက္အအုံေတြဟာ လူ႔ခႏၶာကိုယ္ကို ပစၥည္းထုတ္ ယူဖို႔အတြက္ ‘ကုန္ၾကမ္း’ တစ္ခုလိုမ်ိဳး သေဘာထား ဆက္ဆံေနၾကတယ္လို႔လည္း ျဖည့္စြက္ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ အြန္လိုင္းလိမ္လည္မႈေတြဟာ အစစ္အေဆးတင္းၾကပ္လာတာေၾကာင့္ လုပ္ရကိုင္ရခက္ခဲလာ တဲ့အတြက္ အြန္လိုင္းလိမ္လည္မႈလုပ္ငန္း အမ်ားအျပားကို “ဇီဝနည္းပညာ”ဘက္ကို ကူးေျပာင္းလုပ္ကိုင္ လာၾကတယ္လို႔ သူက ဆိုပါတယ္။ အသက္ (၁၆) ႏွစ္ ကေန(၅၀)ၾကားအမ်ိဳးသမီးေတြဟာ ပစ္မွတ္ထားခံ ေနရတယ္လို႔ေဖာ္ျပထားၿပီး အဆိုပါ လုပ္ငန္းခြင္ေတြ ထဲမွာ ႐ိုးတြင္းျခင္ဆီထုတ္ယူေရး စင္တာေတြ၊ လူသားမ်ိဳးပြားမႈဆိုင္ရာစင္တာေတြနဲ႔ စြန႔္ပစ္ပစၥည္း ျပဳ ျပင္မြမ္းမံေရးစင္တာေတြပါဝင္ေနတယ္လို႔ သိရပါတယ္။
(ဆက္လက္ေဖာ္ျပပါမည္)

Related news

© 2021. All rights reserved.