မြင်းခြံပြည်သူ့စစ်မှ ဒုခေါင်းဆောင်ဆိုသူကို PDF တို့ဖမ်းဆီးခဲ့သည့်အပေါ် ရန်ခုန်စရာမကောင်းဟု ဒေါ်သီတာယုမွန်တုံ့ပြန်

1087

သန့်ဇင်(NP News)-ဇန်နဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့အခြေစိုက်ပြည်သူ့စစ်အဖွဲ့မှ ဒုခေါင်းဆောင် ဦးစိန်လွင်ဆိုသူကို PDF တို့ဖမ်းဆီးခဲ့သည့်အပေါ် ရန်ခုန်စရာမကောင်းဟု မြင်းခြံပြည်သူ့စစ်ခေါင်းဆောင်ဒေါ်သီတာယုမွန်က NP News သို့ပြောသည်။
အဆိုပါ ဖမ်းဆီးခံခဲ့ရသည့် မြင်းခြံပြည်သူ့စစ် ဒုတိယခေါင်းဆောင် ဦးစိန်လွင်ဆိုသူကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက် နံနက် ပိုင်းက မြင်းခြံ-ညောင်ဦးလမ်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း မြင်းခြံဒေသတွင် အခြေစိုက်သည့် PDF၊ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက ထုတ်ပြန်ထားကြောင်း သိရသည်။
“ကျွန်တော့်ခင်ပွန်းဟောင်းပေါ့။ လက်ရှိလည်းပေါင်းသင်းနေတာမဟုတ်ဘူး။ ကျွန်တော့်ရဲ့လုပ်ဆောင်ချက်တွေနဲ့ ကျွန်တော့်ရဲ့ တပ်မတော် ပူးပေါင်းတဲ့လုပ်ဆောင်ချက်တွေ။ ကျွန်တော့်ပြည်သူ့စစ်အဖွဲ့အတွက်တော့ ဘာမှထိခိုက်နစ်နာမှုမရှိပါဘူး။ သူ့ကဏ္ဍနဲ့သူ ကိုယ့်ကဏ္ဍနဲ့ ကိုယ်နေတဲ့နေရာမှာ အငွေ့အသက်တော့ရှိဖူးတာပေါ့နော်။ အရင်အိမ်ထောင်ဟောင်းဆိုတော့ အငွေ့အသက်တော့ရှိမှာပေါ့။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အဖွဲ့အစည်းအနေနဲ့ ကျွန်တော့်ကိုဘာမှထိခိုက်မှုမရှိပါဘူး။ သူတို့ကတော့ ထုံးစံပဲလေ။ သူတို့ကတော့ ကျွန်တော့်ကို အမြီး ရအမြီးပေါ့။ ခေါင်းရခေါင်းပေါ့။ အဲဒီနေရာမှာ အငွေ့အသက်ရှိမယ့်အရာလေးကို ရလိုက်တဲ့အချိန်မှာ သူတို့အရမ်းပျော်နေတယ်လို့ ထင်တယ်။ ကျွန်တော်ကတော့ အေးဆေးပဲ” ဟု ဒေါ်သီတာယုမွန်က NP News ကိုပြောသည်။
PDF အဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် ဦးစိန်လွင်ဆိုသူသည် (၂၀၂၁) ခုနှစ်ကပင် ဒေါ်သီတာယုမွန်နှင့် ကွာရှင်းထားသူဖြစ်ပြီး လက်ရှိထွက် ပေါ်နေသည့် သတင်းများသည်လည်း ပုံရိပ်ချခြင်းသာဖြစ်ကြောင်း ဒေါ်သီတာယုမွန်က တုံ့ပြန်ထားသည်။
“ကျွန်တော် (၁၈)နှစ်လုံးလုံးမြင်းခြံမှာနေတာ။ ကျွန်တော့်မှာ နာမည်ပျက်တစ်လုံးမှမရှိဘူး။ ပြီးတော့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ပုံရိပ်ပဲရှိတာ ပေါ့နော်။ နောက်ပြီး ပါတီမှာလည်း နေရာတစ်နေရာနေတယ်။ စီးပွားရေးလုပ်တဲ့နေရာမှာလည်း အမျိုးသမီးဖြစ်ပေမယ့် ကျွန်တော့်က Level လိုက်နိုင်တဲ့အမျိုးသမီး။ ငွေရေးကြေးရေးလည်းကင်းရှင်းတယ်။ လူမှုရေးကလည်း ပြောင်မြောက်တယ်ဆိုတဲ့နေရာမှာ သူတို့က ကျွန်တော့်ကို အမျိုးသမီးခေါင်းဆောင်တစ်ယောက်အနေနဲ့ သိတဲ့အတိုင်းပဲလေ။ ပုံရိပ်ကချနေတာပဲ။ ကျွန်တော်က ဂရုလည်းမစိုက် ဘူး”ဟု ဒေါ်သီတာယုမွန်က ပြောသည်။
ထို့ပြင် လက်ရှိမြင်းခြံပြည်သူ့စစ်အဖွဲ့တွင် ဒုတိယခေါင်းဆောင်ရှိပြီးဖြစ်ပြီး PDF က ဒုခေါင်းဆောင်ဆိုကာ ဖမ်းဆီးခဲ့ခြင်းအပေါ် ရင်ခုန်စရာ မကောင်းကြောင်းလည်း ဒေါ်သီတာယုမွန်က ဆိုသည်။
“ ကျွန်တော့်မှာ ဒုခေါင်းဆောင်ဆိုတာရှိပြီးသား။ စစ်ကြောင်းတွေမှာကအစ ဒုခေါင်းဆောင်၊ တခေါင်းဆောင်ဆိုတာ ရှိတယ်။ တစ်မြို့လုံး ကလည်း သိပြီးသား။ တစ်မြို့လုံးလည်းသိတယ်။ တစ်ခရိုင်လုံးလည်းသိတယ်။ သူတို့အတွက် ဒုခေါင်းဆောင်ဆိုတော့ သွားရည်တများများ လေးကျနေတာ။ ကျွန်တော့်အတွက်ရင်လည်းမခုန်ဘူး။ ရင်ခုန်စရာလည်းမကောင်းဘူး။ စိတ်ဆင်းရဲဖို့မပြောနဲ့ ကျွန်တော့်အလုပ်သည် တစ်ချက်မှထိခိုက်မှုမရှိပါ။ လေညှာကအနေသာကြီးပါ”ဟု ဒေါ်သီတာယုမွန်က ပြောသည်။
PDF အဖွဲ့၏ထုတ်ပြန်ချက်အတွင်း ဦးစိန်လွင်ဆိုသူအား အမျိုးသား(၁) ဦး၊ အမျိုးသမီး (၂) ဦးနှင့်အတူ မူးယစ်ဆေး ဝါး အချို့လည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Zawgyi Version:
ျမင္းၿခံျပည္သူ႔စစ္မွ ဒုေခါင္းေဆာင္ဆိုသူကို PDF တို႔ဖမ္းဆီးခဲ့သည့္အေပၚ ရန္ခုန္စရာမေကာင္းဟု ေဒၚသီတာယုမြန္တုံ႔ျပန္
သန႔္ဇင္(NP News)-ဇန္နဝါရီ ၁၅
မႏၲေလးတိုင္းေဒသႀကီး၊ ျမင္းၿခံၿမိဳ႕အေျခစိုက္ျပည္သူ႔စစ္အဖြဲ႕မွ ဒုေခါင္းေဆာင္ ဦးစိန္လြင္ဆိုသူကို PDF တို႔ဖမ္းဆီးခဲ့သည့္အေပၚ ရန္ခုန္စရာမေကာင္းဟု ျမင္းၿခံျပည္သူ႔စစ္ေခါင္းေဆာင္ေဒၚသီတာယုမြန္က NP News သို႔ေျပာသည္။
အဆိုပါ ဖမ္းဆီးခံခဲ့ရသည့္ ျမင္းၿခံျပည္သူ႔စစ္ ဒုတိယေခါင္းေဆာင္ ဦးစိန္လြင္ဆိုသူကို ၿပီးခဲ့သည့္ ၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာ ၁၄ ရက္ နံနက္ ပိုင္းက ျမင္းၿခံ-ေညာင္ဦးလမ္းတြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း ျမင္းၿခံေဒသတြင္ အေျခစိုက္သည့္ PDF၊ ျမင္းၿခံခ႐ိုင္အမွတ္ ၃ တပ္ရင္းက ထုတ္ျပန္ထားေၾကာင္း သိရသည္။
“ကြၽန္ေတာ့္ခင္ပြန္းေဟာင္းေပါ့။ လက္ရွိလည္းေပါင္းသင္းေနတာမဟုတ္ဘူး။ ကြၽန္ေတာ့္ရဲ႕လုပ္ေဆာင္ခ်က္ေတြနဲ႔ ကြၽန္ေတာ့္ရဲ႕ တပ္မေတာ္ ပူးေပါင္းတဲ့လုပ္ေဆာင္ခ်က္ေတြ။ ကြၽန္ေတာ့္ျပည္သူ႔စစ္အဖြဲ႕အတြက္ေတာ့ ဘာမွထိခိုက္နစ္နာမႈမရွိပါဘူး။ သူ႔က႑နဲ႔သူ ကိုယ့္က႑နဲ႔ ကိုယ္ေနတဲ့ေနရာမွာ အေငြ႕အသက္ေတာ့ရွိဖူးတာေပါ့ေနာ္။ အရင္အိမ္ေထာင္ေဟာင္းဆိုေတာ့ အေငြ႕အသက္ေတာ့ရွိမွာေပါ့။ ဒါေပမဲ့ ကြၽန္ေတာ့္ရဲ႕ အဖြဲ႕အစည္းအေနနဲ႔ ကြၽန္ေတာ့္ကိုဘာမွထိခိုက္မႈမရွိပါဘူး။ သူတို႔ကေတာ့ ထုံးစံပဲေလ။ သူတို႔ကေတာ့ ကြၽန္ေတာ့္ကို အၿမီး ရအၿမီးေပါ့။ ေခါင္းရေခါင္းေပါ့။ အဲဒီေနရာမွာ အေငြ႕အသက္ရွိမယ့္အရာေလးကို ရလိုက္တဲ့အခ်ိန္မွာ သူတို႔အရမ္းေပ်ာ္ေနတယ္လို႔ ထင္တယ္။ ကြၽန္ေတာ္ကေတာ့ ေအးေဆးပဲ” ဟု ေဒၚသီတာယုမြန္က NP News ကိုေျပာသည္။
PDF အဖြဲ႕၏ ဖမ္းဆီးျခင္းခံခဲ့ရသည့္ ဦးစိန္လြင္ဆိုသူသည္ (၂၀၂၁) ခုႏွစ္ကပင္ ေဒၚသီတာယုမြန္ႏွင့္ ကြာရွင္းထားသူျဖစ္ၿပီး လက္ရွိထြက္ ေပၚေနသည့္ သတင္းမ်ားသည္လည္း ပုံရိပ္ခ်ျခင္းသာျဖစ္ေၾကာင္း ေဒၚသီတာယုမြန္က တုံ႔ျပန္ထားသည္။
“ကြၽန္ေတာ္ (၁၈)ႏွစ္လုံးလုံးျမင္းၿခံမွာေနတာ။ ကြၽန္ေတာ့္မွာ နာမည္ပ်က္တစ္လုံးမွမရွိဘူး။ ၿပီးေတာ့ ႏိုင္ငံေရးနဲ႔ပတ္သက္တဲ့ ပုံရိပ္ပဲရွိတာ ေပါ့ေနာ္။ ေနာက္ၿပီး ပါတီမွာလည္း ေနရာတစ္ေနရာေနတယ္။ စီးပြားေရးလုပ္တဲ့ေနရာမွာလည္း အမ်ိဳးသမီးျဖစ္ေပမယ့္ ကြၽန္ေတာ့္က Level လိုက္ႏိုင္တဲ့အမ်ိဳးသမီး။ ေငြေရးေၾကးေရးလည္းကင္းရွင္းတယ္။ လူမႈေရးကလည္း ေျပာင္ေျမာက္တယ္ဆိုတဲ့ေနရာမွာ သူတို႔က ကြၽန္ေတာ့္ကို အမ်ိဳးသမီးေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ သိတဲ့အတိုင္းပဲေလ။ ပုံရိပ္ကခ်ေနတာပဲ။ ကြၽန္ေတာ္က ဂ႐ုလည္းမစိုက္ ဘူး”ဟု ေဒၚသီတာယုမြန္က ေျပာသည္။
ထို႔ျပင္ လက္ရွိျမင္းၿခံျပည္သူ႔စစ္အဖြဲ႕တြင္ ဒုတိယေခါင္းေဆာင္ရွိၿပီးျဖစ္ၿပီး PDF က ဒုေခါင္းေဆာင္ဆိုကာ ဖမ္းဆီးခဲ့ျခင္းအေပၚ ရင္ခုန္စရာ မေကာင္းေၾကာင္းလည္း ေဒၚသီတာယုမြန္က ဆိုသည္။
“ ကြၽန္ေတာ့္မွာ ဒုေခါင္းေဆာင္ဆိုတာရွိၿပီးသား။ စစ္ေၾကာင္းေတြမွာကအစ ဒုေခါင္းေဆာင္၊ တေခါင္းေဆာင္ဆိုတာ ရွိတယ္။ တစ္ၿမိဳ႕လုံး ကလည္း သိၿပီးသား။ တစ္ၿမိဳ႕လုံးလည္းသိတယ္။ တစ္ခ႐ိုင္လုံးလည္းသိတယ္။ သူတို႔အတြက္ ဒုေခါင္းေဆာင္ဆိုေတာ့ သြားရည္တမ်ားမ်ား ေလးက်ေနတာ။ ကြၽန္ေတာ့္အတြက္ရင္လည္းမခုန္ဘူး။ ရင္ခုန္စရာလည္းမေကာင္းဘူး။ စိတ္ဆင္းရဲဖို႔မေျပာနဲ႔ ကြၽန္ေတာ့္အလုပ္သည္ တစ္ခ်က္မွထိခိုက္မႈမရွိပါ။ ေလညႇာကအေနသာႀကီးပါ”ဟု ေဒၚသီတာယုမြန္က ေျပာသည္။
PDF အဖြဲ႕၏ထုတ္ျပန္ခ်က္အတြင္း ဦးစိန္လြင္ဆိုသူအား အမ်ိဳးသား(၁) ဦး၊ အမ်ိဳးသမီး (၂) ဦးႏွင့္အတူ မူးယစ္ေဆး ဝါး အခ်ိဳ႕လည္း ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။