ပြည်တွင်းရွှေစျေး မြင့်တက်နေပြီး ရွှေဆိုင်အချို့ အရောင်းအဝယ်ရပ်ထားရ
 292
Pearl (NP News) - ဇန်နဝါရီ ၁၅
ပြည်တွင်းရွှေစျေး မြင့်တက်နေပြီး ရွှေဆိုင်အချို့ အရောင်းအဝယ်ရပ်ထားကြောင်း ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးက NP News သို့ ပြောသည်။
လတ်တလော၌ ဒေါ်လာစျေး ၄၁၇၀ ပေါက်စျေးနှင့်အတူ ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ၄၆၀၉ ဒေါ်လာဝန်းကျင် ရှိနေပြီး ပြည်တွင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ငွေကျပ် (၉၉) သိန်းစျေးဝန်းကျင်အထိ ဖြစ်ပေါ်နေသည်။
"ပြန်ဝယ်နေရတာတော့ များတာပေါ့။ ဆိုင်က အထည်အသစ်ကတော့မရောင်းရဘူး။ အဲဒီတော့ အဝယ်တွေ များနေတဲ့အတွက်ကြောင့်မို့ မြို့ထဲက ဆိုင် တချို့ ပိတ်တောင်ပိတ်လိုက်ပြီ။ ရောင်းထားသမျှလည်း မဝယ်ဘူး။ တခြားဟာလည်း မဝယ်ဘူး။ အစ်မတို့ကတော့ ကိုယ့်ဆိုင်က ရောင်းထားတာတွေ ပြန်ဝယ်တယ်။ ပိတ်ချလိုက်ရင် နာမည်ပျက်မှာဆိုးလို့။ တချို့ဆိုင်တွေက ဖွင့်ရင်တောင်မှ အဖွင့်ပြထားပြီးတော့ အရောင်းအဝယ်မလုပ်ဘူး " ဟု ၎င်း ကပြောသည်။
ကမ္ဘာ့ရွှေဈေး နှင့် ‌ဒေါ်လာစျေးမြင့်တက်နေခြင်းကြောင့် ပြည်တွင်းရွှေဈေးများလည်း ဆက်တိုက်မြင့်တက်နေခြင်းဖြစ်ကြောင်းသိရသည်။
"ကမ္ဘာစျေးကလည်း တက်တယ်။ ဒေါ်လာစျေးကလည်း တက်တယ်။ မြန်မာ့ရွှေစျေး တွက်ချက်မှုက ကမ္ဘာ့စျေးကိုမှ ဒေါ်လာစျေးနဲ့တွက်ချက်တာဖြစ်တဲ့အတွက်ကို (၂) ခုလုံးတွက်တဲ့အတွက်ကြောင့်မို့အခုလို တက်တာပေါ့။ ဒါတောင် နည်းနည်းပြန်ကျလာတာ" ဟု ၎င်းက ပြောသည်။
Zawgyi Version:
ပြည်တွင်းရွှေဈေး မြင့်တက်နေပြီး ရွှေဆိုင်အချို့ အရောင်းအဝယ်ရပ်ထား
ပြည်တွင်းရွှေဈေး မြင့်တက်နေပြီး ရွှေဆိုင်အချို့ အရောင်းအဝယ်ရပ်ထားကြောင်း ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးက NP News သို့ ပြောသည်။
လတ်တလော၌ ဒေါ်လာဈေး ၄၁၇၀ ပေါက်ဈေးနှင့်အတူ ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ၄၆၀၉ ဒေါ်လာဝန်းကျင် ရှိနေပြီး ပြည်တွင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ငွေကျပ် (၉၉) သိန်းဈေးဝန်းကျင်အထိ ဖြစ်ပေါ်နေသည်။
ကမ္ဘာ့ရွှေဈေး နှင့် ‌ဒေါ်လာဈေးမြင့်တက်နေခြင်းကြောင့် ပြည်တွင်းရွှေဈေးများလည်း ဆက်တိုက်မြင့်တက်နေခြင်းဖြစ်ကြောင်းသိရသည်။
Related news
© 2021. All rights reserved.