ဗင်နီဇွဲလားယာယီသမ္မတအကြောင်း တစေ့တစောင်း

 224

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၅

ဗင်နီဇွဲလားနိုင်ငံမှာ သမ္မတမာဒူရိုနဲ့သမ္မတက တော်တို့ဖမ်းဆီးခံရပြီးနောက် ရက်ပိုင်းအကြာမှာပဲ ဗင်နီဇွဲလား တရားရုံးချုပ်ဟာ ဗင်နီဇွဲလား ဒုတိယ သမ္မတ ဒယ်စီရိုဒရီဂွက်ဇ်ကို ယာယီသမ္မတအဖြစ်ရွေး ချယ်လိုက်ပါတယ်။ ဒယ်စီရိုဒရီဂွက်ဇ်ဟာ ဒီဇင်ဘာ (၅)ရက်နေ့မှာ လွှတ်တော်အတွင်း ယာယီသမ္မတအ ဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ လွှတ်တော်ကိုယ်စား လှယ်များအနက် လွှတ်တော်ကိုယ်စားလှယ်ပေါင်း (၃၈၀)ကျော်က ထောက်ခံမဲပေးခဲ့တယ်လို့သိရပါ တယ်။ ယာယီသမ္မတ ရိုဒရီဂွက်ဇ် ဟာ မာဒူရိုကိုဖမ်းဆီး ခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့လုပ်ရပ်ကို ဆန့်ကျင်သူဖြစ်ပြီး လူသိရှင်ကြားဝေဖန်ခဲ့သူလည်းဖြစ်ပါတယ်။
ဒါကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လည်း ဗင်နီဇွဲလားနိုင်ငံရဲ့ ယာယီသမ္မတ ရိုဒရီဂွက်ဇ် ဟာ ပူးပေါင်းဆောင်ရွက်မှုမရှိဘူးဆိုရင် ကြီးမားတဲ့ ပေးဆပ်မှုမျိုး ရင်ဆိုင်ရဖွယ်ရှိနေတယ်လို့ပြောပါ တယ်။ ဒယ်စီရိုဒရီဂွက်ဇ်ဟာ (၂၀၁၈)ခုနှစ်တည်းက ဗင်နီဇွဲလားနိုင်ငံရဲ့ ဒုတိယသမ္မတအဖြစ်တာဝန်ယူခဲ့ သူဖြစ်ပြီး ဗင်နီဇွဲလားသမ္မတဟောင်း ဟူဂိုချားဗက်စ် နဲ့ သမ္မတ မာဒူရိုတို့လက်ထက်မှာ အစိုးရအဖွဲ့အတွင်း ဝန်ကြီးနေရာအများအပြားကိုထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ၎င်းဟာ ဗင်နီဇွဲလားနိုင်ငံရဲ့ ဆက်သွယ်ရေးနဲ့ သတင်းအချက်လက်ဆိုင်ရာဝန်ကြီးအဖြစ် (၂၀၁၃) ခုနှစ်ကနေ(၂၀၁၄)ခုနှစ်အထိ တာဝန်ယူခဲ့ဖူးသူဖြစ် သလို နိုင်ငံခြားရေးဝန်ကြီးအဖြစ် (၂၀၁၄)ခုနှစ်ကနေ (၂၀၁၇)ခုနှစ်အထိတာဝန်ယူခဲ့သူလည်းဖြစ်ပါတယ်။ ဒါ့ပြင် ရိုဒရီဂွက်ဇ်ဟာ ဗင်နီဇွဲလားနိုင်ငံရဲ့ စွမ်းအင်ဝန် ကြီးအဖြစ် (၂၀၂၄)ခုနှစ်ကနေ (၂၀၂၅)ခုနှစ်အထိ တာဝန်ယူခဲ့သူဖြစ်သလို လွှတ်တော်အကြီးအကဲအ ဖြစ်လည်း တာဝန်ယူခဲ့သူဖြစ်ပါတယ်။
၎င်းဟာ ဗင်နီဇွဲလားနိုင်ငံရဲ့ ညီညွတ်တဲ့ ဆိုရှယ် လစ်ပါတီခေါင်းဆောင်တစ်ဦးဖြစ်ပြီး အမေရိကန်၊ က နေဒါ၊ ဥရောပသမဂ္ဂအဖွဲ့က လူအခွင့်ရေးချိုးဖောက် မှုတွေကြောင့် ပိတ်ဆို့မှုချမှတ်ခံထားရသူလည်းဖြစ် ပါတယ်။ ဗင်နီဇွဲလားနိုင်ငံအပေါ် အမေရိကန်နိုင်ငံက ပြင်းထန်တဲ့ပိတ်ဆို့မှုချမှတ်ချိန်အတွင်း နိုင်ငံရဲ့ ရေနံ ထုတ်လုပ်မှုတိုးတက်ဖို့နဲ့ နိုင်ငံရဲ့စီးပွားရေး တည်ငြိမ် အောင်ဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ ဗင်နီဇွဲလား သမ္မတ မာဒူရိုကို အမေရိကန်နိုင်ငံကဖမ်းဆီးခဲ့ပြီး နောက် မကြာမီ ရိုဒရီဂွက်ဇ်ဟာ ဗင်နီဇွဲလားနိုင်ငံရဲ့ ယာယီသမ္မတအဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ပါတယ်။ ရို ဒရီဂွက်ဇ်ဟာ ဗင်နီဇွဲလား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ စိတ်ရောဂါကုဆရာ ဝန် ဂျော့ဂျ် ရိုဒရီဂွက်ဇ်ဂိုမက်ဇ်ရဲ့ညီမဖြစ်သလို ၎င်းရဲ့ ဖခင်ဖြစ်တဲ့ ဂျော့ဂျ်အန်တိုနီယို ရိုဒရီဂွက်ဇ်ဟာ ဗင်နီဇွဲ လားနိုင်ငံရှိ မာ့စ်ဝါဒ နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ ဆို ရှယ်လစ်အဖွဲ့ချုပ်ကို တည်ထောင်သူတစ်ဦးလည်း ဖြစ်ပါတယ်။ ရိုဒရီဂွက်ဇ်ရဲ့ဖခင်ဖြစ်သူဟာ အမေရိ ကန်အမှုဆောင် ဝီလျံဖရန့်ကိုပြန်ပေးဆွဲရာမှာ ဦး ဆောင်မှုအခန်းကဏ္ဍကြောင့် (၁၉၇၆)ခုနှစ်မှာ ထောင်ချခံရသူလည်းဖြစ်ပါတယ်။ ဒယ်စီရိုဒရီဂွက်ဇ် ဟာ (၁၉၉၃)ခုနှစ်မှာ ဗင်နီဇွဲလားဗဟိုတက္ကသိုလ် (UCV) ကနေဥပဒေဘွဲ့ရရှိခဲ့ပြီး(UCV) မှာကျောင်း တက်ချိန်အတွင်း ကျောင်းသားခေါင်းဆောင်တစ်ဦးအဖြစ် တက်ကြွစွာပါဝင်ခဲ့သည်။ ゞင်းဟာ ပြင်သစ်နိုင် ငံ ပါရီမြို့မှာ အလုပ်သမားဥပဒေအထူးပြုဘာသာရပ်နဲ့ တက်ရောက်ခဲ့ပေမယ့် ဘွဲ့မရခဲ့ပါဘူး၊ ရိုဒရီဂွက်ဇ်ဟာ ဗင်နီဇွဲလား ဗဟိုတက္ကသိုလ်တွင် ပါမောက္ခအဖြစ်တာ ဝန်ထမ်းဆောင်ခဲ့သလို ဗင်နီဇွဲလား အလုပ်သမား ရှေ့နေများအသင်းတွင် ဥက္ကဋ္ဌတာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။ ၎င်းဟာ (၂၀ဝ၂)ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ဗင်နီဇွဲလားအာဏာသိမ်းရန်ကြိုးပမ်းမှုအတွင်း အမျိုး သားနိုင်ငံရေးမှာ ပါဝင်ပတ်သက်လာခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံရဲ့အကျပ်အတည်းကာလအတွင်း ဗင်နီဇွဲလား စီးပွားရေးလုပ်ငန်းရှင်ကိုဆန့်ကျင်ဆန္ဒပြရာမှာ လန် ဒန်မှာရှိနေချိန်မှာပဲ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ၎င်းဟာ (၂၀ဝ၃)ခုနှစ်နောက်ပိုင်းမှာ စွမ်းအင်နဲ့သတ္တုတွင်းဝန် ကြီးဌာနမှာ နိုင်ငံတကာရေးရာဌာန ညွှန်ကြားရေးမှူး ဖြစ်လာခဲ့ပြီး (၂၀ဝ၅)ခုနှစ်မှာ ဥရောပရေးရာဝန်ကြီးဌာ နရဲ့ ဒုတိယဝန်ကြီးအဖြစ်ခန့်အပ်ခံခဲ့ရပါတယ်။ ရိုဒရီ ဂွက်ဇ်ဟာ (၂၀ဝ၆)ခုနှစ် ဖေဖော်ဝါရီလကနေ ဩ ဂုတ်လအထိ သမ္မတရုံးဝန်ကြီးဌာနရဲ့ ဝန်ကြီးဖြစ်လာ ခဲ့ပေမယ့် သမ္မတ ဟူဂို ချာဗက်ဇ်နဲ့တင်းမာမှုတွေ ကြောင့် ရာထူးသက်တမ်း တိုတောင်းခဲ့ပါတယ်။ ၎င်းဟာ သမ္မတဟောင်း ဟူဂိုချာဗက်ဇ်နဲ့ တင်းမာတဲ့ဆက် ဆံရေးရှိခဲ့ပြီး သမ္မတ ဟူဂိုချာဗက်ဇ်ကို ဝေဖန်ပြစ်တင် ခဲ့ဖူးသူလည်းဖြစ်ပါတယ်။ ၎င်းဟာ ဗင်နီဇွဲလားသမ္မတ ဟူဂိုချားဗက်ဇ်နဲ့အငြင်းပွားမှုတွေရှိခဲ့ပေမယ့် (၂၀၁၄) ခုနှစ်မှာ ဗင်နီဇွဲလားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ ゞင်းဟာ ဗင်နီဇွဲလားနိုင်ငံသမိုင်း မှာ အမျိုးသမီးနိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ ရသူလည်းဖြစ်ပါတယ်။ ဒယ်စီ ရိုဒရီဂွက်ဖ်ဟာ ဗင်နီဇွဲ လားအစိုးရအဖွဲ့အတွင်းတာဝန်ယူချိန်မှာ စွမ်းဆောင် ရည်ကောင်းတွေပြသနိုင်ခဲ့တဲ့အတွက် (၂၀၁၇)ခုနှစ် မှာ ဗင်နီဇွဲလား ဖွဲ့စည်းပုံအခြေခံဥပဒေညီလာခံမှာ ဒုတိယအကြီးအကဲအဖြစ်ရွေးချယ်ခံခဲ့ရသလို (၂၀၁၇) ခုနှစ် ဩဂုတ်လမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ညီလာခံအကြီးအကဲဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပါ တယ်။ ၎င်းဟာ ဗင်နီဇွဲလားနိုင်ငံရဲ့သမ္မတအဖြစ် မာဒူ ရိုတာဝန်ယူပြီးနောက် (၂၀၂၀)ပြည့်နှစ်မှာ စီးပွားရေး နဲ့ဘဏ္ဍာရေးဝန်ကြီးအဖြစ်တာဝန်ယူဖို့ ခန့်အပ်ခံခဲ့ရ သူဖြစ်ပါတယ်။ ၎င်းဟာ ဗင်နီဇွဲလားသမ္မတ မာဒူရိုနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့ပြီး အစိုးရအဖွဲ့အတွင်း ဝန်ကြီးရာထူးတွေအပြင် ဒုတိယသမ္မတရာထူးတွေကိုထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ အမေရိကန် အစိုးရက ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ပြီးခဲ့တဲ့ရက် ပိုင်းက ဖမ်းဆီးချိန်မှာလည်း ဗင်နီဇွဲလားနိုင်ငံရဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ (၂၃၃)အရ သမ္မတအာ ဏာသုံးပိုင်ခွင့် အပ်နှင်းခံရသူဖြစ်ပါတယ်။ ၎င်းဟာ ဗင်နီဇွဲလားနိုင်ငံကို အမေရိကန်အစိုးရက ပြင်းထန်တဲ့ ပိတ်ဆို့မှုတွေချမှတ်ချိန်အတွင်း နိုင်ငံ့စီးပွားရေး ဖွံ့ ဖြိုးတိုးတက်အောင် ကြိုးပမ်းခဲ့သူတွေထဲမှာပါဝင်ခဲ့ ပါတယ်။ Financial Times သတင်းဌာနက ဗင်နီဇွဲ လားသမ္မတအဖြစ်ခန့်အပ်ခံရတဲ့ ရိုဒရီဂွက်ဇ်နဲ့ အစ်ကို ဖြစ်သူတို့ဟာ သမ္မတ မာဒူရို ဖမ်းဆီးခံရပြီးနောက်ပိုင်း နိုင်ငံကိုအုပ်ချုပ်နိုင်အောင် အမေရိကန်အစိုးရနဲ့ဆွေး နွေးခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ ၎င်းဟာ သမ္မတ မာဒူ ရိုကိုဖမ်းဆီးမယ့်အစား ပြည်ပြေးအဖြစ် နေထိုင်ခွင့်ပြု ဖို့တောင်းဆိုခဲ့သူတွေထဲမှာ ပါဝင်ခဲ့တယ်လို့ သိရပါ တယ်။ ဗင်နီဇွဲလားစစ်တပ်က လက်ရှိအချိန်မှာ ဒယ်စီ ရိုဒရီဂွက်ဇ်ကို ယာယီသမ္မတအဖြစ် အသိမှတ်ပြုတယ် လို့ သတင်းထုတ်ပြန်ထားသလို နိုင်ငံကို ပုံမှန်အတိုင်း ပြန်လည်လုပ်ဆောင်ဖို့တောင်းဆိုထားပါတယ်။ ၎င်းဟာ အမေရိကန်အစိုးရရဲ့ဖမ်းဆီးခြင်းခံရတဲ့ သမ္မတ မာဒူရိုရဲ့သားဖြစ်သူရဲ့ ထောက်ခံမှုကို လက်ရှိအချိန်မှာ ရရှိထားတယ်လို့သိရပါတယ်။ ဒယ်စီရိုဒရီဂွက်ဇ်ဟာ ယာယီသမ္မတအဖြစ်ခန့်အပ်ခံရပြီးနောက် အမေရိ ကန်အစိုးရကို အစွန်းရောက်အစိုးရအဖြစ်စွပ်စွဲထား ပြီး အမေရိကန်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိ မရှိ ဆိုတာကို အတိအကျပြောဆိုခြင်းမျိုးမရှိသေးပါဘူး၊ ၎င်းက " အမေရိကန်နဲ့ ဗင်နီဇွဲလားအကြား မျှတပြီး လေးစားမှုရှိတဲ့ဆက်ဆံရေးဆီကို ဦးတည်လုပ်ဆောင် မယ်။ မျှဝေဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်တဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် အစီအစဉ်တစ်ခုမှာ အတူတကွလုပ်ဆောင်ဖို့ အမေရိကန်အစိုးရကို ဖိတ် ခေါ်ပါတယ်"လို့ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဒယ်စီရိုဒရီဂွက်ဇ်ကို ယာယီသမ္မတ အဖြစ်မရွေးချယ်မီရက်ပိုင်းအလိုက ဒယ်စီရိုဒရီဂွက်ဇ် ဟာ ပူးပေါင်းဆောင်ရွက်မှုမရှိဘူးဆိုရင် သမ္မတ ဟောင်း မာဒူရိုထက် ပိုမိုဆိုးရွားမှုတွေနဲ့ရင်ဆိုင်ရ မယ်လို့ သတိပေးခဲ့ပါတယ်။
အမေရိကန်အစိုးရက ယာယီသမ္မတ ဒယ်စီရိုဒရီ ဂွက်ဇ်အနေနဲ့ ဖမ်းဆီးခံရတဲ့ သမ္မတ မာဒူရိုလိုမျိုး မရင်ဆိုင်လိုဘူးဆိုရင် အချက်သုံးချက်ကို လိုက်နာ ရမယ်လို့ သတိပေးထားပါတယ်။ အမေရိကန်အစိုးရ က ယာယီသမ္မတ ရိုဒရီဂွက်ဇ်အနေနဲ့ မူးယစ်ဆေးဝါး လုပ်ငန်းတွေကိုနှိမ်နင်းဖို့၊ အီရန်၊ ကျူးဘားအပါအဝင် အမေရိကန်နိုင်ငံကိုရန်လိုနေတဲ့ နိုင်ငံတွေနဲ့မဆက်ဆံ ဖို့၊ အမေရိကန်အစိုးရကိုရန်လိုနေတဲ့နိုင်ငံတွေထံ ရေနံမရောင်းချဖို့ ထပ်မံသတိပေးထားတယ်လို့ သိရ ပါတယ်။
၎င်းဟာ ယာယီသမ္မတအဖြစ်တာဝန်ယူခွင့်ရ ထားပေမယ့် အမေရိကန်အစိုးရရဲ့ဖမ်းဆီးခြင်းခံထား ရတဲ့ မာဒူရိုက နိုင်ငံရဲ့သမ္မတဖြစ်တယ်လို့ ယာယီ သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုချိန်အတွင်း ထည့် သွင်းပြောဆိုခဲ့ပါတယ်။ ဗင်နီဇွဲလား ယာယီသမ္မတက " နီကိုလပ်မာဒူရိုဟာ ကျွန်မတို့နိုင်ငံရဲ့ တစ်ဦးတည်း သောသမ္မတဖြစ်ပါတယ်။ ဗင်နီဇွဲလားအပေါ်လုပ် ဆောင်နေတာတွေဟာ နိုင်ငံတကာဥပဒေကိုချိုး ဖောက်တဲ့ ရက်စက်ကြမ်းကြုတ်မှုတစ်ခုပါပဲ"လို့ ပြော ဆိုထားပါတယ်။ အမေရိကန်အစိုးရဟာ ဗင်နီဇွဲလား ယာယီသမ္မတလက်ထက်မှာ ဗင်နီဇွဲလားနိုင်ငံနဲ့ ပူး ပေါင်းဆောင်ရွက်မယ်လို့ပြောဆိုထားသလို ၎င်းတို့ တောင်းဆိုမှုတွေကိုလက်မခံဘူးဆိုရင် အရေးယူမယ် လို့သတိပေးထားရာ ဒယ်စီရိုဒရီဂွက်ဇ်ဟာ အမေရိကန်နိုင်ငံနဲ့ဆက်ဆံရေးကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာ စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။ ဗင်နီဇွဲလား နိုင်ငံဟာ အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံ တွေရဲ့ ပြင်းထန်တဲ့ပိတ်ဆို့မှုကိုရင်ဆိုင်နေရတဲ့ လက် ရှိအချိန်မှာတောင် တစ်ရက်ကို ရေနံစည်ပေါင်း တစ်သန်းခန့်ထုတ်လုပ်ထားနိုင်သလို အရန်ရေနံစည် ပေါင်း ဘီလျံ (၃၃၀)ကျော်ရှိနေပါတယ်။ ဒယ်စီ ရိုဒရီ ဂွက်ဇ်ဟာ ဗင်နီဇွဲလားနိုင်ငံရဲ့အကြီးအကဲအဖြစ် တာ ဝန်ယူချိန်အတွင်း နိုင်ငံရဲ့ရေနံလုပ်ငန်းကို ပိုမိုကောင်း မွန်အောင်လုပ်ဆောင်မလားဆိုတာ စောင့်ကြည့်ရ ဖွယ်ရှိနေပါတယ်။ ဗင်နီဇွဲလားနိုင်ငံဟာ အမေရိကန် နိုင်ငံရဲ့ပြိုင်ဘက်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ရုရှားနိုင်ငံ တို့နဲ့ မဟာမိတ်ဆက်ဆံရေးရှိနေရာ ယာယီသမ္မတ ဒယ်စီရိုဒရီဂွက်ဇ်လက်ထက်မှာ ရုရှား၊ တရုတ်နိုင်ငံတို့ နဲ့ဆက်ဆံရေးကို ယခင်ထက်ပိုမိုကောင်းမွန်အောင်တည်ဆောက်မှာလား ဒါမှမဟုတ် အမေရိကန်နိုင်ငံနဲ့ ဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်မှာလားဆိုတာ စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။ ဒယ်စီရို ဒရီဂွက်ဇ်ဟာ ယာယီသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို ချိန်မှာတော့ သမ္မတမာဒူရိုကိုဖမ်းဆီးခဲ့တဲ့ အမေရိကန် နိုင်ငံကို ဝေဖန်ပြစ်တင်မှု ယခင်ကလိုမျိုး လုပ်ဆောင် ခြင်းမရှိတော့ဘဲ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လမ်းဖွင့်ထားတယ်လို့ဆိုခဲ့ပါတယ်။ ဗင်နီဇွဲလားနိုင်ငံရဲ့ လက်ရှိကံကြမ္မာဟာ ယာယီသမ္မတ ဒယ်စီ ရိုဒရီဂွက်ဇ် ရဲ့လက်ထဲမှာရှိနေပြီ ၎င်းရဲ့ပဲ့ကိုင်မှုတွေဟာ ကောင်း မွန်မှုရှိမယ်ဆိုရင် နိုင်ငံဟာ ယခင်ထက် ပိုမိုတိုးတက် ကောင်းမွန်လာဖွယ်ရှိနေပြီး ပဲ့ကိုင်ထိန်းကျောင်းမှု မကောင်းသလို အမေရိကန်နိုင်ငံနဲ့ ထိပ်တိုက်တွေ့ဆုံရေးကိုဦးတည်မယ်ဆိုရင် ဗင်နီဇွဲလားနိုင်ငံ အနာ ဂတ်နဲ့ ယာယီသမ္မတရဲ့အနာဂတ်ဟာ ကောင်းမွန်မှာ မဟုတ်ပါဘူး၊ မည်သို့ပင်ဆိုနေစေကာမူ အသက် (၅၆)နှစ်အရွယ်ရှိ ဒယ်စီရိုဒရီဂွက်ဇ်ဟာ ဗင်နီဇွဲလား နိုင်ငံရဲ့ ယာယီသမ္မတအဖြစ်တာဝန်ယူချိန်အတွင်း ဘယ်လိုမျိုးစွမ်းဆောင်ရည်ကောင်းတွေနဲ့ သံတမန် ဆက်ဆံရေးကို တည်ဆောက်မလဲဆိုတာ စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။

Zawgyi Version:
ဗင္နီဇြဲလားယာယီသမၼတအေၾကာင္း တေစ့တေစာင္း
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၅

ဗင္နီဇြဲလားႏိုင္ငံမွာ သမၼတမာဒူ႐ိုနဲ႔သမၼတက ေတာ္တို႔ဖမ္းဆီးခံရၿပီးေနာက္ ရက္ပိုင္းအၾကာမွာပဲ ဗင္နီဇြဲလား တရား႐ုံးခ်ဳပ္ဟာ ဗင္နီဇြဲလား ဒုတိယ သမၼတ ဒယ္စီ႐ိုဒရီဂြက္ဇ္ကို ယာယီသမၼတအျဖစ္ေ႐ြး ခ်ယ္လိုက္ပါတယ္။ ဒယ္စီ႐ိုဒရီဂြက္ဇ္ဟာ ဒီဇင္ဘာ (၅)ရက္ေန႔မွာ လႊတ္ေတာ္အတြင္း ယာယီသမၼတအ ျဖစ္ က်မ္းသစၥာက်ိန္ဆိုခဲ့ပါတယ္။ လႊတ္ေတာ္ကိုယ္စား လွယ္မ်ားအနက္ လႊတ္ေတာ္ကိုယ္စားလွယ္ေပါင္း (၃၈၀)ေက်ာ္က ေထာက္ခံမဲေပးခဲ့တယ္လို႔သိရပါ တယ္။ ယာယီသမၼတ ႐ိုဒရီဂြက္ဇ္ ဟာ မာဒူ႐ိုကိုဖမ္းဆီး ခဲ့တဲ့ အေမရိကန္ႏိုင္ငံရဲ႕လုပ္ရပ္ကို ဆန႔္က်င္သူျဖစ္ၿပီး လူသိရွင္ၾကားေဝဖန္ခဲ့သူလည္းျဖစ္ပါတယ္။
ဒါေၾကာင့္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က လည္း ဗင္နီဇြဲလားႏိုင္ငံရဲ႕ ယာယီသမၼတ ႐ိုဒရီဂြက္ဇ္ ဟာ ပူးေပါင္းေဆာင္႐ြက္မႈမရွိဘူးဆိုရင္ ႀကီးမားတဲ့ ေပးဆပ္မႈမ်ိဳး ရင္ဆိုင္ရဖြယ္ရွိေနတယ္လို႔ေျပာပါ တယ္။ ဒယ္စီ႐ိုဒရီဂြက္ဇ္ဟာ (၂၀၁၈)ခုႏွစ္တည္းက ဗင္နီဇြဲလားႏိုင္ငံရဲ႕ ဒုတိယသမၼတအျဖစ္တာဝန္ယူခဲ့ သူျဖစ္ၿပီး ဗင္နီဇြဲလားသမၼတေဟာင္း ဟူဂိုခ်ားဗက္စ္ နဲ႔ သမၼတ မာဒူ႐ိုတို႔လက္ထက္မွာ အစိုးရအဖြဲ႕အတြင္း ဝန္ႀကီးေနရာအမ်ားအျပားကိုထမ္းေဆာင္ခဲ့သူျဖစ္ပါတယ္။ ၎ဟာ ဗင္နီဇြဲလားႏိုင္ငံရဲ႕ ဆက္သြယ္ေရးနဲ႔ သတင္းအခ်က္လက္ဆိုင္ရာဝန္ႀကီးအျဖစ္ (၂၀၁၃) ခုႏွစ္ကေန(၂၀၁၄)ခုႏွစ္အထိ တာဝန္ယူခဲ့ဖူးသူျဖစ္ သလို ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ (၂၀၁၄)ခုႏွစ္ကေန (၂၀၁၇)ခုႏွစ္အထိတာဝန္ယူခဲ့သူလည္းျဖစ္ပါတယ္။ ဒါ့ျပင္ ႐ိုဒရီဂြက္ဇ္ဟာ ဗင္နီဇြဲလားႏိုင္ငံရဲ႕ စြမ္းအင္ဝန္ ႀကီးအျဖစ္ (၂၀၂၄)ခုႏွစ္ကေန (၂၀၂၅)ခုႏွစ္အထိ တာဝန္ယူခဲ့သူျဖစ္သလို လႊတ္ေတာ္အႀကီးအကဲအ ျဖစ္လည္း တာဝန္ယူခဲ့သူျဖစ္ပါတယ္။
၎ဟာ ဗင္နီဇြဲလားႏိုင္ငံရဲ႕ ညီၫြတ္တဲ့ ဆိုရွယ္ လစ္ပါတီေခါင္းေဆာင္တစ္ဦးျဖစ္ၿပီး အေမရိကန္၊ က ေနဒါ၊ ဥေရာပသမဂၢအဖြဲ႕က လူအခြင့္ေရးခ်ိဳးေဖာက္ မႈေတြေၾကာင့္ ပိတ္ဆို႔မႈခ်မွတ္ခံထားရသူလည္းျဖစ္ ပါတယ္။ ဗင္နီဇြဲလားႏိုင္ငံအေပၚ အေမရိကန္ႏိုင္ငံက ျပင္းထန္တဲ့ပိတ္ဆို႔မႈခ်မွတ္ခ်ိန္အတြင္း ႏိုင္ငံရဲ႕ ေရနံ ထုတ္လုပ္မႈတိုးတက္ဖို႔နဲ႔ ႏိုင္ငံရဲ႕စီးပြားေရး တည္ၿငိမ္ ေအာင္ဦးေဆာင္ခဲ့သူလည္းျဖစ္ပါတယ္။ ဗင္နီဇြဲလား သမၼတ မာဒူ႐ိုကို အေမရိကန္ႏိုင္ငံကဖမ္းဆီးခဲ့ၿပီး ေနာက္ မၾကာမီ ႐ိုဒရီဂြက္ဇ္ဟာ ဗင္နီဇြဲလားႏိုင္ငံရဲ႕ ယာယီသမၼတအျဖစ္ ခန႔္အပ္ခံခဲ့ရသူျဖစ္ပါတယ္။ ႐ို ဒရီဂြက္ဇ္ဟာ ဗင္နီဇြဲလား အမ်ိဳးသားလႊတ္ေတာ္ဥကၠ႒ အျဖစ္တာဝန္ထမ္းေဆာင္ေနတဲ့ စိတ္ေရာဂါကုဆရာ ဝန္ ေဂ်ာ့ဂ်္ ႐ိုဒရီဂြက္ဇ္ဂိုမက္ဇ္ရဲ႕ညီမျဖစ္သလို ၎ရဲ႕ ဖခင္ျဖစ္တဲ့ ေဂ်ာ့ဂ်္အန္တိုနီယို ႐ိုဒရီဂြက္ဇ္ဟာ ဗင္နီဇြဲ လားႏိုင္ငံရွိ မာ့စ္ဝါဒ ႏိုင္ငံေရးပါတီတစ္ခုျဖစ္တဲ့ ဆို ရွယ္လစ္အဖြဲ႕ခ်ဳပ္ကို တည္ေထာင္သူတစ္ဦးလည္း ျဖစ္ပါတယ္။ ႐ိုဒရီဂြက္ဇ္ရဲ႕ဖခင္ျဖစ္သူဟာ အေမရိ ကန္အမႈေဆာင္ ဝီလ်ံဖရန႔္ကိုျပန္ေပးဆြဲရာမွာ ဦး ေဆာင္မႈအခန္းက႑ေၾကာင့္ (၁၉၇၆)ခုႏွစ္မွာ ေထာင္ခ်ခံရသူလည္းျဖစ္ပါတယ္။ ဒယ္စီ႐ိုဒရီဂြက္ဇ္ ဟာ (၁၉၉၃)ခုႏွစ္မွာ ဗင္နီဇြဲလားဗဟိုတကၠသိုလ္ (UCV) ကေနဥပေဒဘြဲ႕ရရွိခဲ့ၿပီး(UCV) မွာေက်ာင္း တက္ခ်ိန္အတြင္း ေက်ာင္းသားေခါင္းေဆာင္တစ္ဦးအျဖစ္ တက္ႂကြစြာပါဝင္ခဲ့သည္။ ゞင္းဟာ ျပင္သစ္ႏိုင္ ငံ ပါရီၿမိဳ႕မွာ အလုပ္သမားဥပေဒအထူးျပဳဘာသာရပ္နဲ႔ တက္ေရာက္ခဲ့ေပမယ့္ ဘြဲ႕မရခဲ့ပါဘူး၊ ႐ိုဒရီဂြက္ဇ္ဟာ ဗင္နီဇြဲလား ဗဟိုတကၠသိုလ္တြင္ ပါေမာကၡအျဖစ္တာ ဝန္ထမ္းေဆာင္ခဲ့သလို ဗင္နီဇြဲလား အလုပ္သမား ေရွ႕ေနမ်ားအသင္းတြင္ ဥကၠ႒တာဝန္ယူခဲ့သူလည္း ျဖစ္ပါတယ္။ ၎ဟာ (၂၀ဝ၂)ခုႏွစ္ကျဖစ္ပြားခဲ့တဲ့ ဗင္နီဇြဲလားအာဏာသိမ္းရန္ႀကိဳးပမ္းမႈအတြင္း အမ်ိဳး သားႏိုင္ငံေရးမွာ ပါဝင္ပတ္သက္လာခဲ့ၿပီး ဗင္နီဇြဲလားႏိုင္ငံရဲ႕အက်ပ္အတည္းကာလအတြင္း ဗင္နီဇြဲလား စီးပြားေရးလုပ္ငန္းရွင္ကိုဆန႔္က်င္ဆႏၵျပရာမွာ လန္ ဒန္မွာရွိေနခ်ိန္မွာပဲ ပူးေပါင္းပါဝင္ခဲ့ပါတယ္။ ၎ဟာ (၂၀ဝ၃)ခုႏွစ္ေနာက္ပိုင္းမွာ စြမ္းအင္နဲ႔သတၱဳတြင္းဝန္ ႀကီးဌာနမွာ ႏိုင္ငံတကာေရးရာဌာန ၫႊန္ၾကားေရးမႉး ျဖစ္လာခဲ့ၿပီး (၂၀ဝ၅)ခုႏွစ္မွာ ဥေရာပေရးရာဝန္ႀကီးဌာ နရဲ႕ ဒုတိယဝန္ႀကီးအျဖစ္ခန႔္အပ္ခံခဲ့ရပါတယ္။ ႐ိုဒရီ ဂြက္ဇ္ဟာ (၂၀ဝ၆)ခုႏွစ္ ေဖေဖာ္ဝါရီလကေန ဩ ဂုတ္လအထိ သမၼတ႐ုံးဝန္ႀကီးဌာနရဲ႕ ဝန္ႀကီးျဖစ္လာ ခဲ့ေပမယ့္ သမၼတ ဟူဂို ခ်ာဗက္ဇ္နဲ႔တင္းမာမႈေတြ ေၾကာင့္ ရာထူးသက္တမ္း တိုေတာင္းခဲ့ပါတယ္။ ၎ဟာ သမၼတေဟာင္း ဟူဂိုခ်ာဗက္ဇ္နဲ႔ တင္းမာတဲ့ဆက္ ဆံေရးရွိခဲ့ၿပီး သမၼတ ဟူဂိုခ်ာဗက္ဇ္ကို ေဝဖန္ျပစ္တင္ ခဲ့ဖူးသူလည္းျဖစ္ပါတယ္။ ၎ဟာ ဗင္နီဇြဲလားသမၼတ ဟူဂိုခ်ားဗက္ဇ္နဲ႔အျငင္းပြားမႈေတြရွိခဲ့ေပမယ့္ (၂၀၁၄) ခုႏွစ္မွာ ဗင္နီဇြဲလားႏိုင္ငံရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ ခန႔္အပ္ခံခဲ့ရပါတယ္။ ゞင္းဟာ ဗင္နီဇြဲလားႏိုင္ငံသမိုင္း မွာ အမ်ိဳးသမီးႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ ခန႔္အပ္ခံခဲ့ ရသူလည္းျဖစ္ပါတယ္။ ဒယ္စီ ႐ိုဒရီဂြက္ဖ္ဟာ ဗင္နီဇြဲ လားအစိုးရအဖြဲ႕အတြင္းတာဝန္ယူခ်ိန္မွာ စြမ္းေဆာင္ ရည္ေကာင္းေတြျပသႏိုင္ခဲ့တဲ့အတြက္ (၂၀၁၇)ခုႏွစ္ မွာ ဗင္နီဇြဲလား ဖြဲ႕စည္းပုံအေျခခံဥပေဒညီလာခံမွာ ဒုတိယအႀကီးအကဲအျဖစ္ေ႐ြးခ်ယ္ခံခဲ့ရသလို (၂၀၁၇) ခုႏွစ္ ဩဂုတ္လမွာ ဖြဲ႕စည္းပုံအေျခခံဥပေဒ ညီလာခံအႀကီးအကဲဥကၠ႒အျဖစ္ တာဝန္ယူခဲ့ပါ တယ္။ ၎ဟာ ဗင္နီဇြဲလားႏိုင္ငံရဲ႕သမၼတအျဖစ္ မာဒူ ႐ိုတာဝန္ယူၿပီးေနာက္ (၂၀၂၀)ျပည့္ႏွစ္မွာ စီးပြားေရး နဲ႔ဘ႑ာေရးဝန္ႀကီးအျဖစ္တာဝန္ယူဖို႔ ခန႔္အပ္ခံခဲ့ရ သူျဖစ္ပါတယ္။ ၎ဟာ ဗင္နီဇြဲလားသမၼတ မာဒူ႐ိုနဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရးရွိခဲ့ၿပီး အစိုးရအဖြဲ႕အတြင္း ဝန္ႀကီးရာထူးေတြအျပင္ ဒုတိယသမၼတရာထူးေတြကိုထမ္းေဆာင္ခဲ့သူလည္းျဖစ္ပါတယ္။ အေမရိကန္ အစိုးရက ဗင္နီဇြဲလားသမၼတ မာဒူ႐ိုကို ၿပီးခဲ့တဲ့ရက္ ပိုင္းက ဖမ္းဆီးခ်ိန္မွာလည္း ဗင္နီဇြဲလားႏိုင္ငံရဲ႕ ဖြဲ႕ စည္းပုံအေျခခံဥပေဒပုဒ္မ (၂၃၃)အရ သမၼတအာ ဏာသုံးပိုင္ခြင့္ အပ္ႏွင္းခံရသူျဖစ္ပါတယ္။ ၎ဟာ ဗင္နီဇြဲလားႏိုင္ငံကို အေမရိကန္အစိုးရက ျပင္းထန္တဲ့ ပိတ္ဆို႔မႈေတြခ်မွတ္ခ်ိန္အတြင္း ႏိုင္ငံ့စီးပြားေရး ဖြံ႕ ၿဖိဳးတိုးတက္ေအာင္ ႀကိဳးပမ္းခဲ့သူေတြထဲမွာပါဝင္ခဲ့ ပါတယ္။ Financial Times သတင္းဌာနက ဗင္နီဇြဲ လားသမၼတအျဖစ္ခန႔္အပ္ခံရတဲ့ ႐ိုဒရီဂြက္ဇ္နဲ႔ အစ္ကို ျဖစ္သူတို႔ဟာ သမၼတ မာဒူ႐ို ဖမ္းဆီးခံရၿပီးေနာက္ပိုင္း ႏိုင္ငံကိုအုပ္ခ်ဳပ္ႏိုင္ေအာင္ အေမရိကန္အစိုးရနဲ႔ေဆြး ေႏြးခဲ့တယ္လို႔ေဖာ္ျပခဲ့ပါတယ္။ ၎ဟာ သမၼတ မာဒူ ႐ိုကိုဖမ္းဆီးမယ့္အစား ျပည္ေျပးအျဖစ္ ေနထိုင္ခြင့္ျပဳ ဖို႔ေတာင္းဆိုခဲ့သူေတြထဲမွာ ပါဝင္ခဲ့တယ္လို႔ သိရပါ တယ္။ ဗင္နီဇြဲလားစစ္တပ္က လက္ရွိအခ်ိန္မွာ ဒယ္စီ ႐ိုဒရီဂြက္ဇ္ကို ယာယီသမၼတအျဖစ္ အသိမွတ္ျပဳတယ္ လို႔ သတင္းထုတ္ျပန္ထားသလို ႏိုင္ငံကို ပုံမွန္အတိုင္း ျပန္လည္လုပ္ေဆာင္ဖို႔ေတာင္းဆိုထားပါတယ္။ ၎ဟာ အေမရိကန္အစိုးရရဲ႕ဖမ္းဆီးျခင္းခံရတဲ့ သမၼတ မာဒူ႐ိုရဲ႕သားျဖစ္သူရဲ႕ ေထာက္ခံမႈကို လက္ရွိအခ်ိန္မွာ ရရွိထားတယ္လို႔သိရပါတယ္။ ဒယ္စီ႐ိုဒရီဂြက္ဇ္ဟာ ယာယီသမၼတအျဖစ္ခန႔္အပ္ခံရၿပီးေနာက္ အေမရိ ကန္အစိုးရကို အစြန္းေရာက္အစိုးရအျဖစ္စြပ္စြဲထား ၿပီး အေမရိကန္အစိုးရနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈ ရွိ မရွိ ဆိုတာကို အတိအက်ေျပာဆိုျခင္းမ်ိဳးမရွိေသးပါဘူး၊ ၎က " အေမရိကန္နဲ႔ ဗင္နီဇြဲလားအၾကား မွ်တၿပီး ေလးစားမႈရွိတဲ့ဆက္ဆံေရးဆီကို ဦးတည္လုပ္ေဆာင္ မယ္။ မွ်ေဝဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ရည္႐ြယ္တဲ့ ပူးေပါင္းေဆာင္႐ြက္မႈအတြက္ အစီအစဥ္တစ္ခုမွာ အတူတကြလုပ္ေဆာင္ဖို႔ အေမရိကန္အစိုးရကို ဖိတ္ ေခၚပါတယ္"လို႔ေျပာပါတယ္။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ဟာ ဒယ္စီ႐ိုဒရီဂြက္ဇ္ကို ယာယီသမၼတ အျဖစ္မေ႐ြးခ်ယ္မီရက္ပိုင္းအလိုက ဒယ္စီ႐ိုဒရီဂြက္ဇ္ ဟာ ပူးေပါင္းေဆာင္႐ြက္မႈမရွိဘူးဆိုရင္ သမၼတ ေဟာင္း မာဒူ႐ိုထက္ ပိုမိုဆိုး႐ြားမႈေတြနဲ႔ရင္ဆိုင္ရ မယ္လို႔ သတိေပးခဲ့ပါတယ္။
အေမရိကန္အစိုးရက ယာယီသမၼတ ဒယ္စီ႐ိုဒရီ ဂြက္ဇ္အေနနဲ႔ ဖမ္းဆီးခံရတဲ့ သမၼတ မာဒူ႐ိုလိုမ်ိဳး မရင္ဆိုင္လိုဘူးဆိုရင္ အခ်က္သုံးခ်က္ကို လိုက္နာ ရမယ္လို႔ သတိေပးထားပါတယ္။ အေမရိကန္အစိုးရ က ယာယီသမၼတ ႐ိုဒရီဂြက္ဇ္အေနနဲ႔ မူးယစ္ေဆးဝါး လုပ္ငန္းေတြကိုႏွိမ္နင္းဖို႔၊ အီရန္၊ က်ဴးဘားအပါအဝင္ အေမရိကန္ႏိုင္ငံကိုရန္လိုေနတဲ့ ႏိုင္ငံေတြနဲ႔မဆက္ဆံ ဖို႔၊ အေမရိကန္အစိုးရကိုရန္လိုေနတဲ့ႏိုင္ငံေတြထံ ေရနံမေရာင္းခ်ဖို႔ ထပ္မံသတိေပးထားတယ္လို႔ သိရ ပါတယ္။
၎ဟာ ယာယီသမၼတအျဖစ္တာဝန္ယူခြင့္ရ ထားေပမယ့္ အေမရိကန္အစိုးရရဲ႕ဖမ္းဆီးျခင္းခံထား ရတဲ့ မာဒူ႐ိုက ႏိုင္ငံရဲ႕သမၼတျဖစ္တယ္လို႔ ယာယီ သမၼတအျဖစ္က်မ္းသစၥာက်ိန္ဆိုခ်ိန္အတြင္း ထည့္ သြင္းေျပာဆိုခဲ့ပါတယ္။ ဗင္နီဇြဲလား ယာယီသမၼတက " နီကိုလပ္မာဒူ႐ိုဟာ ကြၽန္မတို႔ႏိုင္ငံရဲ႕ တစ္ဦးတည္း ေသာသမၼတျဖစ္ပါတယ္။ ဗင္နီဇြဲလားအေပၚလုပ္ ေဆာင္ေနတာေတြဟာ ႏိုင္ငံတကာဥပေဒကိုခ်ိဳး ေဖာက္တဲ့ ရက္စက္ၾကမ္းၾကဳတ္မႈတစ္ခုပါပဲ"လို႔ ေျပာ ဆိုထားပါတယ္။ အေမရိကန္အစိုးရဟာ ဗင္နီဇြဲလား ယာယီသမၼတလက္ထက္မွာ ဗင္နီဇြဲလားႏိုင္ငံနဲ႔ ပူး ေပါင္းေဆာင္႐ြက္မယ္လို႔ေျပာဆိုထားသလို ၎တို႔ ေတာင္းဆိုမႈေတြကိုလက္မခံဘူးဆိုရင္ အေရးယူမယ္ လို႔သတိေပးထားရာ ဒယ္စီ႐ိုဒရီဂြက္ဇ္ဟာ အေမရိကန္ႏိုင္ငံနဲ႔ဆက္ဆံေရးကို ဘယ္လိုကိုင္တြယ္မလဲ ဆိုတာ ေစာင့္ၾကည့္ရဖြယ္ရွိေနပါတယ္။ ဗင္နီဇြဲလား ႏိုင္ငံဟာ အေမရိကန္အပါအဝင္ အေနာက္အုပ္စုႏိုင္ငံ ေတြရဲ႕ ျပင္းထန္တဲ့ပိတ္ဆို႔မႈကိုရင္ဆိုင္ေနရတဲ့ လက္ ရွိအခ်ိန္မွာေတာင္ တစ္ရက္ကို ေရနံစည္ေပါင္း တစ္သန္းခန႔္ထုတ္လုပ္ထားႏိုင္သလို အရန္ေရနံစည္ ေပါင္း ဘီလ်ံ (၃၃၀)ေက်ာ္ရွိေနပါတယ္။ ဒယ္စီ ႐ိုဒရီ ဂြက္ဇ္ဟာ ဗင္နီဇြဲလားႏိုင္ငံရဲ႕အႀကီးအကဲအျဖစ္ တာ ဝန္ယူခ်ိန္အတြင္း ႏိုင္ငံရဲ႕ေရနံလုပ္ငန္းကို ပိုမိုေကာင္း မြန္ေအာင္လုပ္ေဆာင္မလားဆိုတာ ေစာင့္ၾကည့္ရ ဖြယ္ရွိေနပါတယ္။ ဗင္နီဇြဲလားႏိုင္ငံဟာ အေမရိကန္ ႏိုင္ငံရဲ႕ၿပိဳင္ဘက္ႏိုင္ငံေတြျဖစ္တဲ့ တ႐ုတ္၊ ႐ုရွားႏိုင္ငံ တို႔နဲ႔ မဟာမိတ္ဆက္ဆံေရးရွိေနရာ ယာယီသမၼတ ဒယ္စီ႐ိုဒရီဂြက္ဇ္လက္ထက္မွာ ႐ုရွား၊ တ႐ုတ္ႏိုင္ငံတို႔ နဲ႔ဆက္ဆံေရးကို ယခင္ထက္ပိုမိုေကာင္းမြန္ေအာင္တည္ေဆာက္မွာလား ဒါမွမဟုတ္ အေမရိကန္ႏိုင္ငံနဲ႔ ဆက္ဆံေရးကို ပိုမိုေကာင္းမြန္ေအာင္လုပ္ေဆာင္မွာလားဆိုတာ ေစာင့္ၾကည့္ရဖြယ္ရွိေနပါတယ္။ ဒယ္စီ႐ို ဒရီဂြက္ဇ္ဟာ ယာယီသမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆို ခ်ိန္မွာေတာ့ သမၼတမာဒူ႐ိုကိုဖမ္းဆီးခဲ့တဲ့ အေမရိကန္ ႏိုင္ငံကို ေဝဖန္ျပစ္တင္မႈ ယခင္ကလိုမ်ိဳး လုပ္ေဆာင္ ျခင္းမရွိေတာ့ဘဲ အေမရိကန္နဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ လမ္းဖြင့္ထားတယ္လို႔ဆိုခဲ့ပါတယ္။ ဗင္နီဇြဲလားႏိုင္ငံရဲ႕ လက္ရွိကံၾကမၼာဟာ ယာယီသမၼတ ဒယ္စီ ႐ိုဒရီဂြက္ဇ္ ရဲ႕လက္ထဲမွာရွိေနၿပီ ၎ရဲ႕ပဲ့ကိုင္မႈေတြဟာ ေကာင္း မြန္မႈရွိမယ္ဆိုရင္ ႏိုင္ငံဟာ ယခင္ထက္ ပိုမိုတိုးတက္ ေကာင္းမြန္လာဖြယ္ရွိေနၿပီး ပဲ့ကိုင္ထိန္းေက်ာင္းမႈ မေကာင္းသလို အေမရိကန္ႏိုင္ငံနဲ႔ ထိပ္တိုက္ေတြ႕ဆုံေရးကိုဦးတည္မယ္ဆိုရင္ ဗင္နီဇြဲလားႏိုင္ငံ အနာ ဂတ္နဲ႔ ယာယီသမၼတရဲ႕အနာဂတ္ဟာ ေကာင္းမြန္မွာ မဟုတ္ပါဘူး၊ မည္သို႔ပင္ဆိုေနေစကာမူ အသက္ (၅၆)ႏွစ္အ႐ြယ္ရွိ ဒယ္စီ႐ိုဒရီဂြက္ဇ္ဟာ ဗင္နီဇြဲလား ႏိုင္ငံရဲ႕ ယာယီသမၼတအျဖစ္တာဝန္ယူခ်ိန္အတြင္း ဘယ္လိုမ်ိဳးစြမ္းေဆာင္ရည္ေကာင္းေတြနဲ႔ သံတမန္ ဆက္ဆံေရးကို တည္ေဆာက္မလဲဆိုတာ ေစာင့္ၾကည့္ရဖြယ္ရွိေနပါတယ္။

Related news

© 2021. All rights reserved.