ကသာမြို့အတွင်း ပြန်ဝင်မည့် မြို့ခံများကို PDF က သေနတ်ပစ်ဖောက်ပြီး ကျည်ဖိုးတောင်းနေ

148

သန့်ဇင် (NP News) - ဇန်နဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ကသာမြို့အတွင်းသို့ ဧရာဝတီမြစ်ကိုဖြတ်သန်းကာ ပြန်လည်ဝင်ရောက်မည့် မြို့ခံများကို PDF က သေနတ်ပစ်ဖောက်ကာ ကျည်ဖိုးတောင်းနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက NP News သို့ပြောသည်။
ပြီးခဲ့သည့် (၂၀၂၅) ခုနှစ် ဒီဇင်ဘာလ (၂၉) ရက်က KIA ၊ PDF တို့ဖော်ဆောင်ခဲ့သည့် တိုက်ပွဲကြောင့် ကသာမြို့မှဒေသခံများစွာသည် ဗန်း မော်၊ အင်းတော်၊ မိုင်းညှင်းနှင့် ထီးချိုင့်ဘက်သို့လည်း ကောင်း ဧရာဝတီမြစ်ကူးကာ ရှမ်းပြည်ဘက်သို့လည်းကောင်း နေရပ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ရ ကြောင်း သိရသည်။
လက်ရှိတွင် ကသာမြို့အတွင်း တိုက်ပွဲများ ဖြစ်ပွားနှုန်းလျော့နည်းလာသည့်အတွက် နေရပ်စွန့် ခွာနေသူများပြန်လည်ဝင်ရောက်နေကြရာ ဧရာဝတီ မြစ်တစ်ဖက်ကမ်း ကျန်တောကျေးရွာမှ လှေသမ္ဗန် များဖြင့် ဝင်ရောက်ရသူများလည်းရှိနေကြောင်း သိရသည်။
ထိုသို့ လှေသမ္ဗန်ဖြင့် ဝင်ရောက်သူများ ကို PDF အဖွဲ့က ကျန်တောကျေးရွာဘက်မှ သေနတ်ပစ်ဖောက်တားဆီးခြင်း၊ ကမ်းမကပ်ပါက ပစ်ခတ်ခြင်းနှင့် ကမ်းကပ်လျှင် ပစ်ဖောက်ရသည့် ကျည်ဆန်တန်ဖိုးကို ပြန်လည်ပေးလျော်ခိုင်းခြင်းများ ကိုလုပ်ဆောင်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
" အရှေ့ဘက်ကမ်းကနေပြန်ဝင်တဲ့အချိန် မှာ စက်လှေတွေကို ဟိုဘက်ကမ်းကနေခေါ်တယ်။ ခေါ်ပြီးတော့ သေနတ် (၃) ချက် ဖောက်တယ်။ ကမ်းမကပ်ပေးရင် သေအောင် လက်နက်နဲ့ထုတယ်။ ကမ်းကပ်ပေးရင်လည်း ဖောက်လိုက်တဲ့ကျည်ရဲ့ တန်ဖိုးကို ပြန်တောင်းတယ်။ လူတွေကိုရိုက်တယ်။ ကသာကိုလည်းပြန်အဝင်မခံဘူး" ဟု ၎င်းကပြော သည်။
ထို့ပြင် ဗန်းမော်-ကသာကားလမ်းမှ ပြန်လည်ဝင်ရောက်လိုသူ ကသာမြို့ခံများကိုလည်း ပြန်လည်ဝင်ရောက်ခွင့်မပေးဘဲ ပြန်လည်ပြောဆို သည့် ဒေသခံများကို ဖမ်းဆီးခြင်းများလုပ်ဆောင် နေကြောင်းလည်း ၎င်းကဆိုသည်။
" ကုန်းလမ်းက ပြန်ဝင်တဲ့လူတွေကိုလည်း ကလန်ကဆန်လုပ်ရင်ဖမ်းတယ်။ ပေးမဝင်ဘူး။ နောက်ပြီး ထီးချိုင့်ဘက်က ကျောက်ပုံ၊ ကလုံဘက်မှာ လည်း အဲဒီလိုပဲ။ အရွယ်ကောင်းတွေကိုဖမ်းတယ်။ ဝန်ထမ်းတွေကတော့ ထွက်လို့ကိုမရတာ။ တွေ့တာနဲ့ ဖမ်းတာပဲ။ အင်းတော်ဘက်ကလည်း ဒီလိုပဲ။ အင်း တော်ကနေ မိုးညှင်းကိုလည်း ရှောင်တဲ့လူများ တယ်" ဟု ၎င်းကဆိုသည်။
ထို့ပြင် မြို့တွင်းစစ်ရှောင်များ၏ နေအိမ် များသည်လည်း ခိုးဆိုးလုယက်သူများ၏ အသည်း အသန် ဖောက်ထွင်းမှုများလုပ်ဆောင်ခံနေရကြောင်း သိရသည်။
" အခုကတော့ ရှိသမျှအိမ်တွေကို အကုန်လိုက်ဖောက်နေတာ။ သူခိုးတွေ မိန်းမတွေပါ တယ်။ (၃) ဘီးတွေပါပါတယ်။ ခံရတာက ပြည်သူတွေ ပေါ့။ ရှောင်တဲ့လူတွေက တချို့ဆို အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့။ အထက်ပိုင်းက တအားအေးတယ်လေ။ အဲဒီမှာ အသက်ကြီးတဲ့လူတွေက အခုနာမကျန်းဖြစ် ပြီးသေတဲ့လူတွေရှိတယ်တဲ့။ စိတ်ထိခိုက်လို့ သေတာ လားပေါ့နော်"ဟု အခြားသော ဒေသခံတစ်ဦးက ပြောသည်။

Zawgyi Version:
ကသာၿမိဳ႕အတြင္း ျပန္ဝင္မည့္ ၿမိဳ႕ခံမ်ားကို PDF က ေသနတ္ပစ္ေဖာက္ၿပီး က်ည္ဖိုးေတာင္းေန
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၁၅
စစ္ကိုင္းတိုင္းေဒသႀကီး(အထက္ပိုင္း)၊ ကသာၿမိဳ႕အတြင္းသို႔ ဧရာဝတီျမစ္ကိုျဖတ္သန္းကာ ျပန္လည္ဝင္ေရာက္မည့္ ၿမိဳ႕ခံမ်ားကို PDF က ေသနတ္ပစ္ေဖာက္ကာ က်ည္ဖိုးေတာင္းေနေၾကာင္း ေဒသခံအမ်ိဳးသားတစ္ဦးက NP News သို႔ေျပာသည္။
ၿပီးခဲ့သည့္ (၂၀၂၅) ခုႏွစ္ ဒီဇင္ဘာလ (၂၉) ရက္က KIA ၊ PDF တို႔ေဖာ္ေဆာင္ခဲ့သည့္ တိုက္ပြဲေၾကာင့္ ကသာၿမိဳ႕မွေဒသခံမ်ားစြာသည္ ဗန္း ေမာ္၊ အင္းေတာ္၊ မိုင္းညႇင္းႏွင့္ ထီးခ်ိဳင့္ဘက္သို႔လည္း ေကာင္း ဧရာဝတီျမစ္ကူးကာ ရွမ္းျပည္ဘက္သို႔လည္းေကာင္း ေနရပ္စြန႔္ခြာ စစ္ေဘးေရွာင္ခဲ့ရ ေၾကာင္း သိရသည္။
လက္ရွိတြင္ ကသာၿမိဳ႕အတြင္း တိုက္ပြဲမ်ား ျဖစ္ပြားႏႈန္းေလ်ာ့နည္းလာသည့္အတြက္ ေနရပ္စြန႔္ ခြာေနသူမ်ားျပန္လည္ဝင္ေရာက္ေနၾကရာ ဧရာဝတီ ျမစ္တစ္ဖက္ကမ္း က်န္ေတာေက်း႐ြာမွ ေလွသမၺန္ မ်ားျဖင့္ ဝင္ေရာက္ရသူမ်ားလည္းရွိေနေၾကာင္း သိရသည္။
ထိုသို႔ ေလွသမၺန္ျဖင့္ ဝင္ေရာက္သူမ်ား ကို PDF အဖြဲ႕က က်န္ေတာေက်း႐ြာဘက္မွ ေသနတ္ပစ္ေဖာက္တားဆီးျခင္း၊ ကမ္းမကပ္ပါက ပစ္ခတ္ျခင္းႏွင့္ ကမ္းကပ္လွ်င္ ပစ္ေဖာက္ရသည့္ က်ည္ဆန္တန္ဖိုးကို ျပန္လည္ေပးေလ်ာ္ခိုင္းျခင္းမ်ား ကိုလုပ္ေဆာင္ေနေၾကာင္း ေဒသခံတစ္ဦးက ေျပာသည္။
" အေရွ႕ဘက္ကမ္းကေနျပန္ဝင္တဲ့အခ်ိန္ မွာ စက္ေလွေတြကို ဟိုဘက္ကမ္းကေနေခၚတယ္။ ေခၚၿပီးေတာ့ ေသနတ္ (၃) ခ်က္ ေဖာက္တယ္။ ကမ္းမကပ္ေပးရင္ ေသေအာင္ လက္နက္နဲ႔ထုတယ္။ ကမ္းကပ္ေပးရင္လည္း ေဖာက္လိုက္တဲ့က်ည္ရဲ႕ တန္ဖိုးကို ျပန္ေတာင္းတယ္။ လူေတြကို႐ိုက္တယ္။ ကသာကိုလည္းျပန္အဝင္မခံဘူး" ဟု ၎ကေျပာ သည္။
ထို႔ျပင္ ဗန္းေမာ္-ကသာကားလမ္းမွ ျပန္လည္ဝင္ေရာက္လိုသူ ကသာၿမိဳ႕ခံမ်ားကိုလည္း ျပန္လည္ဝင္ေရာက္ခြင့္မေပးဘဲ ျပန္လည္ေျပာဆို သည့္ ေဒသခံမ်ားကို ဖမ္းဆီးျခင္းမ်ားလုပ္ေဆာင္ ေနေၾကာင္းလည္း ၎ကဆိုသည္။
" ကုန္းလမ္းက ျပန္ဝင္တဲ့လူေတြကိုလည္း ကလန္ကဆန္လုပ္ရင္ဖမ္းတယ္။ ေပးမဝင္ဘူး။ ေနာက္ၿပီး ထီးခ်ိဳင့္ဘက္က ေက်ာက္ပုံ၊ ကလုံဘက္မွာ လည္း အဲဒီလိုပဲ။ အ႐ြယ္ေကာင္းေတြကိုဖမ္းတယ္။ ဝန္ထမ္းေတြကေတာ့ ထြက္လို႔ကိုမရတာ။ ေတြ႕တာနဲ႔ ဖမ္းတာပဲ။ အင္းေတာ္ဘက္ကလည္း ဒီလိုပဲ။ အင္း ေတာ္ကေန မိုးညႇင္းကိုလည္း ေရွာင္တဲ့လူမ်ား တယ္" ဟု ၎ကဆိုသည္။
ထို႔ျပင္ ၿမိဳ႕တြင္းစစ္ေရွာင္မ်ား၏ ေနအိမ္ မ်ားသည္လည္း ခိုးဆိုးလုယက္သူမ်ား၏ အသည္း အသန္ ေဖာက္ထြင္းမႈမ်ားလုပ္ေဆာင္ခံေနရေၾကာင္း သိရသည္။
" အခုကေတာ့ ရွိသမွ်အိမ္ေတြကို အကုန္လိုက္ေဖာက္ေနတာ။ သူခိုးေတြ မိန္းမေတြပါ တယ္။ (၃) ဘီးေတြပါပါတယ္။ ခံရတာက ျပည္သူေတြ ေပါ့။ ေရွာင္တဲ့လူေတြက တခ်ိဳ႕ဆို အဝတ္တစ္ထည္ ကိုယ္တစ္ခုနဲ႔။ အထက္ပိုင္းက တအားေအးတယ္ေလ။ အဲဒီမွာ အသက္ႀကီးတဲ့လူေတြက အခုနာမက်န္းျဖစ္ ၿပီးေသတဲ့လူေတြရွိတယ္တဲ့။ စိတ္ထိခိုက္လို႔ ေသတာ လားေပါ့ေနာ္"ဟု အျခားေသာ ေဒသခံတစ္ဦးက ေျပာသည္။