ကမ္ဘောဒီးယားက ကျားဖျန့်ရာဇာကို တရုတ်ထံလွှဲပြောင်းပေးခြင်းမှာ အမေရိကန်၏ အရူးကွက်နင်းမှုကို အထုပ်ဖြေရာရောက်ရှိနေ (အတွေးအမြင် ဆောင်းပါး)

268

HtayOung (NP News)-ဇန်နဝါရီ ၁၅
ကျားဖျန့် ငွေလိမ်ဂိုဏ်းကြီးကို နောက်ကွယ်ကြိုးကိုင်သူအဖြစ် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ချန်းကျီ ခေါ် ဗင်း ဆင့်ချန်းကျီကို လွန်ခဲ့တဲ့ ဇန်နဝါရီ ၆-ရက်နေ့မှာ ကမ္ဘောဒီးယားအစိုးရက ဖမ်းဆီးပြီး တရုတ်နိုင်ငံထံ တရားခံအ ဖြစ် ချက်ချင်း လွှဲပြောင်းပေးခဲ့ပါတယ်။ ဖနွမ်းပင်ရဲ့ လုပ်ရပ်ဟာ ချန်းကျီရဲ့ မသမာငွေများကို သိမ်းဆည်းတယ် လို့ ဒေါ်လာ ၁၄ ဘီလီယံခန့် ဧရာမ ငွေထုပ်ကြီးကို ရင်ဝယ်ပိုက်ထားသူ အမေရိကန်နဲ့ တရုတ်တို့အကြား အဓိ က အငြင်းပွားမှုတစ်ရပ်ကို အစဆွဲထုတ်သလို ဖြစ်သွားရတယ်လို့ ဟောင်ကောင်အခြေစိုက် “ဒင်းဆမ်းဒေးလီး” (11 January 2026) က ရေးပါတယ်။
အမေရိကန်ရဲ့အဆိုအရ အဲ့ဒီလောက် တန်ဖိုးရှိတဲ့ ဘစ်ကွိုင်ယူနစ်ပေါင်း ၁၂၇,၀၀၀ ဟာ ချန်းကျီရဲ့ အွန်လိုင်း လိမ်လည်မှု ကွန်ရက်များနဲ့ ဆက်နွယ်နေတဲ့ ခဝါချငွေကြေးများဖြစ်ကြောင်း၊ အမေရိကန်သမိုင်းတလျောက် ပမာဏအများဆုံး ခရက်ပ်တိုငွေကြေးအဖြစ် တရားဝင်သိမ်းဆည်းခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အမေရိကန်ရဲ့ သတင်းထုတ်ပြန်ချက်ဟာ တရုတ်ရဲ့အမြင်မှာ အတော်သံသယဖြစ်စရာကောင်းနေ ပါတယ်။ အမေရိကန်ပြောနေတဲ့ ဘစ်ကွိုင် ယူနစ်အရေအတွက်ဟာ တရုတ်နဲ့ အီရန်အခြေစိုက် “လူဘီယန် ပူးလ်” ခေါ် ခရက်ပ်တိုငွေကြေးပလက်ဖောင်းတစ်ခုမှ ၂၀၂၀ ခုနှစ်မှာ ဖောက်ထွင်းခိုးယူခံခဲ့ရတဲ့ ဘစ်ကွိုင်ပမာ ဏနဲ့ အတိအကျ တူညီနေတယ်လို့ တရုတ်ဆိုက်ဘာကျွမ်းကျင်သူများက မှတ်ချက်ပေးပါတယ်။
ဖောက်ထွင်းခိုးယူခံရတဲ့ အဲ့ဒီ ဒစ်ဂျစ်တယ်ငွေကြေးတွေဟာ လေးနှစ်နီးပါခန့် လူမသိ သူမသိ တိမ်မြုပ်နေခဲ့ပါ တယ်။ ၂၀၂၄ ခုနှစ်လယ်ပိုင်း တစ်ဖန် ပြန်ပေါ်လာတဲ့အခါမှာတော့ အမေရိကန်အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ဖြစ်နေတယ်လို့ ဘလော့ခ်ချိန်း လေ့လာသူများက တွေ့ရှိပါတယ်။ အဲ့ဒီနောက် ကျားဖျန့်ရာဇာ ချန်းကျီက အမေရိကန်ပြည်သူများထံမှ လိမ်လည်ရယူထားငွေများအဖြစ် တံဆိပ်ကပ်လိုက်ခြင်းဖြစ်တယ်လို့ တရုတ်ဘက်က စောဒကတက်စရာ ရှိနေပါတယ်။
ချန်းကျီပိုင် ဘစ်ကွိုင်တွေလို့ ပြောရအောင် အမေရိကန်အနေနဲ့ အဲ့ဒီ ဘစ် ကွိုင်တွေကို လက်လွှဲရယူနိုင်ဖို့ လျှို့ဝှက်ကီးနံပါတ် (private keys) တွေကို ဘယ်အချိန် ဘယ်လိုရရှိခဲ့ပါသလဲ၊ ကီးနံပါတ်ကို သိတဲ့ ချန်းကျီကို ယခုထိ သူတို့ကိုယ်တိုင် ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ ထောက်ပြကြပါတယ်။ ရှင်းရှင်းပြောရရင် ဆိုက်ဘာ ဖောက်ထွင်းခိုးယူမှုများဖြစ်ပွားတိုင်း တရုတ်နဲ့ မြောက်ကိုရီးယားကို လက်ညှိုးထိုးလေ့ရှိသူ အမေရိကန်ဟာ ဒီကိစ္စမှာ အစိုးရအဆင့် ပါဝင်ပတ်သက်ရာ ရောက်ရှိနေပါတယ်။
ဒီကိစ္စဟာ ရာဇဝတ်သားတွေဘက်က ရှေ့နေလိုက်နေတာတော့ မဟုတ်ဘူးလို့ တရုတ်တက်ကြွလှုပ်ရှားသူများ က ပြောပါတယ်။ ရာဇဝတ်သားရဲ့ ဘယ်လိုပိုင်ဆိုင်မှုမျိုးကို မဆို သိမ်းဆည်းခြင်းဟာ ကန့်သတ်ချက်များကို လိုက်နာရန် လိုအပ်ကြောင်း၊ အထူးသဖြင့် တရားဥပဒေစိုးမိုးရေး ကမ္ဘာ့မီးရှူးတန်ဆောင်အဖြစ် ကြွေးကြော်နေ တဲ့ အမေရိကန်အနေနဲ့ ပွင့်လင်းမြင်သာမှု သင့်လျော်တဲ့ တရားရုံးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဖော်ပြသင့် ကြောင်း၊ ချန်းကျွီရဲ့ ဘစ်ကွိုင်တွေလို့ ဘယ်လို ဘယ်အချက်ကြောင့် စွပ်စွဲရကြောင်း၊ ဒါမှမဟုတ် ကမ္ဘောဒီးယား နဲ့ အခြားနေရာများမှာ အခြေစိုက်ပြီး အမေရိကန်ပြည်သူများထံမှ ဘယ်ပုံဘယ်နည်း လိမ်လည်ရယူထားလို့ သိမ်းဆည်းရခြင်းဖြစ်ကြောင်း သက်သေပြချက်လည်း မပါဝင်ဘူးလို့ ဝေဖန်ကြပါတယ်။
ယခု အသက် ၃၈-နှစ်အရွယ် ချန်းကျွီဟာ ဖူကျန်းမှာ မွေးဖွားခဲ့တဲ့ တရုတ်နိုင်ငံသား စီးပွားရေးသမားတစ်ဦးဖြစ် တယ်လို့ MSS တရုတ်ထောက်လှမ်းရေးက ပြောပါတယ်။ ၂၀၁၁-ခုနှစ် ဖနွမ်းပင်မှာ “ပရင့်စ်ဟိုးလ်ဒင်း ဂရု” ကို တည်ထောင်ရင်း ကမ္ဘောဒီးယား နိုင်ငံသား ခံယူခဲ့ကြောင်း၊ အိမ်ခြံမြေ ဈေးကွက်ရင်းနှီးမြှုပ်နှံသူ-ဘဏ်လုပ်ငန်း-ဘဏ္ဍာရေးနဲ့ ခရီးသွားလုပ်ငန်းများကို ဟန်ပြလုပ်ကိုင်ရင်း အွန်လိုင်းလိမ်လည်နည်းအမျိုးမျိုးနဲ့ တရုတ်ပြည်မ ကြီးနေ တရုတ်လူမျိုးအများအပြားထံမှ ယွမ်ငွေ သန်းပေါင်းများစွာကို လိမ်လည်ရယူခဲ့ကြောင်း၊ ချန်းကျွီရဲ့ လုပ် ရပ်တွေကို တရုတ်ရဲတပ်ဖွဲ့ဟာ ၂၀၂၀- ခုနှစ်ကတည်းက စုံစမ်းစစ်ဆေးခဲ့ပြီး ၂၀၂၂-ခုနှစ်မှာ ဖမ်းဝရမ်းထုတ်ခဲ့ ကြောင်း၊
ဒီကိစ္စမှာ လိမ်လည်သူရော အလိမ်ခံရသူများပါ တရုတ်နိုင်ငံသားများဖြစ်နေတဲ့အတွက် တရုတ်နိုင်ငံရဲ့ တရားစီ ရင်ပိုင်ခွင့်အတွင်း ကျရောက်ကြောင်း၊ ပေကျင်းရဲ့တောင်းဆိုချက်အရ ကမ္ဘောဒီးယားက ဖမ်းဆီးပြီး တရုတ်နိုင်ငံ ထံ ပြန်ပို့ပေးခဲ့ကြောင်း၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုအမျိုးမျိုးနဲ့ ဧရာမ မဟာလိမ်လည်မှုအတွက် တရုတ်ဥပဒေ အရ တရားစွဲဆိုခြင်းခံနေရကြောင်း၊ ချန်းကျီကို ဖမ်းဆီးထားသူမှာ တရုတ်အစိုးရဖြစ်ပြီး ချန်းကျွီအလိမ်ခံရသူ များကို နစ်နာငွေများ ပြန်လည်ပေးအပ်ရန် တာဝန်ရှိသူမှာ တရုတ်အစိုးရဖြစ်တယ်လို့ ဒင်းဆမ်းဆောင်းပါးရှင်က ရေးပါတယ်။
ယခုဖြစ်ရပ်ဟာ နိုင်ငံဖြတ်ကျော် ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများကို ဘယ်လိုကိုင်တွယ်ဆောင်ရွက်သင့်ကြောင်း တစ်ကမ္ဘာလုံးနဲ့ ပတ်သက်ပြီး ပိုမိုကြီးမားတဲ့ ပြဿနာတစ်ရပ်ကို မီးမောင်းထိုးပြနေပါတယ်။ နိုင်ငံအသီးသီးရဲ့ အချုပ်အခြာအာဏာ၊ တရားမျှတမှုနဲ့ အင်အားကြီးနိုင်ငံဆိုသူများက အခြားသူများ မျှော်လင့်ထားတဲ့အတိုင်း တူညီသော ဥပဒေစံနှုန်းများကို လိုက်နာနေခြင်း ရှိ-မရှိ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။
.
( ဒီသတင်းနဲ့ ဆက်စပ်ပြီး NLD အစိုးရလက်ထက် လွှတ်တော်ကို အသိမပေးပဲ အမေရိကန်ထံ ရောက်ရှိသွားတဲ့ မြန်မာပြည်သူတို့ရဲ့ ဘဏ္ဍာငွေ ဒေါ်လာ ၁-ဘီလီယံကိစ္စမှာ ဘယ်လို ရည်ရွယ်ချက်နဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှုမျိုးဖြစ်ကြောင်း စဉ်းစားစရာဖြစ်လာပါတယ်)
.

Zawgyi Version:
ကေမာၻဒီးယားက က်ားဖ်န႔္ရာဇာကို တ႐ုတ္ထံလႊဲေျပာင္းေပးျခင္းမွာ အေမရိကန္၏ အ႐ူးကြက္နင္းမႈကို အထုပ္ေျဖရာေရာက္ရွိေန
(အေတြးအျမင္ ေဆာင္းပါး)
HtayOung (NP News)-ဇန္နဝါရီ ၁၅
က်ားဖ်န႔္ ေငြလိမ္ဂိုဏ္းႀကီးကို ေနာက္ကြယ္ႀကိဳးကိုင္သူအျဖစ္ နာမည္ဆိုးနဲ႔ေက်ာ္ၾကားတဲ့ ခ်န္းက်ီ ေခၚ ဗင္း ဆင့္ခ်န္းက်ီကို လြန္ခဲ့တဲ့ ဇန္နဝါရီ ၆-ရက္ေန႔မွာ ကေမာၻဒီးယားအစိုးရက ဖမ္းဆီးၿပီး တ႐ုတ္ႏိုင္ငံထံ တရားခံအ ျဖစ္ ခ်က္ခ်င္း လႊဲေျပာင္းေပးခဲ့ပါတယ္။ ဖႏြမ္းပင္ရဲ႕ လုပ္ရပ္ဟာ ခ်န္းက်ီရဲ႕ မသမာေငြမ်ားကို သိမ္းဆည္းတယ္ လို႔ ေဒၚလာ ၁၄ ဘီလီယံခန႔္ ဧရာမ ေငြထုပ္ႀကီးကို ရင္ဝယ္ပိုက္ထားသူ အေမရိကန္နဲ႔ တ႐ုတ္တို႔အၾကား အဓိ က အျငင္းပြားမႈတစ္ရပ္ကို အစဆြဲထုတ္သလို ျဖစ္သြားရတယ္လို႔ ေဟာင္ေကာင္အေျခစိုက္ “ဒင္းဆမ္းေဒးလီး” (11 January 2026) က ေရးပါတယ္။
အေမရိကန္ရဲ႕အဆိုအရ အဲ့ဒီေလာက္ တန္ဖိုးရွိတဲ့ ဘစ္ကြိဳင္ယူနစ္ေပါင္း ၁၂၇,၀၀၀ ဟာ ခ်န္းက်ီရဲ႕ အြန္လိုင္း လိမ္လည္မႈ ကြန္ရက္မ်ားနဲ႔ ဆက္ႏြယ္ေနတဲ့ ခဝါခ်ေငြေၾကးမ်ားျဖစ္ေၾကာင္း၊ အေမရိကန္သမိုင္းတေလ်ာက္ ပမာဏအမ်ားဆုံး ခရက္ပ္တိုေငြေၾကးအျဖစ္ တရားဝင္သိမ္းဆည္းခဲ့ရတယ္လို႔ ဆိုပါတယ္။
ဒါေပမယ့္ အေမရိကန္ရဲ႕ သတင္းထုတ္ျပန္ခ်က္ဟာ တ႐ုတ္ရဲ႕အျမင္မွာ အေတာ္သံသယျဖစ္စရာေကာင္းေန ပါတယ္။ အေမရိကန္ေျပာေနတဲ့ ဘစ္ကြိဳင္ ယူနစ္အေရအတြက္ဟာ တ႐ုတ္နဲ႔ အီရန္အေျခစိုက္ “လူဘီယန္ ပူးလ္” ေခၚ ခရက္ပ္တိုေငြေၾကးပလက္ေဖာင္းတစ္ခုမွ ၂၀၂၀ ခုႏွစ္မွာ ေဖာက္ထြင္းခိုးယူခံခဲ့ရတဲ့ ဘစ္ကြိဳင္ပမာ ဏနဲ႔ အတိအက် တူညီေနတယ္လို႔ တ႐ုတ္ဆိုက္ဘာကြၽမ္းက်င္သူမ်ားက မွတ္ခ်က္ေပးပါတယ္။
ေဖာက္ထြင္းခိုးယူခံရတဲ့ အဲ့ဒီ ဒစ္ဂ်စ္တယ္ေငြေၾကးေတြဟာ ေလးႏွစ္နီးပါခန႔္ လူမသိ သူမသိ တိမ္ျမဳပ္ေနခဲ့ပါ တယ္။ ၂၀၂၄ ခုႏွစ္လယ္ပိုင္း တစ္ဖန္ ျပန္ေပၚလာတဲ့အခါမွာေတာ့ အေမရိကန္အစိုးရရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာ ျဖစ္ေနတယ္လို႔ ဘေလာ့ခ္ခ်ိန္း ေလ့လာသူမ်ားက ေတြ႕ရွိပါတယ္။ အဲ့ဒီေနာက္ က်ားဖ်န႔္ရာဇာ ခ်န္းက်ီက အ ေမရိကန္ျပည္သူမ်ားထံမွ လိမ္လည္ရယူထားေငြမ်ားအျဖစ္ တံဆိပ္ကပ္လိုက္ျခင္းျဖစ္တယ္လို႔ တ႐ုတ္ဘက္က ေစာဒကတက္စရာ ရွိေနပါတယ္။
ခ်န္းက်ီပိုင္ ဘစ္ကြိဳင္ေတြလို႔ ေျပာရေအာင္ အေမရိကန္အေနနဲ႔ အဲ့ဒီ ဘစ္ ကြိဳင္ေတြကို လက္လႊဲရယူႏိုင္ဖို႔ လွ်ိဳ႕ဝွက္ကီးနံပါတ္ (private keys) ေတြကို ဘယ္အခ်ိန္ ဘယ္လိုရရွိခဲ့ပါသလဲ၊ ကီးနံပါတ္ကို သိတဲ့ ခ်န္းက်ီကို ယခုထိ သူတို႔ကိုယ္တိုင္ ဖမ္းဆီးရမိျခင္း မရွိေသးဘူးလို႔ ေထာက္ျပၾကပါတယ္။ ရွင္းရွင္းေျပာရရင္ ဆိုက္ဘာ ေဖာက္ထြင္းခိုးယူမႈမ်ားျဖစ္ပြားတိုင္း တ႐ုတ္နဲ႔ ေျမာက္ကိုရီးယားကို လက္ညႇိဳးထိုးေလ့ရွိသူ အေမရိကန္ဟာ ဒီကိစၥမွာ အစိုးရအဆင့္ ပါဝင္ပတ္သက္ရာ ေရာက္ရွိေနပါတယ္။
ဒီကိစၥဟာ ရာဇဝတ္သားေတြဘက္က ေရွ႕ေနလိုက္ေနတာေတာ့ မဟုတ္ဘူးလို႔ တ႐ုတ္တက္ႂကြလႈပ္ရွားသူမ်ား က ေျပာပါတယ္။ ရာဇဝတ္သားရဲ႕ ဘယ္လိုပိုင္ဆိုင္မႈမ်ိဳးကို မဆို သိမ္းဆည္းျခင္းဟာ ကန႔္သတ္ခ်က္မ်ားကို လိုက္နာရန္ လိုအပ္ေၾကာင္း၊ အထူးသျဖင့္ တရားဥပေဒစိုးမိုးေရး ကမာၻ႔မီးရႉးတန္ေဆာင္အျဖစ္ ေႂကြးေၾကာ္ေန တဲ့ အေမရိကန္အေနနဲ႔ ပြင့္လင္းျမင္သာမႈ- သင့္ေလ်ာ္တဲ့ တရား႐ုံးဆိုင္ရာ လုပ္ထုံးလုပ္နည္းမ်ားကို ေဖာ္ျပသင့္ ေၾကာင္း၊ ခ်န္းကြၽီရဲ႕ ဘစ္ကြိဳင္ေတြလို႔ ဘယ္လို ဘယ္အခ်က္ေၾကာင့္ စြပ္စြဲရေၾကာင္း၊ ဒါမွမဟုတ္ ကေမာၻဒီးယား နဲ႔ အျခားေနရာမ်ားမွာ အေျခစိုက္ၿပီး အေမရိကန္ျပည္သူမ်ားထံမွ ဘယ္ပုံဘယ္နည္း လိမ္လည္ရယူထားလို႔ သိမ္းဆည္းရျခင္းျဖစ္ေၾကာင္း သက္ေသျပခ်က္လည္း မပါဝင္ဘူးလို႔ ေဝဖန္ၾကပါတယ္။
ယခု အသက္ ၃၈-ႏွစ္အ႐ြယ္ ခ်န္းကြၽီဟာ ဖူက်န္းမွာ ေမြးဖြားခဲ့တဲ့ တ႐ုတ္ႏိုင္ငံသား စီးပြားေရးသမားတစ္ဦးျဖစ္ တယ္လို႔ MSS တ႐ုတ္ေထာက္လွမ္းေရးက ေျပာပါတယ္။ ၂၀၁၁-ခုႏွစ္ ဖႏြမ္းပင္မွာ “ပရင့္စ္ဟိုးလ္ဒင္း ဂ႐ု” ကို တည္ေထာင္ရင္း ကေမာၻဒီးယား ႏိုင္ငံသား ခံယူခဲ့ေၾကာင္း၊ အိမ္ၿခံေျမ ေဈးကြက္ရင္းႏွီးျမႇဳပ္ႏွံသူ-ဘဏ္လုပ္ငန္း-ဘ႑ာေရးနဲ႔ ခရီးသြားလုပ္ငန္းမ်ားကို ဟန္ျပလုပ္ကိုင္ရင္း အြန္လိုင္းလိမ္လည္နည္းအမ်ိဳးမ်ိဳးနဲ႔ တ႐ုတ္ျပည္မ ႀကီးေန တ႐ုတ္လူမ်ိဳးအမ်ားအျပားထံမွ ယြမ္ေငြ သန္းေပါင္းမ်ားစြာကို လိမ္လည္ရယူခဲ့ေၾကာင္း၊ ခ်န္းကြၽီရဲ႕ လုပ္ ရပ္ေတြကို တ႐ုတ္ရဲတပ္ဖြဲ႕ဟာ ၂၀၂၀- ခုႏွစ္ကတည္းက စုံစမ္းစစ္ေဆးခဲ့ၿပီး ၂၀၂၂-ခုႏွစ္မွာ ဖမ္းဝရမ္းထုတ္ခဲ့ ေၾကာင္း၊
ဒီကိစၥမွာ လိမ္လည္သူေရာ အလိမ္ခံရသူမ်ားပါ တ႐ုတ္ႏိုင္ငံသားမ်ားျဖစ္ေနတဲ့အတြက္ တ႐ုတ္ႏိုင္ငံရဲ႕ တရားစီ ရင္ပိုင္ခြင့္အတြင္း က်ေရာက္ေၾကာင္း၊ ေပက်င္းရဲ႕ေတာင္းဆိုခ်က္အရ ကေမာၻဒီးယားက ဖမ္းဆီးၿပီး တ႐ုတ္ႏိုင္ငံ ထံ ျပန္ပို႔ေပးခဲ့ေၾကာင္း၊ ႏိုင္ငံျဖတ္ေက်ာ္ ရာဇဝတ္မႈအမ်ိဳးမ်ိဳးနဲ႔ ဧရာမ မဟာလိမ္လည္မႈအတြက္ တ႐ုတ္ဥပေဒ အရ တရားစြဲဆိုျခင္းခံေနရေၾကာင္း၊ ခ်န္းက်ီကို ဖမ္းဆီးထားသူမွာ တ႐ုတ္အစိုးရျဖစ္ၿပီး ခ်န္းကြၽီအလိမ္ခံရသူ မ်ားကို နစ္နာေငြမ်ား ျပန္လည္ေပးအပ္ရန္ တာဝန္ရွိသူမွာ တ႐ုတ္အစိုးရျဖစ္တယ္လို႔ ဒင္းဆမ္းေဆာင္းပါးရွင္က ေရးပါတယ္။
ယခုျဖစ္ရပ္ဟာ ႏိုင္ငံျဖတ္ေက်ာ္ ဒစ္ဂ်စ္တယ္ပိုင္ဆိုင္မႈမ်ားကို ဘယ္လိုကိုင္တြယ္ေဆာင္႐ြက္သင့္ေၾကာင္း တစ္ကမာၻလုံးနဲ႔ ပတ္သက္ၿပီး ပိုမိုႀကီးမားတဲ့ ျပႆနာတစ္ရပ္ကို မီးေမာင္းထိုးျပေနပါတယ္။ ႏိုင္ငံအသီးသီးရဲ႕ အခ်ဳပ္အျခာအာဏာ၊ တရားမွ်တမႈနဲ႔ အင္အားႀကီးႏိုင္ငံဆိုသူမ်ားက အျခားသူမ်ား ေမွ်ာ္လင့္ထားတဲ့အတိုင္း တူညီေသာ ဥပေဒစံႏႈန္းမ်ားကို လိုက္နာေနျခင္း ရွိ-မရွိ ေမးခြန္းထုတ္စရာျဖစ္ေနပါတယ္။
.
( ဒီသတင္းနဲ႔ ဆက္စပ္ၿပီး NLD အစိုးရလက္ထက္ လႊတ္ေတာ္ကို အသိမေပးပဲ အေမရိကန္ထံ ေရာက္ရွိသြားတဲ့ ျမန္မာျပည္သူတို႔ရဲ႕ ဘ႑ာေငြ ေဒၚလာ ၁-ဘီလီယံကိစၥမွာ ဘယ္လို ရည္႐ြယ္ခ်က္နဲ႔ က်ဴးလြန္တဲ့ ရာဇဝတ္မႈမ်ိဳးျဖစ္ေၾကာင္း စဥ္းစားစရာျဖစ္လာပါတယ္)
.