အစိုးရသစ်ပေါ်ပေါက်ပြီးမှသာ နယ်စပ်ကုန်သွယ်ရေးဂိတ်များ တရားဝင် ပြန်လည်ဖွင့်လှစ်ဖွယ်ရှိ

125

Pearl (NP News) - ဇန်နဝါရီ ၁၅
အစိုးရသစ်ပေါ်ပေါက်ပြီးမှသာ နယ်စပ် ကုန်သွယ်ရေးဂိတ်များ တရားဝင်ပြန်လည်ဖွင့်လှစ် ဖွယ်ရှိနေကြောင်း ကုန်သွယ်ရေးလုပ်ငန်းများနှင့် နီးစပ်သူတစ်ဦးက NP News သို့ ပြောသည်။
လက်ရှိတွင် ချင်းရွှေဟော်နှင့် ကျင်စန်း ကျော့ အပါအဝင် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ် ရေးဂိတ်အချို့သည် MNDAA၊ TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့်အတွက် နိုင်ငံတော်အနေဖြင့် နှစ်နိုင်ငံကုန်သွယ်မှုမှရရှိ ငွေများနှင့် အခွန်အခများစွာ နစ်နာလျက်ရှိသည်။
" အခုကတော့ တရားဝင်မဖွင့်နိုင်သေးပါဘူး။ နိုင်ငံတော်အတွက် အခွန်အခ နစ်နာတာတော့ပြော မနေနဲ့။ အဲဒီတော့ ဧပြီအထိက ဒါတွေ Nothing။ Normal Trade ပဲရှိမယ်။ Border Trade မရှိဘူး။ နောက် အစိုးရမတက်ခင် ဖွင့်ဦးမှာမဟုတ်ဘူး။ နောက်ထပ် (၆) လကတော့ Border Trade က လုံးဝမဖြစ်နိုင်ဘူး။ စစ်ရေးအရလည်း ရှိနေတာကိုး။ နောက်အစိုးရနဲ့ပဲ လွှတ်တော်ကနေသွားလိမ့်မယ်။ လွှတ်တော်အမတ်က ဒီ Border Trade တွေက နစ်နာနေပါတယ်။ ပြန်ဖွင့်ဖို့အဆိုတင်သွင်းတာတွေ လာတော့မှာ။ လွှတ်တော်က ပိုအဓိပ္ပါယ်ရှိတယ်။ လက်ရှိအစိုးရ ထိန်းထားတာ။ ဆွေးနွေးတာက ဆွေး နွေးတာပဲ။ နောက်အစိုးရအတွက် လုပ်ကွက်တွေ" ဟု ကုန်သွယ်ရေးလုပ်ငန်းများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထို့အတူ (၂၀၂၀)ပြည့်နှစ် အောက်တို ဘာလ(၁)ရက်မှ (၂၀၂၁) ခုနှစ် စက်တင်ဘာလ (၂၄) ရက်အထိ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အမေရိ ကန်ဒေါ်လာ သန်း (၄၆၀)ခန့်ရရှိခဲ့သည့် မြန်မာ- တရုတ် နယ်စပ်၊ ချင်းရွှေဟော်ဂိတ်ကိုလည်း (၁၀၂၇) စစ်ဆင်ရေးများအပြီး ရပ်တန့်နေခဲ့ရာမှ အဆိုပါ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးဂိတ်မှ ကုန်ကား (၂၀ဝ) ကျော် နေ့စဉ် တရုတ်ဘက်သို့ကုန်သွယ်နေ ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ကိုးကန့်သတင်း ကွန်ရက်က ဖော်ပြထားသည့်အချက်အလက်များအရ သိရသည်။
" ချင်းရွှေဟော်ဂိတ်ကနေ ပို့တာ ကျောက် မီးသွေးဆိုတဲ့အမည်က တစ်နေ့ကို အစီး (၅၀)လောက်ပါမယ်။ တရုတ်ကားတွေနဲ့တွေ့ခဲ့တယ်။ နောက်ထပ်သကြားပေါ့။ ကျောက်မီးသွေးကတော့ တရားဝင်လက်ခံယူနေတဲ့ပုံစံ။ တရုတ်နံပါတ်ကား တွေနဲ့။ အဲဒီဂိတ်က ဂိတ်ကြေးအခွန်အခတွေက ကိုးကန့်ပဲရမှာပေါ့" ဟု ကုန်သည်တစ်ဦးက NP News သို့ပြောသည်။
ပြီးခဲ့သည့် (၂၀၂၄) ခုနှစ် ဖေဖော်ဝါရီလ (၂၉) ရက် မှ မတ်လ (၁) ရက်အထိ တရုတ်နိုင်ငံ ကူမင်းမြို့၌ တပ်မတော်နှင့် မြောက်ပိုင်း (၃) ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရန်အပါအဝင် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်ဖွင့်နိုင်ရေးနှင့် နယ်စပ်တည်ငြိမ်ရေးတို့ကို ကတိပြုတွေ့ဆုံ ဆွေးနွေးချက်များအတွင်း ချင်း ရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် အစိုးရ၏အကောက်ခွန်စစ်ဆေးရေး၊ လူဝင်မှုကြီးကြပ်ရေး တို့ကို ထားရှိမည်ဖြစ်ပြီး ကိုးကန့်တပ်ဖွဲ့မှလည်း ပူးတွဲ တာဝန်ယူရန်၊ အခွန်ကောက်ခံရရှိငွေ ကိုးကန့် တပ်ဖွဲ့က (၇၀)ရာခိုင်နှုန်း ရယူပြီး အစိုးရအနေဖြင့် (၃၀) ရာခိုင်နှုန်းရယူရန် သဘောတူညီခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့ဖူးသော်လည်း ယင်းကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။
လတ်တလော မြေပြင်တွင်MNDAA၊ TNLA နှင့် AA အဖွဲ့များ ထိန်းချုပ်ထားသည့် မူဆယ် (၁၀၅) မိုင် နယ်မြေအတွင်းရှိ ကိုးကန့် MNDAA ရုံးတွင်လည်း မြန်မာနိုင်ငံတော်အလံ စတင်လွှင့်ထူလာသည့်အပြင် (၂၀၂၆) ခုနှစ် ဇန်နဝါရီလ (၁) ရက်မှစတင်၍ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း)အပါအဝင် တရုတ်–မြန်မာ နယ်စပ် ဂိတ်များတွင် ကုန်စည်ကန့်သတ်ချက်များကိုလည်း ဖြေလျှော့ပေးထားကြောင်းလည်း ကုန်သည်ကြီးများ ထံမှ သိရသည်။
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ် များပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြီးခဲ့သည့်ရက် ပိုင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေနှင့် ရန်ကုန်မြို့ အခြေစိုက် တရုတ်သံရုံးမှ သံအမတ်ကြီး H.E. Ms. Ma Jia တို့တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

Zawgyi Version:
အစိုးရသစ္ေပၚေပါက္ၿပီးမွသာ နယ္စပ္ကုန္သြယ္ေရးဂိတ္မ်ား တရားဝင္ ျပန္လည္ဖြင့္လွစ္ဖြယ္ရွိ
Pearl (NP News) - ဇန္နဝါရီ ၁၅
အစိုးရသစ္ေပၚေပါက္ၿပီးမွသာ နယ္စပ္ ကုန္သြယ္ေရးဂိတ္မ်ား တရားဝင္ျပန္လည္ဖြင့္လွစ္ ဖြယ္ရွိေနေၾကာင္း ကုန္သြယ္ေရးလုပ္ငန္းမ်ားႏွင့္ နီးစပ္သူတစ္ဦးက NP News သို႔ ေျပာသည္။
လက္ရွိတြင္ ခ်င္းေ႐ႊေဟာ္ႏွင့္ က်င္စန္း ေက်ာ့ အပါအဝင္ ျမန္မာ-တ႐ုတ္နယ္စပ္ ကုန္သြယ္ ေရးဂိတ္အခ်ိဳ႕သည္ MNDAA၊ TNLA ႏွင့္ AA တို႔ ထိန္းခ်ဳပ္ထားသည့္အတြက္ ႏိုင္ငံေတာ္အေနျဖင့္ ႏွစ္ႏိုင္ငံကုန္သြယ္မႈမွရရွိ ေငြမ်ားႏွင့္ အခြန္အခမ်ားစြာ နစ္နာလ်က္ရွိသည္။
" အခုကေတာ့ တရားဝင္မဖြင့္ႏိုင္ေသးပါဘူး။ ႏိုင္ငံေတာ္အတြက္ အခြန္အခ နစ္နာတာေတာ့ေျပာ မေနနဲ႔။ အဲဒီေတာ့ ဧၿပီအထိက ဒါေတြ Nothing။ Normal Trade ပဲရွိမယ္။ Border Trade မရွိဘူး။ ေနာက္ အစိုးရမတက္ခင္ ဖြင့္ဦးမွာမဟုတ္ဘူး။ ေနာက္ထပ္ (၆) လကေတာ့ Border Trade က လုံးဝမျဖစ္ႏိုင္ဘူး။ စစ္ေရးအရလည္း ရွိေနတာကိုး။ ေနာက္အစိုးရနဲ႔ပဲ လႊတ္ေတာ္ကေနသြားလိမ့္မယ္။ လႊတ္ေတာ္အမတ္က ဒီ Border Trade ေတြက နစ္နာေနပါတယ္။ ျပန္ဖြင့္ဖို႔အဆိုတင္သြင္းတာေတြ လာေတာ့မွာ။ လႊတ္ေတာ္က ပိုအဓိပၸါယ္ရွိတယ္။ လက္ရွိအစိုးရ ထိန္းထားတာ။ ေဆြးေႏြးတာက ေဆြး ေႏြးတာပဲ။ ေနာက္အစိုးရအတြက္ လုပ္ကြက္ေတြ" ဟု ကုန္သြယ္ေရးလုပ္ငန္းမ်ားႏွင့္ နီးစပ္သူတစ္ဦးက ေျပာသည္။
ထို႔အတူ (၂၀၂၀)ျပည့္ႏွစ္ ေအာက္တို ဘာလ(၁)ရက္မွ (၂၀၂၁) ခုႏွစ္ စက္တင္ဘာလ (၂၄) ရက္အထိ ႏွစ္ႏိုင္ငံကုန္သြယ္မႈပမာဏ အေမရိ ကန္ေဒၚလာ သန္း (၄၆၀)ခန႔္ရရွိခဲ့သည့္ ျမန္မာ- တ႐ုတ္ နယ္စပ္၊ ခ်င္းေ႐ႊေဟာ္ဂိတ္ကိုလည္း (၁၀၂၇) စစ္ဆင္ေရးမ်ားအၿပီး ရပ္တန႔္ေနခဲ့ရာမွ အဆိုပါ ခ်င္းေ႐ႊေဟာ္နယ္စပ္ ကုန္သြယ္ေရးဂိတ္မွ ကုန္ကား (၂၀ဝ) ေက်ာ္ ေန႔စဥ္ တ႐ုတ္ဘက္သို႔ကုန္သြယ္ေန ေၾကာင္း ၿပီးခဲ့သည့္ရက္ပိုင္းက ကိုးကန႔္သတင္း ကြန္ရက္က ေဖာ္ျပထားသည့္အခ်က္အလက္မ်ားအရ သိရသည္။
" ခ်င္းေ႐ႊေဟာ္ဂိတ္ကေန ပို႔တာ ေက်ာက္ မီးေသြးဆိုတဲ့အမည္က တစ္ေန႔ကို အစီး (၅၀)ေလာက္ပါမယ္။ တ႐ုတ္ကားေတြနဲ႔ေတြ႕ခဲ့တယ္။ ေနာက္ထပ္သၾကားေပါ့။ ေက်ာက္မီးေသြးကေတာ့ တရားဝင္လက္ခံယူေနတဲ့ပုံစံ။ တ႐ုတ္နံပါတ္ကား ေတြနဲ႔။ အဲဒီဂိတ္က ဂိတ္ေၾကးအခြန္အခေတြက ကိုးကန႔္ပဲရမွာေပါ့" ဟု ကုန္သည္တစ္ဦးက NP News သို႔ေျပာသည္။
ၿပီးခဲ့သည့္ (၂၀၂၄) ခုႏွစ္ ေဖေဖာ္ဝါရီလ (၂၉) ရက္ မွ မတ္လ (၁) ရက္အထိ တ႐ုတ္ႏိုင္ငံ ကူမင္းၿမိဳ႕၌ တပ္မေတာ္ႏွင့္ ေျမာက္ပိုင္း (၃) ဖြဲ႕တို႔အၾကား ပစ္ခတ္တိုက္ခိုက္မႈရပ္စဲရန္အပါအဝင္ တ႐ုတ္-ျမန္မာ ကုန္သြယ္ေရးလမ္းေၾကာင္းမ်ား ျပန္ဖြင့္ႏိုင္ေရးႏွင့္ နယ္စပ္တည္ၿငိမ္ေရးတို႔ကို ကတိျပဳေတြ႕ဆုံ ေဆြးေႏြးခ်က္မ်ားအတြင္း ခ်င္း ေ႐ႊေဟာ္ နယ္စပ္ကုန္သြယ္ေရးဂိတ္တြင္ အစိုးရ၏အေကာက္ခြန္စစ္ေဆးေရး၊ လူဝင္မႈႀကီးၾကပ္ေရး တို႔ကို ထားရွိမည္ျဖစ္ၿပီး ကိုးကန႔္တပ္ဖြဲ႕မွလည္း ပူးတြဲ တာဝန္ယူရန္၊ အခြန္ေကာက္ခံရရွိေငြ ကိုးကန႔္ တပ္ဖြဲ႕က (၇၀)ရာခိုင္ႏႈန္း ရယူၿပီး အစိုးရအေနျဖင့္ (၃၀) ရာခိုင္ႏႈန္းရယူရန္ သေဘာတူညီခဲ့ေၾကာင္း သတင္းထြက္ေပၚခဲ့ဖူးေသာ္လည္း ယင္းကို သီးျခား အတည္ျပဳႏိုင္ျခင္း မရွိေသးပါ။
လတ္တေလာ ေျမျပင္တြင္MNDAA၊ TNLA ႏွင့္ AA အဖြဲ႕မ်ား ထိန္းခ်ဳပ္ထားသည့္ မူဆယ္ (၁၀၅) မိုင္ နယ္ေျမအတြင္းရွိ ကိုးကန႔္ MNDAA ႐ုံးတြင္လည္း ျမန္မာႏိုင္ငံေတာ္အလံ စတင္လႊင့္ထူလာသည့္အျပင္ (၂၀၂၆) ခုႏွစ္ ဇန္နဝါရီလ (၁) ရက္မွစတင္၍ မုံးကိုး၊ ၾကဴကုတ္ (ပန္ဆိုင္း)အပါအဝင္ တ႐ုတ္–ျမန္မာ နယ္စပ္ ဂိတ္မ်ားတြင္ ကုန္စည္ကန႔္သတ္ခ်က္မ်ားကိုလည္း ေျဖေလွ်ာ့ေပးထားေၾကာင္းလည္း ကုန္သည္ႀကီးမ်ား ထံမွ သိရသည္။
ျမန္မာ-တ႐ုတ္နယ္စပ္ကုန္သြယ္ေရးဂိတ္ မ်ားျပန္လည္ဖြင့္လွစ္ႏိုင္ေရးအတြက္ ၿပီးခဲ့သည့္ရက္ ပိုင္းက စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီး ဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးခ်စ္ေဆြႏွင့္ ရန္ကုန္ၿမိဳ႕ အေျခစိုက္ တ႐ုတ္သံ႐ုံးမွ သံအမတ္ႀကီး H.E. Ms. Ma Jia တို႔ေတြ႕ဆုံ၍ ေဆြးေႏြးခဲ့ၾကေၾကာင္းလည္း သိရသည္။