ပြည်သူလူထု၏အားပေးထောက်ခံမှုဖြင့် ရင်ဆိုင်ဖြေရှင်းနေသည်ဟု ဦးကိုကိုလှိုင်ပြော

 208

Pearl (NP News) - ဇန်နဝါရီ ၁၅
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားသည့်အ‌ပေါ် ပြည်သူလူထု၏အားပေးထောက်ခံမှုနှင့် ရပ်တည်ရင်ဆိုင်ဖြေရှင်းနေသည်ဟု မြန်မာနိုင်ငံကိုယ်စား သွားရောက်ရင်ဆိုင်ဖြေရှင်းလျက်ရှိသည့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂)၊ ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်က ပြောသည်။

ဂမ်ဘီယာနှင့် မြန်မာတို့အကြား တရားရင်ဆိုင်နေခြင်းနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် တရားရုံး၏ အခန်းကဏ္ဍကို အလေးထားယုံကြည်ကြောင်းပြသသည့်အနေဖြင့် မြန်မာနိုင်ငံသည် ကြားနာပွဲသို့ တက်ရောက်လျက်ရှိရာ ဂမ်ဘီယာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို တရားစွဲဆိုထားသည့်အ‌ပေါ် သက်သေအထောက်အထားများ ပြသရာတွင် သီတဂူဆရာတော်ကြီးနှင့် အမျိုးသားရေး ဦးဆောင် ဆရာတော် ဦးဝီရသူတို့ကိုပါ စွပ်စွဲ ပြောဆိုထားကြောင်း သိရသည်။

“တရားလိုဘက်ကတော့ သူတို့ဘက်ကလျောက်လဲချက်တွေကို နေ့စဉ်နဲ့အမျှ အသေးစိတ်ပြုစုပြီးတော့ လျောက်လဲသွားတာ တွေ့ရမှာ ဖြစ်ပါတယ်။ သူတို့ဘက်ကတော့ ကျွန်တော်တို့အပေါ်မှာ စွပ်စွဲထားတဲ့လူမျိုးသုဉ်းစေမှုဆိုတဲ့ Genocide ပြစ်မှုမြောက်အောင် ဘက်ပေါင်းစုံ၊ ဒေါင့်ပေါင်းစုံက နေပြီးတော့မှ မရ၊ ရ ရှာဖွေပြီးတော့မှ လျှောက်လဲသွားတာ ဖြစ်ပါတယ်။ နောက်ဆုံးပြောရမယ်ဆိုရင်တော့ သြဇာကြီးတဲ့ဆရာတော်ကြီးတွေ ကိုယ်တိုင်ကိုယ်ပဲ ဒီထဲမှာ ပါဝင်ပတ်သက်လာအောင်ကိုပဲ ဆွဲထုတ်ပြီးတော့ လျောက်လဲသွားတာလည်း တွေ့ကြမှာ ဖြစ်ပါတယ်။ ဒါကတော့ တရားရင်ဆိုင်တဲ့နေရာမှာ ဘက် (၂) ဘက်ကလူ တွေပဲ သူ့ကိစ္စနဲ့သူ လုပ်နေကြတာပါပဲ” ဟု ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်က ပြောသည်။
လက်ရှိတွင် ဖိအားအမျိုးမျိုး ရှိနေသော်ငြားလည်း မြန်မာနိုင်ငံအတွက် အကောင်းဆုံးကြိုးစားမည်ဖြစ်ပြီး ပြည်သူလူထု၏အားပေးထောက်ခံမှုနှင့် ရပ်တည်ရင်ဆိုင်နေကြောင်းလည်း ပြောသည်။
“ကျွန်တော်တို့က မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးတော့မှ ကမ္ဘာ့ တရားခွင်မှာ လာပြီးတော့မှ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ ကျွန်‌တော်တို့ ဘာပဲ ဖြစ်ဖြစ် လဲကျသွားလို့မဖြစ်ဘူး။ ဒီပွဲမှာ မရ ရအောင် ကြိုးစားရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့လုပ်ပါတယ်။ ဒါက ပထမတစ်ချက်။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့နောက်မှာ ရှိနေတဲ့ ပြည်သူလူထုရဲ့အားပေးထောက်ခံ မှုဖြစ်ပါတယ်။ ဒီအားတွေနဲ့ပဲ ဆက်ပြီးတော့မှ ရပ်တည် ပြီး ရင်ဆိုင်နေတာ ဖြစ်ပါတယ်။ ‌ ရှေ့ဆက်ပြီးတော့လည်း မကြာခင်မှာ မြန်မာဘက်က လျှောက်လဲရမယ့် အပိုင်းကို ရောက်လာပါပြီ။ ပိုပြီးတော့မှ အရေးကြီးတဲ့အပိုင်းကို ရောက်လာပါပြီ။ ဒီအတွက်လည်းပဲ မိဘပြည်သူတွေရဲ့အားပေးထောက်ခံမှုကို အများကြီးပဲ မျှော်လင့်ပါတယ်။ ခုလည်းပဲ တကယ်ကို စိတ်ရော ၊ ကိုယ်ပါ လှိုက်လှိုက်လဲလဲအားပေးကြတဲ့အတွက်လည်းပဲ ထပ်ပြီးတော့ ကျေးဇူးတင်ကြောင်းလည်း ပြောချင်ပါတယ်” ဟု ဦးကိုကိုလှိုင်က ပြောသည်။
ဂမ်ဘီယာ၏ ပထမအကျော့ လျှောက်လဲချက်များအပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက် မှစ၍ မြန်မာနိုင်ငံအနေဖြင့် ဂမ်ဘီယာ၏ စွပ်စွဲချက်များသည် အချက်အလက်အရနှင့် ဥပဒေကြောင်းအရ မှန်ကန်မှုရှိသော အချက်အလက်များမဟုတ်ကြောင်းကို ခိုင်မာသည့်သက်သေအထောက်အထား အစုံအလင်ဖြင့် တရားရုံးသို့ လျှောက်လဲသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
ျပည္သူလူထု၏အားေပးေထာက္ခံမႈျဖင့္ ရင္ဆိုင္ေျဖရွင္းေနသည္ဟု ဦးကိုကိုလႈိင္ေျပာ
Pearl (NP News) - ဇန္နဝါရီ ၁၅
အျပည္ျပည္ဆိုင္ရာ တရား႐ုံး (ICJ) တြင္ ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံကို တရားစြဲဆိုထားသည့္အ‌ေပၚ ျပည္သူလူထု၏အားေပးေထာက္ခံမႈႏွင့္ ရပ္တည္ရင္ဆိုင္ေျဖရွင္းေနသည္ဟု ျမန္မာႏိုင္ငံကိုယ္စား သြားေရာက္ရင္ဆိုင္ေျဖရွင္းလ်က္ရွိသည့္ ႏိုင္ငံေတာ္သမၼတ႐ုံးဝန္ႀကီးဌာန(၂)၊ ျပည္ေထာင္စု ဝန္ႀကီး ဦးကိုကိုလႈိင္က ေျပာသည္။

ဂမ္ဘီယာႏွင့္ ျမန္မာတို႔အၾကား တရားရင္ဆိုင္ေနျခင္းႏွင့္ပတ္သက္၍ အျပည္ျပည္ဆိုင္ရာ ဥပေဒႏွင့္ တရား႐ုံး၏ အခန္းက႑ကို အေလးထားယုံၾကည္ေၾကာင္းျပသသည့္အေနျဖင့္ ျမန္မာႏိုင္ငံသည္ ၾကားနာပြဲသို႔ တက္ေရာက္လ်က္ရွိရာ ဂမ္ဘီယာႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံကို တရားစြဲဆိုထားသည့္အ‌ေပၚ သက္ေသအေထာက္အထားမ်ား ျပသရာတြင္ သီတဂူဆရာေတာ္ႀကီးႏွင့္ အမ်ိဳးသားေရး ဦးေဆာင္ ဆရာေတာ္ ဦးဝီရသူတို႔ကိုပါ စြပ္စြဲ ေျပာဆိုထားေၾကာင္း သိရသည္။

“တရားလိုဘက္ကေတာ့ သူတို႔ဘက္ကေလ်ာက္လဲခ်က္ေတြကို ေန႔စဥ္နဲ႔အမွ် အေသးစိတ္ျပဳစုၿပီးေတာ့ ေလ်ာက္လဲသြားတာ ေတြ႕ရမွာ ျဖစ္ပါတယ္။ သူတို႔ဘက္ကေတာ့ ကြၽန္ေတာ္တို႔အေပၚမွာ စြပ္စြဲထားတဲ့လူမ်ိဳးသုဥ္းေစမႈဆိုတဲ့ Genocide ျပစ္မႈေျမာက္ေအာင္ ဘက္ေပါင္းစုံ၊ ေဒါင့္ေပါင္းစုံက ေနၿပီးေတာ့မွ မရ၊ ရ ရွာေဖြၿပီးေတာ့မွ ေလွ်ာက္လဲသြားတာ ျဖစ္ပါတယ္။ ေနာက္ဆုံးေျပာရမယ္ဆိုရင္ေတာ့ ၾသဇာႀကီးတဲ့ဆရာေတာ္ႀကီးေတြ ကိုယ္တိုင္ကိုယ္ပဲ ဒီထဲမွာ ပါဝင္ပတ္သက္လာေအာင္ကိုပဲ ဆြဲထုတ္ၿပီးေတာ့ ေလ်ာက္လဲသြားတာလည္း ေတြ႕ၾကမွာ ျဖစ္ပါတယ္။ ဒါကေတာ့ တရားရင္ဆိုင္တဲ့ေနရာမွာ ဘက္ (၂) ဘက္ကလူ ေတြပဲ သူ႔ကိစၥနဲ႔သူ လုပ္ေနၾကတာပါပဲ” ဟု ျပည္ေထာင္စု ဝန္ႀကီး ဦးကိုကိုလႈိင္က ေျပာသည္။
လက္ရွိတြင္ ဖိအားအမ်ိဳးမ်ိဳး ရွိေနေသာ္ျငားလည္း ျမန္မာႏိုင္ငံအတြက္ အေကာင္းဆုံးႀကိဳးစားမည္ျဖစ္ၿပီး ျပည္သူလူထု၏အားေပးေထာက္ခံမႈႏွင့္ ရပ္တည္ရင္ဆိုင္ေနေၾကာင္းလည္း ေျပာသည္။
“ကြၽန္ေတာ္တို႔က ျမန္မာႏိုင္ငံကို ကိုယ္စားျပဳၿပီးေတာ့မွ ကမာၻ႔ တရားခြင္မွာ လာၿပီးေတာ့မွ ရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။ ဒါေၾကာင့္မိုလို႔ ကြၽန္‌ေတာ္တို႔ ဘာပဲ ျဖစ္ျဖစ္ လဲက်သြားလို႔မျဖစ္ဘူး။ ဒီပြဲမွာ မရ ရေအာင္ ႀကိဳးစားရမယ္ဆိုတဲ့စိတ္ဓာတ္နဲ႔လုပ္ပါတယ္။ ဒါက ပထမတစ္ခ်က္။ ေနာက္တစ္ခ်က္ကေတာ့ ကြၽန္ေတာ္တို႔ေနာက္မွာ ရွိေနတဲ့ ျပည္သူလူထုရဲ႕အားေပးေထာက္ခံ မႈျဖစ္ပါတယ္။ ဒီအားေတြနဲ႔ပဲ ဆက္ၿပီးေတာ့မွ ရပ္တည္ ၿပီး ရင္ဆိုင္ေနတာ ျဖစ္ပါတယ္။ ‌ ေရွ႕ဆက္ၿပီးေတာ့လည္း မၾကာခင္မွာ ျမန္မာဘက္က ေလွ်ာက္လဲရမယ့္ အပိုင္းကို ေရာက္လာပါၿပီ။ ပိုၿပီးေတာ့မွ အေရးႀကီးတဲ့အပိုင္းကို ေရာက္လာပါၿပီ။ ဒီအတြက္လည္းပဲ မိဘျပည္သူေတြရဲ႕အားေပးေထာက္ခံမႈကို အမ်ားႀကီးပဲ ေမွ်ာ္လင့္ပါတယ္။ ခုလည္းပဲ တကယ္ကို စိတ္ေရာ ၊ ကိုယ္ပါ လႈိက္လႈိက္လဲလဲအားေပးၾကတဲ့အတြက္လည္းပဲ ထပ္ၿပီးေတာ့ ေက်းဇူးတင္ေၾကာင္းလည္း ေျပာခ်င္ပါတယ္” ဟု ဦးကိုကိုလႈိင္က ေျပာသည္။
ဂမ္ဘီယာ၏ ပထမအေက်ာ့ ေလွ်ာက္လဲခ်က္မ်ားအၿပီး ၂၀၂၆ ခုႏွစ္၊ ဇန္နဝါရီလ ၁၆ ရက္ မွစ၍ ျမန္မာႏိုင္ငံအေနျဖင့္ ဂမ္ဘီယာ၏ စြပ္စြဲခ်က္မ်ားသည္ အခ်က္အလက္အရႏွင့္ ဥပေဒေၾကာင္းအရ မွန္ကန္မႈရွိေသာ အခ်က္အလက္မ်ားမဟုတ္ေၾကာင္းကို ခိုင္မာသည့္သက္ေသအေထာက္အထား အစုံအလင္ျဖင့္ တရား႐ုံးသို႔ ေလွ်ာက္လဲသြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.