ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁၁) ဘီလျံကျော်ရှိ

 121

စိမ့် (NP News)-ဇန်နဝါရီ ၁၅

မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၆၄) ခုကို လုပ်ကိုင်ခွင့်ပြုထားပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၁၄၇၆ ဒသမ ၂၄၉ သန်းရှိကြောင်း တရုတ် - မြန်မာစီးပွားရေးစင်္ကြံ ပူးတွဲကော်မတီအောက်ရှိ သတင်းအချက်အလက်ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့၏ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်အထိ အချက်အလက်များအရ သိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံပေါင်း (၁၄) နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံလျက်ရှိပြီး အဆိုပါ နိုင်ငံများအနက် တရုတ်နိုင်ငံမှ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၄၃ ဒသမ ၂၉၈ သန်း တန်ဖိုးရှိ လုပ်ငန်းနှစ်ခုကို လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

DICA အနေဖြင့် အဆိုပါ ရင်းနှီးမြှုပ်နှံသူများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ကင်းလွတ်ခွင့်၊ သက်သာခွင့်များကို ခံစားခွင့်ပြုထားပြီး ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်သည့် နေရာပေါ်မူတည်၍ ဝင်ငွေခွန်ကင်းလွတ်ခွင့်(၃)နှစ်မှ (၇)နှစ်အထိ ခံစားခွင့်ပြုထားကြောင်းလည်း သိရသည်။

အလားတူ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စေရန် အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနစ်(MyCO)ဖြင့် ကုမ္ပဏီမှတ်ပုံတင်များတင်ခြင်း၊ ဗီဇာသက်တမ်းတိုး ထောက်ခံချက်များကို အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်ရေးအတွက် MOVAS စနစ်နှင့် Online Recommendation Letter of Visa Extension စနစ်များကို အကောင်အထည်ဖော်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ DICAမှ ကနဦးစုံစမ်းမေးမြန်းခြင်းများကို Step up centre များ ထူထောင်၍ ဝန်ဆောင်မှုပေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် အကောက်ခွန်သက်သာခွင့်အတွက် အီလက်ထရောနစ်မှတ်ပုံတင်စနစ်များ၊ နည်းပညာများကို အာဆီယံ-ဩစတြေးလျ-နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသထူထောင်သည့် သဘောတူစာချုပ်ကို ပြင်ဆင်သည့် ဒုတိယအခြေပြစာချုပ်၏ ပင်ရင်းနိုင်ငံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများအရ အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးက႑တြင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ အေမရိကန္ေဒၚလာ (၁၁) ဘီလ်ံေက်ာ္ရွိ
စိမ့္ (NP News)-ဇန္နဝါရီ ၁၅

ျမန္မာႏိုင္ငံ၏ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးက႑တြင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း (၆၄) ခုကို လုပ္ကိုင္ခြင့္ျပဳထားၿပီး ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ အေမရိကန္ေဒၚလာ ၁၁၄၇၆ ဒသမ ၂၄၉ သန္းရွိေၾကာင္း တ႐ုတ္ - ျမန္မာစီးပြားေရးစႀကႍ ပူးတြဲေကာ္မတီေအာက္ရွိ သတင္းအခ်က္အလက္ပူးေပါင္းေဆာင္႐ြက္မႈလုပ္ငန္းအဖြဲ႕၏ ၂၀၂၅ ခုႏွစ္ ႏိုဝင္ဘာလကုန္အထိ အခ်က္အလက္မ်ားအရ သိရသည္။

ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးက႑တြင္ ႏိုင္ငံေပါင္း (၁၄) ႏိုင္ငံမွ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံလ်က္ရွိၿပီး အဆိုပါ ႏိုင္ငံမ်ားအနက္ တ႐ုတ္ႏိုင္ငံမွ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ အေမရိကန္ေဒၚလာ ၂၄၃ ဒသမ ၂၉၈ သန္း တန္ဖိုးရွိ လုပ္ငန္းႏွစ္ခုကို လုပ္ကိုင္လ်က္ရွိေၾကာင္း သိရသည္။

DICA အေနျဖင့္ အဆိုပါ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားကို ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈ ဥပေဒႏွင့္အညီ ကင္းလြတ္ခြင့္၊ သက္သာခြင့္မ်ားကို ခံစားခြင့္ျပဳထားၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈေဆာင္႐ြက္သည့္ ေနရာေပၚမူတည္၍ ဝင္ေငြခြန္ကင္းလြတ္ခြင့္(၃)ႏွစ္မွ (၇)ႏွစ္အထိ ခံစားခြင့္ျပဳထားေၾကာင္းလည္း သိရသည္။

အလားတူ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား ပိုမိုအဆင္ေျပေခ်ာေမြ႕ေစရန္ အီလက္ထေရာနစ္ ကုမၸဏီမွတ္ပုံတင္စနစ္(MyCO)ျဖင့္ ကုမၸဏီမွတ္ပုံတင္မ်ားတင္ျခင္း၊ ဗီဇာသက္တမ္းတိုး ေထာက္ခံခ်က္မ်ားကို အြန္လိုင္းမွတစ္ဆင့္ ေလွ်ာက္ထားႏိုင္ေရးအတြက္ MOVAS စနစ္ႏွင့္ Online Recommendation Letter of Visa Extension စနစ္မ်ားကို အေကာင္အထည္ေဖာ္ျခင္း၊ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီဆိုင္ရာ ကိစၥမ်ားႏွင့္စပ္လ်ဥ္း၍ DICAမွ ကနဦးစုံစမ္းေမးျမန္းျခင္းမ်ားကို Step up centre မ်ား ထူေထာင္၍ ဝန္ေဆာင္မႈေပးျခင္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ အေကာက္ခြန္သက္သာခြင့္အတြက္ အီလက္ထေရာနစ္မွတ္ပုံတင္စနစ္မ်ား၊ နည္းပညာမ်ားကို အာဆီယံ-ဩစေၾတးလ်-နယူးဇီလန္ လြတ္လပ္ေသာ ကုန္သြယ္မႈေဒသထူေထာင္သည့္ သေဘာတူစာခ်ဳပ္ကို ျပင္ဆင္သည့္ ဒုတိယအေျချပစာခ်ဳပ္၏ ပင္ရင္းႏိုင္ငံစည္းမ်ဥ္းႏွင့္ လုပ္ထုံးလုပ္နည္းမ်ားအရ အဆင့္ျမႇင့္တင္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.