ဝမ်းတွင်းမြို့၏ အရှေ့မြောက်ဘက် (၅)မိုင်ခန့်အကွာကို ဗဟိုပြုပြီး ငလျင်လှုပ်ခတ်ရာ နေပြည်တော်အပါအဝင် မြို့အချို့တွင် သိသာစွာ ခံစားရ

 399

သုတကျော် (NP News) - ဇန်နဝါရီ ၁၅

ဝမ်းတွင်းမြို့၏ အရှေ့မြောက်ဘက် (၅) မိုင်ခန့်အကွာကို ဗဟိုပြုပြီး ငလျင်လှုပ်ခတ်ရာ နေပြည်တော်အပါအဝင် မြို့အချို့တွင် သိသာစွာခံစားခဲ့ရကြောင်း သိရသည်။
လှုပ်ခတ်သည့်အချိန်မှာ ညနေပိုင်း ၆ နာရီ ၄၂ မိနစ်ဖြစ်ကာ အင်အားပမာဏ မှာ ၅.၁ ရစ်(ခ်)တာစကေးဖြစ်ပြီး အနက် ၃၄ ကီလိုမီတာမှ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဋ္ဌာနက ထုတ်ပြန်ထားသည်။
ယင်း ငလျင်ကို ဗဟိုချက်အနီးမှ ဝမ်းတွင်းမြို့၊ သဲတောမြို့၊ နေပြည်တော်၊ မန္တလေးမြို့ အပါအဝင် မြို့အချို့ တွင်သိသာစွာ ခံစားခဲ့ရခြင်းဖြစ်သည်။
"ပြင်အားက‌တော့ အခုကြည့်တာ ၅ လောက်ရှိတယ်တဲ့။ နည်းနည်းလေးတော့ ကြာတယ်။ အပေါ်ထပ်မို့လားမသိဘူး သိသာတယ်။ ယိုင်သွားတာ" ဟု နေပြည်တော်မှ အရာထမ်းတစ်ဦးက ပြောသည်။

Zawgyi Version:

Related news

© 2021. All rights reserved.