တရားမဝင် ရွှေမျော ဆက်စပ်ပစ္စည်းများကို အပြီးတိုင် ဖြတ်သန်းသယ်ဆောင်ခွင့်မပြုတော့ကြောင်း တိုင်းအစိုးရ အသိပေး

325

သန့်ဇင် (NP News)- ဇန်နဝါရီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တရားမဝင်ရွှေမျောများမလုပ်ကိုင်နိုင်စေရန် ဆက်စပ်ပစ္စည်းများကိူ အပြီးတိုင်ဖြတ်သန်းခွင့်မပြုတော့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးရာဝန်ကြီးဦးညွန့်ဝင်းအောင် က NP News သို့ပြောသည်။
PDF အဖွဲ့များသည် စစ်ကိုင်းတိုင်းအတွင်း ချစ်တွင်းမြစ်အထက်ပိုင်းနှင့် မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်းဒေသများတွင်လည်းကောင်း ကျွန်းလှမြို့ နယ်အတွင်းရှိ သဖန်းဆိပ်ဆည်အနီးတွင်လည်း ကောင်း တရားမဝင်ရွှေတူးဖော်ရေးလုပ်ငန်းများလုပ် ကိုင်နေကြောင်း သိရသည်။
အဆိုပါ တရားမဝင်ရွှေမျောလုပ်ငန်းများသို့ ပို့ဆောင်မည့် ရွှေမျောဆက်စပ်ပစ္စည်းများကိုလည်း စစ်ကိုင်းတိုင်းအတွင်းမှသယ်ဆောင်ကြရာ စစ်ကိုင်း တံတားထိပ်တွင် တားဆီးစစ်ဆေးကာ ဖမ်းဆီးအရေး ယူခြင်းများလုပ်ဆောင်နေကြောင်း စစ်ကိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူမှုရေးရာဝန်ကြီးဦးညွန့်ဝင်းအောင် က ဆိုသည်။
" ချင်းတွင်းမြစ်အထက်ပိုင်းမှာများတာ ပေါ့နော်။ မော်လိုက်တို့ ဖောင်းပြင်တို့ နောက်ပြီး ဟုမ္မလင်းတို့ အဲဒီဒေသတွေမှာရှိကြတာပေါ့နော်။ ကျွန်းလှဘက်က သဖန်းဆိပ်ဆည်ဘက်မှာလည်း လုပ်ငန်းတွေလုပ်နေတယ်လို့တော့ အကြမ်းဖျင်းသိရ တယ်ပေါ့နော်။ ဒီလိုပဲ သတင်းလေးရတာရှိတယ်။ အဲဒီလုပ်ငန်းတွေသုံးဖို့အတွက် မျောတွေလုပ်တာကိုး။ ရေထဲကနေ ပိုက်တွေနဲ့ စုပ်ကြလုပ်ငန်းတွေလုပ်ကြ တာ။ အဲဒီလုပ်ငန်းလုပ်တဲ့ပစ္စည်းတွေ သယ်ကြတာ။ အဲဒါတွေကို ကျွန်တော်တို့ စစ်ကိုင်းတံတားထိပ်က နေတားဆီးကြတာပေါ့" ဦးညွန့်ဝင်းအောင်က ပြောသည်။
ထို့ပြင် တရားမဝင်ရွှေမျောများမှထွက်ရှိ သည့်ရွှေများကိုလည်း နည်းလမ်းမျိုးစုံဖြင့် သိုဝှက် သယ်ဆောင်နေကြပြီး ဆက်စပ်ပစ္စည်းများကဲ့သို့ ပမာ ဏမများသည့်အတွက် ပုံသဏ္ဌာန်မျိုးစုံဖြင့် ရွှေပန်း ထိမ်လုပ်ငန်းများသို့ဝင်ရောက်နိုင်ကြောင်း ဦးညွန့်ဝင်း အောင်ကဆိုသည်။
" ရောက်တဲ့နေရာကနေ စစ်ကိုင်းတံတား ထိပ်ကနေ အဲဒီသွားတဲ့လမ်းတစ်လျှောက် ကျွန်တော် တို့ စစ်ဆေးရေးဂိတ်တွေရှိတဲ့နေရာတွေကနေ တား ဆီး ဖမ်းဆီးပြီး အရေးယူတာတွေလုပ်နေပါတယ်။ ရွှေတွေကျတော့ ကျွန်တော်တို့က တရားဝင် ခွင့်ပြု ထားတာလည်းမရှိတော့ မဖြေတတ်ဘူး။ သူတို့က နည်းမျိုးစုံနဲ့ ဝှက်သယ်ကြမှာပေါ့။ ပမာဏကလည်း မများဘူးလေ။ ကျစ်ကျစ်လျစ်လျစ်ဖြစ်သွားတော့။ ပုံ သဏ္ဌာန်မျိုးစုံနဲ့ဝင်နိုင်တာပေါ့နော်"ဟု ဦးညွန့်ဝင်း အောင်ကပြောသည်။ ထို့ကြောင့် တရားမဝင် ရွှေမျော နှင့်ပတ်သက်သည့်ဆက်စပ်ပစ္စည်းများကို စစ်ကိုင်း တိုင်းအတွင်း အပြီးတိုင်ဖြတ်သန်းခွင့်မပေးတော့ဘဲ သေချာစွာ စိစစ်တားဆီးအရေးယူခြင်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးညွန့်ဝင်း အောင်ကဆိုသည်။
" အဲဒီဘက်ကို တရားမဝင်ရွှေမျောတွေ မလုပ်နိုင်အောင် လိုအပ်တဲ့ပစ္စည်းကိရိယာတွေ၊ ရွှေ မျောနဲ့ပတ်သက်တဲ့ပစ္စည်းကိရိယာတွေ ကျွန်တော်တို့ လုံးဝပေးမဖြတ်ဘူး။ တားဆီးထားတယ်။ နောက်ပြီး အဲဒီဘက်မှာအသုံးပြုနိုင်တဲ့ရွှေမျောတွေကို မောင်းဖို့အသုံးပြုနိုင်တဲ့ စက်သုံးဆီတွေကိုလည်း ကျွန်တော်တို့ကပေးမဖြတ်ဘူး တားဆီးအရေးယူနေ တာပေါ့နော်။ အဲဒီဘက်ကိုသွားတဲ့ စက်သုံးဆီတွေနဲ့ ရွှေမျောသုံးပစ္စည်းတွေကို ကျွန်တော်တို့ သေချာကို တားဆီးနေတယ်။ နောက်ပြီး ကျွန်တော်တို့တပ်မ တော်ဘက်ကလည်း အဲဒီဘက်ကို နယ်မြေရှင်းလင်း ဖို့သွားရင်းတွေ့ရင် အကုန်လုံးဖမ်းဆီးအရေးယူတာ တွေလည်းဆောင်ရွက်နေပါတယ်။ အဲဒီလိုမျိုးတွေ ဆောင်ရွက်သွားမှာပေါ့"ဟု ဦးညွန့်ဝင်းအောင်က ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ(၃၁)ရက်ကလည်း ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရား မဝင် ရွှေသတ္တုတူးဖော်ရာတွင်အသုံးပြုသည့် ခြောက်လက်မသံပိုက်ဆက် ဖလမ်းပြား( ၁၆) ခု အပါအဝင် ဆက်စပ်ပစ္စည်းရှစ်မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၄၀ဝဝဝ) ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့သတ္တုတွင်း ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

Zawgyi Version:
တရားမဝင္ ေ႐ႊေမ်ာ ဆက္စပ္ပစၥည္းမ်ားကို အၿပီးတိုင္ ျဖတ္သန္းသယ္ေဆာင္ခြင့္မျပဳေတာ့ေၾကာင္း တိုင္းအစိုးရ အသိေပး
သန႔္ဇင္ (NP News)- ဇန္နဝါရီ ၁၆
စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းရွိ တရားမဝင္ေ႐ႊေမ်ာမ်ားမလုပ္ကိုင္ႏိုင္ေစရန္ ဆက္စပ္ပစၥည္းမ်ားကိူ အၿပီးတိုင္ျဖတ္သန္းခြင့္မျပဳေတာ့ေၾကာင္း စစ္ကိုင္းတိုင္းေဒသႀကီး အစိုးရအဖြဲ႕မွ ေျပာေရးဆိုခြင့္ရွိသူ လူမႈေရးရာဝန္ႀကီးဦးၫြန႔္ဝင္းေအာင္ က NP News သို႔ေျပာသည္။
PDF အဖြဲ႕မ်ားသည္ စစ္ကိုင္းတိုင္းအတြင္း ခ်စ္တြင္းျမစ္အထက္ပိုင္းႏွင့္ ေမာ္လိုက္၊ ေဖာင္းျပင္၊ ဟုမၼလင္းေဒသမ်ားတြင္လည္းေကာင္း ကြၽန္းလွၿမိဳ႕ နယ္အတြင္းရွိ သဖန္းဆိပ္ဆည္အနီးတြင္လည္း ေကာင္း တရားမဝင္ေ႐ႊတူးေဖာ္ေရးလုပ္ငန္းမ်ားလုပ္ ကိုင္ေနေၾကာင္း သိရသည္။
အဆိုပါ တရားမဝင္ေ႐ႊေမ်ာလုပ္ငန္းမ်ားသို႔ ပို႔ေဆာင္မည့္ ေ႐ႊေမ်ာဆက္စပ္ပစၥည္းမ်ားကိုလည္း စစ္ကိုင္းတိုင္းအတြင္းမွသယ္ေဆာင္ၾကရာ စစ္ကိုင္း တံတားထိပ္တြင္ တားဆီးစစ္ေဆးကာ ဖမ္းဆီးအေရး ယူျခင္းမ်ားလုပ္ေဆာင္ေနေၾကာင္း စစ္ကိုင္းေဒသႀကီး အစိုးရအဖြဲ႕မွ လူမႈေရးရာဝန္ႀကီးဦးၫြန႔္ဝင္းေအာင္ က ဆိုသည္။
" ခ်င္းတြင္းျမစ္အထက္ပိုင္းမွာမ်ားတာ ေပါ့ေနာ္။ ေမာ္လိုက္တို႔ ေဖာင္းျပင္တို႔ ေနာက္ၿပီး ဟုမၼလင္းတို႔ အဲဒီေဒသေတြမွာရွိၾကတာေပါ့ေနာ္။ ကြၽန္းလွဘက္က သဖန္းဆိပ္ဆည္ဘက္မွာလည္း လုပ္ငန္းေတြလုပ္ေနတယ္လို႔ေတာ့ အၾကမ္းဖ်င္းသိရ တယ္ေပါ့ေနာ္။ ဒီလိုပဲ သတင္းေလးရတာရွိတယ္။ အဲဒီလုပ္ငန္းေတြသုံးဖို႔အတြက္ ေမ်ာေတြလုပ္တာကိုး။ ေရထဲကေန ပိုက္ေတြနဲ႔ စုပ္ၾကလုပ္ငန္းေတြလုပ္ၾက တာ။ အဲဒီလုပ္ငန္းလုပ္တဲ့ပစၥည္းေတြ သယ္ၾကတာ။ အဲဒါေတြကို ကြၽန္ေတာ္တို႔ စစ္ကိုင္းတံတားထိပ္က ေနတားဆီးၾကတာေပါ့" ဦးၫြန႔္ဝင္းေအာင္က ေျပာသည္။
ထို႔ျပင္ တရားမဝင္ေ႐ႊေမ်ာမ်ားမွထြက္ရွိ သည့္ေ႐ႊမ်ားကိုလည္း နည္းလမ္းမ်ိဳးစုံျဖင့္ သိုဝွက္ သယ္ေဆာင္ေနၾကၿပီး ဆက္စပ္ပစၥည္းမ်ားကဲ့သို႔ ပမာ ဏမမ်ားသည့္အတြက္ ပုံသဏၭာန္မ်ိဳးစုံျဖင့္ ေ႐ႊပန္း ထိမ္လုပ္ငန္းမ်ားသို႔ဝင္ေရာက္ႏိုင္ေၾကာင္း ဦးၫြန႔္ဝင္း ေအာင္ကဆိုသည္။
" ေရာက္တဲ့ေနရာကေန စစ္ကိုင္းတံတား ထိပ္ကေန အဲဒီသြားတဲ့လမ္းတစ္ေလွ်ာက္ ကြၽန္ေတာ္ တို႔ စစ္ေဆးေရးဂိတ္ေတြရွိတဲ့ေနရာေတြကေန တား ဆီး ဖမ္းဆီးၿပီး အေရးယူတာေတြလုပ္ေနပါတယ္။ ေ႐ႊေတြက်ေတာ့ ကြၽန္ေတာ္တို႔က တရားဝင္ ခြင့္ျပဳ ထားတာလည္းမရွိေတာ့ မေျဖတတ္ဘူး။ သူတို႔က နည္းမ်ိဳးစုံနဲ႔ ဝွက္သယ္ၾကမွာေပါ့။ ပမာဏကလည္း မမ်ားဘူးေလ။ က်စ္က်စ္လ်စ္လ်စ္ျဖစ္သြားေတာ့။ ပုံ သဏၭာန္မ်ိဳးစုံနဲ႔ဝင္ႏိုင္တာေပါ့ေနာ္"ဟု ဦးၫြန႔္ဝင္း ေအာင္ကေျပာသည္။ ထို႔ေၾကာင့္ တရားမဝင္ ေ႐ႊေမ်ာ ႏွင့္ပတ္သက္သည့္ဆက္စပ္ပစၥည္းမ်ားကို စစ္ကိုင္း တိုင္းအတြင္း အၿပီးတိုင္ျဖတ္သန္းခြင့္မေပးေတာ့ဘဲ ေသခ်ာစြာ စိစစ္တားဆီးအေရးယူျခင္းမ်ားကို ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ဦးၫြန႔္ဝင္း ေအာင္ကဆိုသည္။
" အဲဒီဘက္ကို တရားမဝင္ေ႐ႊေမ်ာေတြ မလုပ္ႏိုင္ေအာင္ လိုအပ္တဲ့ပစၥည္းကိရိယာေတြ၊ ေ႐ႊ ေမ်ာနဲ႔ပတ္သက္တဲ့ပစၥည္းကိရိယာေတြ ကြၽန္ေတာ္တို႔ လုံးဝေပးမျဖတ္ဘူး။ တားဆီးထားတယ္။ ေနာက္ၿပီး အဲဒီဘက္မွာအသုံးျပဳႏိုင္တဲ့ေ႐ႊေမ်ာေတြကို ေမာင္းဖို႔အသုံးျပဳႏိုင္တဲ့ စက္သုံးဆီေတြကိုလည္း ကြၽန္ေတာ္တို႔ကေပးမျဖတ္ဘူး တားဆီးအေရးယူေန တာေပါ့ေနာ္။ အဲဒီဘက္ကိုသြားတဲ့ စက္သုံးဆီေတြနဲ႔ ေ႐ႊေမ်ာသုံးပစၥည္းေတြကို ကြၽန္ေတာ္တို႔ ေသခ်ာကို တားဆီးေနတယ္။ ေနာက္ၿပီး ကြၽန္ေတာ္တို႔တပ္မ ေတာ္ဘက္ကလည္း အဲဒီဘက္ကို နယ္ေျမရွင္းလင္း ဖို႔သြားရင္းေတြ႕ရင္ အကုန္လုံးဖမ္းဆီးအေရးယူတာ ေတြလည္းေဆာင္႐ြက္ေနပါတယ္။ အဲဒီလိုမ်ိဳးေတြ ေဆာင္႐ြက္သြားမွာေပါ့"ဟု ဦးၫြန႔္ဝင္းေအာင္က ေျပာသည္။
ၿပီးခဲ့သည့္ ဒီဇင္ဘာ(၃၁)ရက္ကလည္း ရတနာပုံတံတား ပူးေပါင္းစစ္ေဆးေရးဂိတ္၌ တရား မဝင္ ေ႐ႊသတၱဳတူးေဖာ္ရာတြင္အသုံးျပဳသည့္ ေျခာက္လက္မသံပိုက္ဆက္ ဖလမ္းျပား( ၁၆) ခု အပါအဝင္ ဆက္စပ္ပစၥည္းရွစ္မ်ိဳး(ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၅၀၄၀ဝဝဝ) ကို ဖမ္းဆီးရမိခဲ့ၿပီး ျမန္မာ့သတၱဳတြင္း ဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။