၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေ နှင့် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေတို့ဖြင့် နာဂဒေသတွင် လုပ်ငန်း(၂၆၀)ကျော် ဆောက်ရွက်ပေးခဲ့

75

သန့်ဇင် (NP News) - ဇန်နဝါရီ ၁၆
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေ နှင့် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေတို့ဖြင့် နာဂဒေသတွင် လုပ်ငန်း(၂၆၀)ကျော် အကျိုး ပြု ဆောက်ရွက်ပေးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ယမန်နေ့( ဇန်နဝါရီလ ၁၅ ရက်)၊ နံနက်ပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့၌ ကျင်းပသော ၂၀၂၆ ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော်အခမ်းအနားတွင် နှစ်သစ်နှုတ်ခွန်းဆက်စကားပြောကြားရာ၌ အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိမိတို့နိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် စုစည်းတည်ဆောက်ထားသော ပြည်ထောင်စုကြီးဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထိုသို့တည်ဆောက်ရာတွင် နာဂတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ နှင့် သမိုင်းဝင်အစဉ်အလာများသည် နိုင်ငံတော်အတွက် ဂုဏ်ယူဖွယ်ရာအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ထို့ပြင် နာဂတိုင်းရင်းသားတို့၏ ရိုးရာဝတ်စုံများ၊ ခမ်းနားသော ဦးခေါင်းအဆင်တန်ဆာများ၊ ရိုးရာအကများ အားလုံးတို့သည်လည်း ပြည်ထောင်စုကြီးကို ပိုမိုပြည့်စုံစေကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
မိမိတို့နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေးကို ခိုင်မာအောင်တည်ဆောက်ပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ဒီမိုကရေစီစနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေရန်အတွက် တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းရေးကို လိုလားမှုနှင့် ပူးပေါင်းပါဝင်မှုတို့သည် အဓိကသော့ချက်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
နာဂဒေသသည်တည်ငြိမ်အေးချမ်းသည့် ဒေသဖြစ်သည့်အတွက် ကဏ္ဍအလိုက် လိုအပ်သည်များကို နိုင်ငံတော်အနေဖြင့် ဖြည့်ဆည်း ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် လုပ်ငန်း (၅၃) ခု၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် လုပ်ငန်း (၂၀၈) ခုတို့ကို နာဂဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။
နာဂဒေသပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့် အခြားထုတ်ကုန် လုပ်ငန်း များတွင် ရင်းနှီးလုပ်ကိုင်နိုင်ရန်အတွက် နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေမှ ငွေကျပ် (၅) ဘီလီယံကိုလည်း အရင်းအနှီးမတည် ပေးနိုင်ခဲ့ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထို့ပြင် နာဂဒေသတည်ငြိမ်အေးချမ်းမှုရှိနေခြင်းကြောင့် ဒေသဖွံ့ဖြိုးတိုးတက်များကို တစ်နှစ်ထက်တစ်နှစ် ပိုမိုဆောင်ရွက်ပေးနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။
ထို့ကြောင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးသည် အလွန်အရေးကြီးပြီး နာဂဒေသရှိပြည်သူများက အဆိုပါတည်ငြိမ်အေးချမ်းမှု မပျက် ယွင်းအောင် ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့ကြောင်း သိရသည်။
လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင်လည်း နိုင်ငံတော်အစိုးရအနေဖြင့် အရှည်ပေ (၂၆၂၈) ပေရှိ သံကူကွန်ကရစ်အမျိုးအစား ချင်းတွင်းမြစ် ကူးတံတား (ထမံသီ) အား ဆောက်လုပ်ပေးနိုင်ခဲ့သည့်အတွက် ဟုမ္မလင်းခရိုင်၊ ခန္တီးခရိုင်တို့နှင့် နာဂဒေသတို့၏ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး ကုန်စည်းစီးဆင်းမှုများ ပိုမိုမြန်ဆန်လာကာ ဒေသခံပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက် အကူပြုလာတော့မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

Zawgyi Version:
၂၀၂၅-၂၀၂၆ ဘ႑ာႏွစ္အတြင္း ျပည္ေထာင္စုရန္ပုံေငြ ႏွင့္ တိုင္းေဒသႀကီးခြင့္ျပဳရန္ပုံေငြတို႔ျဖင့္ နာဂေဒသတြင္ လုပ္ငန္း(၂၆၀)ေက်ာ္ ေဆာက္႐ြက္ေပးခဲ့
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၁၆
၂၀၂၅-၂၀၂၆ ဘ႑ာႏွစ္အတြင္း ျပည္ေထာင္စုရန္ပုံေငြ ႏွင့္ တိုင္းေဒသႀကီးခြင့္ျပဳရန္ပုံေငြတို႔ျဖင့္ နာဂေဒသတြင္ လုပ္ငန္း(၂၆၀)ေက်ာ္ အက်ိဳး ျပဳ ေဆာက္႐ြက္ေပးခဲ့ေၾကာင္း ကာကြယ္ေရးဝန္ႀကီးဌာန ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဖြဲ႕ဝင္၊ ျပည္ေထာင္စုဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအးက ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ျပည္ေထာင္စုဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအးက ယမန္ေန႔( ဇန္နဝါရီလ ၁၅ ရက္)၊ နံနက္ပိုင္းတြင္ နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ေလရွီးၿမိဳ႕၌ က်င္းပေသာ ၂၀၂၆ ခုႏွစ္၊ နာဂ႐ိုးရာႏွစ္သစ္ကူးပြဲေတာ္အခမ္းအနားတြင္ ႏွစ္သစ္ႏႈတ္ခြန္းဆက္စကားေျပာၾကားရာ၌ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
မိမိတို႔ႏိုင္ငံေတာ္သည္ တိုင္းရင္းသားလူမ်ိဳးေပါင္းစုံျဖင့္ စုစည္းတည္ေဆာက္ထားေသာ ျပည္ေထာင္စုႀကီးျဖစ္ပါေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ထိုသို႔တည္ေဆာက္ရာတြင္ နာဂတိုင္းရင္းသားမ်ား၏ ႐ိုးရာယဥ္ေက်းမႈ၊ ဓေလ့ထုံးတမ္းမ်ား ႏွင့္ သမိုင္းဝင္အစဥ္အလာမ်ားသည္ ႏိုင္ငံေတာ္အတြက္ ဂုဏ္ယူဖြယ္ရာအစိတ္အပိုင္းတစ္ခုျဖစ္ေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားခဲ့သည္။
ထို႔ျပင္ နာဂတိုင္းရင္းသားတို႔၏ ႐ိုးရာဝတ္စုံမ်ား၊ ခမ္းနားေသာ ဦးေခါင္းအဆင္တန္ဆာမ်ား၊ ႐ိုးရာအကမ်ား အားလုံးတို႔သည္လည္း ျပည္ေထာင္စုႀကီးကို ပိုမိုျပည့္စုံေစေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
မိမိတို႔ႏိုင္ငံေတာ္အစိုးရအေနျဖင့္ တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းေရး ႏွင့္ တရားဥပေဒစိုးမိုးေရးကို ခိုင္မာေအာင္တည္ေဆာက္ၿပီး စစ္မွန္၍ စည္းကမ္းျပည့္ဝေသာ ပါတီစုံဒီမိုကေရစီစနစ္ခိုင္မာေရးကို ဦးတည္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ဒီမိုကေရစီစနစ္ကို အေျခခံသည့္ ျပည္ေထာင္စုႀကီး ေပၚထြန္းလာေစရန္အတြက္ တိုင္းရင္းသားအားလုံး၏ စည္းလုံးညီၫြတ္မႈ၊ ၿငိမ္းခ်မ္းေရးကို လိုလားမႈႏွင့္ ပူးေပါင္းပါဝင္မႈတို႔သည္ အဓိကေသာ့ခ်က္ျဖစ္ေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားခဲ့သည္။
နာဂေဒသသည္တည္ၿငိမ္ေအးခ်မ္းသည့္ ေဒသျဖစ္သည့္အတြက္ က႑အလိုက္ လိုအပ္သည္မ်ားကို ႏိုင္ငံေတာ္အေနျဖင့္ ျဖည့္ဆည္း ေဆာင္႐ြက္လ်က္ရွိရာ ၂၀၂၅-၂၀၂၆ ဘ႑ာႏွစ္အတြင္း ျပည္ေထာင္စုရန္ပုံေငြျဖင့္ လုပ္ငန္း (၅၃) ခု၊ တိုင္းေဒသႀကီးခြင့္ျပဳရန္ပုံေငြျဖင့္ လုပ္ငန္း (၂၀၈) ခုတို႔ကို နာဂေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အက်ိဳးျပဳေဆာင္႐ြက္ေပးႏိုင္ခဲ့ေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ထည့္သြင္းေျပာၾကားခဲ့သည္။
နာဂေဒသျပည္သူလူထု၏ လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္ေစရန္ စိုက္ပ်ိဳးေရးလုပ္ငန္း၊ ေမြးျမဴေရးလုပ္ငန္းႏွင့္ အျခားထုတ္ကုန္ လုပ္ငန္း မ်ားတြင္ ရင္းႏွီးလုပ္ကိုင္ႏိုင္ရန္အတြက္ ႏိုင္ငံ့စီးပြားျမႇင့္ တင္ေရးရန္ပုံေငြမွ ေငြက်ပ္ (၅) ဘီလီယံကိုလည္း အရင္းအႏွီးမတည္ ေပးႏိုင္ခဲ့ေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ထို႔ျပင္ နာဂေဒသတည္ၿငိမ္ေအးခ်မ္းမႈရွိေနျခင္းေၾကာင့္ ေဒသဖြံ႕ၿဖိဳးတိုးတက္မ်ားကို တစ္ႏွစ္ထက္တစ္ႏွစ္ ပိုမိုေဆာင္႐ြက္ေပးႏိုင္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ထည့္သြင္းေျပာၾကားခဲ့သည္။
ထို႔ေၾကာင့္ နယ္ေျမေဒသတည္ၿငိမ္ေအးခ်မ္းေရးသည္ အလြန္အေရးႀကီးၿပီး နာဂေဒသရွိျပည္သူမ်ားက အဆိုပါတည္ၿငိမ္ေအးခ်မ္းမႈ မပ်က္ ယြင္းေအာင္ ထိန္းသိမ္းေစာင့္ေရွာက္ရန္တာဝန္ရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက မွာၾကားခဲ့ေၾကာင္း သိရသည္။
လမ္းပန္းဆက္သြယ္ေရးက႑တြင္လည္း ႏိုင္ငံေတာ္အစိုးရအေနျဖင့္ အရွည္ေပ (၂၆၂၈) ေပရွိ သံကူကြန္ကရစ္အမ်ိဳးအစား ခ်င္းတြင္းျမစ္ ကူးတံတား (ထမံသီ) အား ေဆာက္လုပ္ေပးႏိုင္ခဲ့သည့္အတြက္ ဟုမၼလင္းခ႐ိုင္၊ ခႏၲီးခ႐ိုင္တို႔ႏွင့္ နာဂေဒသတို႔၏ လမ္းပန္းဆက္သြယ္ေရး ပိုမိုေကာင္းမြန္လာၿပီး ကုန္စည္းစီးဆင္းမႈမ်ား ပိုမိုျမန္ဆန္လာကာ ေဒသခံျပည္သူမ်ား၏ လူမႈဘဝဖြံ႕ၿဖိဳးတိုးတက္ေရးကို မ်ားစြာ အေထာက္ အကူျပဳလာေတာ့မည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားခဲ့သည္။