နော်ဝေးနိုင်ငံတွင် (၂၀၂၅) ခုနှစ်က သမိုင်းတစ်လျှောက် အပူဆုံးနှစ်တစ်နှစ်အဖြစ် စံချိန်တင်

 111

Pika (NP News) - ဇန်နဝါရီလ ၁၆

သမိုင်းတစ်လျှောက် စံချိန်တင်ခဲ့ဖူးသမျှ ထဲတွင် (၂၀၂၅)ခုနှစ်က အပူဆုံးနှစ်တစ်နှစ်ဖြစ် ကြောင်း နော်ဝေးမိုးလေဝသဌာနက ထုတ်ပြန်ပြော ကြားခဲ့သည်။ ပြင်းထန်သော နွေရာသီအပူလှိုင်းနှင့် (၂၀၂၅)ခုနှစ်နှောင်းပိုင်းတွင်စတင်ခဲ့သော ပုံမှန်မ ဟုတ်သည့်ဆောင်းရာသီတို့ကြောင့် နိုင်ငံတွင်းတွင် အပူဆုံးနှစ်တစ်နှစ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း နော်ဝေးမိုးလေဝသဌာနက ပြောကြားခဲ့သည်။
လူသားများ၏လုပ်ဆောင်ချက်များကြောင့် ဖြစ်ပေါ်လာသောရာသီဥတုပြောင်းလဲမှု၏ နောက် ထပ်လက္ခဏာတစ်ရပ်အနေဖြင့် ဒီဇင်ဘာလ(၂၂) ရက်တွင် အာတိတ်ဒေသရှိ Svalbard ကျွန်းစု၏ အဓိကမြို့ဖြစ်သော Longyearbyen တွင် အပူချိန် သည် (၄)ဒီဂရီစင်တီဂရိတ်အထိရောက်ရှိခဲ့ပြီး အဆို ပါနေ့တွင်ပင် အပူချိန်(၃)ဒီဂရီစင်တီဂရိတ်နှင့် (၁)ဒီ ဂရီစင်တီဂရိတ် အသီးသီးမှတ်တမ်းတင်ခဲ့သော Seville နှင့် Ankara မြို့နှစ်ခုလုံးထက် ပိုမိုပူပြင်းခဲ့ ကြောင်းသိရသည်။ နော်ဝေး မိုးလေဝသတင်းဌာနက }(၂၀၂၅)ခုနှစ်က တကယ်ကို စံချိန်တင်အပူဆုံးနှစ် တစ်နှစ်ဖြစ်ခဲ့ပါတယ်။ ဇူလိုင်လမှာပြင်းထန်တဲ့ အပူ လှိုင်းတွေနဲ့အတူ နော်ဝေးနိုင်ငံက နေရာများစွာမှာ စံချိန်တင်ပူပြင်းတဲ့နွေရာသီတစ်ခုရှိခဲ့ပါတယ်။ ပြီးတော့ ခရစ္စမတ်မတိုင်ခင်တည်းက ဆောင်းဦးနှောင်းပိုင်းနဲ့ ဆောင်းရာသီအစကိုလည်း ကျွန်တော်တို့ တွေ့မြင်ခဲ့ ရပါတယ်}ဟုပြောဆိုခဲ့သည်။
နော်ဝေးနိုင်ငံ၏ (၂၀၂၅)ခုနှစ်အပူချိန် သည် (၁၉၉၁-၂၀၂၀)ခုနှစ်ကာလ ပျမ်းမျှနှင့်နှိုင်းယှဉ် ပါက ပုံမှန်ထက်(၁ ဒသမ ၅)ဒီဂရီစင်တီဂရိတ် ပိုများ ခဲ့ပြီး စက်မှုခေတ်မတိုင်မီ (၁၈၇၁-၁၉၀ဝ)ကာလ ပျမ်းမျှနှင့်နှိုင်းယှဉ်မည်ဆိုပါက (၂ ဒသမ ၈) ဒီဂရီ စင်တီဂရိတ်ပိုများကြောင်း နော်ဝေးမိုးလေဝသဌာနက ပြောကြားခဲ့သည်။

Zawgyi Version:
ေနာ္ေဝးႏိုင္ငံတြင္ (၂၀၂၅) ခုႏွစ္က သမိုင္းတစ္ေလွ်ာက္ အပူဆုံးႏွစ္တစ္ႏွစ္အျဖစ္ စံခ်ိန္တင္
Pika (NP News) - ဇန္နဝါရီလ ၁၆
သမိုင္းတစ္ေလွ်ာက္ စံခ်ိန္တင္ခဲ့ဖူးသမွ် ထဲတြင္ (၂၀၂၅)ခုႏွစ္က အပူဆုံးႏွစ္တစ္ႏွစ္ျဖစ္ ေၾကာင္း ေနာ္ေဝးမိုးေလဝသဌာနက ထုတ္ျပန္ေျပာ ၾကားခဲ့သည္။ ျပင္းထန္ေသာ ေႏြရာသီအပူလႈိင္းႏွင့္ (၂၀၂၅)ခုႏွစ္ေႏွာင္းပိုင္းတြင္စတင္ခဲ့ေသာ ပုံမွန္မ ဟုတ္သည့္ေဆာင္းရာသီတို႔ေၾကာင့္ ႏိုင္ငံတြင္းတြင္ အပူဆုံးႏွစ္တစ္ႏွစ္အျဖစ္ မွတ္တမ္းဝင္ခဲ့ေၾကာင္း ေနာ္ေဝးမိုးေလဝသဌာနက ေျပာၾကားခဲ့သည္။
လူသားမ်ား၏လုပ္ေဆာင္ခ်က္မ်ားေၾကာင့္ ျဖစ္ေပၚလာေသာရာသီဥတုေျပာင္းလဲမႈ၏ ေနာက္ ထပ္လကၡဏာတစ္ရပ္အေနျဖင့္ ဒီဇင္ဘာလ(၂၂) ရက္တြင္ အာတိတ္ေဒသရွိ Svalbard ကြၽန္းစု၏ အဓိကၿမိဳ႕ျဖစ္ေသာ Longyearbyen တြင္ အပူခ်ိန္ သည္ (၄)ဒီဂရီစင္တီဂရိတ္အထိေရာက္ရွိခဲ့ၿပီး အဆို ပါေန႔တြင္ပင္ အပူခ်ိန္(၃)ဒီဂရီစင္တီဂရိတ္ႏွင့္ (၁)ဒီ ဂရီစင္တီဂရိတ္ အသီးသီးမွတ္တမ္းတင္ခဲ့ေသာ Seville ႏွင့္ Ankara ၿမိဳ႕ႏွစ္ခုလုံးထက္ ပိုမိုပူျပင္းခဲ့ ေၾကာင္းသိရသည္။ ေနာ္ေဝး မိုးေလဝသတင္းဌာနက }(၂၀၂၅)ခုႏွစ္က တကယ္ကို စံခ်ိန္တင္အပူဆုံးႏွစ္ တစ္ႏွစ္ျဖစ္ခဲ့ပါတယ္။ ဇူလိုင္လမွာျပင္းထန္တဲ့ အပူ လႈိင္းေတြနဲ႔အတူ ေနာ္ေဝးႏိုင္ငံက ေနရာမ်ားစြာမွာ စံခ်ိန္တင္ပူျပင္းတဲ့ေႏြရာသီတစ္ခုရွိခဲ့ပါတယ္။ ၿပီးေတာ့ ခရစၥမတ္မတိုင္ခင္တည္းက ေဆာင္းဦးေႏွာင္းပိုင္းနဲ႔ ေဆာင္းရာသီအစကိုလည္း ကြၽန္ေတာ္တို႔ ေတြ႕ျမင္ခဲ့ ရပါတယ္}ဟုေျပာဆိုခဲ့သည္။
ေနာ္ေဝးႏိုင္ငံ၏ (၂၀၂၅)ခုႏွစ္အပူခ်ိန္ သည္ (၁၉၉၁-၂၀၂၀)ခုႏွစ္ကာလ ပ်မ္းမွ်ႏွင့္ႏႈိင္းယွဥ္ ပါက ပုံမွန္ထက္(၁ ဒသမ ၅)ဒီဂရီစင္တီဂရိတ္ ပိုမ်ား ခဲ့ၿပီး စက္မႈေခတ္မတိုင္မီ (၁၈၇၁-၁၉၀ဝ)ကာလ ပ်မ္းမွ်ႏွင့္ႏႈိင္းယွဥ္မည္ဆိုပါက (၂ ဒသမ ၈) ဒီဂရီ စင္တီဂရိတ္ပိုမ်ားေၾကာင္း ေနာ္ေဝးမိုးေလဝသဌာနက ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.