ရန်ကုန် - မန္တလေး အမြန်လမ်း နှင့် လမ်းမကြီးများ လုံခြုံရေး အနီရောင်အဆင့် မရောက်စေလို

253

သုတကျော် (NP News) - ဇန်နဝါရီ ၁၆
အမြန်လမ်းမကြီးမှအဖြောင့်တိုင်းလျှင် လေးမိုင် ကျော်ခန့်အကွာအဝေးတွင်ရှိသော တောကျွဲအင်းမြို့ တွင် တပ်မတော်နှင့် လုံခြုံရေးတပ်စခန်းများကို PDF အဖွဲ့တို့က ဇန်နဝါရီလ(၉)ရက် နံနက်အစောပိုင်းမှစ တင်ကာ မွန်းလွဲပိုင်းအထိ တိုက်ခိုက်မှုများပြုလုပ်ခဲ့ သည်။
ယခုရက်ပိုင်းအတွင်း တပ်မတော်နှင့် ပဲခူးတိုင်း ဒေသကြီးအတွင်းမှ PDF တို့အကြား နတ်တလင်း မြို့နယ်၊ ပေါင်းတည်မြို့နယ်၊ ဇီးကုန်းမြို့နယ်၊ မင်းလှ မြို့နယ်အပါအဝင် မြို့နယ်ပေါင်း(၅)ခုခန့်တွင် စစ် ရေးအရ ထိတွေ့မှုများဖြစ်ပွားခဲ့ရာ တောကျွဲအင်းမြို့ မှတိုက်ပွဲသည် အမြန်လမ်းမကြီးနှင့် အနီးဆုံးနေရာ တွင် ပထမဆုံးဖြစ်ပွားသည့်တိုက်ပွဲကြီး ဖြစ်သည်။
ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင်တည်ရှိ သည့် တောကျွဲအင်းမြို့သည် တစ်ဖက်တွင် ကညွှတ် ကွင်းမြို့နှင့် ကျန်တစ်ဖက်တွင် ပဲနွယ်ကုန်းမြို့တို့ကို လမ်းကြောင်းအရထိစပ်နေသည်။ ပဲခူးတိုင်းဒေသကြီး အတွင်းမှ PDF တို့ ယခုတိုက်ခိုက်နေပုံအရ ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်နှင့်အနောက်ဘက်မှ မြို့ နယ်အချို့တွင် တစ်ပြိုင်နက်တည်း တိုက်ပွဲများဖော် ဆောင်ခြင်းဖြစ်သည်ဟု နားလည်ရသည်။
တောကျွဲအင်းမြို့သို့ PDF များဝင်ရောက်သော အချိန်ကို အင်တာနက်လူမှုကွန်ရက်များတွင် မြင် တွေ့ရသောအခြေအနေမှာ မြို့ခံများအတွက် မမေ့ နိုင်စရာအမှတ်တရများ ဖြစ်ပေလိမ့်မည်။ ဗီဒီယိုထဲ တွင် PDF တို့ဝင်လာချိန် မိုးပင် ကောင်းစွာမလင်းသေး ချေ။ တစ်ယောက်တစ်ပေါက်အော်ဟစ်နေသော PDF တို့သည် ဌာနဆိုင်ရာအဆောက်အအုံများကို ၎င်းတို့ထုံးစံအတိုင်း မီးရှို့ခဲ့ကြကြောင်းလည်း မြင်ရ သည်။ ဗီဒီယိုထဲတွင် ပြည်သူတို့ထွက်ပြေးနေသည်ကို မဖော်ပြထားသော်လည်း မြို့ခံများကား ပထမဆုံး ဖောက်သောသေနတ်သံများကြားစဉ်ကပင် အဝတ် တစ်ထည် ကိုယ်တစ်ခုဖြင့် ဘေးလွတ်ရာ ကြောက် လန့်တကြား ထွက်ပြေးကြပြီဖြစ်ပေလိမ့်မည်။
ရန်ကုန်-မန္တလေးလမ်းဟောင်းဟုဆိုသော် လည်း တစ်ချိန်ကအားထားခဲ့ရသည့်လမ်းမကြီးဖြစ် ခဲ့ပြီး ယခုတိုင် အရေးပါနေဆဲယင်းလမ်းတွင် တော ကျွဲအင်းမြို့တိုက်ပွဲကြောင့် ကားအစီးပေါင်းများစွာ ပိတ်မိခဲ့ရသည်။ ထို့ပြင် တပ်မတော်မှ စစ်ကူမလာ ရောက်နိုင်စေရန်အတွက် ကုန်ကားအချို့ကို လမ်း တွင် ကန့်လန့်ဖြတ်ရပ်ကာ မီးရှို့ခြင်းများလည်းပြုလုပ် ခဲ့ကြသည်။
“ရန်ကုန်ကလာရင် လမ်းဟောင်း(၇၁)မိုင်က နေ အမြန်လမ်း(၇၂)မိုင်(၂)ဖာလုံကို လမ်းခွဲတက်ခိုင်း ပါတယ်။ မန္တလေးကလာရင် လမ်းဟောင်း မိုင်(၁၅၀) (၁)ဖာလုံကနေ အမြန်လမ်း (၁၃၈)မိုင်(၁)ဖာလုံကို တက်ခိုင်းပါတယ်” ဟုတိုက်ပွဲဖြစ်ပွားစဉ်က ကားပိတ် ဆို့ခြင်းကို တာဝန်ရှိသူတို့ ရှင်လင်းခဲ့သည့်အခြေအနေ ကို ဒေသခံတစ်ဦးက ပြန်ပြောင်းပြောပြသည်။ ကျန် ပိတ်မိသူနေသည့်ကားများကို ဖြူးမှတစ်ဆင့် အမြန် လမ်း(၁၁၅)မိုင်နှင့် အောင်မင်္ဂလာ-သရက်စိန်လမ်းမှ အမြန်လမ်း(၉၉)မိုင်ကို တစ်ဆင့်တက်ခိုင်းကြောင်း သိရသည်။
မျက်စိတစ်ဆုံးရှည်လျားသောကားတန်းကြီးနှင့် တိုက်ပွဲဖြစ်ပွားမှန်းမသိသေးဘဲ စောင့်ဆိုင်းနေကြရ သော ယာဉ်မောင်းနှင့်ခရီးသည်တို့ကိုမြင်ရသော မြင် ကွင်းမှာ ကောင်းသောမြင်ကွင်းကား မဟုတ်ပါချေ။ ယင်းတောကျွဲအင်းတိုက်ပွဲမဖြစ်မီ အမြန်လမ်းမကြီး ၏ (၁၇၃)မိုင်ရှိရဲကင်းစခန်းတစ်ခုကို ဇန်နဝါရီလ (၆) ရက်တွင် လာရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့သေးကာ ယင်းပစ်ခတ်မှုကြောင့် တစ်စုံတစ်ရာ ထိခိုက်ဆုံးရှုံးမှု မဖြစ်ခဲ့ပေ။ ယင်းနေ့တွင်ပင် နေပြည်တော်-ကံပြား- မကွေးလမ်းတွင်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှကားကို တိုက်ခိုက်သောဖြစ်စဉ် ဖြစ်ပွားခဲ့ သည်။
NP News က သတင်းအချက်အ လက်များကို ပြန်လည်ဆန်းစစ်ကြည့်ရာ လက်နက် ကိုင်တို့အနေဖြင့် (၂၀၂၁)ခုနှစ်မှသည် (၂၀၂၃) ခု နှစ်နှောင်းပိုင်းအထိ အမြန်လမ်းပေါ်တက်ခြင်းနှင့် တိုက်ခိုက်ခြင်းမျိုးရှိနေခဲ့သော်လည်း အကြိမ်ရေနည်း ခဲ့သည်။
အမြန်လမ်းမကြီးနှင့်ပတ်သက်၍ မကြာခဏ လမ်းပေါ်တက်တတ်သောအဖွဲ့မှာ နွားထိုးကြီးမြို့နယ် မှ PDF များဖြစ်ပြီး ၎င်းတို့တက်လာတတ်သည့် မိုင် တိုင်အမှတ် (၃၀ဝ)ကျော်မှာ ကားသမားများ သတိ ထားလေ့ရှိသောနေရာတစ်ခုဖြစ်လာခဲ့သည်။ ယင်း PDF တို့က ရံဖန်ရံခါ အမြန်လမ်းပေါ်တက်လာပြီး စစ်ဆေးရာတွင် တစ်ကြိမ်က လုံခြုံရေးတပ်ဖွဲ့ဝင်များ ကဲ့သို့ ခရီးသည်များကို ကားပေါ်မှဆင်းစေကာ ပညာ ပေးခြင်းမျိုးပင်ပြုလုပ်ကြောင်း ၎င်းတို့တင်ထားသည့် ဗီဒီယိုများတွင်မြင်ရသည်။ အနီးစပ်ဆုံးဖြစ်စဉ်အနေ ဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ(၂၃)ရက်က အမြန် လမ်းပေါ် PDF များတက်လာခဲ့ပြီး ဘေးတစ်ဖက် တစ်ချက်တွင်နေရာယူကာ လမ်းပိုင်းစစ်ဆေးမှုဆန် ဆန်လုပ်ခဲ့သေးသည်။
အမြန်လမ်းမကြီးသည် နိုင်ငံ၏အသက်သွေး ကြောဖြစ်သည့်အတွက် လုံခြုံရေးအစောင့်အရှောက် များရှိနေသော်လည်း PDF တို့က အမြန်လမ်းမကြီး အနီးတစ်ဝိုက်တွင် ရောက်ရှိလာခဲ့သည်။ ရဲကင်းစခန်း အချို့ကို PDF များ ပစ်မှတ်ထားလာပြီးသည့်နောက် ရဲကင်းစခန်းများ၏ပုံစံလည်း ပြောင်းလဲလာခဲ့ရာ လက်ရှိမြင်တွေ့ရသော အခိုင်အမာနေရာများဖြစ်လာ သည်ကိုမြင်တွေ့ရသည်။ တစ်ဖက်တွင် အမြန်လမ်း မကြီးပေါ်ရှိ ရဲကင်းစခန်းအချို့ကို PDF များက ရှောင် တခင်တိုက်ခိုက်မှုများရှိခဲ့ရာ ခရီးသွားတို့မှာ အမြန် လမ်းမကြီးထက်တွင် စောင့်ဆိုင်းရသောဖြစ်စဉ်အချို့ ရှိလာခဲ့၏။ ခရီးသည်များစောင့်ဆိုင်ရခြင်းမှာ ဖြစ်ခေါင့် ဖြစ်ခဲအခြေအနေမျိုးဖြစ်သော်လည်း လမ်းမကြီး၏လုံခြုံရေးအတွက်စိန်ခေါ်မှုအချို့ကို အရှိန်တင် စတင် ပြုလုပ်နေခြင်းဖြစ်သည်။
“အမြန်လမ်းပေါ်မှာ အခုထိဖြစ်တာတွေကတော့ ပစ်ပြေးအဆင့်ပဲ။ ပစ်ပြီးရင်ပြေးတာပဲ။ လမ်းပေါ်မှာ တိုက်ပွဲကြီးဖြစ်တာမျိုးတော့မဟုတ်ဘူး”ဟု လုံခြုံရေး တပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက NP News သို့ပြောသည်။ ပြီးခဲ့သည့် (၂၀၂၅)ခုနှစ် မတ်လ အတွင်းတွင် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၁၈) မိုင်၊ (၃၁၉) မိုင်နှင့် (၃၂၁)မိုင်တို့တွင်PDF တို့က လုံခြုံရေးတပ်ဖွဲ့တို့ကို ပစ်ခတ်မှုများပြုလုပ်ခဲ့ရာ ယင်းနေရာရောက် ခရီးသွားတစ်ဦးက TikTok လူမှု ကွန်ရက်တွင် ဗီဒီယိုတစ်ခုမျှဝေခဲ့သည်။
အဆိုပါ ဗီဒီယိုအတွင်း ခရီးသွားများက ကားများ ကို ဘေးသို့ချရပ်ကာ စိုးရိမ်သောမျက်နှာများဖြင့် ကြည့်နေကြသည့်မြင်ကွင်းကို မြင်ရသည်။ ယခုအချိန် အထိ အမြန်လမ်းမကြီးထက်တွင်ဖြစ်ပွားသော တိုက် ခိုက်မှုဖြစ်စဉ်များမှာ နာရီနှင့်ချီကြာသည့်တိုက်ပွဲများ မဟုတ်သော်လည်း အမြန်လမ်းမကြီးပေါ် PDF တို့ အနေဖြင့် ပိုမိုသွေးတိုးစမ်းလာသည့်အနေအထားကို မြင်တွေ့ရသည်။
အမြန်လမ်းမကြီး အစမှအဆုံးဖြစ်သော ရန်ကုန် -နေပြည်တော်-မန္တလေးလမ်းပိုင်းတစ်ခုလုံးအနက် မူလက နေပြည်တော်နှင့်မန္တလေးအပိုင်းတွင် PDF တို့ လှုပ်ရှားမှုရှိခဲ့သော်လည်း ယခုအခါ နေပြည်တော် နှင့် ရန်ကုန်ဘက်အခြမ်းသို့လည်း PDF တို့ ရောက် လာနေသည်။
မိုင်တိုင် (၃၀ဝ) ကျော်ကဲ့သို့ လမ်းပိုင်းစစ်ဆေး မှုများ မပြုလုပ်နိုင်သော်လည်း လမ်းပိုင်းအနီးတွင် PDF တို့လှုပ်ရှားမှုများရှိနေသည်။ ယင်းသို့ လှုပ်ရှား နေကြောင်းကိုလည်း NP News က သတင်းပေးပို့ချက်များရရှိထား၏။ PDF တို့ လမ်းပေါ် တက်ကာ အင်အား မပြနိုင်စေကာမူ လမ်းဘေးတွင် ကင်းပုန်းများ ချကာ ၎င်းတို့တပ်ဖွဲ့ဝင်များ လိုက်ပါလာ သည့် ကားများဖြတ်သန်းစေခြင်းမျိုးပင် ရှိခဲ့သည်။
“မိုင်တိုင်အမှတ် (၁၆၅) မိုင် နဲ့ (၁၇၃) မိုင်ကြား လမ်းဘေးက ငါးမိုင်လောက်အကွာမှာ တိုက်ပွဲ ဖြစ်ခဲ့ တာရှိတယ်။ ဘာလို့သိလဲဆိုတော့ ပစ်သံကို ကြား နေရတာ။ အသံက ဝေးဝေးကဆိုပေမယ့် ကြားနေရ တာက ငါးမိုင် ဒါမှမဟုတ် ခြောက်မိုင်အတွင်းလောက် ဖြစ်မယ်” ဟု ယင်းလမ်းကို ဖြတ်သန်းအသုံးပြုခဲ့သူ တစ်ဦးက NP News သို့ ပြောသည်။
ယင်းအပြင် အမြန်လမ်းပိုင်း၏ ရန်ကုန်ဘက် အနီးက (၃၈) မိုင် ပတ်ချာလည်တွင် PDF တို့၏ လှုပ်ရှားမှု များရှိနေပြီး ၎င်းတို့၏ ခိုအောင်းရာမှာ ရန်ကုန်ဘက် ကလာလျှင် ဘယ်ဘက်ခြမ်းတွင်ရှိသော တောတောင် များအတွင်း ဖြစ်နိုင်ခြေရှိကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ပြီးခဲ့သည့်နှစ် နှောင်းပိုင်းတွင် အရပ်သား ကားကို လုံခြုံရေးတပ်ဖွဲ့မှ ကားအထင်ဖြင့် အမြန် လမ်း ပတ်ဝန်းကျင်တွင် မှားယွင်းပစ်ခတ်မှု ရှိခဲ့သေး သည်။
မြန်မာနိုင်ငံ၏စီးပွားရေးမြို့တော်ဖြစ်သော ရန် ကုန်မြို့ နှင့် အုပ်ချုပ်ရေးမြို့ဖြစ်သော နေပြည်တော် ကြား အရေးပါသည့်ဆက်သွယ်ရေး လမ်းမဖြစ်သော အမြန်လမ်းမကြီးသည် လုံခြုံရေးအရ အခြေအနေ ကောင်းနေစေကာမူ သတိဟူသည် ပိုသည် မရှိဆို သောအခြေအနေမျိုးရောက်ရန် လက်မတင် လိုသည် ဆိုသော အခြေအနေမျိုးကိုကား အသုံးပြုသူ မည် သူမျှ လိုချင်လိမ့်မည်ဟု မထင်ပါ။
အမြန်လမ်းမကြီး ပြီးလျှင် နောက်တစ်ကြိမ် လူ အများကြား စိုးရိမ်လာနေသည့်လမ်းကား ရန်ကုန်- မန္တလေး လမ်းဟောင်းဖြစ်သည်။ ယင်းလမ်းတွင်လည်း PDF တို့က ရဲကင်းစခန်းများကို နှောင့်ယှက် ပစ်ခတ်ခြင်းတို့ ရှိနေသည်။ ယင်းလမ်းပိုင်းတွင်လည်း ပစ်ပြေးဖြစ်စဉ်များအပြင် လမ်းပေါ်တက်ကာ စစ်ဆေး ခြင်းတို့ ရှိခဲ့သည်။
“ဖြူးဘက်မှာဆို လမ်းဟောင်းပေါ် တက်တာက ခဏခဏဖြစ်တယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။
ရန်ကုန် - မန္တလေး လမ်းဟောင်းတွင် PDFတို့ အလားတူလုပ်သကဲ့သို့ ထပ်မံလုပ်ရန်အတွက် စိုင်း ပြင်းလာသော နောက်ထပ် လမ်းတစ်လမ်းကား ရန် ကုန် - ပြည် လမ်းမဖြစ်သည်။ ရန်ကုန်-ပြည်လမ်းတွင် ဂိတ်များစွာရှိပြီး မောင်းချိန်ကန့်သတ်ချက်များ ရှိနေ သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းတွင် ယင်းလမ်းအနီး က စစ်ကွင်းမြို့အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ ကား အစီး ရာနှင့်ချီ ပိတ်မိခဲ့သည်။
မြန်မာနိုင်ငံရှိ လမ်းမကြီးများအနက် အချို့လမ်း တို့မှာ PDF နှင့် လက်နက်ကိုင်အချို့တို့၏ စီးပွားရှာ နေရာ ငွေတွင်းများသဖွယ် ဖြစ်နေပေပြီ။ အချို့လမ်း များကား စိုးရိမ်ဖွယ်အခြေအနေမျိုးရှိနေသည်။ သို့သော် ထပ်မံစိုးရိမ်ဖွယ်ကောင်းသော လမ်းမျိုး မပေါ် ပေါက်စေရန်အတွက် လိုလားနေကြမည်ကား အမှန်ပင်ဖြစ်ပါသည်။

Zawgyi Version:
ရန္ကုန္ - မႏၲေလး အျမန္လမ္း ႏွင့္ လမ္းမႀကီးမ်ား လုံၿခဳံေရး အနီေရာင္အဆင့္ မေရာက္ေစလို
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၁၆
အျမန္လမ္းမႀကီးမွအေျဖာင့္တိုင္းလွ်င္ ေလးမိုင္ ေက်ာ္ခန႔္အကြာအေဝးတြင္ရွိေသာ ေတာကြၽဲအင္းၿမိဳ႕ တြင္ တပ္မေတာ္ႏွင့္ လုံၿခဳံေရးတပ္စခန္းမ်ားကို PDF အဖြဲ႕တို႔က ဇန္နဝါရီလ(၉)ရက္ နံနက္အေစာပိုင္းမွစ တင္ကာ မြန္းလြဲပိုင္းအထိ တိုက္ခိုက္မႈမ်ားျပဳလုပ္ခဲ့ သည္။
ယခုရက္ပိုင္းအတြင္း တပ္မေတာ္ႏွင့္ ပဲခူးတိုင္း ေဒသႀကီးအတြင္းမွ PDF တို႔အၾကား နတ္တလင္း ၿမိဳ႕နယ္၊ ေပါင္းတည္ၿမိဳ႕နယ္၊ ဇီးကုန္းၿမိဳ႕နယ္၊ မင္းလွ ၿမိဳ႕နယ္အပါအဝင္ ၿမိဳ႕နယ္ေပါင္း(၅)ခုခန႔္တြင္ စစ္ ေရးအရ ထိေတြ႕မႈမ်ားျဖစ္ပြားခဲ့ရာ ေတာကြၽဲအင္းၿမိဳ႕ မွတိုက္ပြဲသည္ အျမန္လမ္းမႀကီးႏွင့္ အနီးဆုံးေနရာ တြင္ ပထမဆုံးျဖစ္ပြားသည့္တိုက္ပြဲႀကီး ျဖစ္သည္။
ရန္ကုန္-မႏၲေလးလမ္းေဟာင္းေပၚတြင္တည္ရွိ သည့္ ေတာကြၽဲအင္းၿမိဳ႕သည္ တစ္ဖက္တြင္ ကၫႊတ္ ကြင္းၿမိဳ႕ႏွင့္ က်န္တစ္ဖက္တြင္ ပဲႏြယ္ကုန္းၿမိဳ႕တို႔ကို လမ္းေၾကာင္းအရထိစပ္ေနသည္။ ပဲခူးတိုင္းေဒသႀကီး အတြင္းမွ PDF တို႔ ယခုတိုက္ခိုက္ေနပုံအရ ပဲခူးတိုင္းေဒသႀကီး အေရွ႕ဘက္ႏွင့္အေနာက္ဘက္မွ ၿမိဳ႕ နယ္အခ်ိဳ႕တြင္ တစ္ၿပိဳင္နက္တည္း တိုက္ပြဲမ်ားေဖာ္ ေဆာင္ျခင္းျဖစ္သည္ဟု နားလည္ရသည္။
ေတာကြၽဲအင္းၿမိဳ႕သို႔ PDF မ်ားဝင္ေရာက္ေသာ အခ်ိန္ကို အင္တာနက္လူမႈကြန္ရက္မ်ားတြင္ ျမင္ ေတြ႕ရေသာအေျခအေနမွာ ၿမိဳ႕ခံမ်ားအတြက္ မေမ့ ႏိုင္စရာအမွတ္တရမ်ား ျဖစ္ေပလိမ့္မည္။ ဗီဒီယိုထဲ တြင္ PDF တို႔ဝင္လာခ်ိန္ မိုးပင္ ေကာင္းစြာမလင္းေသး ေခ်။ တစ္ေယာက္တစ္ေပါက္ေအာ္ဟစ္ေနေသာ PDF တို႔သည္ ဌာနဆိုင္ရာအေဆာက္အအုံမ်ားကို ၎တို႔ထုံးစံအတိုင္း မီးရႈိ႕ခဲ့ၾကေၾကာင္းလည္း ျမင္ရ သည္။ ဗီဒီယိုထဲတြင္ ျပည္သူတို႔ထြက္ေျပးေနသည္ကို မေဖာ္ျပထားေသာ္လည္း ၿမိဳ႕ခံမ်ားကား ပထမဆုံး ေဖာက္ေသာေသနတ္သံမ်ားၾကားစဥ္ကပင္ အဝတ္ တစ္ထည္ ကိုယ္တစ္ခုျဖင့္ ေဘးလြတ္ရာ ေၾကာက္ လန႔္တၾကား ထြက္ေျပးၾကၿပီျဖစ္ေပလိမ့္မည္။
ရန္ကုန္-မႏၲေလးလမ္းေဟာင္းဟုဆိုေသာ္ လည္း တစ္ခ်ိန္ကအားထားခဲ့ရသည့္လမ္းမႀကီးျဖစ္ ခဲ့ၿပီး ယခုတိုင္ အေရးပါေနဆဲယင္းလမ္းတြင္ ေတာ ကြၽဲအင္းၿမိဳ႕တိုက္ပြဲေၾကာင့္ ကားအစီးေပါင္းမ်ားစြာ ပိတ္မိခဲ့ရသည္။ ထို႔ျပင္ တပ္မေတာ္မွ စစ္ကူမလာ ေရာက္ႏိုင္ေစရန္အတြက္ ကုန္ကားအခ်ိဳ႕ကို လမ္း တြင္ ကန႔္လန႔္ျဖတ္ရပ္ကာ မီးရႈိ႕ျခင္းမ်ားလည္းျပဳလုပ္ ခဲ့ၾကသည္။
“ရန္ကုန္ကလာရင္ လမ္းေဟာင္း(၇၁)မိုင္က ေန အျမန္လမ္း(၇၂)မိုင္(၂)ဖာလုံကို လမ္းခြဲတက္ခိုင္း ပါတယ္။ မႏၲေလးကလာရင္ လမ္းေဟာင္း မိုင္(၁၅၀) (၁)ဖာလုံကေန အျမန္လမ္း (၁၃၈)မိုင္(၁)ဖာလုံကို တက္ခိုင္းပါတယ္” ဟုတိုက္ပြဲျဖစ္ပြားစဥ္က ကားပိတ္ ဆို႔ျခင္းကို တာဝန္ရွိသူတို႔ ရွင္လင္းခဲ့သည့္အေျခအေန ကို ေဒသခံတစ္ဦးက ျပန္ေျပာင္းေျပာျပသည္။ က်န္ ပိတ္မိသူေနသည့္ကားမ်ားကို ျဖဴးမွတစ္ဆင့္ အျမန္ လမ္း(၁၁၅)မိုင္ႏွင့္ ေအာင္မဂၤလာ-သရက္စိန္လမ္းမွ အျမန္လမ္း(၉၉)မိုင္ကို တစ္ဆင့္တက္ခိုင္းေၾကာင္း သိရသည္။
မ်က္စိတစ္ဆုံးရွည္လ်ားေသာကားတန္းႀကီးႏွင့္ တိုက္ပြဲျဖစ္ပြားမွန္းမသိေသးဘဲ ေစာင့္ဆိုင္းေနၾကရ ေသာ ယာဥ္ေမာင္းႏွင့္ခရီးသည္တို႔ကိုျမင္ရေသာ ျမင္ ကြင္းမွာ ေကာင္းေသာျမင္ကြင္းကား မဟုတ္ပါေခ်။ ယင္းေတာကြၽဲအင္းတိုက္ပြဲမျဖစ္မီ အျမန္လမ္းမႀကီး ၏ (၁၇၃)မိုင္ရွိရဲကင္းစခန္းတစ္ခုကို ဇန္နဝါရီလ (၆) ရက္တြင္ လာေရာက္ပစ္ခတ္မႈျဖစ္ပြားခဲ့ေသးကာ ယင္းပစ္ခတ္မႈေၾကာင့္ တစ္စုံတစ္ရာ ထိခိုက္ဆုံးရႈံးမႈ မျဖစ္ခဲ့ေပ။ ယင္းေန႔တြင္ပင္ ေနျပည္ေတာ္-ကံျပား- မေကြးလမ္းတြင္လည္း ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္မွကားကို တိုက္ခိုက္ေသာျဖစ္စဥ္ ျဖစ္ပြားခဲ့ သည္။
NP News က သတင္းအခ်က္အ လက္မ်ားကို ျပန္လည္ဆန္းစစ္ၾကည့္ရာ လက္နက္ ကိုင္တို႔အေနျဖင့္ (၂၀၂၁)ခုႏွစ္မွသည္ (၂၀၂၃) ခု ႏွစ္ေႏွာင္းပိုင္းအထိ အျမန္လမ္းေပၚတက္ျခင္းႏွင့္ တိုက္ခိုက္ျခင္းမ်ိဳးရွိေနခဲ့ေသာ္လည္း အႀကိမ္ေရနည္း ခဲ့သည္။
အျမန္လမ္းမႀကီးႏွင့္ပတ္သက္၍ မၾကာခဏ လမ္းေပၚတက္တတ္ေသာအဖြဲ႕မွာ ႏြားထိုးႀကီးၿမိဳ႕နယ္ မွ PDF မ်ားျဖစ္ၿပီး ၎တို႔တက္လာတတ္သည့္ မိုင္ တိုင္အမွတ္ (၃၀ဝ)ေက်ာ္မွာ ကားသမားမ်ား သတိ ထားေလ့ရွိေသာေနရာတစ္ခုျဖစ္လာခဲ့သည္။ ယင္း PDF တို႔က ရံဖန္ရံခါ အျမန္လမ္းေပၚတက္လာၿပီး စစ္ေဆးရာတြင္ တစ္ႀကိမ္က လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား ကဲ့သို႔ ခရီးသည္မ်ားကို ကားေပၚမွဆင္းေစကာ ပညာ ေပးျခင္းမ်ိဳးပင္ျပဳလုပ္ေၾကာင္း ၎တို႔တင္ထားသည့္ ဗီဒီယိုမ်ားတြင္ျမင္ရသည္။ အနီးစပ္ဆုံးျဖစ္စဥ္အေန ျဖင့္ ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာလ(၂၃)ရက္က အျမန္ လမ္းေပၚ PDF မ်ားတက္လာခဲ့ၿပီး ေဘးတစ္ဖက္ တစ္ခ်က္တြင္ေနရာယူကာ လမ္းပိုင္းစစ္ေဆးမႈဆန္ ဆန္လုပ္ခဲ့ေသးသည္။
အျမန္လမ္းမႀကီးသည္ ႏိုင္ငံ၏အသက္ေသြး ေၾကာျဖစ္သည့္အတြက္ လုံၿခဳံေရးအေစာင့္အေရွာက္ မ်ားရွိေနေသာ္လည္း PDF တို႔က အျမန္လမ္းမႀကီး အနီးတစ္ဝိုက္တြင္ ေရာက္ရွိလာခဲ့သည္။ ရဲကင္းစခန္း အခ်ိဳ႕ကို PDF မ်ား ပစ္မွတ္ထားလာၿပီးသည့္ေနာက္ ရဲကင္းစခန္းမ်ား၏ပုံစံလည္း ေျပာင္းလဲလာခဲ့ရာ လက္ရွိျမင္ေတြ႕ရေသာ အခိုင္အမာေနရာမ်ားျဖစ္လာ သည္ကိုျမင္ေတြ႕ရသည္။ တစ္ဖက္တြင္ အျမန္လမ္း မႀကီးေပၚရွိ ရဲကင္းစခန္းအခ်ိဳ႕ကို PDF မ်ားက ေရွာင္ တခင္တိုက္ခိုက္မႈမ်ားရွိခဲ့ရာ ခရီးသြားတို႔မွာ အျမန္ လမ္းမႀကီးထက္တြင္ ေစာင့္ဆိုင္းရေသာျဖစ္စဥ္အခ်ိဳ႕ ရွိလာခဲ့၏။ ခရီးသည္မ်ားေစာင့္ဆိုင္ရျခင္းမွာ ျဖစ္ေခါင့္ ျဖစ္ခဲအေျခအေနမ်ိဳးျဖစ္ေသာ္လည္း လမ္းမႀကီး၏လုံၿခဳံေရးအတြက္စိန္ေခၚမႈအခ်ိဳ႕ကို အရွိန္တင္ စတင္ ျပဳလုပ္ေနျခင္းျဖစ္သည္။
“အျမန္လမ္းေပၚမွာ အခုထိျဖစ္တာေတြကေတာ့ ပစ္ေျပးအဆင့္ပဲ။ ပစ္ၿပီးရင္ေျပးတာပဲ။ လမ္းေပၚမွာ တိုက္ပြဲႀကီးျဖစ္တာမ်ိဳးေတာ့မဟုတ္ဘူး”ဟု လုံၿခဳံေရး တပ္ဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးက NP News သို႔ေျပာသည္။ ၿပီးခဲ့သည့္ (၂၀၂၅)ခုႏွစ္ မတ္လ အတြင္းတြင္ အျမန္လမ္းမႀကီး မိုင္တိုင္အမွတ္ (၃၁၈) မိုင္၊ (၃၁၉) မိုင္ႏွင့္ (၃၂၁)မိုင္တို႔တြင္PDF တို႔က လုံၿခဳံေရးတပ္ဖြဲ႕တို႔ကို ပစ္ခတ္မႈမ်ားျပဳလုပ္ခဲ့ရာ ယင္းေနရာေရာက္ ခရီးသြားတစ္ဦးက TikTok လူမႈ ကြန္ရက္တြင္ ဗီဒီယိုတစ္ခုမွ်ေဝခဲ့သည္။
အဆိုပါ ဗီဒီယိုအတြင္း ခရီးသြားမ်ားက ကားမ်ား ကို ေဘးသို႔ခ်ရပ္ကာ စိုးရိမ္ေသာမ်က္ႏွာမ်ားျဖင့္ ၾကည့္ေနၾကသည့္ျမင္ကြင္းကို ျမင္ရသည္။ ယခုအခ်ိန္ အထိ အျမန္လမ္းမႀကီးထက္တြင္ျဖစ္ပြားေသာ တိုက္ ခိုက္မႈျဖစ္စဥ္မ်ားမွာ နာရီႏွင့္ခ်ီၾကာသည့္တိုက္ပြဲမ်ား မဟုတ္ေသာ္လည္း အျမန္လမ္းမႀကီးေပၚ PDF တို႔ အေနျဖင့္ ပိုမိုေသြးတိုးစမ္းလာသည့္အေနအထားကို ျမင္ေတြ႕ရသည္။
အျမန္လမ္းမႀကီး အစမွအဆုံးျဖစ္ေသာ ရန္ကုန္ -ေနျပည္ေတာ္-မႏၲေလးလမ္းပိုင္းတစ္ခုလုံးအနက္ မူလက ေနျပည္ေတာ္ႏွင့္မႏၲေလးအပိုင္းတြင္ PDF တို႔ လႈပ္ရွားမႈရွိခဲ့ေသာ္လည္း ယခုအခါ ေနျပည္ေတာ္ ႏွင့္ ရန္ကုန္ဘက္အျခမ္းသို႔လည္း PDF တို႔ ေရာက္ လာေနသည္။
မိုင္တိုင္ (၃၀ဝ) ေက်ာ္ကဲ့သို႔ လမ္းပိုင္းစစ္ေဆး မႈမ်ား မျပဳလုပ္ႏိုင္ေသာ္လည္း လမ္းပိုင္းအနီးတြင္ PDF တို႔လႈပ္ရွားမႈမ်ားရွိေနသည္။ ယင္းသို႔ လႈပ္ရွား ေနေၾကာင္းကိုလည္း NP News က သတင္းေပးပို႔ခ်က္မ်ားရရွိထား၏။ PDF တို႔ လမ္းေပၚ တက္ကာ အင္အား မျပႏိုင္ေစကာမူ လမ္းေဘးတြင္ ကင္းပုန္းမ်ား ခ်ကာ ၎တို႔တပ္ဖြဲ႕ဝင္မ်ား လိုက္ပါလာ သည့္ ကားမ်ားျဖတ္သန္းေစျခင္းမ်ိဳးပင္ ရွိခဲ့သည္။
“မိုင္တိုင္အမွတ္ (၁၆၅) မိုင္ နဲ႔ (၁၇၃) မိုင္ၾကား လမ္းေဘးက ငါးမိုင္ေလာက္အကြာမွာ တိုက္ပြဲ ျဖစ္ခဲ့ တာရွိတယ္။ ဘာလို႔သိလဲဆိုေတာ့ ပစ္သံကို ၾကား ေနရတာ။ အသံက ေဝးေဝးကဆိုေပမယ့္ ၾကားေနရ တာက ငါးမိုင္ ဒါမွမဟုတ္ ေျခာက္မိုင္အတြင္းေလာက္ ျဖစ္မယ္” ဟု ယင္းလမ္းကို ျဖတ္သန္းအသုံးျပဳခဲ့သူ တစ္ဦးက NP News သို႔ ေျပာသည္။
ယင္းအျပင္ အျမန္လမ္းပိုင္း၏ ရန္ကုန္ဘက္ အနီးက (၃၈) မိုင္ ပတ္ခ်ာလည္တြင္ PDF တို႔၏ လႈပ္ရွားမႈ မ်ားရွိေနၿပီး ၎တို႔၏ ခိုေအာင္းရာမွာ ရန္ကုန္ဘက္ ကလာလွ်င္ ဘယ္ဘက္ျခမ္းတြင္ရွိေသာ ေတာေတာင္ မ်ားအတြင္း ျဖစ္ႏိုင္ေျခရွိေၾကာင္း ေဒသခံတစ္ဦးက ဆိုသည္။ ၿပီးခဲ့သည့္ႏွစ္ ေႏွာင္းပိုင္းတြင္ အရပ္သား ကားကို လုံၿခဳံေရးတပ္ဖြဲ႕မွ ကားအထင္ျဖင့္ အျမန္ လမ္း ပတ္ဝန္းက်င္တြင္ မွားယြင္းပစ္ခတ္မႈ ရွိခဲ့ေသး သည္။
ျမန္မာႏိုင္ငံ၏စီးပြားေရးၿမိဳ႕ေတာ္ျဖစ္ေသာ ရန္ ကုန္ၿမိဳ႕ ႏွင့္ အုပ္ခ်ဳပ္ေရးၿမိဳ႕ျဖစ္ေသာ ေနျပည္ေတာ္ ၾကား အေရးပါသည့္ဆက္သြယ္ေရး လမ္းမျဖစ္ေသာ အျမန္လမ္းမႀကီးသည္ လုံၿခဳံေရးအရ အေျခအေန ေကာင္းေနေစကာမူ သတိဟူသည္ ပိုသည္ မရွိဆို ေသာအေျခအေနမ်ိဳးေရာက္ရန္ လက္မတင္ လိုသည္ ဆိုေသာ အေျခအေနမ်ိဳးကိုကား အသုံးျပဳသူ မည္ သူမွ် လိုခ်င္လိမ့္မည္ဟု မထင္ပါ။
အျမန္လမ္းမႀကီး ၿပီးလွ်င္ ေနာက္တစ္ႀကိမ္ လူ အမ်ားၾကား စိုးရိမ္လာေနသည့္လမ္းကား ရန္ကုန္- မႏၲေလး လမ္းေဟာင္းျဖစ္သည္။ ယင္းလမ္းတြင္လည္း PDF တို႔က ရဲကင္းစခန္းမ်ားကို ေႏွာင့္ယွက္ ပစ္ခတ္ျခင္းတို႔ ရွိေနသည္။ ယင္းလမ္းပိုင္းတြင္လည္း ပစ္ေျပးျဖစ္စဥ္မ်ားအျပင္ လမ္းေပၚတက္ကာ စစ္ေဆး ျခင္းတို႔ ရွိခဲ့သည္။
“ျဖဴးဘက္မွာဆို လမ္းေဟာင္းေပၚ တက္တာက ခဏခဏျဖစ္တယ္” ဟု ေဒသခံတစ္ဦးကဆိုသည္။
ရန္ကုန္ - မႏၲေလး လမ္းေဟာင္းတြင္ PDFတို႔ အလားတူလုပ္သကဲ့သို႔ ထပ္မံလုပ္ရန္အတြက္ စိုင္း ျပင္းလာေသာ ေနာက္ထပ္ လမ္းတစ္လမ္းကား ရန္ ကုန္ - ျပည္ လမ္းမျဖစ္သည္။ ရန္ကုန္-ျပည္လမ္းတြင္ ဂိတ္မ်ားစြာရွိၿပီး ေမာင္းခ်ိန္ကန႔္သတ္ခ်က္မ်ား ရွိေန ေသာ္လည္း ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ယင္းလမ္းအနီး က စစ္ကြင္းၿမိဳ႕အနီးတြင္ တိုက္ပြဲျဖစ္ပြားခဲ့ရာ ကား အစီး ရာႏွင့္ခ်ီ ပိတ္မိခဲ့သည္။
ျမန္မာႏိုင္ငံရွိ လမ္းမႀကီးမ်ားအနက္ အခ်ိဳ႕လမ္း တို႔မွာ PDF ႏွင့္ လက္နက္ကိုင္အခ်ိဳ႕တို႔၏ စီးပြားရွာ ေနရာ ေငြတြင္းမ်ားသဖြယ္ ျဖစ္ေနေပၿပီ။ အခ်ိဳ႕လမ္း မ်ားကား စိုးရိမ္ဖြယ္အေျခအေနမ်ိဳးရွိေနသည္။ သို႔ေသာ္ ထပ္မံစိုးရိမ္ဖြယ္ေကာင္းေသာ လမ္းမ်ိဳး မေပၚ ေပါက္ေစရန္အတြက္ လိုလားေနၾကမည္ကား အမွန္ပင္ျဖစ္ပါသည္။