တပ်မတော်နှင့်အဆက်ဖြတ်သွားသော KNA ထိန်းချုပ်နယ်မြေ သစ်ကတီတစ်ဝိုက်တွင် အွန်လိုင်းလိမ်လည်ဆိုက်များ အရှိန်မြှင့်နေ

334

သန့်ဇင် (NP News) - ဇန်နဝါရီ ၁၆
တပ်မတော်နှင့်အဆက်ဖြတ်သွားသော KNA ထိန်းချုပ်နယ်မြေ သစ်ကတီကျေးရွာတစ်ဝိုက် တွင် အွန်လိုင်းလိမ်လည်ဆိုက်များ အရှိန်မြှင့်နေ ကြောင်း သိရှိသူသတင်းရင်းမြစ်တစ်ဦးကNP News သို့ပြောသည်။
သစ်ကတီသည် ကရင်ပြည်နယ် မြဝတီမြို့ နှင့် မိုင်(၂၀)ကျော်အကွာတွင်ရှိသည့်ကျေးရွာတစ် ရွာဖြစ်ပြီး BGF မှအသွင်းပြောင်းသွားသည့် KNA အမှတ်(၂)စစ်ဒေသမှူး ဗိုလ်မှူးချုပ်စောတင်ဝင်းဆို သူ၏ ထိန်းချုပ်ဒေသဟုလည်း လူသိများကာ KNU က ၎င်းတို့၏ တပ်မဟာ(၇)နယ်မြေတွင်ပါဝင်သည် ဟု ပြောထားပြန်သည်။
လက်ရှိတွင် သစ်ကတီကျေးရွာဘက်ရှိ အွန်လိုင်းလိမ်လည်ဆိုက်များအတွက် အလုပ်ခေါ်စာ များကို အင်တာနက်လူမှုကွန်ရက်ထက်တွင်တွေ့မြင် နေရပြီး အစုလိုက်အပြုံလိုက်လူခေါ်နေသည့် အခြေ အနေမျိုးဖြစ်သည်။
သို့သော် တစ်ဖက်တွင် ယင်းဆိုက်များအ တွက် အခြေခံအဆောက်အအုံများ ပြည့်စုံပုံမရသေး ဘဲ အလုပ်လုပ်ရန်သွားသူများကို တာလပတ် အမိုး၊ အကာတဲများဖြင့်ထားကြောင်းလည်းတွေ့မြင်ရပြီး အွန်လိုင်းလိမ်လည်ဆိုက်များအတွက် အဆောက်အ အုံများကိုလည်း အဆောတလျင် ဆောက်လုပ်နေ သည်။ " အခုမှ အသစ်ဆောက်နေကြတာတွေမို့ ကိုယ်တွေ အရင်ကလုပ်ခဲ့ပါတယ်ဆိုတဲ့ ဆိုက်တွေရဲ့ ခြေဖျားကို နည်းနည်းမှမမီသေးပါဘူးနော်။ Aircon မရှိ၊ တစ်နေကုန် ပန်ကာဖွင့်အိပ်ရ၊ သွပ်မိုးတွေ၊ Smart Board တွေနဲ့ပဲ ဖြစ်သလို ပြီးစလွယ်ကာထား တာမို့ နေရတာ အဆင်မပြေပါဘူး။ မြန်မာနိုင်ငံသား ကိုတောင် နှိပ်စက်ရဲပါတယ်နော်"ဟု လူမှုကွန်ရက် TikTok အသုံးပြုသူတစ်ဦးက မှတ်ချက်ပေးရေးသား ထားသည်။ တပ်မတော်က မြဝတီဒေသနှင့် ရွှေကုက္ကိုလ် နယ်မြေရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ရှင်းလင်း တိုက်ဖျက်ချိန်တွင် ယင်းဒေသမှ အွန်လိုင်းငွေလိမ်လုပ်ငန်းများသည် သစ်ကတီတစ်ဝိုက်နှင့် ဘုရားသုံး ဆူဘက်သို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ကြောင်း သိရှိသူ တစ်ဦးကဆိုသည်။
" သစ်ကတီမှာက ရထိုက်အုပ်စု(Yatai International Holdings Group) ကဝင်တာ။ သစ်ကတီဘက်က KNU ရဲ့ တပ်မဟာ (၇) ဘက်ကို သွားတာက အဲဒီဂရုကသွားတာ။ အဲဒီဘက်မှာရှိတဲ့ ချစ်လင်းမြိုင်ရဲ့ ရွှေသောင်းရင်းကုမ္ပဏီပိုင်တွေက လည်း ရွှေကုက္ကိုလ်မှာက ရပ်ကွက်(၆)ခုရှိတယ်။ အခု သစ်ကတီကိုသွားတာက ရပ်ကွက်(၃)ထဲကဟာနဲ့ ရပ် ကွက်(၆)ထဲကတရုတ်တွေ သွားကြတာ။ အဲဒီရွှေ ကုက္ကိုလ်မှာက ရပ်ကွက်(၆)ခုရှိတာမှာ အွန်းလိုင်း ငွေလိမ်လည်တဲ့လုပ်ငန်းတွေ အပြည့်ရှိတယ်။ သစ်က တီမှာ အဲဒီလုပ်ငန်းတွေရောက်နေတာက တပ်က ဝင်စီးတဲ့ (၂၀၂၅)ခုနှစ် (၈)လပိုင်းတည်းက"ဟု အထက်ပါသတင်းရင်းမြစ်ကပြောသည်။
ထို့ပြင် မြဝတီဒေသနှင့်ရွှေကုက္ကိုလ်ရှိ အွန် လိုင်းငွေလိမ်လည်လုပ်ငန်းများကို တပ်မတော်က ဝင် ရောက်ရှင်းလင်းချိန်တွင် ယင်းဒေသများမှ သစ်ကတီ ဘက်သို့ရွှေ့ပြောင်းလာခဲ့သည့် အွန်လိုင်းငွေလိမ် လည်လုပ်သားပေါင်း (၆၀ဝဝ)ဝန်းကျင်ခန့်ရှိကြောင်း ၎င်းကဆိုသည်။ "ပြောရရင် (၂၀၂၅)ခုနှစ် (၈)လပိုင်း၊ (၉)လပိုင်း၊ (၁၀)လပိုင်းတွေမှာ လူအရွှေ့အ ပြောင်း တွေလုပ်တယ်။ တပ်ကတာဝန်ယူထားတဲ့ မြဝတီလမ်းမကြီးရှိတယ်။ တာဘောတို့ ဗုံးခွဲတဲ့လမ်းမ ကြီး။ အဲဒီလမ်းမကြီးရဲ့ဟိုဘက်ခြမ်းက တရုတ်တွေကို သစ်ကတီကိုပို့တယ်။ ဒီဘက်ခြမ်းကတရုတ်တွေကို ဘုရားသုံးဆူကိုပို့တယ်။ နောက်ပြီး ထိုင်းကနေပြန် ပို့တာက လူဦးရေသောင်းဂဏန်းပဲရှိတယ်။ အဲဒီကနေ နိုင်ငံတကာကိုပြန်ပို့တာက ထောင်ဂဏန်းပဲရှိတယ်။ သစ်ကတီဘက်ကိုရွှေ့တာကက လူဦးရေစုစုပေါင်း (၆၀ဝဝ)ဝန်းကျင်ရှိတယ်"ဟု ၎င်းကပြောသည်။
လက်ရှိတွင် သစ်ကတီတစ်ဝိုက်ကို KNA အဖွဲ့မှ အမှတ်(၂)စစ်ဒေသမှူး ဗိုလ်မှူးချုပ် စောတင် ဝင်းဆိုသူကထိန်းချုပ်ထားသည့်သဘောရှိပြီး ပြီးခဲ့ သည့်ရက်ပိုင်းကလည်း BGF မှာ KNA ဘက်တံဆိပ် ပြောင်းလဲတပ်ဆင်ပွဲအခမ်းအနားတစ်ခုတွင် သခင် သာလုပ်တော့မည်ဖြစ်ပြီး ကျွန် မလုပ်တော့ကြောင်း ပြောဆိုခဲ့ကြောင်းသိရသည်။
" သခင်တော့လုပ်ရမယ်။ ကျွန်တော့ မလုပ်နိုင်ဘူး။ သဘောပေါက်တယ်နော်"ဟု စော တင်ဝင်းကပြောကြားခဲ့ပြီး ယင်းသို့ပြောကြားချိန် တစ် ဖက်တွင် ၎င်းထိန်းချုပ်ရာ သစ်ကတီတစ်ဝိုက်၌ အွန်လိုင်းလိမ်လည်ဆိုက်များက စတင်ရန်အလုပ်လုပ် နေကြသည်။ အလားတူ DKBA ၏ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်အေဝမ်းဆိုသူ ထိန်းချုပ်ထားသည် ဟုယူဆရသော မြန်မာ-ထိုင်းနယ်စပ်၊ ဘုရားသုံးဆူ မြို့တွင်လည်း ရွှေကုက္ကိုလ်အနီး KK Park အပါအ ဝင် အခြားသော အွန်လိုင်းငွေလိမ်ဂိုဏ်းများမှ လူဦး ရေ (၄၀ဝဝ)ဝန်းကျင်ခန့်ပြောင်းရွှေ့လာခဲ့ကြောင်း သိရသည်။ " ဘုရားသုံးဆူဘက်ကိုရောက်တာက ကျွန်တော်သိတာဆိုရင် (၁၀)လပိုင်းတုန်းက လူဦးရေ (၄၀ဝဝ)လောက်ရောက်သွားတယ်။ နောက် (၁၀ဝဝ)ထပ်ရောက်လာတယ်။ (၅၀ဝဝ)လောက်ပဲထားဦး။ ဘုရားသုံးဆူမှာက အွန်လိုင်းငွေလိမ်ဆိုက်တွေက အများကြီးပဲ" ဟု ၎င်းက ဆက်ပြောသည်။

Zawgyi Version:
တပ္မေတာ္ႏွင့္အဆက္ျဖတ္သြားေသာ KNA ထိန္းခ်ဳပ္နယ္ေျမ သစ္ကတီတစ္ဝိုက္တြင္ အြန္လိုင္းလိမ္လည္ဆိုက္မ်ား အရွိန္ျမႇင့္ေန
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၁၆
တပ္မေတာ္ႏွင့္အဆက္ျဖတ္သြားေသာ KNA ထိန္းခ်ဳပ္နယ္ေျမ သစ္ကတီေက်း႐ြာတစ္ဝိုက္ တြင္ အြန္လိုင္းလိမ္လည္ဆိုက္မ်ား အရွိန္ျမႇင့္ေန ေၾကာင္း သိရွိသူသတင္းရင္းျမစ္တစ္ဦးကNP News သို႔ေျပာသည္။
သစ္ကတီသည္ ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ ႏွင့္ မိုင္(၂၀)ေက်ာ္အကြာတြင္ရွိသည့္ေက်း႐ြာတစ္ ႐ြာျဖစ္ၿပီး BGF မွအသြင္းေျပာင္းသြားသည့္ KNA အမွတ္(၂)စစ္ေဒသမႉး ဗိုလ္မႉးခ်ဳပ္ေစာတင္ဝင္းဆို သူ၏ ထိန္းခ်ဳပ္ေဒသဟုလည္း လူသိမ်ားကာ KNU က ၎တို႔၏ တပ္မဟာ(၇)နယ္ေျမတြင္ပါဝင္သည္ ဟု ေျပာထားျပန္သည္။
လက္ရွိတြင္ သစ္ကတီေက်း႐ြာဘက္ရွိ အြန္လိုင္းလိမ္လည္ဆိုက္မ်ားအတြက္ အလုပ္ေခၚစာ မ်ားကို အင္တာနက္လူမႈကြန္ရက္ထက္တြင္ေတြ႕ျမင္ ေနရၿပီး အစုလိုက္အၿပဳံလိုက္လူေခၚေနသည့္ အေျခ အေနမ်ိဳးျဖစ္သည္။
သို႔ေသာ္ တစ္ဖက္တြင္ ယင္းဆိုက္မ်ားအ တြက္ အေျခခံအေဆာက္အအုံမ်ား ျပည့္စုံပုံမရေသး ဘဲ အလုပ္လုပ္ရန္သြားသူမ်ားကို တာလပတ္ အမိုး၊ အကာတဲမ်ားျဖင့္ထားေၾကာင္းလည္းေတြ႕ျမင္ရၿပီး အြန္လိုင္းလိမ္လည္ဆိုက္မ်ားအတြက္ အေဆာက္အ အုံမ်ားကိုလည္း အေဆာတလ်င္ ေဆာက္လုပ္ေန သည္။ " အခုမွ အသစ္ေဆာက္ေနၾကတာေတြမို႔ ကိုယ္ေတြ အရင္ကလုပ္ခဲ့ပါတယ္ဆိုတဲ့ ဆိုက္ေတြရဲ႕ ေျခဖ်ားကို နည္းနည္းမွမမီေသးပါဘူးေနာ္။ Aircon မရွိ၊ တစ္ေနကုန္ ပန္ကာဖြင့္အိပ္ရ၊ သြပ္မိုးေတြ၊ Smart Board ေတြနဲ႔ပဲ ျဖစ္သလို ၿပီးစလြယ္ကာထား တာမို႔ ေနရတာ အဆင္မေျပပါဘူး။ ျမန္မာႏိုင္ငံသား ကိုေတာင္ ႏွိပ္စက္ရဲပါတယ္ေနာ္"ဟု လူမႈကြန္ရက္ TikTok အသုံးျပဳသူတစ္ဦးက မွတ္ခ်က္ေပးေရးသား ထားသည္။ တပ္မေတာ္က ျမဝတီေဒသႏွင့္ ေ႐ႊကုကၠိဳလ္ နယ္ေျမရွိ အြန္လိုင္းေငြလိမ္လုပ္ငန္းမ်ားကို ရွင္းလင္း တိုက္ဖ်က္ခ်ိန္တြင္ ယင္းေဒသမွ အြန္လိုင္းေငြလိမ္လုပ္ငန္းမ်ားသည္ သစ္ကတီတစ္ဝိုက္ႏွင့္ ဘုရားသုံး ဆူဘက္သို႔ ေျပာင္းေ႐ႊ႕လာခဲ့ျခင္းျဖစ္ေၾကာင္း သိရွိသူ တစ္ဦးကဆိုသည္။
" သစ္ကတီမွာက ရထိုက္အုပ္စု(Yatai International Holdings Group) ကဝင္တာ။ သစ္ကတီဘက္က KNU ရဲ႕ တပ္မဟာ (၇) ဘက္ကို သြားတာက အဲဒီဂ႐ုကသြားတာ။ အဲဒီဘက္မွာရွိတဲ့ ခ်စ္လင္းၿမိဳင္ရဲ႕ ေ႐ႊေသာင္းရင္းကုမၸဏီပိုင္ေတြက လည္း ေ႐ႊကုကၠိဳလ္မွာက ရပ္ကြက္(၆)ခုရွိတယ္။ အခု သစ္ကတီကိုသြားတာက ရပ္ကြက္(၃)ထဲကဟာနဲ႔ ရပ္ ကြက္(၆)ထဲကတ႐ုတ္ေတြ သြားၾကတာ။ အဲဒီေ႐ႊ ကုကၠိဳလ္မွာက ရပ္ကြက္(၆)ခုရွိတာမွာ အြန္းလိုင္း ေငြလိမ္လည္တဲ့လုပ္ငန္းေတြ အျပည့္ရွိတယ္။ သစ္က တီမွာ အဲဒီလုပ္ငန္းေတြေရာက္ေနတာက တပ္က ဝင္စီးတဲ့ (၂၀၂၅)ခုႏွစ္ (၈)လပိုင္းတည္းက"ဟု အထက္ပါသတင္းရင္းျမစ္ကေျပာသည္။
ထို႔ျပင္ ျမဝတီေဒသႏွင့္ေ႐ႊကုကၠိဳလ္ရွိ အြန္ လိုင္းေငြလိမ္လည္လုပ္ငန္းမ်ားကို တပ္မေတာ္က ဝင္ ေရာက္ရွင္းလင္းခ်ိန္တြင္ ယင္းေဒသမ်ားမွ သစ္ကတီ ဘက္သို႔ေ႐ႊ႕ေျပာင္းလာခဲ့သည့္ အြန္လိုင္းေငြလိမ္ လည္လုပ္သားေပါင္း (၆၀ဝဝ)ဝန္းက်င္ခန႔္ရွိေၾကာင္း ၎ကဆိုသည္။ "ေျပာရရင္ (၂၀၂၅)ခုႏွစ္ (၈)လပိုင္း၊ (၉)လပိုင္း၊ (၁၀)လပိုင္းေတြမွာ လူအေ႐ႊ႕အ ေျပာင္း ေတြလုပ္တယ္။ တပ္ကတာဝန္ယူထားတဲ့ ျမဝတီလမ္းမႀကီးရွိတယ္။ တာေဘာတို႔ ဗုံးခြဲတဲ့လမ္းမ ႀကီး။ အဲဒီလမ္းမႀကီးရဲ႕ဟိုဘက္ျခမ္းက တ႐ုတ္ေတြကို သစ္ကတီကိုပို႔တယ္။ ဒီဘက္ျခမ္းကတ႐ုတ္ေတြကို ဘုရားသုံးဆူကိုပို႔တယ္။ ေနာက္ၿပီး ထိုင္းကေနျပန္ ပို႔တာက လူဦးေရေသာင္းဂဏန္းပဲရွိတယ္။ အဲဒီကေန ႏိုင္ငံတကာကိုျပန္ပို႔တာက ေထာင္ဂဏန္းပဲရွိတယ္။ သစ္ကတီဘက္ကိုေ႐ႊ႕တာကက လူဦးေရစုစုေပါင္း (၆၀ဝဝ)ဝန္းက်င္ရွိတယ္"ဟု ၎ကေျပာသည္။
လက္ရွိတြင္ သစ္ကတီတစ္ဝိုက္ကို KNA အဖြဲ႕မွ အမွတ္(၂)စစ္ေဒသမႉး ဗိုလ္မႉးခ်ဳပ္ ေစာတင္ ဝင္းဆိုသူကထိန္းခ်ဳပ္ထားသည့္သေဘာရွိၿပီး ၿပီးခဲ့ သည့္ရက္ပိုင္းကလည္း BGF မွာ KNA ဘက္တံဆိပ္ ေျပာင္းလဲတပ္ဆင္ပြဲအခမ္းအနားတစ္ခုတြင္ သခင္ သာလုပ္ေတာ့မည္ျဖစ္ၿပီး ကြၽန္ မလုပ္ေတာ့ေၾကာင္း ေျပာဆိုခဲ့ေၾကာင္းသိရသည္။
" သခင္ေတာ့လုပ္ရမယ္။ ကြၽန္ေတာ့ မလုပ္ႏိုင္ဘူး။ သေဘာေပါက္တယ္ေနာ္"ဟု ေစာ တင္ဝင္းကေျပာၾကားခဲ့ၿပီး ယင္းသို႔ေျပာၾကားခ်ိန္ တစ္ ဖက္တြင္ ၎ထိန္းခ်ဳပ္ရာ သစ္ကတီတစ္ဝိုက္၌ အြန္လိုင္းလိမ္လည္ဆိုက္မ်ားက စတင္ရန္အလုပ္လုပ္ ေနၾကသည္။ အလားတူ DKBA ၏ေခါင္းေဆာင္ တစ္ဦးျဖစ္သူ ဗိုလ္ေအဝမ္းဆိုသူ ထိန္းခ်ဳပ္ထားသည္ ဟုယူဆရေသာ ျမန္မာ-ထိုင္းနယ္စပ္၊ ဘုရားသုံးဆူ ၿမိဳ႕တြင္လည္း ေ႐ႊကုကၠိဳလ္အနီး KK Park အပါအ ဝင္ အျခားေသာ အြန္လိုင္းေငြလိမ္ဂိုဏ္းမ်ားမွ လူဦး ေရ (၄၀ဝဝ)ဝန္းက်င္ခန႔္ေျပာင္းေ႐ႊ႕လာခဲ့ေၾကာင္း သိရသည္။ " ဘုရားသုံးဆူဘက္ကိုေရာက္တာက ကြၽန္ေတာ္သိတာဆိုရင္ (၁၀)လပိုင္းတုန္းက လူဦးေရ (၄၀ဝဝ)ေလာက္ေရာက္သြားတယ္။ ေနာက္ (၁၀ဝဝ)ထပ္ေရာက္လာတယ္။ (၅၀ဝဝ)ေလာက္ပဲထားဦး။ ဘုရားသုံးဆူမွာက အြန္လိုင္းေငြလိမ္ဆိုက္ေတြက အမ်ားႀကီးပဲ" ဟု ၎က ဆက္ေျပာသည္။