အီရန်နိုင်ငံအတွင်းမှ ချက်ချင်းထွက်ခွာကြရန် ၎င်းတို့၏နိုင်ငံသားများကို ပိုလန် နှင့် အီတလီတို့တိုက်တွန်း

80

Pika (NP News) - ဇန်နဝါရီလ ၁၆
အီရန်နိုင်ငံအတွင်းတွင်ရှိနေသည့် ပိုလန်နိုင်ငံသားများအားလုံးအနေဖြင့် နိုင်ငံအတွင်းမှ ချက်ချင်းထွက်ခွာသင့်ကြောင်း ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့သည်။
ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနက "ပိုလန်နိုင်ငံသားတွေအနေနဲ့ အီရန်နိုင်ငံအတွင်းကနေ ချက်ချင်းထွက်ခွာဖို့ တိုက်တွန်းလိုပါတယ်။ ပြီးတော့ အီရန်နိုင်ငံကို ခရီးသွားလာတာမျိုးတွေ မလုပ်ကြဖို့လည်း နိုင်ငံသားတွေအားလုံးကို အကြံပြုလိုပါတယ်” ဟု ပြောခဲ့သည်။
ထို့ပြင် အီရန်နိုင်ငံအတွင်းတွင် ဖြစ်ပွားနေသည့်အခြေအနေများကြောင့် အီတလီနိုင်ငံသားများကို အီရန်မှ ချက်ချင်းထွက်ခွာရန် အီတလီနိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းခဲ့ကြောင်းလည်း သိရသည်။
အီရန်နိုင်ငံတွင် အီတလီနိုင်ငံသား(၆၀၀)ခန့်ရှိပြီး အများစုမှာ တီဟီရန်မြို့တွင် နေထိုင်ကြကြောင်း အီတလီနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ပြီးခဲ့သည့်ရက်ပိုင်းတုန်းကလည်း အမေရိကန်က အီရန်နိုင်ငံအတွင်းတွင်ရှိသည့် ၎င်း၏ နိုင်ငံသားများအားလုံးကို နိုင်ငံအတွင်းမှ ချက်ချင်းထွက်ခွာရန် တိုက်တွန်းမှုများ ရှိခဲ့ကြောင်း သိရသည်။
အီရန်နိုင်ငံအတွင်းတွင် ဆန္ဒပြပွဲများဖြစ်ပွားနေမှုနှင့်အတူ အီရန်နှင့်အမေရိကန်ကြား တင်းမာမှုများ မြင့်တက်နေသည့်အချိန်တွင် ယခုကဲ့သို့တိုက်တွန်းမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ အီရန်နိုင်ငံက နောက်ထပ်ဆန္ဒပြသူများကို သတ်ဖြတ်ခဲ့မည်ဆိုပါက ပြင်းပြင်းထန်ထန်တုံ့ပြန်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ယခုကဲ့သို့တိုက်တွန်းမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

Zawgyi Version:
အီရန္ႏိုင္ငံအတြင္းမွ ခ်က္ခ်င္းထြက္ခြါၾကရန္ ၎တို႔၏ႏိုင္ငံသားမ်ားကို ပိုလန္ ႏွင့္ အီတလီတို႔တိုက္တြန္း
Pika (NP News) - ဇန္နဝါရီလ ၁၆
အီရန္ႏိုင္ငံအတြင္းတြင္ရွိေနသည့္ ပိုလန္ႏိုင္ငံသားမ်ားအားလုံးအေနျဖင့္ ႏိုင္ငံအတြင္းမွ ခ်က္ခ်င္းထြက္ခြာသင့္ေၾကာင္း ပိုလန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့သည္။
ပိုလန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက "ပိုလန္ႏိုင္ငံသားေတြအေနနဲ႔ အီရန္ႏိုင္ငံအတြင္းကေန ခ်က္ခ်င္းထြက္ခြာဖို႔ တိုက္တြန္းလိုပါတယ္။ ၿပီးေတာ့ အီရန္ႏိုင္ငံကို ခရီးသြားလာတာမ်ိဳးေတြ မလုပ္ၾကဖို႔လည္း ႏိုင္ငံသားေတြအားလုံးကို အႀကံျပဳလိုပါတယ္” ဟု ေျပာခဲ့သည္။
ထို႔ျပင္ အီရန္ႏိုင္ငံအတြင္းတြင္ ျဖစ္ပြားေနသည့္အေျခအေနမ်ားေၾကာင့္ အီတလီႏိုင္ငံသားမ်ားကို အီရန္မွ ခ်က္ခ်င္းထြက္ခြာရန္ အီတလီႏိုင္ငံျခားေရးဝန္ႀကီးဌာနက တိုက္တြန္းခဲ့ေၾကာင္းလည္း သိရသည္။
အီရန္ႏိုင္ငံတြင္ အီတလီႏိုင္ငံသား(၆၀၀)ခန႔္ရွိၿပီး အမ်ားစုမွာ တီဟီရန္ၿမိဳ႕တြင္ ေနထိုင္ၾကေၾကာင္း အီတလီႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။ ၿပီးခဲ့သည့္ရက္ပိုင္းတုန္းကလည္း အေမရိကန္က အီရန္ႏိုင္ငံအတြင္းတြင္ရွိသည့္ ၎၏ ႏိုင္ငံသားမ်ားအားလုံးကို ႏိုင္ငံအတြင္းမွ ခ်က္ခ်င္းထြက္ခြာရန္ တိုက္တြန္းမႈမ်ား ရွိခဲ့ေၾကာင္း သိရသည္။
အီရန္ႏိုင္ငံအတြင္းတြင္ ဆႏၵျပပြဲမ်ားျဖစ္ပြားေနမႈႏွင့္အတူ အီရန္ႏွင့္အေမရိကန္ၾကား တင္းမာမႈမ်ား ျမင့္တက္ေနသည့္အခ်ိန္တြင္ ယခုကဲ့သို႔တိုက္တြန္းမႈမ်ား ထြက္ေပၚလာျခင္းျဖစ္သည္။ အီရန္ႏိုင္ငံက ေနာက္ထပ္ဆႏၵျပသူမ်ားကို သတ္ျဖတ္ခဲ့မည္ဆိုပါက ျပင္းျပင္းထန္ထန္တုံ႔ျပန္မႈမ်ား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း အေမရိကန္သမၼတေဒၚနယ္ထရမ့္က ၿခိမ္းေျခာက္ေျပာဆိုခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာတြင္ ယခုကဲ့သို႔တိုက္တြန္းမႈမ်ား ထြက္ေပၚလာျခင္းျဖစ္သည္။