ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ကုန်းကျော်တံတားပေါ်ကို ကရိန်းတစ်ခုပြိုကျမှုကြောင့် အနည်းဆုံးလူ(၂)ဦးသေဆုံး

 125

Pika (NP News) - ဇန်နဝါရီ ၁၇

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက ကုန်းကျော်တံတားတစ်ခုပေါ်ကို ဆောက်လုပ်ရေးကရိန်းတစ်ခု ပြိုကျခဲ့တာ ကြောင့် အနည်းဆုံးလူ(၂)ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာ သွားလာနေတဲ့ ခရီးသည်တင်ရထားတစ်စီးပေါ်ကို ကရိန်းတစ်ခုပြုတ်ကျခဲ့မှုနဲ့အတူ အနည်းဆုံးလူ(၃၂)ဦး သေဆုံးခဲ့ပြီးနောက် တစ်ရက်အကြာမှာ ယခုလိုဖြစ်ရပ်တွေ ထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဘန်ကောက်မြို့အနီးက Rama 2 အမြန်လမ်းမကြီးတိုးချဲ့မှုလုပ်ငန်းဟာ ဆောက်လုပ်ရေးမတော်တဆမှုတွေ ကြောင့် နာမည်ဆိုးနဲ့ကျော်ကြားလာခဲ့ပြီး လူအသေအပျောက်များစွာရှိခဲ့တယ်လို့လည်း သိရပါတယ်။
ထိုင်းအစိုးရရဲ့အဆိုအရ ကရိန်းပြိုကျမှုကြောင့် အပျက်အစီးတွေအောက်မှာ မော်တော်ယာဉ်(၂)စီး ပိတ်မိခဲ့တာဖြစ် တယ်လို့လည်း သိရပါတယ်။ အဲဒီဖြစ်ရပ်အတွင်း လူ(၂)ဦးသေဆုံးခဲ့တယ်လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီး Phiphat Ratchakitprakarn က ထုတ်ဖော်ပြောဆိုခဲ့ပေမယ့်လည်း အပျက်အစီးတွေအောက်မှာ အခြားလူတွေပိတ်မိနေတာ မျိုး ရှိ/မရှိ ဆိုတာကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့ သိရပါတယ်။

Zawgyi Version:
ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕က ကုန္းေက်ာ္တံတားေပၚကို ကရိန္းတစ္ခုၿပိဳက်မႈေၾကာင့္ အနည္းဆုံးလူ(၂)ဦးေသဆုံး
Pika (NP News) - ဇန္နဝါရီ ၁၇

ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕အနီးက ကုန္းေက်ာ္တံတားတစ္ခုေပၚကို ေဆာက္လုပ္ေရးကရိန္းတစ္ခု ၿပိဳက်ခဲ့တာ ေၾကာင့္ အနည္းဆုံးလူ(၂)ဦးေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ ထိုင္းႏိုင္ငံ အေရွ႕ေျမာက္ပိုင္းမွာ သြားလာေနတဲ့ ခရီးသည္တင္ရထားတစ္စီးေပၚကို ကရိန္းတစ္ခုျပဳတ္က်ခဲ့မႈနဲ႔အတူ အနည္းဆုံးလူ(၃၂)ဦး ေသဆုံးခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ ယခုလိုျဖစ္ရပ္ေတြ ထပ္မံျဖစ္ပြားခဲ့တာျဖစ္ပါတယ္။
ဘန္ေကာက္ၿမိဳ႕အနီးက Rama 2 အျမန္လမ္းမႀကီးတိုးခ်ဲ႕မႈလုပ္ငန္းဟာ ေဆာက္လုပ္ေရးမေတာ္တဆမႈေတြ ေၾကာင့္ နာမည္ဆိုးနဲ႔ေက်ာ္ၾကားလာခဲ့ၿပီး လူအေသအေပ်ာက္မ်ားစြာရွိခဲ့တယ္လို႔လည္း သိရပါတယ္။
ထိုင္းအစိုးရရဲ႕အဆိုအရ ကရိန္းၿပိဳက်မႈေၾကာင့္ အပ်က္အစီးေတြေအာက္မွာ ေမာ္ေတာ္ယာဥ္(၂)စီး ပိတ္မိခဲ့တာျဖစ္ တယ္လို႔လည္း သိရပါတယ္။ အဲဒီျဖစ္ရပ္အတြင္း လူ(၂)ဦးေသဆုံးခဲ့တယ္လို႔ သယ္ယူပို႔ေဆာင္ေရးဝန္ႀကီး Phiphat Ratchakitprakarn က ထုတ္ေဖာ္ေျပာဆိုခဲ့ေပမယ့္လည္း အပ်က္အစီးေတြေအာက္မွာ အျခားလူေတြပိတ္မိေနတာ မ်ိဳး ရွိ/မရွိ ဆိုတာကိုေတာ့ လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.