တီမောသံရုံးယာယီတာဝန်ခံအား နိုင်ငံခြားရေးဝန်ကြီးဌာနက ခေါ်ယူ သတိပေး

182

Pearl (NP News) - ဇန်နဝါရီ ၁၇
တီမောသံရုံးယာယီတာဝန်ခံအား နိုင်ငံခြားရေးဝန်ကြီးဌာနက ခေါ်ယူသတိပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ အချက်အလက်များ အရ သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းသည် ရန်ကုန်မြို့ရှိ တီမောလက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံ မစ္စတာ အဲလီစီယို ဒို ရိုဆားရီရို ဒီ ဆော်ဆာ အား ယမန်နေ့ ဇန်နဝါရီလ (၁၆) ရက်က နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆင့်ခေါ်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့ ခေါ်ယူတွေ့ဆုံစဉ် အမြဲတမ်းအတွင်းဝန်က တီမောလက်စ်တေ အစိုးရအနေဖြင့် အာဆီယံ ပဋိညာဉ်နှင့် အာဆီယံ၏ အခြေခံမူများကို လိုက်နာရန် ကတိပြုသည့် ၎င်း၏ ကတိကဝတ်များကို ချိုးဖောက်လျက် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ကာ ဆန့်ကျင်ဘက် အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံသည့်ကိစ္စရပ်ကို မြန်မာနိုင်ငံက ပြင်းပြင်း ထန်ထန် ဆန့်ကျင်ကန့်ကွက်ကြောင်း အသိပေးပြောကြားကာ သတိထောက်လွှာအား ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ (၁၄)ရက်က တီမောလက်စ်တေသမ္မတနှင့် ချင်းလူ့အခွင့်အရေးအဖွဲ့အစည်းတို့ တွေ့ဆုံခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ သတိပေးပြောကြားခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
တီေမာသံ႐ုံးယာယီတာဝန္ခံအား ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေခၚယူ သတိေပး
Pearl (NP News) - ဇန္နဝါရီ ၁၇
တီေမာသံ႐ုံးယာယီတာဝန္ခံအား ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေခၚယူသတိေပးခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ား အရ သိရသည္။
ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ အၿမဲတမ္းအတြင္းဝန္ ဦးေဟာက္ခန႔္ဆုမ္းသည္ ရန္ကုန္ၿမိဳ႕ရွိ တီေမာလက္စ္ေတသံ႐ုံးမွ သံ႐ုံးယာယီတာဝန္ခံ မစၥတာ အဲလီစီယို ဒို ႐ိုဆားရီ႐ို ဒီ ေဆာ္ဆာ အား ယမန္ေန႔ ဇန္နဝါရီလ (၁၆) ရက္က ႏိုင္ငံျခားေရးဝန္ႀကီးဌာနသို႔ ဆင့္ေခၚေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ေခၚယူေတြ႕ဆုံစဥ္ အၿမဲတမ္းအတြင္းဝန္က တီေမာလက္စ္ေတ အစိုးရအေနျဖင့္ အာဆီယံ ပဋိညာဥ္ႏွင့္ အာဆီယံ၏ အေျခခံမူမ်ားကို လိုက္နာရန္ ကတိျပဳသည့္ ၎၏ ကတိကဝတ္မ်ားကို ခ်ိဳးေဖာက္လ်က္ ျမန္မာႏိုင္ငံ၏ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ကာ ဆန႔္က်င္ဘက္ အဖြဲ႕အစည္းမ်ားႏွင့္ ထိေတြ႕ဆက္ဆံသည့္ကိစၥရပ္ကို ျမန္မာႏိုင္ငံက ျပင္းျပင္း ထန္ထန္ ဆန႔္က်င္ကန႔္ကြက္ေၾကာင္း အသိေပးေျပာၾကားကာ သတိေထာက္လႊာအား ေပးအပ္ခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ဇန္နဝါရီ (၁၄)ရက္က တီေမာလက္စ္ေတသမၼတႏွင့္ ခ်င္းလူ႔အခြင့္အေရးအဖြဲ႕အစည္းတို႔ ေတြ႕ဆုံခဲ့ေၾကာင္း သတင္းမ်ား ထြက္ေပၚလာၿပီးေနာက္ ယခုကဲ့သို႔ သတိေပးေျပာၾကားျခင္းျဖစ္ေၾကာင္း သိရသည္။