နွေရာသီတွင် ဓာတ်အားအပြည့်အဝပေးနိုင်ရေးအတွက် ဆောင်ရွက်ရန် တိုက်တွန်း

199

ထိုက်စံ (NP News) - ဇန်နဝါရီ ၁၇
နွေရာသီတွင် ဓာတ်အားအပြည့်အဝပေးနိုင်ရေးအတွက် ဓာတ်အားပေးစက်များအား စစ်ဆေးဆောင်ရွက်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက တိုက်တွန်းပြောကြားထားသည်။
ယမန်နေ့ (ဇန်နဝါရီ ၁၆ ရက်)၊ ညနေပိုင်းတွင် လွိုင်ကော်မြို့ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး အစည်းအဝေးခန်းမ၌ လျှပ်စစ်ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက အထက်ပါကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့တွေ့ဆုံစဉ် ဝန်ကြီးဌာနအနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အမြန်ပြီးပြတ်အောင် ဆောင်ရွက်ရန် နှင့် မိမိတို့ဌာနအနေဖြင့် ရရန်ရှိသော ဓာတ်အားခကြွေးကျန်များ အပြည့်အဝရရှိရေး ဆောင်ရွက်ရန် ပြောကြားခဲ့သည်။
ထို့ပြင် နွေရာသီတွင် ဓာတ်အားအပြည့်အဝ ပေးနိုင်ရေးအတွက် ဓာတ်အားပေးစက်များ၏ ကြံ့ခိုင်မှုများအား စဉ်ဆက်မပြတ် စစ်ဆေးသွားရန်၊ ဓာတ်အား တိုးမြှင့်၍ထုတ်လုပ်နိုင်ရေးကို အလေးထားဆောင်ရွက်သွားရန်လည်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်/ ခရိုင်/ မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့်လည်း ဓာတ်အားဖြန့်ဖြူးရေးဆိုင်ရာကိစ္စရပ်များအပြင် စာရင်းဇယားပိုင်းအား တိကျမှုရှိစေရေး အလေးထား ဆောင်ရွက်ရန်နှင့် ဓာတ်အားတိုးတက်ပို့လွှတ် နိုင်ရေးအတွက် (၂၃၀) ကေဗွီဘလခ - နေပြည်တော် ဓာတ်အားလိုင်းအား လုံခြုံရေးဂရုပြု၍ ကြိုးစား စစ်ဆေးသွားရန်ပြောကြားခဲ့ ကြောင်းသိရသည်။
ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံးဝင်းအတွင်း( ၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် အသစ် တည်ဆောက်လျက်ရှိသည့် Type-E လေးခန်းတွဲလေးထပ်အမှုထမ်းအိမ်ရာ တည်ဆောက်နေမှုအား သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများ အချိန်မီပြီးစီး ရန် ဆောင်ရွက်ရေး နှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ရေးတို့လည်း တိုက်တွန်း မှာကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေႏြရာသီတြင္ ဓာတ္အားအျပည့္အဝေပးႏိုင္ေရးအတြက္ ေဆာင္႐ြက္ရန္ တိုက္တြန္း
ထိုက္စံ (NP News) - ဇန္နဝါရီ ၁၇
ေႏြရာသီတြင္ ဓာတ္အားအျပည့္အဝေပးႏိုင္ေရးအတြက္ ဓာတ္အားေပးစက္မ်ားအား စစ္ေဆးေဆာင္႐ြက္ရန္ လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနမွ ျပည္ေထာင္စုဝန္ႀကီး ဦးဉာဏ္ထြန္းက တိုက္တြန္းေျပာၾကားထားသည္။
ယမန္ေန႔ (ဇန္နဝါရီ ၁၆ ရက္)၊ ညေနပိုင္းတြင္ လြိဳင္ေကာ္ၿမိဳ႕ ျပည္နယ္လွ်ပ္စစ္အင္ဂ်င္နီယာ႐ုံး အစည္းအေဝးခန္းမ၌ လွ်ပ္စစ္ဝန္ထမ္းမ်ားႏွင့္ေတြ႕ဆုံစဥ္ ျပည္ေထာင္စုဝန္ႀကီး ဦးဉာဏ္ထြန္းက အထက္ပါကဲ့သို႔ တိုက္တြန္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
ထိုသို႔ေတြ႕ဆုံစဥ္ ဝန္ႀကီးဌာနအေနျဖင့္ မိမိတို႔တာဝန္ယူေဆာင္႐ြက္ေနသည့္ တည္ေဆာက္ေရးလုပ္ငန္းမ်ားအား သတ္မွတ္ဘ႑ာေရးႏွစ္အတြင္း အျမန္ၿပီးျပတ္ေအာင္ ေဆာင္႐ြက္ရန္ ႏွင့္ မိမိတို႔ဌာနအေနျဖင့္ ရရန္ရွိေသာ ဓာတ္အားခေႂကြးက်န္မ်ား အျပည့္အဝရရွိေရး ေဆာင္႐ြက္ရန္ ေျပာၾကားခဲ့သည္။
ထို႔ျပင္ ေႏြရာသီတြင္ ဓာတ္အားအျပည့္အဝ ေပးႏိုင္ေရးအတြက္ ဓာတ္အားေပးစက္မ်ား၏ ႀကံ့ခိုင္မႈမ်ားအား စဥ္ဆက္မျပတ္ စစ္ေဆးသြားရန္၊ ဓာတ္အား တိုးျမႇင့္၍ထုတ္လုပ္ႏိုင္ေရးကို အေလးထားေဆာင္႐ြက္သြားရန္လည္း ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
ျပည္နယ္/ ခ႐ိုင္/ ၿမိဳ႕နယ္မ်ားတြင္ တာဝန္ထမ္းေဆာင္ေနေသာ ဝန္ထမ္းမ်ားအေနျဖင့္လည္း ဓာတ္အားျဖန႔္ျဖဴးေရးဆိုင္ရာကိစၥရပ္မ်ားအျပင္ စာရင္းဇယားပိုင္းအား တိက်မႈရွိေစေရး အေလးထား ေဆာင္႐ြက္ရန္ႏွင့္ ဓာတ္အားတိုးတက္ပို႔လႊတ္ ႏိုင္ေရးအတြက္ (၂၃၀) ေကဗြီဘလခ - ေနျပည္ေတာ္ ဓာတ္အားလိုင္းအား လုံၿခဳံေရးဂ႐ုျပဳ၍ ႀကိဳးစား စစ္ေဆးသြားရန္ေျပာၾကားခဲ့ ေၾကာင္းသိရသည္။
ျပည္နယ္လွ်ပ္စစ္ အင္ဂ်င္နီယာ႐ုံးဝင္းအတြင္း( ၂၀၂၅-၂၀၂၆) ဘ႑ာေရးႏွစ္ ျပည္ေထာင္စုဘ႑ာရန္ပုံေငြျဖင့္ အသစ္ တည္ေဆာက္လ်က္ရွိသည့္ Type-E ေလးခန္းတြဲေလးထပ္အမႈထမ္းအိမ္ရာ တည္ေဆာက္ေနမႈအား သတ္မွတ္ဘ႑ာေရးႏွစ္အတြင္း လုပ္ငန္းမ်ား အခ်ိန္မီၿပီးစီး ရန္ ေဆာင္႐ြက္ေရး ႏွင့္ သတ္မွတ္စံခ်ိန္စံၫႊန္းမ်ားႏွင့္အညီ တည္ေဆာက္ေရးတို႔လည္း တိုက္တြန္း မွာၾကားခဲ့ေၾကာင္း သိရသည္။