ယနေ့ နံနက်ပိုင်း က ကွာလာလမ်ပူမြို့လယ်ခေါင်က Kotaraya ကုန်တိုက်တွင် တရားမဝင်သူများကို ဝင်ဖမ်းရာ မြန်မာ အများအပြားလည်း ဖမ်းဆီးခံရ

188

သုတကျော် (NP News) - ဇန်နဝါရီ ၁၇
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့လယ်ခေါင်က Kotaraya ကုန်တိုက်တွင် တရားမဝင်သူများကို ယနေ့ (ဇန်နဝါရီလ ၁၇ ရက်) တွင် ဝင်ဖမ်းရာ အခြားနိုင်ငံသားများနှင့်အတူ မြန်မာအများအပြားလည်း ဖမ်းဆီးခံရကြောင်း အဆိုပါ နိုင်ငံရောက် မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။
မလေးရှားနိုင်ငံတွင် တရားမဝင် နေထိုင်သူများကို ဆက်တိုက် ဖမ်းဆီးခြင်းများ ပြုလုပ်နေခြင်း ဖြစ်သည်။
“Kotaraya ကုန်တိုက်မှာ ဒီနေ့ ဖမ်းဆီးသွားတဲ့ မနက်(၁၀)နာရီဝန်းကျင်ခန့်မှာ မြန်မာဆိုင်တန်းတွေမှာလည်း ကပ်လျက်ဖြစ်နေတယ်။ မြန်မာလူမျိုးတွေကလည်း ဒီနေ့ စနေ၊တနင်္ဂနွေ ဆိုတော့ အသွားအလာနဲ့ ဒီကုန်တိုက်မှာလာပြီး စျေးဝယ်ကြတာရှိတယ်။ တချို့ကလည်း ဒီတရုတ်တန်းခေါ်တယ်။ ဒီတရုတ်တန်းစျေးပေါ့လေ။ အဲဒီမှာ စျေးလာဝယ်တဲ့သူတွေလည်းရှိတယ်။ မြန်မာ အပါအဝင် နိုင်ငံခြားသားအများစု အဖမ်းခံလိုက်ရတယ်” ဟု ၎င်းက ပြောသည်။
အဖမ်းခံရသူ စုစုပေါင်းအရေအတွက်မှာ လေးရာ နီးပါး ခန့် ရှိပြီး မြန်မာနိုင်ငံသားများလည်း အပြားအပြား ပါဝင်မည်ဟု ၎င်းက ခန့်မှန်းတယ်။
“ပြောရခက်ပေမယ့် မြန်မာနိုင်ငံသားတွေလည်း အများအပြား ပါဝင်နိုင်တယ်” ဟု ၎င်းက ဆိုသည်။
မလေးရှားနိုင်ငံသို့လာရောက်မည့်သူများအနေဖြင့် တရားဝင် လာရောက်စေလိုပြီး အဖမ်းခံရပါက မလေးရှားနိုင်ငံသို့ လာရောက်ရန် ရင်းနှီးခဲ့ရသော ငွေကြေးများ ဆုံးရှုံးမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
Zawgyi Version:
ယေန႔ နံနက္ပိုင္း က ကြာလာလမ္ပူၿမိဳ႕လယ္ေခါင္က Kotaraya ကုန္တိုက္တြင္ တရားမဝင္သူမ်ားကို ဝင္ဖမ္းရာ ျမန္မာ အမ်ားအျပားလည္း ဖမ္းဆီးခံရ
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၁၇
မေလးရွားႏိုင္ငံ၊ ကြာလာလမ္ပူၿမိဳ႕လယ္ေခါင္က Kotaraya ကုန္တိုက္တြင္ တရားမဝင္သူမ်ားကို ယေန႔ (ဇန္နဝါရီလ ၁၇ ရက္) တြင္ ဝင္ဖမ္းရာ အျခားႏိုင္ငံသားမ်ားႏွင့္အတူ ျမန္မာအမ်ားအျပားလည္း ဖမ္းဆီးခံရေၾကာင္း အဆိုပါ ႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားတစ္ဦးက ေျပာသည္။
မေလးရွားႏိုင္ငံတြင္ တရားမဝင္ ေနထိုင္သူမ်ားကို ဆက္တိုက္ ဖမ္းဆီးျခင္းမ်ား ျပဳလုပ္ေနျခင္း ျဖစ္သည္။
“Kotaraya ကုန္တိုက္မွာ ဒီေန႔ ဖမ္းဆီးသြားတဲ့ မနက္(၁၀)နာရီဝန္းက်င္ခန႔္မွာ ျမန္မာဆိုင္တန္းေတြမွာလည္း ကပ္လ်က္ျဖစ္ေနတယ္။ ျမန္မာလူမ်ိဳးေတြကလည္း ဒီေန႔ စေန၊တနဂၤေႏြ ဆိုေတာ့ အသြားအလာနဲ႔ ဒီကုန္တိုက္မွာလာၿပီး ေစ်းဝယ္ၾကတာရွိတယ္။ တခ်ိဳ႕ကလည္း ဒီတ႐ုတ္တန္းေခၚတယ္။ ဒီတ႐ုတ္တန္းေစ်းေပါ့ေလ။ အဲဒီမွာ ေစ်းလာဝယ္တဲ့သူေတြလည္းရွိတယ္။ ျမန္မာ အပါအဝင္ ႏိုင္ငံျခားသားအမ်ားစု အဖမ္းခံလိုက္ရတယ္” ဟု ၎က ေျပာသည္။
အဖမ္းခံရသူ စုစုေပါင္းအေရအတြက္မွာ ေလးရာ နီးပါး ခန႔္ ရွိၿပီး ျမန္မာႏိုင္ငံသားမ်ားလည္း အျပားအျပား ပါဝင္မည္ဟု ၎က ခန႔္မွန္းတယ္။
“ေျပာရခက္ေပမယ့္ ျမန္မာႏိုင္ငံသားေတြလည္း အမ်ားအျပား ပါဝင္ႏိုင္တယ္” ဟု ၎က ဆိုသည္။
မေလးရွားႏိုင္ငံသို႔လာေရာက္မည့္သူမ်ားအေနျဖင့္ တရားဝင္ လာေရာက္ေစလိုၿပီး အဖမ္းခံရပါက မေလးရွားႏိုင္ငံသို႔ လာေရာက္ရန္ ရင္းႏွီးခဲ့ရေသာ ေငြေၾကးမ်ား ဆုံးရႈံးမည္ျဖစ္ေၾကာင္းလည္း ၎က ေျပာသည္။