နမ့်စမ်တွင် ခရီးသည်တင်ယာဉ်ချောက်ထဲပြုတ်ကျသဖြင့် အမျိုးသား(၁)ဦးသေဆုံး

152

ထိုက်စံ (NP News) - ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ်၊ နမ့်စမ်မြို့နယ်တွင် ခရီးသည်တင်ယာဉ်(၁)စီး ချောက်ထဲပြုတ်ကျသဖြင့် အမျိုးသား(၁)ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဇန်နဝါရီ ၁၇ ရက်)၊ နံနက် (၁၀)နာရီ ခန့် တွင် နမ့်စမ်မြို့နယ်၊ လွိုင်လင်-နမ့်စမ်ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၇၇/၁)နှင့် (၁၇၇/၂)ကြားတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယာဉ်မောင်း နှင့် ခရီးသည်(၁၁)ဦး လိုက်ပါလာသည့် ခရီးသည်တင်ယာဉ်တစ်စီးသည် အခင်းဖြစ်နေရာအရောက်တွင် တိမ်းမှောက်ခဲ့သဖြင့် လွိုင်လင်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ နမ့်စန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသော (၁၁)ဦးအနက် အမျိုးသား(၃)ဦး နှင့် အမျိုးသမီး (၆)ဦး မှာ မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာရရှိပြီး အမျိုးသား(၁)ဦးမှာ သေဆုံးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများ နှင့် သေဆုံးသူ၏ရုပ်အလောင်းတို့အား လွိုင်လင်ခရိုင်မီးသတ်စခန်းမှ သူနာတင်ယာဉ်(၁)စီး၊ နမ့်စမ်မြို့နယ်ကြက်ခြေနီအသင်းမှ သူနာတင်ယာဉ်(၁)စီး နှင့် တောင်တန်းလူငယ်ပရဟိတအသင်းမှ သူနာတင်ယာဉ်(၁)စီးတို့ဖြင့် လွိုင်လင်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
နမ့္စမ္တြင္ ခရီးသည္တင္ယာဥ္ေခ်ာက္ထဲျပဳတ္က်သျဖင့္ အမ်ိဳးသား(၁)ဦးေသဆုံး
ထိုက္စံ (NP News) - ဇန္နဝါရီ ၁၇
ရွမ္းျပည္နယ္၊ နမ့္စမ္ၿမိဳ႕နယ္တြင္ ခရီးသည္တင္ယာဥ္(၁)စီး ေခ်ာက္ထဲျပဳတ္က်သျဖင့္ အမ်ိဳးသား(၁)ဦး ေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မီးသတ္ဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ဇန္နဝါရီ ၁၇ ရက္)၊ နံနက္ (၁၀)နာရီ ခန႔္ တြင္ နမ့္စမ္ၿမိဳ႕နယ္၊ လြိဳင္လင္-နမ့္စမ္ျပည္ေထာင္စုလမ္းမႀကီး၊ မိုင္တိုင္အမွတ္(၁၇၇/၁)ႏွင့္ (၁၇၇/၂)ၾကားတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ယာဥ္ေမာင္း ႏွင့္ ခရီးသည္(၁၁)ဦး လိုက္ပါလာသည့္ ခရီးသည္တင္ယာဥ္တစ္စီးသည္ အခင္းျဖစ္ေနရာအေရာက္တြင္ တိမ္းေမွာက္ခဲ့သျဖင့္ လြိဳင္လင္ခ႐ိုင္မီးသတ္စခန္းမွ မီးျငႇိမ္းသတ္ယာဥ္(၁)စီး၊ နမ့္စန္ၿမိဳ႕နယ္မီးသတ္စခန္းမွ မီးျငႇိမ္းသတ္ယာဥ္(၁)စီး ႏွင့္ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္မ်ားျဖင့္ ကယ္ဆယ္ေရးလုပ္ငန္းမ်ား သြားေရာက္ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေပၚတြင္လိုက္ပါလာေသာ (၁၁)ဦးအနက္ အမ်ိဳးသား(၃)ဦး ႏွင့္ အမ်ိဳးသမီး (၆)ဦး မွာ မစိုးရိမ္ရသည့္ ထိခိုက္ဒဏ္ရာရရွိၿပီး အမ်ိဳးသား(၁)ဦးမွာ ေသဆုံးခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ထိခိုက္ဒဏ္ရာရရွိသူမ်ား ႏွင့္ ေသဆုံးသူ၏႐ုပ္အေလာင္းတို႔အား လြိဳင္လင္ခ႐ိုင္မီးသတ္စခန္းမွ သူနာတင္ယာဥ္(၁)စီး၊ နမ့္စမ္ၿမိဳ႕နယ္ၾကက္ေျခနီအသင္းမွ သူနာတင္ယာဥ္(၁)စီး ႏွင့္ ေတာင္တန္းလူငယ္ပရဟိတအသင္းမွ သူနာတင္ယာဥ္(၁)စီးတို႔ျဖင့္ လြိဳင္လင္ခ႐ိုင္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။