လူငယ်များ၏အတတ်ပညာနှင့် လူကြီးများ၏ အတွေ့အကြုံတို့ ပေါင်းစပ်လိုက်ပါက တိုင်းပြည်အတွက် အထောက်အကူဖြစ်လိမ့်မည်ဟု ဗိုလ်ချုပ်မှူးကြီးပြော

 102

သန့်ဇင် (NP News) - ဇန်နဝါရီ ၁၇
လူငယ်များ၏အတတ်ပညာနှင့် လူကြီးများ ၏အတွေ့အကြုံတို့ပေါင်းစပ်လိုက်ပါက တိုင်းပြည်အတွက် အထောက်အကူဖြစ်လိမ့်မည်ဖြစ်ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာ ယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ပြောကြားခဲ့သည်။
ဇန်နဝါရီလ (၁၃) ရက် နံနက်ပိုင်းက နေပြည်တော်ရှိ MICC -1 ခန်းမတွင် ကျင်းပသည့် လူငယ်ငြိမ်းချမ်းရေး ဖိုရမ်ဖွင့်ပွဲ၌ အမှာစကားပြော ကြားစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“လူငယ်ဆိုတာတက်ကြွတယ်။ လူကြီးဆိုတာ အတွေ့အကြုံရှိတယ်။ လူငယ်တွေရဲ့ တက်ကြွတဲ့စိတ်နဲ့ သူတို့ သင်ကြားခဲ့တဲ့ အတတ်ပညာနဲ့ လူကြီးတွေရဲ့ အတွေ့အကြုံနဲ့ပေါင်းစပ်ပေးလိုက်လို့ရှိရင် တကယ်တော့ အားတွေပါပဲ။ တိုင်းပြည်က အထောက် အကူရမှာဖြစ်ပါတယ်။ နားလည်မှုရှိရှိနဲ့ လုပ်ပေးကြဖို့ ပြောလိုပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထို့ပြင် လူငယ်များအား မိမိဒေသအပေါ် အကျိုးရှိကြောင်းကိုလည်း တာဝန်ရှိသူများအနေဖြင့် ဖော်ထုတ်ပေးကာ မြေတောင်မြှောက်ပေးရန် လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်း ပြောကြားခဲ့သည်။ “နောက်ပြီး လူငယ်တွေ ဒေသအပေါ်မှာ အကျိုးရှိတယ်ဆိုတာကိုလည်း ကျွန်တော်တို့ တာဝန်ရှိတဲ့သူတွေကလည်း ဖော်ထုတ်ပေးဖို့ လူငယ်တွေကို မြေတောင်မြှောက်ပေးဖို့ လိုပါတယ်။ ကျွန်တော် အခုရွေးကောက်ပွဲမှာတက်လာတဲ့ လွှတ် တော်အမတ် တွေလိုက်ကြည့်ပါတယ်။ တချို့လည်း လူငယ်တွေပါပါတယ်။ တချို့လည်း အများစုကတော့ လူကြီးတွေဖြစ်တာတွေ့ရပါ တယ်။ ကျွန်တော်တို့ကတော့ လူငယ်တွေကို တော်တော်မျှော်လင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် လူငယ်တွေကို နေရာပေးဖို့ အချိန်တန် နေပါပြီ။ အချိန်တန်အောင် ကျွန်တော်တို့ လုပ်ရမှာ ဖြစ်ပါတယ်။ လာမယ့်နိုင်ငံရေးအခင်းအကျင်းမှာ လည်း မဖြစ်ဖြစ်အောင်လုပ်ဖို့လိုပါတယ်”ဟု ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
သို့သော် လူငယ်များသည် ဖွံ့ဖြိုးတိုးတက်မှုအား လိုလားကြသည့်အတွက် အချို့မှာ မိမိဒေသ မတိုးတက်ကြ သည့်အတွက် အခြားသော နေရာများတွင် ရေကြည်ရာမြက်နုရာ သွားနေကြရကြောင်း ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင် ကဆိုသည်။ “လူငယ် တွေကိုယ်တိုင်ကလည်း ဖွံ့ဖြိုးမှု၊ တိုးတက်မှုကို လိုလားကြတယ်။ လိုလားကြတယ်ဆိုတော့ တချို့ကျတော့လည်း ကိုယ့်ဒေသက မတိုးတက်တော့ မနေချင်ကြဘူးဗျ။ မနေချင်ကြတော့ တခြားနေရာမှာ သွား ပြီးတော့ ရေကြည်ရာမြက်နုရာ သွားနေကြတယ်။ အဲဒီအချိန်မှာ ကိုယ်သင်ထားတဲ့အတတ်ပညာတွေ အသိပညာတွေကို ဒေသတွေအသုံးမချနိုင်ဘဲနဲ့ အခြားဒေသမှာသွားပြီးတော့မှ တစ်ခါတလေကျလည်း သူကနေရာကောင်းရချင်မှရမယ်။ အဲဒီနေရာ မှာသွားနေရင် သူများခိုင်းတာ လုပ်ရင်လုပ်နေရမယ်။ အကောင်းဆုံးကတော့ ကိုယ့်ဒေသမှာ တိုးတက် အောင် ဆောင်ရွက်ပေးကြမယ်ဆိုရင်တော့ အတိုင်း ထက်အလွန်ပဲဖြစ်ပါတယ်။ လူငယ်တွေရဲ့ ကိုယ် တတ်ခဲ့တဲ့ အတတ်ပညာ။ လူကြီးတွေရဲ့ အတွေ့ အကြုံနဲ့ပေါင်းပြီးလုပ်မယ်ဆိုရင် အဲဒီဒေသက ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ဒေသတွေက တိုးတက်မှုရ လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
လူငယ်ငြိမ်းချင်းရေးဖိုရမ်ကို ဇန်နဝါရီ (၁၃) ရက်ကစတင်ကာ လာမည့် (၁၅) ရက်အထိ ခေါင်းစဉ် (၁၀) ခုဖြင့် (၃) ရက်တိုင်တိုင် ဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ လူငယ်ငြိမ်း ချမ်းရေးဖိုရမ်၏ Theme အဖြစ် “ငြိမ်းချမ်း ရေးတည်ဆောက်ရေး၊ နိုင်ငံတည်ဆောက်ရေးနှင့် နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်ရေးတို့တွင် နိုင်ငံတစ်ဝန်းရှိ လူငယ်များ စုပေါင်းပါဝင်လာစေရန်နှင့် စွမ်းရည် ပြည့်ဝသောခေါင်းဆောင်များဖြစ်ပေါ်လာရန်အတွက် ငြိမ်းချမ်းရေး အသိမြှင့် တင်ပေးနိုင်ရန်” ((To enhan­ce peace awareness for the collective participation of youth nationwide in peacebuilding, nation-building and national development, and to foster highly competent leaders) ကို သတ်မှတ်ထားကြောင်းလည်း သိရသည်။

Zawgyi Version:
လူငယ္မ်ား၏အတတ္ပညာႏွင့္ လူႀကီးမ်ား၏ အေတြ႕အႀကဳံတို႔ ေပါင္းစပ္လိုက္ပါက တိုင္းျပည္အတြက္ အေထာက္ အကူျဖစ္လိမ့္မည္ဟု ဗိုလ္ခ်ဳပ္မႉးႀကီးေျပာ
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၁၇
လူငယ္မ်ား၏အတတ္ပညာႏွင့္ လူႀကီးမ်ား ၏အေတြ႕အႀကဳံတို႔ေပါင္းစပ္လိုက္ပါက တိုင္းျပည္အတြက္ အေထာက္အကူျဖစ္လိမ့္မည္ျဖစ္ေၾကာင္း ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာ ယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္ လႈိင္က ေျပာၾကားခဲ့သည္။
ဇန္နဝါရီလ (၁၃) ရက္ နံနက္ပိုင္းက ေနျပည္ေတာ္ရွိ MICC -1 ခန္းမတြင္ က်င္းပသည့္ လူငယ္ၿငိမ္းခ်မ္းေရး ဖိုရမ္ဖြင့္ပြဲ၌ အမွာစကားေျပာ ၾကားစဥ္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။
“လူငယ္ဆိုတာတက္ႂကြတယ္။ လူႀကီးဆိုတာ အေတြ႕အႀကဳံရွိတယ္။ လူငယ္ေတြရဲ႕ တက္ႂကြတဲ့စိတ္နဲ႔ သူတို႔ သင္ၾကားခဲ့တဲ့ အတတ္ပညာနဲ႔ လူႀကီးေတြရဲ႕ အေတြ႕အႀကဳံနဲ႔ေပါင္းစပ္ေပးလိုက္လို႔ရွိရင္ တကယ္ေတာ့ အားေတြပါပဲ။ တိုင္းျပည္က အေထာက္ အကူရမွာျဖစ္ပါတယ္။ နားလည္မႈရွိရွိနဲ႔ လုပ္ေပးၾကဖို႔ ေျပာလိုပါတယ္”ဟု ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ထို႔ျပင္ လူငယ္မ်ားအား မိမိေဒသအေပၚ အက်ိဳးရွိေၾကာင္းကိုလည္း တာဝန္ရွိသူမ်ားအေနျဖင့္ ေဖာ္ထုတ္ေပးကာ ေျမေတာင္ေျမႇာက္ေပးရန္ လိုအပ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထည့္သြင္း ေျပာၾကားခဲ့သည္။ “ေနာက္ၿပီး လူငယ္ေတြ ေဒသအေပၚမွာ အက်ိဳးရွိတယ္ဆိုတာကိုလည္း ကြၽန္ေတာ္တို႔ တာဝန္ရွိတဲ့သူေတြကလည္း ေဖာ္ထုတ္ေပးဖို႔ လူငယ္ေတြကို ေျမေတာင္ေျမႇာက္ေပးဖို႔ လိုပါတယ္။ ကြၽန္ေတာ္ အခုေ႐ြးေကာက္ပြဲမွာတက္လာတဲ့ လႊတ္ ေတာ္အမတ္ ေတြလိုက္ၾကည့္ပါတယ္။ တခ်ိဳ႕လည္း လူငယ္ေတြပါပါတယ္။ တခ်ိဳ႕လည္း အမ်ားစုကေတာ့ လူႀကီးေတြျဖစ္တာေတြ႕ရပါ တယ္။ ကြၽန္ေတာ္တို႔ကေတာ့ လူငယ္ေတြကို ေတာ္ေတာ္ေမွ်ာ္လင့္ပါတယ္။ ဘာပဲျဖစ္ျဖစ္ လူငယ္ေတြကို ေနရာေပးဖို႔ အခ်ိန္တန္ ေနပါၿပီ။ အခ်ိန္တန္ေအာင္ ကြၽန္ေတာ္တို႔ လုပ္ရမွာ ျဖစ္ပါတယ္။ လာမယ့္ႏိုင္ငံေရးအခင္းအက်င္းမွာ လည္း မျဖစ္ျဖစ္ေအာင္လုပ္ဖို႔လိုပါတယ္”ဟု ဗိုလ္ ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
သို႔ေသာ္ လူငယ္မ်ားသည္ ဖြံ႕ၿဖိဳးတိုးတက္မႈအား လိုလားၾကသည့္အတြက္ အခ်ိဳ႕မွာ မိမိေဒသ မတိုးတက္ၾက သည့္အတြက္ အျခားေသာ ေနရာမ်ားတြင္ ေရၾကည္ရာျမက္ႏုရာ သြားေနၾကရေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္း ေအာင္လႈိင္ ကဆိုသည္။ “လူငယ္ ေတြကိုယ္တိုင္ကလည္း ဖြံ႕ၿဖိဳးမႈ၊ တိုးတက္မႈကို လိုလားၾကတယ္။ လိုလားၾကတယ္ဆိုေတာ့ တခ်ိဳ႕က်ေတာ့လည္း ကိုယ့္ေဒသက မတိုးတက္ေတာ့ မေနခ်င္ၾကဘူးဗ်။ မေနခ်င္ၾကေတာ့ တျခားေနရာမွာ သြား ၿပီးေတာ့ ေရၾကည္ရာျမက္ႏုရာ သြားေနၾကတယ္။ အဲဒီအခ်ိန္မွာ ကိုယ္သင္ထားတဲ့အတတ္ပညာေတြ အသိပညာေတြကို ေဒသေတြအသုံးမခ်ႏိုင္ဘဲနဲ႔ အျခားေဒသမွာသြားၿပီးေတာ့မွ တစ္ခါတေလက်လည္း သူကေနရာေကာင္းရခ်င္မွရမယ္။ အဲဒီေနရာ မွာသြားေနရင္ သူမ်ားခိုင္းတာ လုပ္ရင္လုပ္ေနရမယ္။ အေကာင္းဆုံးကေတာ့ ကိုယ့္ေဒသမွာ တိုးတက္ ေအာင္ ေဆာင္႐ြက္ေပးၾကမယ္ဆိုရင္ေတာ့ အတိုင္း ထက္အလြန္ပဲျဖစ္ပါတယ္။ လူငယ္ေတြရဲ႕ ကိုယ္ တတ္ခဲ့တဲ့ အတတ္ပညာ။ လူႀကီးေတြရဲ႕ အေတြ႕ အႀကဳံနဲ႔ေပါင္းၿပီးလုပ္မယ္ဆိုရင္ အဲဒီေဒသက ဖြံ႕ၿဖိဳးမႈေနာက္က်ေနတဲ့ေဒသေတြက တိုးတက္မႈရ လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္”ဟု ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
လူငယ္ၿငိမ္းခ်င္းေရးဖိုရမ္ကို ဇန္နဝါရီ (၁၃) ရက္ကစတင္ကာ လာမည့္ (၁၅) ရက္အထိ ေခါင္းစဥ္ (၁၀) ခုျဖင့္ (၃) ရက္တိုင္တိုင္ ေဆြးေႏြးပြဲ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။ လူငယ္ၿငိမ္း ခ်မ္းေရးဖိုရမ္၏ Theme အျဖစ္ “ၿငိမ္းခ်မ္း ေရးတည္ေဆာက္ေရး၊ ႏိုင္ငံတည္ေဆာက္ေရးႏွင့္ ႏိုင္ငံေတာ္ဖြံ႕ ၿဖိဳးတိုးတက္ေရးတို႔တြင္ ႏိုင္ငံတစ္ဝန္းရွိ လူငယ္မ်ား စုေပါင္းပါဝင္လာေစရန္ႏွင့္ စြမ္းရည္ ျပည့္ဝေသာေခါင္းေဆာင္မ်ားျဖစ္ေပၚလာရန္အတြက္ ၿငိမ္းခ်မ္းေရး အသိျမႇင့္ တင္ေပးႏိုင္ရန္” ((To enhan­ce peace awareness for the collective participation of youth nationwide in peacebuilding, nation-building and national development, and to foster highly competent leaders) ကို သတ္မွတ္ထားေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.