အမေရိကန်က အီရန်ကို တိုက်မည့်အစီအစဉ် အစ္စရေးကြောင့် ရွှေ့ဆိုင်းဟုဆို

343

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၇
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် စီစဉ်ထားသည့် အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက် မှုကိုရွှေ့ဆိုင်း လိုက်ရသည့် အဓိကအကြောင်းရင်းသည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၏ တောင်းဆိုမှုကြောင့်ဖြစ် ကြောင်း သိရသည်။
အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက ‘ဒီကိစ္စမှာ အစ္စရေးတစ်နိုင်ငံတည်းမဟုတ်ပါဘူး။ ကာတာ၊ ဆော်ဒီ အာရေးဗျ၊ အိုမန်နဲ့ အီဂျစ်နိုင်ငံတွေ ကလည်း အိမ်ဖြူတော်ကိုဆက်သွယ်ပြီး အီရန်ကို အခုချိန်မှာမတိုက်ခိုက်ပါနဲ့ဦးလို့ ဝိုင်းဝန်းမေတ္တာ ရပ်ခံခဲ့ကြတယ်’ဟုပြောသည်။
အဆိုပါတောင်းဆိုမှု၏နောက်ကွယ်တွင် ခိုင်မာသည့် မဟာဗျူဟာ အကြောင်းပြချက် (၂) ချက်ရှိနေနိုင်ကြောင်း သိရသည်။ အီရန်တွင် လက်ရှိအစိုးရဆန့် ကျင်ရေးဆန္ဒပြပွဲများနှင့် အာဏာသိမ်းပွဲဖြစ်လုနီးပါး အခြေအနေ များဖြစ် ပေါ်နေရာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အီရန်အစိုးရ သူ့အလိုလိုပြိုကျတာကို လိုလား ပုံရကြောင်း သတင်း များထွက်နေသည်။
ဆော်ဒီနှင့်ပင်လယ် ကွေ့နိုင်ငံများက အီရန်၏လက်တုံ့ ပြန်မှုကို စိုးရိမ်နေပြီး အီရန်က အမေရိကန်ကိုမနိုင်လျှင် ၎င်း၏အိမ်နီးချင်းနိုင်ငံများရှိ ရေနံတွင်းများနှင့်မြို့များကို ဒုံးကျည်ဖြင့် လှမ်းပစ်နိုင်ဖွယ်ရှိနေသည်။ စစ်ပွဲကို ရွှေ့ဆိုင်းလိုက်ခြင်းသည် ငြိမ်းချမ်းရေးလိုလားခြင်း ကြောင့်မဟုတ်ဘဲ ရန်သူကို ပိုထိရောက်သည့်နည်း လမ်းဖြင့် တိုက်ခိုက်ရန်ဗျူဟာပြောင်းလိုက်ခြင်းသာ ဖြစ်ဖွယ်ရှိနေသည်။ အမေရိကန်အစိုးရက အီရန် အာဏာပိုင်များအနေဖြင့် ဆန္ဒပြသူများကို သတ်မည် ဆိုလျှင် စစ်ရေးနည်းလမ်းသုံးမည်ဟု သတိပေးခဲ့ရာ အီရန်နှင့် အမေရိကန်နိုင်ငံကြား တင်းမာမှုအရှိန် ပိုမြင့်လာနေကြောင်း သိရသည်။ အီရန်ကလည်း အမေရိကန် တိုက်ခိုက်လာမည်ဆိုလျှင် အရှေ့အ လယ်ပိုင်းရှိ အမေရိကန် စစ်အခြေစိုက်စခန်းများကို ဒုံးကျည်ဖြင့် လက်တုံ့ပြန်မည်ဟု သတိပေးထားသည်။

Zawgyi Version:
အေမရိကန္က အီရန္ကို တိုက္မည့္အစီအစဥ္ အစၥေရးေၾကာင့္ ေ႐ႊ႕ဆိုင္းဟုဆို
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၇
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ စီစဥ္ထားသည့္ အီရန္ႏိုင္ငံအေပၚ ေလေၾကာင္းတိုက္ခိုက္ မႈကိုေ႐ႊ႕ဆိုင္း လိုက္ရသည့္ အဓိကအေၾကာင္းရင္းသည္ အစၥေရးဝန္ႀကီးခ်ဳပ္ ဘင္ဂ်မင္ေနတန္ယာဟု၏ ေတာင္းဆိုမႈေၾကာင့္ျဖစ္ ေၾကာင္း သိရသည္။
အေမရိကန္အစိုးရတာဝန္ရွိသူတစ္ဦးက ‘ဒီကိစၥမွာ အစၥေရးတစ္ႏိုင္ငံတည္းမဟုတ္ပါဘူး။ ကာတာ၊ ေဆာ္ဒီ အာေရးဗ်၊ အိုမန္နဲ႔ အီဂ်စ္ႏိုင္ငံေတြ ကလည္း အိမ္ျဖဴေတာ္ကိုဆက္သြယ္ၿပီး အီရန္ကို အခုခ်ိန္မွာမတိုက္ခိုက္ပါနဲ႔ဦးလို႔ ဝိုင္းဝန္းေမတၱာ ရပ္ခံခဲ့ၾကတယ္’ဟုေျပာသည္။
အဆိုပါေတာင္းဆိုမႈ၏ေနာက္ကြယ္တြင္ ခိုင္မာသည့္ မဟာဗ်ဴဟာ အေၾကာင္းျပခ်က္ (၂) ခ်က္ရွိေနႏိုင္ေၾကာင္း သိရသည္။ အီရန္တြင္ လက္ရွိအစိုးရဆန႔္ က်င္ေရးဆႏၵျပပြဲမ်ားႏွင့္ အာဏာသိမ္းပြဲျဖစ္လုနီးပါး အေျခအေန မ်ားျဖစ္ ေပၚေနရာ အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ယာဟုက အီရန္အစိုးရ သူ႔အလိုလိုၿပိဳက်တာကို လိုလား ပုံရေၾကာင္း သတင္း မ်ားထြက္ေနသည္။
ေဆာ္ဒီႏွင့္ပင္လယ္ ေကြ႕ႏိုင္ငံမ်ားက အီရန္၏လက္တုံ႔ ျပန္မႈကို စိုးရိမ္ေနၿပီး အီရန္က အေမရိကန္ကိုမႏိုင္လွ်င္ ၎၏အိမ္နီးခ်င္းႏိုင္ငံမ်ားရွိ ေရနံတြင္းမ်ားႏွင့္ၿမိဳ႕မ်ားကို ဒုံးက်ည္ျဖင့္ လွမ္းပစ္ႏိုင္ဖြယ္ရွိေနသည္။ စစ္ပြဲကို ေ႐ႊ႕ဆိုင္းလိုက္ျခင္းသည္ ၿငိမ္းခ်မ္းေရးလိုလားျခင္း ေၾကာင့္မဟုတ္ဘဲ ရန္သူကို ပိုထိေရာက္သည့္နည္း လမ္းျဖင့္ တိုက္ခိုက္ရန္ဗ်ဴဟာေျပာင္းလိုက္ျခင္းသာ ျဖစ္ဖြယ္ရွိေနသည္။ အေမရိကန္အစိုးရက အီရန္ အာဏာပိုင္မ်ားအေနျဖင့္ ဆႏၵျပသူမ်ားကို သတ္မည္ ဆိုလွ်င္ စစ္ေရးနည္းလမ္းသုံးမည္ဟု သတိေပးခဲ့ရာ အီရန္ႏွင့္ အေမရိကန္ႏိုင္ငံၾကား တင္းမာမႈအရွိန္ ပိုျမင့္လာေနေၾကာင္း သိရသည္။ အီရန္ကလည္း အေမရိကန္ တိုက္ခိုက္လာမည္ဆိုလွ်င္ အေရွ႕အ လယ္ပိုင္းရွိ အေမရိကန္ စစ္အေျခစိုက္စခန္းမ်ားကို ဒုံးက်ည္ျဖင့္ လက္တုံ႔ျပန္မည္ဟု သတိေပးထားသည္။